ပြင်ပသန္ဓေတည်ခြင်းနှင့် ပုံမှန်မဟုတ်သော လမ်းကြာင်းဆက်ဆံမှု
ပုံမှန်မဟုတ်သော လမ်းကြောင်းဖြင့် လိင်ဆက်ဆံလျှင် ဥပမာ စအို၊ ပါးစပ်တို့ဖြင့် ဆက်ဆံလျှင် သားအိမ်ပြင်ပသန္ဓေတည်နိုင်သလားဆိုသော မေးခွန်းများမေးကြပါတယ်။ ကိုယ်ဝန်မတည်နိုင်ပါ။ သို့သော် ကျန်းမာရေးဆိုးကျိုး အများအပြားတော့ ခံစားရနိုင်ပါလိမ့်မယ်။
သားအိမ်ပြင်ပ သန္ဓေတည်တာက ဘာကြောင့်လဲဆိုတာတော့ ရှင်းပြပေးပါမယ်။
ဦးစွာ ပုံမှန်မဟုတ်သော ဆက်ဆံမှုကြောင့်
– စအိုတစ်ရူးများ ထိခိုက်ကာ ဘက်တီးရီယားများ၊ ဗိုင်းရပ်စ်များ သွေးကြောအတွင်းဝင်ရောက်ကူးစက်မှု ခံရနိုင်ပါတယ်။ HIVပိုး၊ စအိုကင်ဆာဖြစ်စေသော ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ကူးစက်လွယ်ပါလိမ့်မယ်။
-စအိုသည် မစင်စွန့်ရန် ကျုံဆန့်ကြွက်သားများဖြင့် ရှိသောကြောင့် စအိုဖြင့်ဆက်ဆံပါက ဝမ်းထိန်းနိုင်ရန် ခက်ခဲလာတတ်ပါတယ်။ ဝမ်းသွားလွယ်ခြင်း ပြဿနာများ ရင်ဆိုင်နိုင်ပါတယ်။
-စအိုတွင် မစင်များရှိနေနိုင်သောကြောင့် ဘက်တီးရီးယားများ ပြည့်နေသောကြောင့် စအိုဆက်ဆံပြီး ပုံမှန်ဆက်ဆံလျှင် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လမ်းကြောင်းဖြင့် ဖိုမဆက်ဆံခြင်းသည် ဆိုးကျိုးများစွာရှိနိုင်ပါတယ်။
-လိပ်ခေါင်းဖြစ်ခြင်း၊ စအိုကွဲနာဖြစ်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။
ဒါဆိုရင် ပြင်ပသန္ဓေတည်ခြင်းဆိုသည်မှာ မမျိုးဥသည် သားဥပြွန်ထဲတွင် ၂၄နာရီခန့် ကြာသည်အထိနေနိုင်ပြီး ထိုအခါ သုက်ပိုးနှင့် တွေ့ထိသန္ဓေအောင်ကာ သားအိမ်ထဲတွင် သန္ဓေတည်ရမည့်အစား သားဥပြွန် သို့မဟုတ် ဝမ်းဗိုက်ထဲတွင် မူမမှန်သန္ဓေတည်နေခြင်းကို သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဟု ဆိုလိုပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းများကတော့
-တင်ပါးရိုးခွင်ရောင်ရမ်းခြင်း
-လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါများ
-ခွဲစိတ်ကုသမှု ခံခဲ့သောကြောင့် အမာရွတ်ရှိခြင်း
-ပြင်ပသန္ဓေတည်မှုဖြစ်ဖူးခြင်း
-သားဥပြွန်ချည်ခြင်း မအောင်မြင်ခြင်း
-သန္ဓေအောင်ဆေးများသုံးစွဲ ခြင်း
-ပြင်ပနည်းဖြင့် သန္ဓေတည်စေခြင်း
-IUD ထည့်ထားခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
ထိုအခါ သန္ဓေသားဆက်လက်တည်မြဲ ကြီးထွားရန် မဖြစ်နိုင်သောကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်သင့်ပါတယ်။ လက္ခဏာများကတော့
-ပျို့အန်ခြင်း
-ဆိုးရွားစွာ ဗိုက်အောင့်ခြင်း
-ကိုယ်ခန္ဓာ တဖက်ခြမ်းနာခြင်း
-မူးမောအားနည်းခြင်း
-သွေးဆင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးမေ့လဲ ခြင်း၊ ပခုံးနာခြင်းများ ဖြစ်ပေါ်ပါက အမြန်ဆုံးဆေးရုံသွားပါ။
Author : Dr. ပြည့်ရှင်း