သာယာမႈ ေနာက္ဆက္တြဲ
လိင္ဆက္ဆံၿပီးေနာက္ ႀကဳံေတြ႕ရတဲ့ ျပႆနာမ်ားကို ဖြင့္ေျပာရန္ ခက္ခဲၿပီး ရင္ဆိုင္ေနရေသာ အမ်ိဳးသမီးမ်ား ရွိပါလိမ့္မယ္။ လိင္ဆက္ဆံၿပီးေနာက္ သာယာမႈထက္ ရင္ဆိုင္ရေသာေရာဂါေဝဒနာမ်ားကလည္း ဆိုး႐ြားႏိုင္ပါတယ္။ ပုံမွန္ျဖစ္ေလ့ရွိတတ္တာလား? ေဆးကုသမႈ ခံယူသင့္သလား? စိုးရိမ္ရမလား? မကုရင္ဘာျဖစ္မလဲ? ဟူေသာ ေမးခြန္းမ်ားစြာကို ဘယ္သူ႔ေမးရမွန္းမသိ အရွက္အေၾကာက္ ႀကီးေနေသာ အမ်ိဳးသမီးမ်ားအတြက္ ေရးသားလိုက္ရပါတယ္။
(၁)အျဖဴဆင္းျခင္း
ရာသီစက္ဝန္းရဲ႕ အလယ္မွာ မမ်ိဳးဥေႂကြႏိုင္ေသာေၾကာင့္ ထိုအခ်ိန္တြင္ ထြက္ေသာအရည္သည္ အရည္ၾကည္ကာ အနည္းငယ္သာ ခြၽဲေနတတ္ပါတယ္။ ထိုအျဖဴဆင္းျခင္းသည္ မူမွန္ဆင္းျခင္း ျဖစ္ပါတယ္။ လိင္ဆက္ဆံၿပီးေနာက္ အျဖဴဆင္းေသာအခါ ပိုမိုပစ္ခြၽဲၿပီး အဖတ္မ်ားျဖစ္ကာ အနံဆိုးထြက္ယားယံပါက မႈိပိုးကူးစက္ေသာ လကၡဏာတစ္ရပ္ပင္ ျဖစ္ပါတယ္။
စိတ္ဖိစီးမႈမ်ားျခင္း၊ ဖ်ားနာျခင္း၊ ပိုးသတ္ေဆးႏွင့္ စတီး႐ြိဳက္ေသာက္ထားျခင္းသည္ ပိုမိုဆိုး႐ြားလာေစႏိုင္ပါတယ္။ အျခားေသာ ပိုးကူးစက္မႈေၾကာင့္လည္း မူမမွန္အျဖဴဆင္းႏိုင္ပါတယ္။ ဥပမာ ဂႏိုေရာဂါ၊ ဆစ္ဖလစ္။ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးေသာေရာဂါသည္ စနစ္တက် ကုသမႈ မခံယူပါက အႏၲရာယ္ေပးလာႏိုင္ပါတယ္။ ထို႔ေၾကာင့္ ၂ေယာက္လုံးေသခ်ာေဆးဝါးကုသမႈ ခံယူပါ။
(၂)ယားနာကြက္မ်ား
လိင္ဆက္ဆံၿပီးေနာက္ မိန္းမကိုယ္တြင္ နီရဲယားယံေသာ အကြက္မ်ား အဖိန႔္မ်ား ျဖစ္တတ္ပါတယ္။ ဓာတ္မတည့္ေသာ အကြက္မ်ား ျဖစ္ပါတယ္။ သုံးေသာကြန္ဒုံး၊ ေခ်ာဆီမ်ားႏွင့္ မတည့္လွ်င္လည္း ေပၚလာတတ္ပါတယ္။ ဆက္ဆံေဖာ္ရဲ႕ ဆီး၊ေခြၽးႏွင့္ သုတ္ရည္မ်ားႏွင့္ မတည့္လွ်င္လည္း ျဖစ္ႏိုင္တယ္။ လိင္ဆက္ဆံ၍ ကူးစက္ေသာပိုး ေရယုံherpes ေၾကာင့္လည္း အကြက္မ်ား၊ အရည္ၾကည္ဖုမ်ား ထလာႏိုင္ပါတယ္။ ယားယံအကြက္မ်ားကို ေသခါကုသမႈ မလုပ္ပဲ ေပါ့ဆပါက လိင္အဂၤါ အေရျပားတခုလုံး ပိုမိုဆိုး႐ြားစြာ ထိခိုက္လာႏိုင္ပါတယ္။ ဆီးသြားရန္ ခက္ခဲခင္းျဖစ္ႏိုင္ပါတယ္။
(၃)ဆီးပူျခင္း
လိင္ဆက္ဆံၿပီးေနာက္ ဆီးပူ ဆီးေအာင့္ ခံစားရပါက ဆီးလမ္းေၾကာင္း ပိုးဝင္ေနသည္ကိုသတိျပဳသင့္ပါတယ္။ မၾကာခဏ ဆက္ဆံျခင္းသည္ ပိုမိုဆိုး႐ြားေစၿပီး ဆီးအိမ္ေရာင္ရမ္းျခင္း ျဖစ္ေစပါတယ္။ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းသည္ ေပါ့ဆမရပါ။ ေသခ်ာမကုပါက ပိုးဆိပ္တက္ျခင္း ျဖစ္ေစႏိုင္ပါတယ္။
(၄)ႂကြက္သားနာက်င္ျခင္း
လိင္ဆက္ဆံၿပီးေနာက္ မိန္းမကိုယ္ႂကြက္သားမ်ား လြန္စြာ အထိမခံႏိုင္ေအာင္ နာက်င္မႈ ေဝဒနာ ခံစားရတတ္ပါတယ္။
(၅)ခ်ဥ္စူးေသာ အနံထြက္ျခင္း
မိန္းမကိုယ္မွ ငါးညႇီနံ႔ သို႔မဟုတ္ ခ်ဥ္စူးနံထြက္ျခင္းမွာ ဘက္တီးရီယားပိုးမ်ား ေပါက္ေသာေၾကာင့္ျဖစ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းႏွင့္ မၾကာခဏ ဆက္ဆံသူမ်ားတြင္ ပိုမိုျဖစ္လြယ္ပါတယ္။ ေသခ်ာမကုသပါက ဘက္တီရီးယားပိုး ဆိပ္ပ်ံ႕ႏွံ႔ေသာ လကၡဏာမ်ား ျဖစ္ပါက အျမန္ဆုံးကုသမႈ ခံယူပါ။
(၆)ေသြးထြက္ျခင္း
လိင္ဆက္ဆံၿပီးေနာက္ အနည္းငယ္ ေသြးထြက္ျခင္း ျဖစ္ေစႏိုင္ပါတယ္။ ပုံမွန္အၿမဲေသြးထြက္ျခင္းသည္ သတိျပဳကုသမႈ ခံယူသင့္ပါတယ္။ သားအိမ္ကင္ဆာ၊ သားအိမ္အက်ိတ္၊ ပိုးဝင္ျခင္း၊ သားအိမ္ျပင္ပ သေႏၶတည္ျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေစႏိုင္ပါတယ္။
(၇)နာက်င္ျခင္း
လိင္ဆက္ဆံစဥ္ နာက်င္မႈ ေဝဒနာ ခံစားရႏိုင္ေသာ္လည္း မခံမရပ္ႏိုင္ေအာင္ အၿမဲတေစနာက်င္ပါက ပိုးဝင္ျခင္း၊ ေရအိတ္ရွိျခင္း၊ သားအိမ္ထူျခင္း၊ အလုံးအက်ိတ္ရွိျခင္း စသည္တို႔ေၾကာင့္ ဆိုး႐ြားစြာ ခံစားရတတ္ပါတယ္။
ေဒါက္တာ ေက်ာ္
သာယာမှု နောက်ဆက်တွဲ
လိင်ဆက်ဆံပြီးနောက် ကြုံတွေ့ရတဲ့ ပြဿနာများကို ဖွင့်ပြောရန် ခက်ခဲပြီး ရင်ဆိုင်နေရသော အမျိုးသမီးများ ရှိပါလိမ့်မယ်။ လိင်ဆက်ဆံပြီးနောက် သာယာမှုထက် ရင်ဆိုင်ရသောရောဂါဝေဒနာများကလည်း ဆိုးရွားနိုင်ပါတယ်။ ပုံမှန်ဖြစ်လေ့ရှိတတ်တာလား? ဆေးကုသမှု ခံယူသင့်သလား? စိုးရိမ်ရမလား? မကုရင်ဘာဖြစ်မလဲ? ဟူသော မေးခွန်းများစွာကို ဘယ်သူ့မေးရမှန်းမသိ အရှက်အကြောက် ကြီးနေသော အမျိုးသမီးများအတွက် ရေးသားလိုက်ရပါတယ်။
(၁)အဖြူဆင်းခြင်း
ရာသီစက်ဝန်းရဲ့ အလယ်မှာ မမျိုးဥကြွေနိုင်သောကြောင့် ထိုအချိန်တွင် ထွက်သောအရည်သည် အရည်ကြည်ကာ အနည်းငယ်သာ ချွဲနေတတ်ပါတယ်။ ထိုအဖြူဆင်းခြင်းသည် မူမှန်ဆင်းခြင်း ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးနောက် အဖြူဆင်းသောအခါ ပိုမိုပစ်ချွဲပြီး အဖတ်များဖြစ်ကာ အနံဆိုးထွက်ယားယံပါက မှိုပိုးကူးစက်သော လက္ခဏာတစ်ရပ်ပင် ဖြစ်ပါတယ်။
စိတ်ဖိစီးမှုများခြင်း၊ ဖျားနာခြင်း၊ ပိုးသတ်ဆေးနှင့် စတီးရွိုက်သောက်ထားခြင်းသည် ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ အခြားသော ပိုးကူးစက်မှုကြောင့်လည်း မူမမှန်အဖြူဆင်းနိုင်ပါတယ်။ ဥပမာ ဂနိုရောဂါ၊ ဆစ်ဖလစ်။ လိင်ဆက်ဆံခြင်းကြောင့် ကူးသောရောဂါသည် စနစ်တကျ ကုသမှု မခံယူပါက အန္တရာယ်ပေးလာနိုင်ပါတယ်။ ထို့ကြောင့် ၂ယောက်လုံးသေချာဆေးဝါးကုသမှု ခံယူပါ။
(၂)ယားနာကွက်များ
လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်တွင် နီရဲယားယံသော အကွက်များ အဖိန့်များ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်သော အကွက်များ ဖြစ်ပါတယ်။ သုံးသောကွန်ဒုံး၊ ချောဆီများနှင့် မတည့်လျှင်လည်း ပေါ်လာတတ်ပါတယ်။ ဆက်ဆံဖော်ရဲ့ ဆီး၊ချွေးနှင့် သုတ်ရည်များနှင့် မတည့်လျှင်လည်း ဖြစ်နိုင်တယ်။ လိင်ဆက်ဆံ၍ ကူးစက်သောပိုး ရေယုံherpes ကြောင့်လည်း အကွက်များ၊ အရည်ကြည်ဖုများ ထလာနိုင်ပါတယ်။ ယားယံအကွက်များကို သေခါကုသမှု မလုပ်ပဲ ပေါ့ဆပါက လိင်အင်္ဂါ အရေပြားတခုလုံး ပိုမိုဆိုးရွားစွာ ထိခိုက်လာနိုင်ပါတယ်။ ဆီးသွားရန် ခက်ခဲခင်းဖြစ်နိုင်ပါတယ်။
(၃)ဆီးပူခြင်း
လိင်ဆက်ဆံပြီးနောက် ဆီးပူ ဆီးအောင့် ခံစားရပါက ဆီးလမ်းကြောင်း ပိုးဝင်နေသည်ကိုသတိပြုသင့်ပါတယ်။ မကြာခဏ ဆက်ဆံခြင်းသည် ပိုမိုဆိုးရွားစေပြီး ဆီးအိမ်ရောင်ရမ်းခြင်း ဖြစ်စေပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ပေါ့ဆမရပါ။ သေချာမကုပါက ပိုးဆိပ်တက်ခြင်း ဖြစ်စေနိုင်ပါတယ်။
(၄)ကြွက်သားနာကျင်ခြင်း
လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်ကြွက်သားများ လွန်စွာ အထိမခံနိုင်အောင် နာကျင်မှု ဝေဒနာ ခံစားရတတ်ပါတယ်။
(၅)ချဉ်စူးသော အနံထွက်ခြင်း
မိန်းမကိုယ်မှ ငါးညှီနံ့ သို့မဟုတ် ချဉ်စူးနံထွက်ခြင်းမှာ ဘက်တီးရီယားပိုးများ ပေါက်သောကြောင့်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် မကြာခဏ ဆက်ဆံသူများတွင် ပိုမိုဖြစ်လွယ်ပါတယ်။ သေချာမကုသပါက ဘက်တီရီးယားပိုး ဆိပ်ပျံ့နှံ့သော လက္ခဏာများ ဖြစ်ပါက အမြန်ဆုံးကုသမှု ခံယူပါ။
(၆)သွေးထွက်ခြင်း
လိင်ဆက်ဆံပြီးနောက် အနည်းငယ် သွေးထွက်ခြင်း ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အမြဲသွေးထွက်ခြင်းသည် သတိပြုကုသမှု ခံယူသင့်ပါတယ်။ သားအိမ်ကင်ဆာ၊ သားအိမ်အကျိတ်၊ ပိုးဝင်ခြင်း၊ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း စသည်တို့ကြောင့် ဖြစ်စေနိုင်ပါတယ်။
(၇)နာကျင်ခြင်း
လိင်ဆက်ဆံစဉ် နာကျင်မှု ဝေဒနာ ခံစားရနိုင်သော်လည်း မခံမရပ်နိုင်အောင် အမြဲတစေနာကျင်ပါက ပိုးဝင်ခြင်း၊ ရေအိတ်ရှိခြင်း၊ သားအိမ်ထူခြင်း၊ အလုံးအကျိတ်ရှိခြင်း စသည်တို့ကြောင့် ဆိုးရွားစွာ ခံစားရတတ်ပါတယ်။
ဒေါက်တာ ကျော်