(Zawgyi)
တစ္လုံးတည္း ရွိတဲ့အခါ
လြန္ခဲ့တဲ့လေတြတုန္းက facebook မွာ ဥ တစ္လုံး ( ေဝွးေစ့ တစ္ခု) ဘယ္ေလာက္ဆိုၿပီး စၾကေနာက္ၾကတာေတြ ေတြ႕ေနရပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဥ တစ္လုံး ပဲ ရွိတဲ့သူေတြလည္း အမ်ားႀကီး ရွိပါတယ္။
ဥ တစ္လုံး ( ေဝွးေစ့ တစ္ခုတည္း) ျဖစ္ေစတဲ့ အေၾကာင္းေတြကေတာ့
၁) ေဝွးေစ့ က ကပ္ပယ္အိတ္အတြင္းမွာ မဟုတ္ဘဲ တျခား ေနရာမွာ ရွိေနျခင္း
ကေလးငယ္ေတြမွာ အျဖစ္အမ်ားဆုံး ျပႆနာတစ္ခုပါပဲ။ ေဝွးေစ့ဆိုတာ ကိုယ္ဝန္အပတ္ ၁၀ ပတ္ေလာက္မွာ စျဖစ္လာတာပါ။ စျဖစ္တဲ့ ေနရာက ကပ္ပယ္အိတ္ထဲမွာ မဟုတ္ပါဘူး။ ဗိုက္ထဲမွာပါ။ ေနာက္ ကိုယ္ဝန္ပတ္ ၂၈ ပတ္ကေန ေမြးခါနီးခ်ိန္အတြင္းမွ ေပါင္ၿခံနားက တဆင့္ ကပ္ပယ္အိတ္ထဲကို ဆင္းသြားတာပါ။
တခ်ိဳ႕ ကေလးေတြမွာက် မဆင္းတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ေမြးကတည္းက မဆင္းတဲ့ ကေလးေတြမွာဆို မ်ားေသာအားျဖင့္ ကေလး အသက္ ၁ ႏွစ္အတြင္းမွာ သူ႔အလိုလို ဆင္းသြားတာ မ်ားပါတယ္။ မဆင္းရင္ေတာ့ ကေလးအသက္ ၅ ႏွစ္ေလာက္မွာ ခြဲစိတ္မႈ ျပဳလုပ္ရပါတယ္။ မျပဳလုပ္ရင္ လိမ္သြားတာမ်ိဳး ၊ ကင္ဆာအျဖစ္ ေျပာင္းလဲသြားတာမ်ိဳးေတြ ျဖစ္လာႏိုင္လို႔ပါ။
၂)ခြဲစိတ္ ျဖတ္ေတာက္ျခင္းေတြ
ေဝွးေစ့မွာ ကင္ဆာေရာဂါလိုမ်ိဳးေတြ ျဖစ္လာလို႔ ကုသမႈ ခံယူတဲ့အေနနဲ႔ ခြဲစိတ္ၿပီး ျဖတ္ထုတ္ရတတ္ပါတယ္။
၃)ထိခိုက္ ဒဏ္ရာ ရျခင္းေၾကာင့္
စာေရးသူ အလုပ္သင္ဆရာဝန္ အျဖစ္ ေဆး႐ုံဆင္းခဲ့စဥ္ကပင္ ကြမ္းသီးႀကိတ္ဓားကို ေပါင္ၾကားထဲ ထည့္ထားၿပီး စဥ္းရာကေန ေဝွးေစ့ပါ မွားၿပီး ပါသြားတဲ့ လူနာမ်ိဳး ႀကဳံခဲ့ဖူးပါတယ္။ ဒါမွမဟုတ္ ခြဲစိတ္မႈေတြ ျပဳလုပ္ရင္း ေဝွးေစ့ကို သြားတဲ့ ေသြးေၾကာေတြ ထိခိုက္သြားတာမ်ိဳးေတြမွာလည္း ေဝွးေစ့ဟာ ေသြးေကာင္းေကာင္း မရေတာ့ဘဲ အလုပ္မလုပ္ေတာ့တာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။
ေဝွးေစ့ တစ္လုံးတည္း ရွိတဲ့အခါ ဘာေတြ ျဖစ္လာႏိုင္သလဲ
ကိုယ္ခႏၶာမွာ တခ်ိဳ႕ အဂၤါ အစိတ္အပိုင္းေတြက ၂ ခု တစ္စုံအျဖစ္ ပါရွိလာပါတယ္။ ဥပမာ ေက်ာက္ကပ္ ၊ အဆုတ္ ၊ ေဝွးေစ့ အစရွိသျဖင့္ေပ့ါ။ အဲဒီလို အဂၤါေတြဟာ တစ္ခုတည္း ထုတ္လိုက္ရေပမယ့္ က်န္တဲ့ တစ္ခုကေတာ့ အလုပ္ေကာင္းေကာင္း လုပ္ေနႏိုင္ပါတယ္။ ေဝွးေစ့ တစ္ခုတည္း ရွိတဲ့ အခါမွာလည္း က်န္တဲ့ ေဝွးေစ့ တစ္ခုက အလုပ္ေကာင္းေကာင္းလုပ္ေနရင္ ကေလးရႏိုင္ေခ် ရွိပါေသးတယ္။
ဒါေပမယ့္ ေလ့လာစမ္းသပ္ခ်က္ေတြအရ ေဝွးေစ့ တစ္ခုတည္း ရွိတဲ့ သူေတြမွာ သုက္ေကာင္ေရ ထုတ္ႏိုင္ေခ် နည္းပါးသြားတဲ့အတြက္ သုက္ပိုးနည္းပါးျခင္း ၊ သုက္ပိုးရဲ႕ လႈပ္ရွားႏိုင္မႈ အားနည္းျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။ တစ္ခါတစ္ေလမွာ ထုတ္လိုက္တဲ့ ဖက္ ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာ ရသြားတဲ့ ဖက္ကေနၿပီး anti-sperm antibodies ဆိုၿပီး ထြက္လာတတ္ပါတယ္။ အဲဒီ antibodies ေတြေၾကာင့္လည္း သုက္ေကာင္ရဲ႕ ပမာဏနဲ႔ လုပ္ငန္းေဆာင္တာေတြကို ေလ်ာ့က်သြားေစႏိုင္ပါတယ္။
ေနာက္ဆုံးတစ္ခုကေတာ့ အေရးႀကီးဆုံးပါပဲ။ ေဝွးေစ့တစ္လုံး ျဖတ္လိုက္ရလို႔ က်န္တစ္လုံးက ေကာင္းေကာင္း အလုပ္လုပ္ေနတယ္ပဲထား။ သုက္ေကာင္ေရ အေရအတြက္က ပုံမွန္ထဲမွာပဲထား။ ကေလးရဖို႔ ခက္ခဲတာ ျဖစ္တတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ မိမိမွာ ေဝွးေစ့ တစ္လုံးပဲ ရွိတယ္ဆိုတဲ့ စိတ္ဝင္ေနလို႔ပဲ ျဖစ္ပါတယ္။ အဲဒီစိတ္အစြဲႀကီးက စိတ္ဓာတ္က်မႈေတြကို ျဖစ္ေစၿပီး အမ်ိဳးသား စြမ္းရည္ကို ေကာင္းစြာ မစြမ္းေဆာင္ႏိုင္တာ ၊ သုက္လႊတ္တဲ့ ေနရာမွာ ျပႆနာ ရွိလာတာေတြ ျဖစ္ေစႏိုင္လို႔ပါ။
Author : Dr. မ်ဳိးဆက္
(Unicode)
တစ်လုံးတည်း ရှိတဲ့အခါ
အခုတလော facebook မှာ ဥ တစ်လုံး ( ဝှေးစေ့ တစ်ခု) ဘယ်လောက်ဆိုပြီး စကြနောက်ကြတာတွေ တွေ့နေရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဥ တစ်လုံး ပဲ ရှိတဲ့သူတွေလည်း အများကြီး ရှိပါတယ်။
ဥ တစ်လုံး ( ဝှေးစေ့ တစ်ခုတည်း) ဖြစ်စေတဲ့ အကြောင်းတွေကတော့
၁) ဝှေးစေ့ က ကပ်ပယ်အိတ်အတွင်းမှာ မဟုတ်ဘဲ တခြား နေရာမှာ ရှိနေခြင်း
ကလေးငယ်တွေမှာ အဖြစ်အများဆုံး ပြဿနာတစ်ခုပါပဲ။ ဝှေးစေ့ဆိုတာ ကိုယ်ဝန်အပတ် ၁၀ ပတ်လောက်မှာ စဖြစ်လာတာပါ။ စဖြစ်တဲ့ နေရာက ကပ်ပယ်အိတ်ထဲမှာ မဟုတ်ပါဘူး။ ဗိုက်ထဲမှာပါ။ နောက် ကိုယ်ဝန်ပတ် ၂၈ ပတ်ကနေ မွေးခါနီးချိန်အတွင်းမှ ပေါင်ခြံနားက တဆင့် ကပ်ပယ်အိတ်ထဲကို ဆင်းသွားတာပါ။
တချို့ ကလေးတွေမှာကျ မဆင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မွေးကတည်းက မဆင်းတဲ့ ကလေးတွေမှာဆို များသောအားဖြင့် ကလေး အသက် ၁ နှစ်အတွင်းမှာ သူ့အလိုလို ဆင်းသွားတာ များပါတယ်။ မဆင်းရင်တော့ ကလေးအသက် ၅ နှစ်လောက်မှာ ခွဲစိတ်မှု ပြုလုပ်ရပါတယ်။ မပြုလုပ်ရင် လိမ်သွားတာမျိုး ၊ ကင်ဆာအဖြစ် ပြောင်းလဲသွားတာမျိုးတွေ ဖြစ်လာနိုင်လို့ပါ။
၂)ခွဲစိတ် ဖြတ်တောက်ခြင်းတွေ
ဝှေးစေ့မှာ ကင်ဆာရောဂါလိုမျိုးတွေ ဖြစ်လာလို့ ကုသမှု ခံယူတဲ့အနေနဲ့ ခွဲစိတ်ပြီး ဖြတ်ထုတ်ရတတ်ပါတယ်။
၃)ထိခိုက် ဒဏ်ရာ ရခြင်းကြောင့်
စာရေးသူ အလုပ်သင်ဆရာဝန် အဖြစ် ဆေးရုံဆင်းခဲ့စဉ်ကပင် ကွမ်းသီးကြိတ်ဓားကို ပေါင်ကြားထဲ ထည့်ထားပြီး စဉ်းရာကနေ ဝှေးစေ့ပါ မှားပြီး ပါသွားတဲ့ လူနာမျိုး ကြုံခဲ့ဖူးပါတယ်။ ဒါမှမဟုတ် ခွဲစိတ်မှုတွေ ပြုလုပ်ရင်း ဝှေးစေ့ကို သွားတဲ့ သွေးကြောတွေ ထိခိုက်သွားတာမျိုးတွေမှာလည်း ဝှေးစေ့ဟာ သွေးကောင်းကောင်း မရတော့ဘဲ အလုပ်မလုပ်တော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဝှေးစေ့ တစ်လုံးတည်း ရှိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ
ကိုယ်ခန္ဓာမှာ တချို့ အင်္ဂါ အစိတ်အပိုင်းတွေက ၂ ခု တစ်စုံအဖြစ် ပါရှိလာပါတယ်။ ဥပမာ ကျောက်ကပ် ၊ အဆုတ် ၊ ဝှေးစေ့ အစရှိသဖြင့်ပေ့ါ။ အဲဒီလို အင်္ဂါတွေဟာ တစ်ခုတည်း ထုတ်လိုက်ရပေမယ့် ကျန်တဲ့ တစ်ခုကတော့ အလုပ်ကောင်းကောင်း လုပ်နေနိုင်ပါတယ်။ ဝှေးစေ့ တစ်ခုတည်း ရှိတဲ့ အခါမှာလည်း ကျန်တဲ့ ဝှေးစေ့ တစ်ခုက အလုပ်ကောင်းကောင်းလုပ်နေရင် ကလေးရနိုင်ချေ ရှိပါသေးတယ်။
ဒါပေမယ့် လေ့လာစမ်းသပ်ချက်တွေအရ ဝှေးစေ့ တစ်ခုတည်း ရှိတဲ့ သူတွေမှာ သုက်ကောင်ရေ ထုတ်နိုင်ချေ နည်းပါးသွားတဲ့အတွက် သုက်ပိုးနည်းပါးခြင်း ၊ သုက်ပိုးရဲ့ လှုပ်ရှားနိုင်မှု အားနည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ထုတ်လိုက်တဲ့ ဖက် ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရသွားတဲ့ ဖက်ကနေပြီး anti-sperm antibodies ဆိုပြီး ထွက်လာတတ်ပါတယ်။ အဲဒီ antibodies တွေကြောင့်လည်း သုက်ကောင်ရဲ့ ပမာဏနဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျသွားစေနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ အရေးကြီးဆုံးပါပဲ။ ဝှေးစေ့တစ်လုံး ဖြတ်လိုက်ရလို့ ကျန်တစ်လုံးက ကောင်းကောင်း အလုပ်လုပ်နေတယ်ပဲထား။ သုက်ကောင်ရေ အရေအတွက်က ပုံမှန်ထဲမှာပဲထား။ ကလေးရဖို့ ခက်ခဲတာ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိမှာ ဝှေးစေ့ တစ်လုံးပဲ ရှိတယ်ဆိုတဲ့ စိတ်ဝင်နေလို့ပဲ ဖြစ်ပါတယ်။ အဲဒီစိတ်အစွဲကြီးက စိတ်ဓာတ်ကျမှုတွေကို ဖြစ်စေပြီး အမျိုးသား စွမ်းရည်ကို ကောင်းစွာ မစွမ်းဆောင်နိုင်တာ ၊ သုက်လွှတ်တဲ့ နေရာမှာ ပြဿနာ ရှိလာတာတွေ ဖြစ်စေနိုင်လို့ပါ။
Author : Dr. မျိုးဆက်