ဂနိုမဟုတ်သော ဆီးလမ်းကြောင်းရောင်ရမ်းမှု
ငယ်ရွယ်သောအမျိုးသားများတွင် ဂနိုမဟုတ်သော ဆီးလမ်းကြောင်းရောင်ရမ်းမှု ဖြစ်လေ့ရှိသည်။ တချို့လူနာများတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။
ဆီးမကြာခဏ အကြိမ်ကြိမ်သွားခြင်း၊ ဆီးသွားရာတွင်နာကျင်မှု ခံစားရခြင်းနှင့် ဆီးလမ်းကြောင်းမှ ပြည် ကျခြင်းလက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်။ ဆီးလမ်းကြောင်းရောင်ရမ်းမှု၊ မျက်စိ၏ မျက်ကြည်လွှာရောင်ရမ်းမှု နှင့် ရုတ်တရက်အဆစ်ရောင်ရောဂါလက္ခဏာ သုံးမျိုးပေါင်းစပ်ထားသော Reiter’s Syndrome ဖြစ်နိုင်ပါသည်။ ရောဂါလက္ခဏာများသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်သက်သာ ပျောက်ကင်းသွားတတ်သော် လည်း၊ မကြာမီပြန်လည်ဖြစ်ပေါ်လာတတ်ပါသည်။ အဆစ်များ နာတာရှည်ရောင်ရမ်းမှုလည်း ကြုံရနိုင်သည်။
ဂနိုမဟုတ်သော ဆီးလမ်းကြောင်းရောင်ရမ်းမှုအတွက် တက်ထရာဆိုက်ကလင်း Tetracycline ဆေး ကိုသုံးစွဲနိုင်ပါသည်။ သို့မဟုတ်ပါက တခြားသော ပဋိဇီဝဆေးတချို့ကို ရွေးချယ်အသုံးပြုနိုင်သည်။ အမျိုးသမီး များတွင် ဆီးခုံတွင်းပိုင်းရှိ မျိုးပွားအင်္ဂါများရောင်ရမ်းမှု အန္တရာယ်ရှိသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)