မလိမၼာ တခါမိုက္
`မလိမၼာ တခါမိုက္´႐ုံျဖင့္ အသက္၁၉ႏွစ္ေအာက္သမီးငယ္မ်ား မိခင္ေလာင္းဘဝေရာက္ၾကရပါတယ္။ ထိုအခါမ်ိဳးတြင္ အသက္ငယ္ငယ္နဲ႔ ကိုယ္ဝန္ေဆာင္လို႔ ရပါသလား? က်န္းမာသန္စြမ္းေသာကေလးေမြးဖြားႏိုင္ပါသလား? ဟူေသာ ေမးခြန္းေပါင္းစုံ ေမးေလ့ရွိပါတယ္။ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ျခင္းတြင္လည္း ရာသီမလာျခင္၊ အစားအေသာက္ပ်က္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဆီးခဏခဏသြားျခင္း စသည္တို႔ ခံစားရႏိုင္ပါတယ္။
ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ျခင္းႏွင့္က်န္းမာေရးအက်ိဳးဆက္
ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ျခင္းတြင္ ဘာေၾကာင့္က်န္းမာေရးဆိုးက်ိဳးရွိေနရသလဲဆိုေသာအေၾကာင္းမ်ားမွာ
(1)ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈႀကိဳတင္မယူျခင္း
ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္သူမ်ားအမ်ားစုတြင္ မိဘေဆြမ်ိဳးအေထာက္အပံ့ရရွိသူနည္းပါးၿပီး ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈ မခံစားၾကရေပ။ ပထမသုံးလ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ ကိုယ္ဝန္ေစာင့္ေရွာက္မႈ ခံယူရန္ အလြန္အေရးႀကီးပါတယ္။ မိခင္ေရာ ကေလးပါ ေသြးစစ္ျခင္း၊ ကေလးႀကီးထြားမႈ ေစာင့္ၾကည့္ျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။ ေမြးရာပါခ်ိဳ႕ယြင္းမႈ ကာကြယ္ရန္ ေဖာလစ္အက္ဆစ္ႏွင့္ ကိုယ္ဝန္ေဆာင္အားေဆးႀကိဳတင္ေသာက္ရန္ လိုအပ္ပါတယိ။
(2) လမေစ့ပဲ ေမြးဖြားျခင္း
ကိုယ္ဝန္ေဆာင္ ေစာင့္ေရွာက္မႈမခံရလွ်င္ လမေစ့ပဲ ေမြးဖြားႏိုင္ပါတယ္။ ကေလးလမေစ့လွ်င္ေမြးရာပါ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းျပႆနာ၊ အျမင္အာ႐ုံ ခ်ိဳယြင္းျခင္း၊ အသက္ရွဴလမ္းေၾကာင္း ျပႆနာမ်ား ခံစားရႏိုင္ပါတယ္။
(3)ကေလးေပါင္ခ်ိန္မျပည့္ျခင္း
ေပါင္မျပည့္ပဲ ေမြးဖြားေသာေၾကာင့္ ကေလးအေနျဖင့္ ေဆးကုသမႈ ခံယူရႏိုင္ပါတယ္။
(4)ကူးစက္ေရာဂါခံစားရျခင္း
ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးစက္ေရာဂါႏွင့္ အျခားေသာ သားအိမ္ပိုးဝင္ျခင္းႏွင့္ ေမြးဖြားလာေသာ ကေလးငယ္ထိ ေရာဂါကူးစက္ႏိုင္ပါတယ္။
(5)ေမြးဖြားၿပီးေနာက္ စိတ္က်ေရာဂါရျခင္း
ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္သည္မ်ားအေနျဖင့္ စိတ္ပ်က္ျခင္း၊ အားငယ္ျခင္း၊ ဝမ္းနည္းျခင္းစေသာ စိတ္ေရာဂါမ်ား အထူးခံစားရလြယ္ပါတယ္။ အထူးသျဖင့္ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မ်ားအဖို႔ မိမိကိုယ္ဝန္ရွိျခင္းေၾကာင့္ အားငယ္ျခင္း၊ေၾကာက္႐ြံ႕ျခင္းသည္ အဓိကျပႆနာပင္ျဖစ္ပါတယ္။
ဆယ္ေက်ာ္သက္ကိုယ္ဝန္သည္က်န္းမာေရးေကာင္းမြန္ရန္
-ေစာစီးစြာ ကိုယ္ဝန္အပ္ပါ။ မိမိအနီးရွိ က်န္းမာေရးဌာနတြင္ ေစာစီးစြာ ကိုယ္ဝန္အပ္ရန္အေရးႀကီးပါတယ္။
-ကိုယ္ဝန္ေဆာင္စဥ္ ေဆးလိပ္၊အရက္ႏွင့္ ေဆးဝါးေသာက္သုံးမႈ ေရွာင္ၾကဥ္ပါ။
-လိုအပ္ေသာေဆးဝါး၊ အစားအစာ ေ႐ြးခ်ယ္စားသုံးပါ။
-ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္သည္မ်ားကို မိသားစုမွ ေႏြးေထြးေသာ ေမတၱာတရားေပးပါ။
ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္သည္မ်ားကို ကိုယ္ဝန္ေဆာင္စဥ္ ေစာင့္ေရွာက္မႈ ခံယူျခင္း၊ က်န္းမာေသာေနထိုင္မႈ ဖန္တီးေပးျခင္းျဖင့္ က်န္းမာသန္စြမ္းေသာကေလးေမြးဖြားရန္မ်ားစြာအေထာက္အကူျပဳပါတယ္။
Dr. ျပည့္ရွင္း
မလိမ္မာ တခါမိုက်
`မလိမ္မာ တခါမိုက်´ရုံဖြင့် အသက်၁၉နှစ်အောက်သမီးငယ်များ မိခင်လောင်းဘဝရောက်ကြရပါတယ်။ ထိုအခါမျိုးတွင် အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်လို့ ရပါသလား? ကျန်းမာသန်စွမ်းသောကလေးမွေးဖွားနိုင်ပါသလား? ဟူသော မေးခွန်းပေါင်းစုံ မေးလေ့ရှိပါတယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းတွင်လည်း ရာသီမလာခြင်၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဆီးခဏခဏသွားခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းနှင့် ကျန်းမာရေးအကျိုးဆက်
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းတွင် ဘာကြောင့်ကျန်းမာရေးဆိုးကျိုးရှိနေရသလဲဆိုသောအကြောင်းများမှာ
(1)ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကြိုတင်မယူခြင်း
ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်သူများအများစုတွင် မိဘဆွေမျိုးအထောက်အပံ့ရရှိသူနည်းပါးပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မခံစားကြရပေ။ ပထမသုံးလ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန် အလွန်အရေးကြီးပါတယ်။ မိခင်ရော ကလေးပါ သွေးစစ်ခြင်း၊ ကလေးကြီးထွားမှု စောင့်ကြည့်ခြင်းများ ပြုလုပ်သင့်ပါတယ်။ မွေးရာပါချို့ယွင်းမှု ကာကွယ်ရန် ဖောလစ်အက်ဆစ်နှင့် ကိုယ်ဝန်ဆောင်အားဆေးကြိုတင်သောက်ရန် လိုအပ်ပါတယိ။
(2) လမစေ့ပဲ မွေးဖွားခြင်း
ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုမခံရလျှင် လမစေ့ပဲ မွေးဖွားနိုင်ပါတယ်။ ကလေးလမစေ့လျှင်မွေးရာပါ အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာ၊ အမြင်အာရုံ ချိုယွင်းခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာများ ခံစားရနိုင်ပါတယ်။
(3)ကလေးပေါင်ချိန်မပြည့်ခြင်း
ပေါင်မပြည့်ပဲ မွေးဖွားသောကြောင့် ကလေးအနေဖြင့် ဆေးကုသမှု ခံယူရနိုင်ပါတယ်။
(4)ကူးစက်ရောဂါခံစားရခြင်း
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ရောဂါနှင့် အခြားသော သားအိမ်ပိုးဝင်ခြင်းနှင့် မွေးဖွားလာသော ကလေးငယ်ထိ ရောဂါကူးစက်နိုင်ပါတယ်။
(5)မွေးဖွားပြီးနောက် စိတ်ကျရောဂါရခြင်း
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သည်များအနေဖြင့် စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ ဝမ်းနည်းခြင်းစသော စိတ်ရောဂါများ အထူးခံစားရလွယ်ပါတယ်။ အထူးသဖြင့်ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များအဖို့ မိမိကိုယ်ဝန်ရှိခြင်းကြောင့် အားငယ်ခြင်း၊ကြောက်ရွံ့ခြင်းသည် အဓိကပြဿနာပင်ဖြစ်ပါတယ်။
ဆယ်ကျော်သက်ကိုယ်ဝန်သည်ကျန်းမာရေးကောင်းမွန်ရန်
-စောစီးစွာ ကိုယ်ဝန်အပ်ပါ။ မိမိအနီးရှိ ကျန်းမာရေးဌာနတွင် စောစီးစွာ ကိုယ်ဝန်အပ်ရန်အရေးကြီးပါတယ်။
-ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်၊အရက်နှင့် ဆေးဝါးသောက်သုံးမှု ရှောင်ကြဉ်ပါ။
-လိုအပ်သောဆေးဝါး၊ အစားအစာ ရွေးချယ်စားသုံးပါ။
-ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သည်များကို မိသားစုမှ နွေးထွေးသော မေတ္တာတရားပေးပါ။
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်သည်များကို ကိုယ်ဝန်ဆောင်စဉ် စောင့်ရှောက်မှု ခံယူခြင်း၊ ကျန်းမာသောနေထိုင်မှု ဖန်တီးပေးခြင်းဖြင့် ကျန်းမာသန်စွမ်းသောကလေးမွေးဖွားရန်များစွာအထောက်အကူပြုပါတယ်။
Dr. ပြည့်ရှင်း