fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၂)

61
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အိပ္ရာထက္ဝယ္ ေမာင္မယ္ႏွစ္ဦးသား ၾကင္နာစဥ္ နာက်င္ျခင္း အပိုင္း(၂)

မယ္တြင္နာက်င္ျခင္း

အတူေနစဥ္ ျဖစ္ေပၚတဲ့ နာက်င္မႈကို မမ်ိဳးပြားအဂၤါတဝိုက္ (မိန္းမကိုယ္ႏႈတ္ခမ္းသားမ်ား ၊ မိန္းမကိုယ္အဝႏွင့္ ေယာနိလမ္းေၾကာင္း ေအာက္ပိုင္းေနရာမ်ား) နာက်င္ျခင္း (Superficial Dyspareunia) ႏွင့္ တင္ပဆုံ႐ိုးထဲက နာက်င္ျခင္း (Deep Dyspareunia) ဆိုၿပီး ႏွစ္မ်ိဳးခြဲထားတဲ့အနက္မွ အပိုင္း(၁)မွာ မမ်ိဳးပြားအဂၤါ တဝိုက္ နာက်င္မႈကို ျဖစ္ေပၚေစတဲ့အေၾကာင္းရင္းေတြကိုေျပာခဲ့ၿပီးပါၿပီ။

အခုအပိုင္း(၂)မွာ တင္ပဆုံ႐ိုးထဲကနာက်င္ျခင္း (Deep Dyspareunia)ကို ျဖစ္ေစမယ့္ အေၾကာင္းရင္းေတြကို ေျပာပါမယ္။

အဲ့ဒါေတြကေတာ့

(၁)သားအိမ္ေခါင္း ေရာင္ရမ္းျခင္း

အေၾကာင္းတခုခုေၾကာင့္ (ဥပမာ ပိုးဝင္လို႔) သားအိမ္ေခါင္း ေရာင္ရမ္းေနတဲ့အခါမွာ လိင္ဆက္ဆံပါက အမ်ိဳးသားရဲ႕လိင္တံႏွင့္ ေရာင္ေနတဲ့သားအိမ္ေခါင္းနဲ႔ထိမိၿပီး တင္ပဆုံခြက္အတြင္း နက္ရႈိင္းစြာ နာက်င္ ျခင္းကိုျဖစ္ေစတတ္ပါတယ္။ တခါတရံ ေပါင္အေရွ႕ျခမ္းတြင္ပါ နာက်င္ႏိုင္သည္။

(၂)Endometriosis ဆိုတဲ့ ေဟာ္မုန္းနဲ႔ဆိုင္တဲ့ ေရာဂါရွိျခင္း

Endometriosis) ဆိုတာဟာ သားအိမ္ထဲက သားအိမ္နံရံတစ္သွ်ဳးေတြဟာ သားအိမ္ထဲမွာရွိရမယ့္အစား သားအိမ္ျပင္ပအျခားေသာ ေနရာမ်ားတြင္ ေနရာလြဲမွားရွိေနတဲ့ အေျခအေနတခုပါ။ သားအိမ္နံရံတစ္သွ်ဳးေတြ ေနရာလြဲမွားၿပီး ရွိေနတတ္တဲ့ ေနရာအမ်ားစုကေတာ့ သားဥအိမ္ ၊ သားဥႁပြန္မ်ားႏွင့္ သားအိမ္ေခါင္း စတဲ့ေနရာေတြပဲျဖစ္ပါတယ္။

ရာသီေသြးဆင္းသည့္အခ်ိန္တိုင္း ထိုေနရာလြဲမွားၿပီးရွိေနတဲ့ တစ္သွ်ဳးေတြကလည္း ေသြးထြက္ပါတယ္။ ထိုေသြးမ်ားဟာ သားအိမ္နံရံကေန ေသြးဆင္းတာလို အျပင္ဘက္ကိုမိန္းမကိုယ္ကေနတဆင့္ မထြက္ႏိုင္တာေၾကာင့္ အတြင္းအဂၤါတစ္ခုႏွင့္ တစ္ခုကပ္သြားေစၿပီး အနာ႐ြတ္တစ္သွ်ဳး မ်ားကို ျဖစ္ေစကာ တင္ပဆုံခြက္ေနရာတစ္ခုလုံး နာက်င္ျခင္းကို ျဖစ္ေစႏိုင္သည္။

(၃)သားအိမ္အေနအထားမမွန္ျခင္း

အခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားတြင္ သားအိမ္သည္ အေရွ႕သို႔ ၫြတ္ေနရမည့္အစား အေနာက္ဘက္သို႔ လန္ေနတတ္သည္။ ဒီလို အေနအထားမမွန္ျခင္းေၾကာင့္ လိင္ဆက္ဆံပါက တင္ပဆုံအတြင္း နာက်င္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။

(၄) သားဥအိမ္တြင္ ေရအိတ္ရွိျခင္း၊သားအိမ္တြင္အသားလုံးရွိျခင္း၊တင္ပဆုံအတြင္းအလုံးအခဲတခုခုရွိျခင္း တို႔ျဖစ္ပါကလည္း လိင္ဆက္ဆံရာတြင္ သက္ေတာင့္သက္သာမျဖစ္ေစဘဲ တင္ပဆုံတြင္းနာက်င္မႈကို ျဖစ္ေစႏိုင္ပါတယ္။

(၅) တင္ပဆုံခြက္အတြင္းရွိ အဂၤါမ်ားေရာင္ရမ္းျခင္း (Pelvic Inflammatory Disease)
အမ်ားအားျဖင့္ ဆီးလမ္းေၾကာင္းပိုးဝင္ရာကေန သားဥႁပြန္ ၊ သားအိမ္ႏွင့္သားအိမ္ေရာင္ရမ္းသည့္ အေျခအေနတခုျဖစ္သည္။ လိင္ဆက္ဆံတဲ့အခါမွာ ထိုေရာင္ရမ္းေနတဲ့ အဂၤါေတြကို သြားလႈပ္ရွားသလိုျဖစ္ေစတဲ့အတြက္ နာက်င္မႈကို ျဖစ္ေစႏိုင္ပါတယ္။

တင္ပဆုံခြက္၏ နက္ရႈိင္းေသာ ေနရာမ်ားမွ နာက်င္ျခင္းျဖစ္ၿပီး အမ်ိဳးသား၏ လိင္တံကို ေယာနိလမ္းေၾကာင္း အတြင္းထိေရာက္ေအာင္ လိင္ဆက္ဆံ ျခင္းျပဳလုပ္ပါက တင္ပဆုံအတြင္း နက္ရႈိင္းစြာ နာက်င္ျခင္းမွာ ပိုဆိုးႏိုင္ပါတယ္။ လိင္ဆက္ဆံျခင္းကို ရပ္လိုက္ပါက တေျဖးေျဖးသက္သာသြားႏိုင္ပါတယ္။ တင္ပဆုံခြက္အတြင္းရွိ အဂၤါမ်ားေရာင္ရမ္းျခင္း (Pelvic Inflammatory Disease) ျဖစ္ပါက ေနမေကာင္း ျဖစ္ၿပီး မိန္းမကိုယ္ကေန မူမမွန္အျဖဴမ်ားလည္းဆင္းတတ္ပါတယ္။

(၆)အူလမ္းေၾကာင္းေရာဂါအခံတခုခုရွိျခင္း ဥပမာ Crohn’s Disease, Irritable Bowel Syndrome
လိင္ဆက္ဆံသည့္အခါတြင္ ျဖစ္ေပၚေသာ လႈပ္ရွားမႈမ်ားေၾကာင့္ ဗိုက္ထဲမွာရွိတဲ့အူမ်ားကိုလည္းလႈပ္ရွားေစႏိုင္ပါတယ္။

တကယ္လို႔ အူမ်ားသည္ တုံ႔ျပန္မႈလြန္ကဲပါက လိင္ဆက္ ဆံေနစဥ္ အူမ်ားေၾကာင့္ တင္ပဆုံတဝိုက္ နာက်င္ျခင္း စတင္ျဖစ္ေပၚႏိုင္သည္။ အထူးသျဖင့္ Crohn’s Disease ေရာဂါရွိသူမ်ား ၊ ဝမ္းခဏခဏပ်က္ျခင္း (သို႔) ဝမ္းခဏခဏခ်ဳပ္ျခင္း ျဖစ္ေစသည့္ (Irritable Bowel Syndrome) ရွိသူမ်ားသည္ လိင္ဆက္ဆံစဥ္ တင္ပဆုံတဝိုက္ နာက်င္ျခင္းကို ခံစားရႏိုင္သည္။

(၇)ဆီးအိမ္ေရာင္ျခင္း

ဆီးအိမ္(Bladder)ဟာ သားအိမ္ရဲ႕ေရွ႕ဘက္တြင္ တည္ရွိၿပီး သားအိမ္ေအာက္နည္းနည္းေရာက္သည္။ ဒါေၾကာင့္ ဆီးအိမ္သည္ လိင္ဆက္ဆံေနစဥ္ ေ႐ြ႕လ်ားၿပီး အဖိခံရႏိုင္သည္။
သာမန္အခ်ိန္တြင္ ဘာမွမျဖစ္ေသာ္လည္း ဆီးပိုးဝင္ၿပီး ဆီးအိမ္ေရာင္ေနသည့္အခါ တင္ပဆုံတဝိုက္ နာက်င္မႈကို ခံစားရႏိုင္သည္။

ဒါေတြကေတာ့ ကြၽန္ေတာ္သိသေလာက္ အတူေနစဥ္ တင္ပဆုံတဝိုက္နာျခင္းကိုျဖစ္ေစတဲ့အေၾကာင္းေတြပါ။

အပိုင္း(၃)မွာေတာ့ အတူေနစဥ္ မမ်ိဳးပြားအဂၤါတဝိုက္ (မိန္းမကိုယ္ႏႈတ္ခမ္းသားမ်ား ၊ မိန္းမကိုယ္အဝႏွင့္ ေယာနိလမ္းေၾကာင္း ေအာက္ပိုင္းေနရာမ်ား) နာက်င္ျခင္း (Superficial Dyspareunia) ႏွင့္ တင္ပဆုံ႐ိုးထဲက နာက်င္ျခင္း (Deep Dyspareunia) ႏွစ္ခုလုံးကို ျဖစ္ေစႏိုင္တဲ့ အေၾကာင္းေတြကို ဆက္လက္ေဖာ္ျပပါမယ္။

Author : Dr. 528

အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၂)

မယ်တွင်နာကျင်ခြင်း

အတူနေစဉ် ဖြစ်ပေါ်တဲ့ နာကျင်မှုကို မမျိုးပွားအင်္ဂါတဝိုက် (မိန်းမကိုယ်နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အဝနှင့် ယောနိလမ်းကြောင်း အောက်ပိုင်းနေရာများ) နာကျင်ခြင်း (Superficial Dyspareunia) နှင့် တင်ပဆုံရိုးထဲက နာကျင်ခြင်း (Deep Dyspareunia) ဆိုပြီး နှစ်မျိုးခွဲထားတဲ့အနက်မှ အပိုင်း(၁)မှာ မမျိုးပွားအင်္ဂါ တဝိုက် နာကျင်မှုကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုပြောခဲ့ပြီးပါပြီ။

အခုအပိုင်း(၂)မှာ တင်ပဆုံရိုးထဲကနာကျင်ခြင်း (Deep Dyspareunia)ကို ဖြစ်စေမယ့် အကြောင်းရင်းတွေကို ပြောပါမယ်။

အဲ့ဒါတွေကတော့

(၁)သားအိမ်ခေါင်း ရောင်ရမ်းခြင်း

အကြောင်းတခုခုကြောင့် (ဥပမာ ပိုးဝင်လို့) သားအိမ်ခေါင်း ရောင်ရမ်းနေတဲ့အခါမှာ လိင်ဆက်ဆံပါက အမျိုးသားရဲ့လိင်တံနှင့် ရောင်နေတဲ့သားအိမ်ခေါင်းနဲ့ထိမိပြီး တင်ပဆုံခွက်အတွင်း နက်ရှိုင်းစွာ နာကျင် ခြင်းကိုဖြစ်စေတတ်ပါတယ်။ တခါတရံ ပေါင်အရှေ့ခြမ်းတွင်ပါ နာကျင်နိုင်သည်။

(၂)Endometriosis ဆိုတဲ့ ဟော်မုန်းနဲ့ဆိုင်တဲ့ ရောဂါရှိခြင်း

Endometriosis) ဆိုတာဟာ သားအိမ်ထဲက သားအိမ်နံရံတစ်သျှုးတွေဟာ သားအိမ်ထဲမှာရှိရမယ့်အစား သားအိမ်ပြင်ပအခြားသော နေရာများတွင် နေရာလွဲမှားရှိနေတဲ့ အခြေအနေတခုပါ။ သားအိမ်နံရံတစ်သျှုးတွေ နေရာလွဲမှားပြီး ရှိနေတတ်တဲ့ နေရာအများစုကတော့ သားဥအိမ် ၊ သားဥပြွန်များနှင့် သားအိမ်ခေါင်း စတဲ့နေရာတွေပဲဖြစ်ပါတယ်။

ရာသီသွေးဆင်းသည့်အချိန်တိုင်း ထိုနေရာလွဲမှားပြီးရှိနေတဲ့ တစ်သျှုးတွေကလည်း သွေးထွက်ပါတယ်။ ထိုသွေးများဟာ သားအိမ်နံရံကနေ သွေးဆင်းတာလို အပြင်ဘက်ကိုမိန်းမကိုယ်ကနေတဆင့် မထွက်နိုင်တာကြောင့် အတွင်းအင်္ဂါတစ်ခုနှင့် တစ်ခုကပ်သွားစေပြီး အနာရွတ်တစ်သျှုး များကို ဖြစ်စေကာ တင်ပဆုံခွက်နေရာတစ်ခုလုံး နာကျင်ခြင်းကို ဖြစ်စေနိုင်သည်။

(၃)သားအိမ်အနေအထားမမှန်ခြင်း

အချို့သော အမျိုးသမီးများတွင် သားအိမ်သည် အရှေ့သို့ ညွတ်နေရမည့်အစား အနောက်ဘက်သို့ လန်နေတတ်သည်။ ဒီလို အနေအထားမမှန်ခြင်းကြောင့် လိင်ဆက်ဆံပါက တင်ပဆုံအတွင်း နာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၄) သားဥအိမ်တွင် ရေအိတ်ရှိခြင်း၊သားအိမ်တွင်အသားလုံးရှိခြင်း၊တင်ပဆုံအတွင်းအလုံးအခဲတခုခုရှိခြင်း တို့ဖြစ်ပါကလည်း လိင်ဆက်ဆံရာတွင် သက်တောင့်သက်သာမဖြစ်စေဘဲ တင်ပဆုံတွင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

(၅) တင်ပဆုံခွက်အတွင်းရှိ အင်္ဂါများရောင်ရမ်းခြင်း (Pelvic Inflammatory Disease)
အများအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ရာကနေ သားဥပြွန် ၊ သားအိမ်နှင့်သားအိမ်ရောင်ရမ်းသည့် အခြေအနေတခုဖြစ်သည်။ လိင်ဆက်ဆံတဲ့အခါမှာ ထိုရောင်ရမ်းနေတဲ့ အင်္ဂါတွေကို သွားလှုပ်ရှားသလိုဖြစ်စေတဲ့အတွက် နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။

တင်ပဆုံခွက်၏ နက်ရှိုင်းသော နေရာများမှ နာကျင်ခြင်းဖြစ်ပြီး အမျိုးသား၏ လိင်တံကို ယောနိလမ်းကြောင်း အတွင်းထိရောက်အောင် လိင်ဆက်ဆံ ခြင်းပြုလုပ်ပါက တင်ပဆုံအတွင်း နက်ရှိုင်းစွာ နာကျင်ခြင်းမှာ ပိုဆိုးနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းကို ရပ်လိုက်ပါက တဖြေးဖြေးသက်သာသွားနိုင်ပါတယ်။ တင်ပဆုံခွက်အတွင်းရှိ အင်္ဂါများရောင်ရမ်းခြင်း (Pelvic Inflammatory Disease) ဖြစ်ပါက နေမကောင်း ဖြစ်ပြီး မိန်းမကိုယ်ကနေ မူမမှန်အဖြူများလည်းဆင်းတတ်ပါတယ်။

(၆)အူလမ်းကြောင်းရောဂါအခံတခုခုရှိခြင်း ဥပမာ Crohn’s Disease, Irritable Bowel Syndrome
လိင်ဆက်ဆံသည့်အခါတွင် ဖြစ်ပေါ်သော လှုပ်ရှားမှုများကြောင့် ဗိုက်ထဲမှာရှိတဲ့အူများကိုလည်းလှုပ်ရှားစေနိုင်ပါတယ်။

တကယ်လို့ အူများသည် တုံ့ပြန်မှုလွန်ကဲပါက လိင်ဆက် ဆံနေစဉ် အူများကြောင့် တင်ပဆုံတဝိုက် နာကျင်ခြင်း စတင်ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် Crohn’s Disease ရောဂါရှိသူများ ၊ ဝမ်းခဏခဏပျက်ခြင်း (သို့) ဝမ်းခဏခဏချုပ်ခြင်း ဖြစ်စေသည့် (Irritable Bowel Syndrome) ရှိသူများသည် လိင်ဆက်ဆံစဉ် တင်ပဆုံတဝိုက် နာကျင်ခြင်းကို ခံစားရနိုင်သည်။

(၇)ဆီးအိမ်ရောင်ခြင်း

ဆီးအိမ်(Bladder)ဟာ သားအိမ်ရဲ့ရှေ့ဘက်တွင် တည်ရှိပြီး သားအိမ်အောက်နည်းနည်းရောက်သည်။ ဒါကြောင့် ဆီးအိမ်သည် လိင်ဆက်ဆံနေစဉ် ရွေ့လျားပြီး အဖိခံရနိုင်သည်။
သာမန်အချိန်တွင် ဘာမှမဖြစ်သော်လည်း ဆီးပိုးဝင်ပြီး ဆီးအိမ်ရောင်နေသည့်အခါ တင်ပဆုံတဝိုက် နာကျင်မှုကို ခံစားရနိုင်သည်။

ဒါတွေကတော့ ကျွန်တော်သိသလောက် အတူနေစဉ် တင်ပဆုံတဝိုက်နာခြင်းကိုဖြစ်စေတဲ့အကြောင်းတွေပါ။

အပိုင်း(၃)မှာတော့ အတူနေစဉ် မမျိုးပွားအင်္ဂါတဝိုက် (မိန်းမကိုယ်နှုတ်ခမ်းသားများ ၊ မိန်းမကိုယ်အဝနှင့် ယောနိလမ်းကြောင်း အောက်ပိုင်းနေရာများ) နာကျင်ခြင်း (Superficial Dyspareunia) နှင့် တင်ပဆုံရိုးထဲက နာကျင်ခြင်း (Deep Dyspareunia) နှစ်ခုလုံးကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေကို ဆက်လက်ဖော်ပြပါမယ်။

Author : Dr. 528

Previous Post

ကိုယ်ဝန်ဆောင်စဉ်နို့တိုက်စဉ်ဆံပင်အလှပြင်ခြင်း

Next Post

လူအများစုသတိမထားမိတဲ့ သွားအခြေနေရာတွေပျက်စီးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူအများစုသတိမထားမိတဲ့ သွားအခြေနေရာတွေပျက်စီးခြင်း

အသည်းအဆီဖုံးခြင်း

လျှာကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.