fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

Shock ရှိတဲ့ မေးခွန်းများ

58
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

Ondr မွာ က်န္းမာေရးအေမးအေျဖေလးေတြ လုပ္ေနရင္း တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ ေမးခြန္းေတြ ေမးလာတဲ့ အခါ ေျဖေပးေနတဲ့ ဆရာဝန္ေတြမွာ ေျဖရအခက္ မေျဖရအခက္ ဆိုတာေလးေတြ ႀကဳံရတတ္ပါတယ္။ ေျဖလိုက္ရင္ ေမးတဲ့သူအတြက္ ေကာင္းပါ့မလား မေျဖဘဲ ထားျပန္ရင္လည္း ဘယ္လိုမ်ားထင္သြားမလဲ ေပါ့။ တစ္ခ်ိဳ႕ေမးခြန္းေတြက်ေတာ့ guideline နဲ႔ ညီမညီ လည္းျပန္ၾကည့္ရေသးတယ္။ အေျဖကိုလည္း စည္းလြတ္ဝါလြတ္ေျဖမွ မဟုတ္ရင္ တစ္မ်ိဳးတစ္မည္ ထင္သြားႏိုင္တာေလးေတြ ရွိတတ္ပါတယ္။

ဘယ္လိုေမးခြန္းမ်ိဳးေလးေတြလဲေပါ့ ဥပမာတစ္ခ်ိဳ႕ေျပာျပပါမယ္

ကိုယ္ဝန္ဖ်က္ခ်တာနဲ႔ ပက္သက္ၿပီး ေမးၾကတဲ့အခါေတြ၊ ေသြးစစ္တဲ့ အေျဖတစ္ခ်ိဳ႕ျပတာေတြ၊ အိပ္ေဆး တို႔ ပါရာစီတေမာတို႔ ဘယ္ႏွစ္လုံးေသာက္ရင္ဘာျဖစ္မလဲဆိုတာေတြ အေမးအေျဖကေန ေဆးကုပုံေတြေမးၾကတဲ့ အခါ ပိုးသတ္ေဆးေပးဖို႔လိုတဲ့ အခါေတြ၊ ဆီးခ်ိဳေသြးတိုးလိုမ်ိဳး နာတာရွည္ေရာဂါေတြ ေဆးအခ်ိန္အဆေျပာင္းတာမ်ိဳးေတြ လိုမ်ိဳးပါ။

ဒီေခတ္ႀကီးမွာ ေခတ္ရဲ႕ ေရစီးေၾကာင္းေၾကာင့္ပဲလား၊ မီဒီယာေတြ ေျပာင္းလဲလာလို႔ပဲလားေတာ့ မေျပာႏိုင္ဘူး။ သမီးရည္းစားေတြမွာ လက္မထပ္ဘဲ အတူေနတာေတြ မ်ားလာတယ္။ ျမန္မာႏိုင္ငံယဥ္ေက်းမႈနဲ႔ မကိုက္ညီေပမယ့္ အသက္ျပည့္ၿပီးတယ္ဆို ဝင္ေျပာလို႔မရပါဘူး။ အတူေနစုံတြဲေတြအေနနဲ႔ တစ္ခုေတာ့သတိထားသင့္တယ္။ တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ႀကီးထဲမွာ အေရးေပၚတားနည္းမ်ိဳးစုံ ရွိပါတယ္။

စိတ္မထိန္းႏိုင္လို႔ အတူေနၾကတယ္ဆိုလည္း စိတ္ခ်ရတဲ့ နည္းလမ္းေတြသုံးၾကေစခ်င္တယ္။ မဟုတ္လို႔ ေနာက္ပိုင္းမွ ရာသီရက္ေက်ာ္ေနလို႔တို႔ ဆီးစစ္တာမ်ဥ္းႏွစ္ေၾကာင္းေပၚေနလို႔တို႔ ဆရာတို႔ေရ ဒီေဆးကဘာေဆးလဲ ဘယ္လိုသုံးရလဲ ဆိုၿပီး ေဆးေတြ ျပၾက ေဆးနာမည္ေျပာၿပီးေမးၾကနဲ႔ ရွိတတ္ၾကတယ္။

ဆရာတို႔အေနနဲ႔ ကိုယ္ဝန္ဖ်က္ခ်တဲ့ အပိုင္းကို မၫႊန္ပါဘူး။ တရားဥပေဒနဲ႔ေရာ က်င့္ဝတ္အရေရာ မကိုက္ညီပါဘူး။ ျမန္မာႏိုင္ငံမွာ တရားဝင္ကိုယ္ဝင္ဖ်က္ခ်ခြင့္မရွိပါဘူး။ ေနမေကာင္းျဖစ္ေနတဲ့သူေတြ ဝမ္းစာအရ အေပ်ာ္မယ္အျဖစ္ အလုပ္လုပ္ေနရတဲ့သူေတြလည္း ပါပါတယ္။ ကိုယ္ဝန္မလိုခ်င္ရင္ တားနည္းေတြ ေသခ်ာသုံးၾကေစခ်င္ပါတယ္။

ကိုယ္ဝန္ဖ်က္ခ်တယ္ဆိုတာ ကေလးေရာအေမေရာထိခိုက္ႏိုင္ပါတယ္။ ေဆးမၫႊန္လို႔ အရပ္လက္သည္ေတြဆီသြားတာလည္း ပိုၿပီးအႏၲရာယ္ရွိပါတယ္။ မျဖစ္ခင္ကႀကိဳၿပီးကာကြယ္ထားၾကေစခ်င္ပါတယ္။ တစ္ခ်ိဳ႕အိမ္ေထာင္သည္ေတြလည္း တားေဆးေတြသုံးၿပီး ေမ့တာတစ္ခုခုျဖစ္ၿပီးကိုယ္ဝန္ရသြားတတ္ၾကတယ္။ တူတူပါပဲ။ ရသြားရင္ေတာ့ ကေလးယူလိုက္ဖို႔ပဲ အႀကံျပဳခ်င္ပါတယ္။

ေသြးစစ္တဲ့ အေျဖျပၿပီးေမးၾကတဲ့အခါ ဘာကိုစစ္တာလဲ။ အေျဖဘာလဲ။ လူနာဘယ္သူလဲ။ လူနာကိုယ္တိုင္ေမးေနတာလား။ ဘာေရာဂါအခံရွိလဲ စတာေတြ အမ်ားႀကီး စဥ္းစားဖို႔လိုပါတယ္။ ဆရာဝန္ေတြအေနနဲ႔ လူနာကိုယ္တိုင္ကိုပဲ ေရာဂါေျပာျပခြင့္ရွိပါတယ္။ ဒီအခ်က္က ျမန္မာႏိုင္ငံမွာ ေျပာဖို႔သိပ္ခက္ပါတယ္။ တစ္ခ်ိဳ႕အသက္ႀကီးပိုင္းလူနာေတြ သူတို႔ေရာဂါသိရင္ စိတ္ဓာတ္က်မွာစိုးတယ္ဆိုၿပီး လူနာရဲ႕ သားသမီးေတြကပဲ အသိခံၾကပါတယ္။

လူနာကိုယ္တိုင္မဟုတ္ဘဲ ေဘးလူအေနနဲ႔ ေမးတာဆိုရင္ ေျဖဖို႔အင္မတန္ခက္ပါတယ္။ လူနာကိုယ္တိုင္က ဒီလူနာရွင္ကို ကိုယ္စားအကုန္ေပးသိပါတယ္ဆိုတဲ့ သေဘာတူစာ ခြင့္ျပဳစာရွိဖို႔လိုပါတယ္။ အဲလိုရွိတာပဲျဖစ္ျဖစ္ လူနာကိုယ္တိုင္ပဲေမးတယ္ဆိုရင္ေတာင္ အေရးႀကီးတဲ့ ေသြးအေျဖေတြကို ဒီလို online ကေနေျပာျပခြင့္မရွိပါဘူး။ လူနာနဲ႔ မ်က္ႏွာခ်င္းဆိုင္ေျပာဖို႔လိုတယ္။ အေျဖတစ္ခုခုမေကာင္းခဲ့သည္ရွိေသာ္ လူနာကို တန္းေျပာလိုက္လို႔လည္းမရပါဘူး။

လူနာစိတ္ဓာတ္က်သြားႏိုင္လား သတ္ေသတာေတြ အထိမ်ားလုပ္ႏိုင္မလား ဆိုတာမ်ိဳးေတြပါစဥ္းစားၿပီး လုပ္ေပးရတဲ့ အပိုင္းေတြရွိပါတယ္။ ဒါေၾကာင့္ ဒီonline ကေန ေမးလာတဲ့ တစ္ခ်ိဳ႕ေသြးစစ္ထားတဲ့ အေျဖေတြကို မေျဖေပးႏိုင္ပါဘူး။ ေသြးစစ္ထားတဲ့ အေျဖကေကာင္းေနတယ္ဆို ခ်က္ခ်င္းေျဖေပးလိုက္ၾကမွာပါလို႔ပဲ ေျပာထားခ်င္ပါတယ္။ ဥပမာကေတာ့ HIV စစ္ထားတာေတြ ကင္ဆာအတြက္စစ္ထားတာေတြပါ။

တစ္ခါတစ္ေလမွာ အိပ္ေဆးတို႔ပါရာစီတေမာတို႔ ဘယ္ႏွစ္လုံးေသာက္ရင္ အသက္အႏၲရာယ္ရွိႏိုင္လဲ ဆိုတဲ့ ေမးခြန္းေတြ ေမးတတ္ၾကပါတယ္။ ဒီလိုအေမးခံရတိုင္း အေျဖျပန္ရမွာ မဟုတ္ပါဘူး။ ေမးတဲ့သူ အသက္ ကိုျပန္ၾကည့္ပါတယ္။ ဘာလို႔ေမးတာလဲ ဘာလုပ္ဖို႔လဲ ဆိုတာေတြ ျပန္ေမးခံရမွာပါ။ အေပ်ာ္သေဘာေမးတာျဖစ္ျဖစ္ ကိစၥတစ္ခုခုေၾကာင့္ျဖစ္ျဖစ္ အေျဖေျဖေပးဖို႔ဆိုတာ ခက္ပါတယ္။ ေျဖလိုက္တဲ့ အေျဖေၾကာင့္ လူနာမွာ ဘာေတြထိခိုက္သြားႏိုင္မလဲဆိုတာကို အၿမဲ စဥ္းစားေနရတာျဖစ္တာေၾကာင့္ပါ။

ေနာက္တစ္ခုကေတာ့ တစ္ခါတစ္ေလ ပိုးသတ္ေဆးေသာက္ဖို႔လိုေနတဲ့ အေျခအေနေတြမွာပါ။ အေမးအေျဖလုပ္ရင္း လူနာ ဘာေရာဂါခံစားရတယ္ဆိုတာ သိႏိုင္တယ္ဆိုေပမယ့္ အခုအေမးအေျဖက လူနာကိုတိုက္႐ိုက္ထိေတြ႕ စမ္းသပ္ထားရတာမဟုတ္ေတာ့ တစ္ခ်ိဳ႕ေဆးေတြ ေပးလို႔မရပါဘူး။ ပိုးသတ္ေဆးေတြ ပိုဆိုးပါတယ္။ ပိုးသတ္ေဆးက အလြယ္ေပးႏိုင္တဲ့ ေဆးထဲမွာမပါပါဘူး။

ပိုးသတ္ေဆးအမ်ားႀကီးရွိတဲ့အထဲကမွ ဘယ္အမ်ိဳးအစားေပးမလဲ ေဆးေပးလိုက္တယ္ဆိုတာ လူနာအတြက္ ေဆးမွတ္တမ္းလိုတယ္။ ေဆးေသာက္ၿပီး မတည့္တာတစ္ခုခုျဖစ္တယ္ဆို ေဆး႐ုံေဆးခန္းေရာက္မွ လူနာဘာေဆးေသာက္လဲလို႔ေမးရင္ ဘယ္သူမွမေျဖႏိုင္ပါဘူး။ ပိုးသတ္ေဆးဆိုတာကလည္း အခုေသာက္လိုက္မယ္ ေနာက္မေသာက္ေတာ့ဘူးဆိုၿပီး လုပ္လို႔မရပါဘူး။ ေဆးကို ေဆးပတ္လည္ေအာင္ Course အျပည့္ေသာက္ဖို႔လိုပါတယ္။ တစ္ခ်ိဳ႕ေရာဂါေတြဆိုရင္ ပိုးသတ္ေဆးေသာက္ၿပီး ျပန္စစ္ေဆးရတာေတြလည္း လိုအပ္ႏိုင္ပါတယ္။

ပိုးသတ္ေဆးလိုမ်ိဳးပဲ တစ္ျခားအေရးႀကီးေဆးဝါးတစ္ခ်ိဳ႕လည္း လူနာေတြကို online ကေန ၫႊန္လို႔မရပါဘူး။ ဥပမာ ဆီးခ်ိဳေဆးတို႔ ေသြးက်ေဆးတို႔ပါ ဘာလို႔လဲဆိုရင္ လူနာကို ကိုယ္တိုင္စမ္းသပ္စစ္ေဆးရတာလည္းမဟုတ္ဘဲ ဒီေဆးေတြကို ၫႊန္ေပးလိုက္ရင္ လူနာပဲ ေဘးထြက္ဆိုးက်ိဳးေတြခံစားရမွာပါ။ ဒါေၾကာင့္ နာတာရွည္လူနာေတြအတြက္ေတာ့ ေနထိုင္မႈပုံစံေလးေတြ လိုအပ္တဲ့ အျဖည့္ေဆးဝါးမ်ိဳးေတြပဲ ေပးႏိုင္ပါတယ္။ ဆီးခ်ိဳေသြးတိုးေဆးေတြကို အတိုးအေလွ်ာ့လည္း မလုပ္ေပးပါဘူး။ အဓိကကေတာ လူနာေတြလက္ရွိ အျပင္မွာျပေနတဲ့ ေဆးခန္းေဆး႐ုံေတြပဲ ျပန္ျပရမွာပါ။

ဒီလိုေမးခြန္းေတြကို အေျဖတိတိက်က် မေပးျဖစ္တဲ့အခါ တစ္ခ်ိဳ႕ေမးတဲ့သူေတြထင္ေကာင္းထင္ႏိုင္တာေလးက ေျပာလို႔ရၿပီး မေျပာဘူးဆိုတာေလးပါ ေျပာလို႔ရလ်က္သားနဲ႔ မေျပာဘူးဆိုတာ လူနာအတြက္ပဲ ဆိုတာ သိေစခ်င္ပါတယ္။

Author : Dr. CST

(Unicode)

Ondr မှာ ကျန်းမာရေးအမေးအဖြေလေးတွေ လုပ်နေရင်း တစ်ချို့တစ်ချို့သော မေးခွန်းတွေ မေးလာတဲ့ အခါ ဖြေပေးနေတဲ့ ဆရာဝန်တွေမှာ ဖြေရအခက် မဖြေရအခက် ဆိုတာလေးတွေ ကြုံရတတ်ပါတယ်။ ဖြေလိုက်ရင် မေးတဲ့သူအတွက် ကောင်းပါ့မလား မဖြေဘဲ ထားပြန်ရင်လည်း ဘယ်လိုများထင်သွားမလဲ ပေါ့။ တစ်ချို့မေးခွန်းတွေကျတော့ guideline နဲ့ ညီမညီ လည်းပြန်ကြည့်ရသေးတယ်။ အဖြေကိုလည်း စည်းလွတ်ဝါလွတ်ဖြေမှ မဟုတ်ရင် တစ်မျိုးတစ်မည် ထင်သွားနိုင်တာလေးတွေ ရှိတတ်ပါတယ်။

ဘယ်လိုမေးခွန်းမျိုးလေးတွေလဲပေါ့ ဥပမာတစ်ချို့ပြောပြပါမယ်

ကိုယ်ဝန်ဖျက်ချတာနဲ့ ပက်သက်ပြီး မေးကြတဲ့အခါတွေ၊ သွေးစစ်တဲ့ အဖြေတစ်ချို့ပြတာတွေ၊ အိပ်ဆေး တို့ ပါရာစီတမောတို့ ဘယ်နှစ်လုံးသောက်ရင်ဘာဖြစ်မလဲဆိုတာတွေ အမေးအဖြေကနေ ဆေးကုပုံတွေမေးကြတဲ့ အခါ ပိုးသတ်ဆေးပေးဖို့လိုတဲ့ အခါတွေ၊ ဆီးချိုသွေးတိုးလိုမျိုး နာတာရှည်ရောဂါတွေ ဆေးအချိန်အဆပြောင်းတာမျိုးတွေ လိုမျိုးပါ။

ဒီခေတ်ကြီးမှာ ခေတ်ရဲ့ ရေစီးကြောင်းကြောင့်ပဲလား၊ မီဒီယာတွေ ပြောင်းလဲလာလို့ပဲလားတော့ မပြောနိုင်ဘူး။ သမီးရည်းစားတွေမှာ လက်မထပ်ဘဲ အတူနေတာတွေ များလာတယ်။ မြန်မာနိုင်ငံယဉ်ကျေးမှုနဲ့ မကိုက်ညီပေမယ့် အသက်ပြည့်ပြီးတယ်ဆို ဝင်ပြောလို့မရပါဘူး။ အတူနေစုံတွဲတွေအနေနဲ့ တစ်ခုတော့သတိထားသင့်တယ်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ အရေးပေါ်တားနည်းမျိုးစုံ ရှိပါတယ်။

စိတ်မထိန်းနိုင်လို့ အတူနေကြတယ်ဆိုလည်း စိတ်ချရတဲ့ နည်းလမ်းတွေသုံးကြစေချင်တယ်။ မဟုတ်လို့ နောက်ပိုင်းမှ ရာသီရက်ကျော်နေလို့တို့ ဆီးစစ်တာမျဉ်းနှစ်ကြောင်းပေါ်နေလို့တို့ ဆရာတို့ရေ ဒီဆေးကဘာဆေးလဲ ဘယ်လိုသုံးရလဲ ဆိုပြီး ဆေးတွေ ပြကြ ဆေးနာမည်ပြောပြီးမေးကြနဲ့ ရှိတတ်ကြတယ်။

ဆရာတို့အနေနဲ့ ကိုယ်ဝန်ဖျက်ချတဲ့ အပိုင်းကို မညွှန်ပါဘူး။ တရားဥပဒေနဲ့ရော ကျင့်ဝတ်အရရော မကိုက်ညီပါဘူး။ မြန်မာနိုင်ငံမှာ တရားဝင်ကိုယ်ဝင်ဖျက်ချခွင့်မရှိပါဘူး။ နေမကောင်းဖြစ်နေတဲ့သူတွေ ဝမ်းစာအရ အပျော်မယ်အဖြစ် အလုပ်လုပ်နေရတဲ့သူတွေလည်း ပါပါတယ်။ ကိုယ်ဝန်မလိုချင်ရင် တားနည်းတွေ သေချာသုံးကြစေချင်ပါတယ်။

ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ ကလေးရောအမေရောထိခိုက်နိုင်ပါတယ်။ ဆေးမညွှန်လို့ အရပ်လက်သည်တွေဆီသွားတာလည်း ပိုပြီးအန္တရာယ်ရှိပါတယ်။ မဖြစ်ခင်ကကြိုပြီးကာကွယ်ထားကြစေချင်ပါတယ်။ တစ်ချို့အိမ်ထောင်သည်တွေလည်း တားဆေးတွေသုံးပြီး မေ့တာတစ်ခုခုဖြစ်ပြီးကိုယ်ဝန်ရသွားတတ်ကြတယ်။ တူတူပါပဲ။ ရသွားရင်တော့ ကလေးယူလိုက်ဖို့ပဲ အကြံပြုချင်ပါတယ်။

သွေးစစ်တဲ့ အဖြေပြပြီးမေးကြတဲ့အခါ ဘာကိုစစ်တာလဲ။ အဖြေဘာလဲ။ လူနာဘယ်သူလဲ။ လူနာကိုယ်တိုင်မေးနေတာလား။ ဘာရောဂါအခံရှိလဲ စတာတွေ အများကြီး စဉ်းစားဖို့လိုပါတယ်။ ဆရာဝန်တွေအနေနဲ့ လူနာကိုယ်တိုင်ကိုပဲ ရောဂါပြောပြခွင့်ရှိပါတယ်။ ဒီအချက်က မြန်မာနိုင်ငံမှာ ပြောဖို့သိပ်ခက်ပါတယ်။ တစ်ချို့အသက်ကြီးပိုင်းလူနာတွေ သူတို့ရောဂါသိရင် စိတ်ဓာတ်ကျမှာစိုးတယ်ဆိုပြီး လူနာရဲ့ သားသမီးတွေကပဲ အသိခံကြပါတယ်။

လူနာကိုယ်တိုင်မဟုတ်ဘဲ ဘေးလူအနေနဲ့ မေးတာဆိုရင် ဖြေဖို့အင်မတန်ခက်ပါတယ်။ လူနာကိုယ်တိုင်က ဒီလူနာရှင်ကို ကိုယ်စားအကုန်ပေးသိပါတယ်ဆိုတဲ့ သဘောတူစာ ခွင့်ပြုစာရှိဖို့လိုပါတယ်။ အဲလိုရှိတာပဲဖြစ်ဖြစ် လူနာကိုယ်တိုင်ပဲမေးတယ်ဆိုရင်တောင် အရေးကြီးတဲ့ သွေးအဖြေတွေကို ဒီလို online ကနေပြောပြခွင့်မရှိပါဘူး။ လူနာနဲ့ မျက်နှာချင်းဆိုင်ပြောဖို့လိုတယ်။ အဖြေတစ်ခုခုမကောင်းခဲ့သည်ရှိသော် လူနာကို တန်းပြောလိုက်လို့လည်းမရပါဘူး။

လူနာစိတ်ဓာတ်ကျသွားနိုင်လား သတ်သေတာတွေ အထိများလုပ်နိုင်မလား ဆိုတာမျိုးတွေပါစဉ်းစားပြီး လုပ်ပေးရတဲ့ အပိုင်းတွေရှိပါတယ်။ ဒါကြောင့် ဒီonline ကနေ မေးလာတဲ့ တစ်ချို့သွေးစစ်ထားတဲ့ အဖြေတွေကို မဖြေပေးနိုင်ပါဘူး။ သွေးစစ်ထားတဲ့ အဖြေကကောင်းနေတယ်ဆို ချက်ချင်းဖြေပေးလိုက်ကြမှာပါလို့ပဲ ပြောထားချင်ပါတယ်။ ဥပမာကတော့ HIV စစ်ထားတာတွေ ကင်ဆာအတွက်စစ်ထားတာတွေပါ။

တစ်ခါတစ်လေမှာ အိပ်ဆေးတို့ပါရာစီတမောတို့ ဘယ်နှစ်လုံးသောက်ရင် အသက်အန္တရာယ်ရှိနိုင်လဲ ဆိုတဲ့ မေးခွန်းတွေ မေးတတ်ကြပါတယ်။ ဒီလိုအမေးခံရတိုင်း အဖြေပြန်ရမှာ မဟုတ်ပါဘူး။ မေးတဲ့သူ အသက် ကိုပြန်ကြည့်ပါတယ်။ ဘာလို့မေးတာလဲ ဘာလုပ်ဖို့လဲ ဆိုတာတွေ ပြန်မေးခံရမှာပါ။ အပျော်သဘောမေးတာဖြစ်ဖြစ် ကိစ္စတစ်ခုခုကြောင့်ဖြစ်ဖြစ် အဖြေဖြေပေးဖို့ဆိုတာ ခက်ပါတယ်။ ဖြေလိုက်တဲ့ အဖြေကြောင့် လူနာမှာ ဘာတွေထိခိုက်သွားနိုင်မလဲဆိုတာကို အမြဲ စဉ်းစားနေရတာဖြစ်တာကြောင့်ပါ။

နောက်တစ်ခုကတော့ တစ်ခါတစ်လေ ပိုးသတ်ဆေးသောက်ဖို့လိုနေတဲ့ အခြေအနေတွေမှာပါ။ အမေးအဖြေလုပ်ရင်း လူနာ ဘာရောဂါခံစားရတယ်ဆိုတာ သိနိုင်တယ်ဆိုပေမယ့် အခုအမေးအဖြေက လူနာကိုတိုက်ရိုက်ထိတွေ့ စမ်းသပ်ထားရတာမဟုတ်တော့ တစ်ချို့ဆေးတွေ ပေးလို့မရပါဘူး။ ပိုးသတ်ဆေးတွေ ပိုဆိုးပါတယ်။ ပိုးသတ်ဆေးက အလွယ်ပေးနိုင်တဲ့ ဆေးထဲမှာမပါပါဘူး။

ပိုးသတ်ဆေးအများကြီးရှိတဲ့အထဲကမှ ဘယ်အမျိုးအစားပေးမလဲ ဆေးပေးလိုက်တယ်ဆိုတာ လူနာအတွက် ဆေးမှတ်တမ်းလိုတယ်။ ဆေးသောက်ပြီး မတည့်တာတစ်ခုခုဖြစ်တယ်ဆို ဆေးရုံဆေးခန်းရောက်မှ လူနာဘာဆေးသောက်လဲလို့မေးရင် ဘယ်သူမှမဖြေနိုင်ပါဘူး။ ပိုးသတ်ဆေးဆိုတာကလည်း အခုသောက်လိုက်မယ် နောက်မသောက်တော့ဘူးဆိုပြီး လုပ်လို့မရပါဘူး။ ဆေးကို ဆေးပတ်လည်အောင် Course အပြည့်သောက်ဖို့လိုပါတယ်။ တစ်ချို့ရောဂါတွေဆိုရင် ပိုးသတ်ဆေးသောက်ပြီး ပြန်စစ်ဆေးရတာတွေလည်း လိုအပ်နိုင်ပါတယ်။

ပိုးသတ်ဆေးလိုမျိုးပဲ တစ်ခြားအရေးကြီးဆေးဝါးတစ်ချို့လည်း လူနာတွေကို online ကနေ ညွှန်လို့မရပါဘူး။ ဥပမာ ဆီးချိုဆေးတို့ သွေးကျဆေးတို့ပါ ဘာလို့လဲဆိုရင် လူနာကို ကိုယ်တိုင်စမ်းသပ်စစ်ဆေးရတာလည်းမဟုတ်ဘဲ ဒီဆေးတွေကို ညွှန်ပေးလိုက်ရင် လူနာပဲ ဘေးထွက်ဆိုးကျိုးတွေခံစားရမှာပါ။ ဒါကြောင့် နာတာရှည်လူနာတွေအတွက်တော့ နေထိုင်မှုပုံစံလေးတွေ လိုအပ်တဲ့ အဖြည့်ဆေးဝါးမျိုးတွေပဲ ပေးနိုင်ပါတယ်။ ဆီးချိုသွေးတိုးဆေးတွေကို အတိုးအလျှော့လည်း မလုပ်ပေးပါဘူး။ အဓိကကတော လူနာတွေလက်ရှိ အပြင်မှာပြနေတဲ့ ဆေးခန်းဆေးရုံတွေပဲ ပြန်ပြရမှာပါ။

ဒီလိုမေးခွန်းတွေကို အဖြေတိတိကျကျ မပေးဖြစ်တဲ့အခါ တစ်ချို့မေးတဲ့သူတွေထင်ကောင်းထင်နိုင်တာလေးက ပြောလို့ရပြီး မပြောဘူးဆိုတာလေးပါ ပြောလို့ရလျက်သားနဲ့ မပြောဘူးဆိုတာ လူနာအတွက်ပဲ ဆိုတာ သိစေချင်ပါတယ်။

Author : Dr. CST

Previous Post

သင်တနေ့တာ လိုအပ်တဲ့ အမျှင်ဓါတ် ပြည့်ဝရဲ့လား

Next Post

ကြက်ညှာချောင်းဆိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြက်ညှာချောင်းဆိုး

လေထုညစ်ညမ်းမှုအန္တရာယ် သတိပြုဖွယ်

လက်သည်းကိုက်တဲ့အကျင့်ရဲ့ဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.