အိပ္ရာထက္ဝယ္ ေမာင္မယ္ႏွစ္ဦးသား ၾကင္နာစဥ္ နာက်င္ျခင္း အပိုင္း(၄)
ေမာင္မွာနာက်င္ျခင္း
အပိုင္း(၁)ကေန (၃)မွာ အတူေနစဥ္ အမ်ိဳးသမီးေတြမွာ အိမ္ေထာင္ေရးသုခမရရွိဘဲ နာက်င္မႈကိုျဖစ္ေစတဲ့အေၾကာင္းေတြကို ေဖာ္ျပခဲ့ပါတယ္။ ယခုအပိုင္း(၄)မွာေတာ့ အတူေနစဥ္အမ်ိဳးသားေတြမွာ နာက်င္မႈကိုျဖစ္ေစႏိုင္တဲ့အေၾကာင္းေတြကို တင္ျပေဆြးေႏြးပါမယ္။
လိင္ဆက္ဆံစဥ္နာက်င္မႈ (Dyspareunia) ဆိုတာက အမ်ိဳးသမီးေတြမွာ သာမက အမ်ိဳးသားေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။ အမ်ိဳးသားေတြမွာ ျဖစ္ႏိုင္တဲ့အေၾကာင္းေတြကေတာ့
၁။လိင္တံထိပ္ငုံ အေရျပားထူလြန္း သို႔မဟုတ္ ၾကပ္လြန္းျခင္း(Phimosis)
မိမိရဲ႕လိင္တံထိပ္ငုံအေရျပား(Foreskin) ဟာ တအားထူေနလို႔ရွိရင္ သို႔မဟုတ္ တအားၾကပ္ေနလို႔ရွိရင္ အတူေနစဥ္ နဲ႔ မိမိဘာသာ ေရွ႕တိုးေနာက္ဆုတ္ လက္နဲ႔အာသာေျဖစဥ္မွာ ထစ္ခံေနၿပီး နာက်င္မႈကိုခံစားရႏိုင္ပါတယ္။
၂။လိင္တံထိပ္အေရျပားစုတ္ၿပဲျခင္း
အမွန္တကယ္ကေတာ့ လိင္တံထပ္အေရျပားနဲ႔ လိင္တံနဲ႔ကို လိင္တံေအာက္ပိုင္းကေန တြယ္ဆက္ေပးထားတဲ့ Frenulum လို႔ေခၚတဲ့တြယ္ဆက္အေရျပား(Skin tag)ေလးစုတ္ၿပဲတာပါ။
ေပါင္ၿခံေနရာတဝိုက္ ထိခိုက္ဒဏ္ရာရလို႔ပဲျဖစ္ျဖစ္ သို႔မဟုတ္ အေၾကာင္းတခုခုေၾကာင့္ (အာသာေျဖလို႔ပဲျဖစ္ျဖစ္ သို႔မဟုတ္ လိင္ဆက္ဆံလို႔ပဲျဖစ္ျဖစ္) အဲ့ frenulum လို႔ေခၚတဲ့ အေရျပားေလး ထိခိုက္ဒဏ္ရာရၿပီး စုတ္ၿပဲႏိုင္ပါတယ္။
မ်ားေသာအားျဖင့္ေတာ့ သူ႔ဘာသာသူ ျပန္က်က္ပါတယ္။ သို႔ေသာ္ တခါတရံမွာေတာ့ မက်က္တာ ျဖစ္ႏိုင္ပါတယ္။ စုတ္ၿပဲေနတဲ့အခ်ိန္မွာ လိင္ဆက္ဆံရင္ပဲျဖစ္ျဖစ္ သို႔မဟုတ္ ေကာင္းေကာင္းမက်က္ဘဲ လိင္ဆက္ဆံရင္ပဲျဖစ္ျဖစ္ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။ တကယ္လို႔ခဏခဏ စုတ္ၿပဲတာမ်ိဳးဆိုရင္ေတာ့ ခြဲစိတ္ဆရာဝန္နဲ႔ျပသၿပီး frenuloplasty လို႔ေခၚတဲ့ ခြဲစိတ္မႈ အေသးစားေလး လုပ္ႏိုင္ပါတယ္။
၃။Prostate gland ေခၚ ဆီးက်ိတ္ ေရာင္ရမ္းျခင္း
ဆီးက်ိတ္က အမ်ိဳးသားေတြရဲ႕ ဆီးအိမ္ေအာက္နားမွာ ကပ္ၿပီးရွိတယ္ ဆီးက်ိတ္ထဲကေန ဆီးထြက္ႁပြန္က ျဖတ္သြားတယ္။ ဆီးက်ိတ္ေရာင္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ အမ်ားႀကီးပါ။ အဓိကအေနနဲ႔ကေတာ့ ဆီးပိုးဝင္ရာကေန တဆင့္ ေရာင္ရမ္းတာ မ်ားပါတယ္။
အဲ့လို ဆီးက်ိတ္ေရာင္ရမ္းေနတဲ့အခါမွာ လိင္ဆံဆက္ပါက နာက်င္မႈကို ခံစားရႏိုင္ပါတယ္။
၄။လိင္လမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္တာ ဥပမာ လိင္လမ္းေၾကာင္းေရယုံျဖစ္တာ၊ ပိုးဝင္ၿပီး ဆီးထြက္ႁပြန္ေရာင္တာ စတဲ့အေျခအေနေတြျဖစ္ေနရင္လည္း လိင္ဆက္ဆံရင္ နာက်င္မႈကိုျဖစ္ေစႏိုင္ပါတယ္။
၅။သုံးတဲ့ကြန္ဒုံး သို႔မဟုတ္ ေခ်ာဆီ တခုခုနဲ႔ဓါတ္မတည့္လို႔ရွိရင္လည္း ယားယံတာ ေရာင္ရမ္း နာက်င္တာေတြျဖစ္ႏိုင္ပါတယ္။
အဆုံးသတ္အေနနဲ႔ေျပာရရင္ လိင္ဆက္ဆံစဥ္ အမ်ိဳးသားမွာ နာက်င္ျခင္းကို ျဖစ္ေစႏိုင္တဲ့အေၾကာင္းေတြအမ်ားႀကီးရွိေပမယ့္ ဒီ၅ခ်က္ကေတာ့ အျဖစ္မ်ားတဲ့ အေၾကာင္းရင္းေတြပါ။
Author : Dr. 528
အိပ်ရာထက်ဝယ် မောင်မယ်နှစ်ဦးသား ကြင်နာစဉ် နာကျင်ခြင်း အပိုင်း(၄)
မောင်မှာနာကျင်ခြင်း
အပိုင်း(၁)ကနေ (၃)မှာ အတူနေစဉ် အမျိုးသမီးတွေမှာ အိမ်ထောင်ရေးသုခမရရှိဘဲ နာကျင်မှုကိုဖြစ်စေတဲ့အကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။ ယခုအပိုင်း(၄)မှာတော့ အတူနေစဉ်အမျိုးသားတွေမှာ နာကျင်မှုကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကို တင်ပြဆွေးနွေးပါမယ်။
လိင်ဆက်ဆံစဉ်နာကျင်မှု (Dyspareunia) ဆိုတာက အမျိုးသမီးတွေမှာ သာမက အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်တဲ့အကြောင်းတွေကတော့
၁။လိင်တံထိပ်ငုံ အရေပြားထူလွန်း သို့မဟုတ် ကြပ်လွန်းခြင်း(Phimosis)
မိမိရဲ့လိင်တံထိပ်ငုံအရေပြား(Foreskin) ဟာ တအားထူနေလို့ရှိရင် သို့မဟုတ် တအားကြပ်နေလို့ရှိရင် အတူနေစဉ် နဲ့ မိမိဘာသာ ရှေ့တိုးနောက်ဆုတ် လက်နဲ့အာသာဖြေစဉ်မှာ ထစ်ခံနေပြီး နာကျင်မှုကိုခံစားရနိုင်ပါတယ်။
၂။လိင်တံထိပ်အရေပြားစုတ်ပြဲခြင်း
အမှန်တကယ်ကတော့ လိင်တံထပ်အရေပြားနဲ့ လိင်တံနဲ့ကို လိင်တံအောက်ပိုင်းကနေ တွယ်ဆက်ပေးထားတဲ့ Frenulum လို့ခေါ်တဲ့တွယ်ဆက်အရေပြား(Skin tag)လေးစုတ်ပြဲတာပါ။
ပေါင်ခြံနေရာတဝိုက် ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် သို့မဟုတ် အကြောင်းတခုခုကြောင့် (အာသာဖြေလို့ပဲဖြစ်ဖြစ် သို့မဟုတ် လိင်ဆက်ဆံလို့ပဲဖြစ်ဖြစ်) အဲ့ frenulum လို့ခေါ်တဲ့ အရေပြားလေး ထိခိုက်ဒဏ်ရာရပြီး စုတ်ပြဲနိုင်ပါတယ်။
များသောအားဖြင့်တော့ သူ့ဘာသာသူ ပြန်ကျက်ပါတယ်။ သို့သော် တခါတရံမှာတော့ မကျက်တာ ဖြစ်နိုင်ပါတယ်။ စုတ်ပြဲနေတဲ့အချိန်မှာ လိင်ဆက်ဆံရင်ပဲဖြစ်ဖြစ် သို့မဟုတ် ကောင်းကောင်းမကျက်ဘဲ လိင်ဆက်ဆံရင်ပဲဖြစ်ဖြစ် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ တကယ်လို့ခဏခဏ စုတ်ပြဲတာမျိုးဆိုရင်တော့ ခွဲစိတ်ဆရာဝန်နဲ့ပြသပြီး frenuloplasty လို့ခေါ်တဲ့ ခွဲစိတ်မှု အသေးစားလေး လုပ်နိုင်ပါတယ်။
၃။Prostate gland ခေါ် ဆီးကျိတ် ရောင်ရမ်းခြင်း
ဆီးကျိတ်က အမျိုးသားတွေရဲ့ ဆီးအိမ်အောက်နားမှာ ကပ်ပြီးရှိတယ် ဆီးကျိတ်ထဲကနေ ဆီးထွက်ပြွန်က ဖြတ်သွားတယ်။ ဆီးကျိတ်ရောင်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါ။ အဓိကအနေနဲ့ကတော့ ဆီးပိုးဝင်ရာကနေ တဆင့် ရောင်ရမ်းတာ များပါတယ်။
အဲ့လို ဆီးကျိတ်ရောင်ရမ်းနေတဲ့အခါမှာ လိင်ဆံဆက်ပါက နာကျင်မှုကို ခံစားရနိုင်ပါတယ်။
၄။လိင်လမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တာ ဥပမာ လိင်လမ်းကြောင်းရေယုံဖြစ်တာ၊ ပိုးဝင်ပြီး ဆီးထွက်ပြွန်ရောင်တာ စတဲ့အခြေအနေတွေဖြစ်နေရင်လည်း လိင်ဆက်ဆံရင် နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။
၅။သုံးတဲ့ကွန်ဒုံး သို့မဟုတ် ချောဆီ တခုခုနဲ့ဓါတ်မတည့်လို့ရှိရင်လည်း ယားယံတာ ရောင်ရမ်း နာကျင်တာတွေဖြစ်နိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင် လိင်ဆက်ဆံစဉ် အမျိုးသားမှာ နာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေအများကြီးရှိပေမယ့် ဒီ၅ချက်ကတော့ အဖြစ်များတဲ့ အကြောင်းရင်းတွေပါ။
Author : Dr. 528