fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ခုခံအားကျဆင်းမှုကူးစက်ရောဂါအကြောင်းသိကောင်းစရာ

219
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/01/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဒီတစ္ပတ္ေဆာင္းပါးမွာေတာ့ ဒီဇင္ဘာလ ၁ရက္ေန႔မွာက်ေရာက္မယ့္ ကမာၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ (Acquired Immunodeficiency Syndrome) သို႔မဟုတ္ ေအ့ဒ္စ္ေရာဂါ (AIDS) အေၾကာင္းကို နည္းနည္း ေလာက္ေျပာျပပါရေစ။ ဒီေရာဂါကို ေအကိုက္တယ္တို႔၊ ေလးလုံးေရာဂါျဖစ္ေန  တယ္တို႔ဆိုတဲ့ အတိုေကာက္ဘန္းစကားေတြနဲ႔ ေျပာၾက တာကို ၾကားဖူးနား ဝေတာ့ ရွိလိမ့္မယ္ထင္ပါတယ္။ အရင္ကေတာ့ “ကုရာနတၳိ၊ ေဆးမရွိ” ဆိုၿပီး  ေျပာခဲ့ၾကေပ မယ့္ အခုေတာ့အဲဒီ ေအ့ဒ္စ္ေရာဂါကို ပိုဆိုးမသြားႏိုင္ေအာင္ ထိန္းေပးတဲ့ေဆးေတြလည္း ရွိေနသလို ကုသႏိုင္ မယ့္နည္းလမ္းေတြကိုလည္း ရွာေဖြေတြ႕ရွိေနၾကၿပီ ျဖစ္ပါတယ္။ ဒီေအ့ဒ္စ္ေရာဂါကို ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးက ေတာ့ အိတ္အိုင္ဗြီ (HIV) လို႔အတိုေကာက္ေခၚၾကတဲ့ ခုခံအားက်ဆင္းမႈ  ကူးစက္ေရာဂါဗိုင္းရပ္စ္ပိုး (Human Immunodeficiency Virus) ပဲျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္ပိုးရဲ႕ ပုံစံကလုံးဝိုင္းၿပီး အ႐ြယ္အစားက ၁၂၀ညာ အ႐ြယ္သာရွိတဲ့အတြက္ လူရဲ႕ပုံမွန္ေသြးနီဥဆဲလ္ (Red Blood Cell, RBC) တစ္ခုရဲ႕ အပုံ၆၀ပုံ တစ္ပုံေလာက္သာ ရွိတာပါ။ အဲဒီ HIV ဗိုင္းရပ္စ္ပိုးက Retroviridae မိသားစုဝင္ Lentivirus မ်ိဳးစိတ္ျဖစ္ပါတယ္။ HIV မွာမွ HIV 1 နဲ႔ HIV 2 ဆိုၿပီး ဗိုင္းရပ္စ္ပိုးအမ်ိဳး အစား ၂ မ်ိဳးရွိပါတယ္။ HIV 1 က HIV 2 ထက္အဆ ေပါင္းမ်ားစြာ ပိုၿပီးကူးစက္ႏိုင္တဲ့အတြက္ တစ္ကမာၻလုံးမွာ HIV 1 ကူးစက္ခံရတာပိုမ်ားပါ တယ္။ HIV 2ကေတာ့ ကူးစက္ႏိုင္မႈ အားနည္းတဲ့အတြက္ အေနာက္အာဖရိကလို ေနရာမ်ိဳးမွာတင္ ျဖစ္တာမ်ားပါတယ္။

သူတို႔က ဘယ္လိုနည္းလမ္းနဲ႔ ကူးစက္သလဲဆိုရင္ အဓိကအားျဖင့္ နည္းလမ္း ၃ခုနဲ႔ ကူးစက္ပါတယ္။

(၁) ေရာဂါရွိသူရဲ႕ ေသြး၊ ေသြးနဲ႔ထိေတြ႕ထားတဲ့ ပစၥည္းေတြကတစ္ဆင့္ ကူးစက္ခံရျခင္း – ေသြးသြင္းျခင္း (၉၀%) – ေဆးထိုးအပ္ မွ်ေဝသုံးစြဲျခင္း          (ဝ.၆၇%) – မေတာ္တဆ အပ္စူးျခင္း (ဝ.၃၀%)
(၂) ေရာဂါပိုးရွိသူရဲ႕ အကာအကြယ္မဲ့ လိင္ဆက္ဆံျခင္း – ေရာဂါရွိသူ၏ မိန္းမကိုယ္ (Vagina) အတြင္းသို႔ လိင္ တံထိုးသြင္းျခင္း (ဝ.၀၁ – ဝ.၃၈%) – ေရာဂါရွိသူ၏ လိင္တံကို မိန္းမကိုယ္အတြင္းသို႔ ထိုးသြင္းခံျခင္း (ဝ.၀၅ – ဝ.၃၀%) – ေရာဂါရွိသူ၏ လိင္ တံျဖင့္စအို (Anus) အတြင္းသို႔လိင္ဆက္ဆံျခင္း (ဝ.၀၃%) – ေရာဂါရွိသူ၏ လိင္တံျဖင့္ စအိုအတြင္းသို႔ ထိုးသြင္းခံျခင္း (ဝ.၀၄ – ၃.ဝ%) – ေရာဂါရွိသူ၏ ပါးစပ္ျဖင့္လိင္ဆက္ဆံျခင္း (၀ – ဝ.၀၀၅%) – ေရာဂါရွိသူ၏ ပါးစပ္တြင္းသို႔ လိင္ဆက္ဆံျခင္း (၀ – ဝ.၀၄%)
(၃) မိခင္မွ ကေလးသို႔ကူးစက္ျခင္း (၂၅%)

အဲဒီနည္းလမ္းေတြကေန တစ္ဆင့္ကူးစက္တာျဖစ္ၿပီး ေရာဂါရွိတဲ့သူနဲ႔ တစ္ခန္းထဲအတူေနတာ၊ အလုပ္ အတူလုပ္တာ၊ ျခင္ကိုက္ခံရတာ၊ ေရာဂါရွိသူရဲ႕ ဆီး၊ မစင္၊ တံေတြး၊ သလိပ္၊ ႏွာရည္၊ မ်က္ရည္၊ ေခြၽး၊ အန္ဖတ္နဲ႔ ထိေတြ႕မိတာ၊ သာမန္ နမ္းရႈံ႕မိတာ၊ ေရာဂါရွိသူေသာက္ထားတဲ့ ေရခြက္၊ စားထားတဲ့ထမင္း   ပန္းကန္၊ ဇြန္းေတြနဲ႔ စားေသာက္တာေတြကေနေတာ့ ေရာဂါမကူးစက္ႏိုင္ပါဘူး။ ေရာဂါကူးစက္ပ်ံ႕ႏွံ႔ပုံအေၾကာင္း မေျပာခင္က်ေနာ္ တို႔ကိုယ္ခႏၶာထဲကို ေရာဂါပိုးမႊားေတြဝင္လာတဲ့အခါ အဲဒီေရာဂါပိုးမႊားေတြကို ခုခံကာကြယ္တဲ့ ကိုယ္ခံအားစနစ္ အေၾကာင္းကို အၾကမ္းဖ်ဥ္းေျပာျပပါမယ္။ ပုံမွန္အားျဖင့္ ကြၽန္ေတာ္တို႔ ကိုယ္ခႏၶာထဲကို ေရာဂါပိုးမႊားေတြက်ဴး ေက်ာ္ဝင္ေရာက္လာၿပီဆိုတာနဲ႔ ကိုယ္ခံအားစနစ္ကစၿပီး အလုပ္လုပ္ပါတယ္။ အဲ့လို ေရာဂါပိုးေတြ ဝင္ေရာက္ လာတဲ့အခါ ေသြးျဖဴဥ အမ်ိဳးအစားတစ္ခုျဖစ္တဲ့ အကူအညီေပး ေသြးျဖဴဥ “တီ” (Helper T Lymphocytes or helper T Cells or CD4 + T Cells) ကသူ႔လုပ္ငန္းတာဝန္ ႏွစ္ခုထဲက တစ္ခုကို အရင္ဆုံးလုပ္ေဆာင္ပါ တယ္။ ဒီတီဆဲလ္ကို ျမန္မာျပည္က လူေတြကစီဒီဖိုးဆဲလ္ (CD4+T Cells) လို႔သိၾကပါတယ္။

သူ႔ပထမတာဝန္က ဘာလဲဆိုရင္ေရာဂါပိုးကိုေတြ႕ေတြ႕ခ်င္း တျခား ကိုယ္ခံအားဆဲလ္ေတြကို အကူအညီေတာင္းတဲ့အေနနဲ႔ ဓာတု ပစၥည္းေတြလႊတ္ၿပီး သူ႔ဆီကို စုၿပဳံလာဖို႔ အခ်က္ျပရတာပါ။ သူရဲ႕ အခ်က္ျပကိုရလို႔ ေရာက္လာတဲ့ ေသြးျဖဴဥကိုယ္ခံအားဆဲလ္ ေတြက က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးမႊား   ေတြကို တိုက္ခိုက္ေခ်မႈန္းၾကပါတယ္။

ဒုတိယတာဝန္အေနနဲ႔ အကူအညီေပးေသြးျဖဴဥ “တီ” ဟာဓာတုပစၥည္းေတြ ထပ္လႊတ္ေပးၿပီး ေရာက္လာတဲ့ေသြးျဖဴဥေတြကို ပြား မ်ားေအာင္လုပ္ေပးပါ တယ္။ အသက္ထပ္ပြားလာတဲ့ ေသြးျဖဴဥေတြက ကိုယ္ခံအားပဋိပစၥည္း (Antibodies) ေတြကို ဖန္တီးေပး ၿပီးအဲဒီ ကိုယ္ခံအားပဋိပစၥည္းေတြက တစ္ကိုယ္လုံးမွာရွိတဲ့ အခုနကက်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးရဲ႕ ကိုယ္ခႏၶာမွာတြယ္ ကပ္ၿပီး ရန္သူျဖစ္ေၾကာင္းခြဲျခားသတ္မွတ္ေပးပါတယ္။ အဲဒီလို ကိုယ္ခံအားပဋိပစၥည္းေတြက ေရာဂါပိုးကို တြယ္ကပ္ၿပီးရန္သူျဖစ္ ေၾကာင္းသတ္မွတ္ၿပီးတာနဲ႔ က်န္တဲ့ကိုယ္ခံအားဆဲလ္ေတြက အဲဒီမွတ္သားထားတဲ့ ရန္သူေရာဂါပိုး   ေတြကို အျမစ္ျပတ္ေခ်မႈန္းပါ ေတာ့တယ္။ ဒီလိုနည္းနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္ကအလုပ္လုပ္ပါတယ္။

အဲဒီလိုနဲ႔ပဲ HIV ကူးစက္ခံရၿပီဆိုရင္ ဗိုင္းရပ္စ္ပိုးေတြဟာ ကူးစက္ခံရသူရဲ႕ေသြးေတြ၊ တျခားအရည္ေတြထဲကိုကူးစက္ပ်ံ႕ႏွံ႔သြားပါ တယ္။ ဒါေပမယ့္ ဒီေကာင္ကဉာဏ္မ်ားတဲ့ ေရာဂါပိုးျဖစ္ေလေတာ့ သူ႔ကို ကိုယ္ခံအားစနစ္က မရိပ္မိေအာင္ ဦးစားေပးအေနနဲ႔ အ ကူအညီေပးေသြးျဖဴဥ “တီ” ရဲ႕ဆဲလ္ခႏၶာထဲကို ခိုး  ဝင္လိုက္ပါတယ္။ သူကဆဲလ္ထဲကို ခိုးမဝင္ခင္မွာ RNA (Ribonucleic Acid) သဘာဝရွိေပမယ့္ ဆဲလ္ထဲကိုေရာက္သြားတဲ့အခါ သူ႔ကိုယ္သူ DNA (Deoxyribonucleic Acid) သဘာဝအျဖစ္ ေျပာင္းလဲလိုက္ ပါတယ္။ အစက ဘဂၤါလီ၊ ျမန္မာထဲကိုခိုးဝင္ၿပီးမွ ႐ိုဆိုၿပီးလုပ္သလိုမ်ိဳးေပါ့။ သေဘာေျပာျပတာပါ။

အဲလို DNA သဘာဝကို ေျပာင္းၿပီးတဲ့အခါ တီဆဲလ္ရဲ႕ အတြင္းပိုင္းဗဟိုဌာနခ်ဳပ္ျဖစ္တဲ့ န်ဴကလိယ (Nucleus) ထဲကိုအေယာင္ ေဆာင္ဝင္ေရာက္ၿပီး အဲ့အထဲမွာ HIV ပိုးအေျမာက္အမ်ားကို မ်ိဳးပြားထုတ္ပါေတာ့တယ္။ အဲ့ဒီအသစ္ထုတ္လိုက္တဲ့ HIV ဗိုင္းရပ္စ္ ပိုးေတြက သူတို႔မ်ိဳးပြားတိုက္ခိုက္ခဲ့လို႔ ခ်ိဳ႕ယြင္းသြားတဲ့ အကူအညီေပးေသြးျဖဴဥ “တီ” ကိုစြန႔္ခြာၿပီး ေနာက္ထပ္ “တီ” ဆဲလ္ (စီဒီ ဖိုးဆဲလ္၊ CD4+T Cells) ေတြကိုထပ္ၿပီး ကူးစက္ပြားမ်ားၾကပါတယ္။ ကူးစက္ခံခဲ့ရလို႔ ခ်ိဳ႕ယြင္းသြားတဲ့ တီဆဲလ္ေတြကို ခ်ိဳ႕ယြင္း ဆဲလ္ဖ်က္သိမ္းေရး ကိုယ္ခံအားဆဲလ္ျဖစ္တဲ့ စီဒီအိတ္ဒ္ (CD8 Cytotoxic Lymphocytes) ေတြက ဖ်က္သိမ္းသုတ္သင္ပစ္ပါ တယ္။

ဒါေၾကာင့္ အကူအညီေပးေသြးျဖဴဥ “တီ” ေတြဟာ သူတို႔ရဲ႕လုပ္ငန္းတာဝန္ေတြကို မထမ္းေဆာင္ႏိုင္ေတာ့ဘဲ ေသဆုံးပ်က္စီး သြားၾကတာေၾကာင့္ ကိုယ္ခႏၶာထဲကို ေနာက္ထပ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို ခုခံတိုက္ထုတ္ရာမွာ ပါဝင္ကူညီဖို႔ မလုပ္ ေဆာင္ေပးႏိုင္ေတာ့ပါဘူး။အဲ့ဒီလို အကူအညီေပးေသြး  ျဖဴဥ “တီ”ေတြ ေသဆုံးကုန္တာေၾကာင့္ ကိုယ္ခံအားစနစ္ခ်ိဳ႕ယြင္းမႈ၊ အား နည္းမႈေတြ ျဖစ္လာပါေတာ့တယ္။ အဲလိုကိုယ္ခံအားစနစ္ ခ်ိဳ႕ယြင္းလာတဲ့အခါ  (စစ္တပ္အင္အားနည္းသြားတဲ့အခါ) ေတာမီး ေလာင္ေတာေၾကာင္လက္ခေမာင္းခတ္ ဆိုသလိုပဲ တီဘီတို႔၊ အဆုတ္ေရာင္တို႔၊ ေရယုန္စတဲ့ တျခားေရာဂါပိုးေတြကလည္း အ လြယ္တကူဝင္ေရာက္လာၾကပါတယ္။ ဒီလိုဝင္ေရာက္လာတဲ့ ကူးစက္ေရာဂါေတြကို အေခ်ာင္ပိုးမႊားကူးစက္မႈ (Opportunistic Infections) ေတြလို႔ေခၚပါတယ္။ အဲ့ဒါေတြအျပင္ ဦးေႏွာက္အေျမႇးေရာင္၊ ဦးေႏွာင္ေရာင္၊ ကင္ဆာေရာဂါ စတာေတြပါျဖစ္လာပါ တယ္။ အဲလိုအေခ်ာင္ပိုးမႊားကူးစက္မႈ တစ္ခုနဲ႔အထက္ ရွိလာၿပီဆိုရင္ေတာ့ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါစု (AIDS) အဆင့္ထိ ျဖစ္သြားၿပီလို႔ ေျပာလို႔ရပါတယ္။

HIV ပိုးစၿပီး ကူးစက္ခံရၿပီဆိုရင္ ကူးစက္ခံရတဲ့သူရဲ႕ ၄၀-၉၀ ရာခိုင္ႏႈန္းမွာ ၂ပတ္၊ ၃ပတ္ေလာက္ တုပ္ေကြးမိသလို ဖ်ားတာ၊ ျပန္ ရည္က်ိတ္ေတြေရာင္တာ၊ လည္ေခ်ာင္းနာတာ၊ အင္ျပင္ေတြထြက္တာ၊ ေခါင္းကိုက္တာ၊ ပါးစပ္နဲ႔လိင္အဂၤါေတြမွာ အနာေတြ ေပါက္တာမ်ိဳး ခံစားရပါတယ္။ တခ်ိဳ႕လူေတြမွာေတာ့ ဘာလကၡဏာမွ မခံစားရတာမ်ိဳးလည္းရွိပါတယ္။ စၿပီးကူးစက္ခံရတဲ့ အခ်ိန္ ကေန HIV ေရာဂါပိုးရွိေၾကာင္း စမ္းသပ္ေတြ႕ရွိဖို႔အတြက္ ၾကာခ်ိန္ (Window Period) က ၁၀ရက္ကေန ၃လအထိရွိႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့လိုေတြ႕ရွိဖို႔အတြက္က လူတစ္ဦးခ်င္းစီနဲ႔ စမ္းသပ္တဲ့နည္းစနစ္အေပၚမွာ မူတည္ၿပီးၾကာတာမို႔ အခုေနာက္ပိုင္းနည္းစ နစ္အသစ္သစ္ေတြ ေပၚလာတဲ့အခ်ိန္မွာေတာ့ ရက္ပိုင္းအတြင္းမွာ ပိုးရွိမရွိ သိႏိုင္လာၾကပါၿပီ။
စမ္းသပ္တဲ့နည္းစနစ္ေတြကေတာ့ Rapid Antibody Test နဲ႔စစ္ရင္ ေရာဂါကူးစက္ၿပီး ၃လ အၾကာမွာရွိမရွိသိႏိုင္မယ္။ ကိုယ္ခံ အားပဋိပစၥည္း Antibody  ေတြကအဲ့ေလာက္ၾကာမွထြက္လာတာမို႔ပါ။ Rapid Antibody / Antigen Combination Test နဲ႔စစ္ရင္ ေရာဂါစၿပီး ကူးစက္ခံရတဲ့အခ်ိန္ကေန ၁၂ ရက္က ေန ၄၅ ရက္အတြင္းေရာဂါပိုး ရွိမရွိသိႏိုင္မယ္။ RNA Test နဲ႔စစ္ရင္ ၁၀ ရက္က ေန ၁၄ ရက္အတြင္းသိႏိုင္မယ္။ Home Testing Kits နဲ႔စစ္ရင္ ၃လအၾကာမွာသိႏိုင္မယ္။ PCR Tests (Polymerase Chain Reaction Tests) နဲ႔စစ္ရင္ ၂ပတ္ကေန ၃ပတ္အၾကာမွာ သိႏိုင္ၿပီးဗိုင္းရပ္စ္ ပိုးေကာင္ေရ (Viral load) ပါစစ္လို႔ရပါတယ္။

HIV ကူးစက္ခံရတာနဲ႔ တန္းၿပီးခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) တန္းမျဖစ္ပါဘူူး။ ကြၽန္ေတာ္တို႔ရဲ႕ ပုံမွန္စီဒီဖိုး “တီ” ဆဲလ္အေရအတြက္ 500 – 1400 cells/cubic millimeter ကေန 200 cells/ cubic millimeter အထိက်သြားၿပီဆိုမွ က်န္တဲ့အ ေခ်ာင္ပိုးမြားကူးစက္ခံရမႈ (Opportunistic Infection) ေတြဝင္လာၿပီးေတာ့ ခုခံအားက်ဆင္းမႈကူးစက္ေရာဂါစု (AIDS) အျဖစ္ ေရာက္သြားတာပါ။ ေဆးဝါးကုသမႈ မခံယူဘဲေနမယ္ဆိုရင္ ဒီလို HIV ေရာဂါေဝဒနာရွင္ဟာ အာဏာကုန္ ၁၀ႏွစ္၊ ၁၁ႏွစ္ပဲရွင္သန္ ခြင့္ရပါလိမ့္မယ္။ ေဆးဝါးကုသမႈခံယူမယ္ဆိုရင္ေတာ့ ပုံမွန္သက္တမ္းေစ့နီးပါး ေနထိုင္ရွင္သန္ခြင့္ ရပါလိမ့္ မယ္။ “တီ” ဆဲလ္အ ေရအတြက္ ၂၀၀ ေအာက္ေရာက္သြားၿပီဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ခံအားစနစ္က လြယ္လြယ္ေလးကာကြယ္ခဲ့တဲ့ မႈိပိုး၊ ဗိုင္း ရပ္စ္ပိုး၊ ဘက္တီးရီးယားပိုး (အက်ိဳးျပဳဘက္တီးရီးယားပိုးေတြ အပါအဝင္) ကပ္ပါးပိုးေတြက အလြယ္တကူဒုကၡေပးလို႔ ရသြားပါ တယ္။

ဒါ့အျပင္ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ကာပိုစီကင္ဆာ (Kaposi’s sarcoma)၊ ဘာ့ခ္ကစ္ ျပန္ရည္က်ိတ္ကင္ဆာ (Burkitt’s lymphoma)၊ ဗဟိုအာ႐ုံေၾကာ   စနစ္ ျပန္ရည္က်ိတ္ကင္ဆာ (Primary central nervous system lymphoma)၊ သားအိမ္ေခါင္း ကင္ဆာ (Cervical Cancer) ေတြပါျဖစ္လာၾကပါတယ္။ လွ်ာနဲ႔ခံတြင္းမွာ မွကၡ႐ုစြဲတာ၊ အေရျပားမွာအနာေတြေပါက္တာ၊ မ်က္ သားကင္ဆာ (Conjunctival Cancer) ျဖစ္တာေတြလည္း ေအ့ဒ္စ္ျဖစ္ၿပီဆိုရင္ အျဖစ္မ်ားပါတယ္။ အဲ့လိုထပ္ျဖစ္တဲ့ အေခ်ာင္ပိုး မႊားကူးစက္မႈေတြကိုေတာ့ ျဖစ္တဲ့ေရာဂါအလိုက္ သင့္ေတာ္တဲ့ေဆးဝါးေတြ တိုက္ေကြၽးေပးရမွာပါ။

HIV မကူးစက္ေအာင္ ကာကြယ္ဖို႔အတြက္ကေတာ့ အထက္ကေျပာခဲ့တဲ့ကူးစက္ႏိုင္တဲ့နည္းလမ္းေတြကို သိရွိၿပီးသတိထားလိုက္ နာေရွာင္ၾကဥ္ၾကရမွာပါ။ ဒါ့အျပင္ကြန္ဒုံးကို စနစ္တက်သုံးတာ၊ တစ္လင္တစ္မယားစနစ္က်င့္သုံးတာ၊ တစ္ကိုယ္ေရသုံးပစၥည္း ေတြကိုမွ်ေဝသုံးစြဲတာမ်ိဳးမလုပ္တာ၊ ေသြးနဲ႔ထိေတြ႕ထားတဲ့ ပစၥည္းေတြကိုစနစ္တက် စြန႔္ပစ္တာ၊ ျပန္သုံးရမယ္ဆိုရင္လည္း စနစ္ တက်ပိုးသန႔္စင္ၿပီးမွ ျပန္သုံးတာမ်ိဳးလုပ္ရင္ HIV ကူးစက္ခံရတဲ့ အႏၲရာယ္ကေနကာကြယ္ႏိုင္ပါလိမ့္မယ္။
HIV ကူးစက္ခံသြားရၿပီဆိုရင္လည္း စိတ္ဓာတ္မက်ဘဲ အာဟာရျပည့္ေအာင္စားတာ၊ အိပ္ေရး၀၀အိပ္တာ၊ စိတ္ဖိစီးမႈကင္းေအာင္ တရားထိုင္၊ တရားမွတ္တာ၊ ေသြးပုံမွန္စစ္ေဆးၿပီး လိုအပ္တဲ့ေဆးဝါးကုသမႈခံယူတာမ်ိဳးေတြကို လုပ္ရပါမယ္။ HIV ကူးစက္ခံရသူ ေတြကိုလည္း HIV ရွိမွန္းသိတဲ့သူေတြက ေရွာင္ဖယ္ဖယ္မလုပ္ဘဲ အားေပးတာ၊ ကူညီတာ၊ စိတ္ဓာတ္ျမႇင့္တင္ေပးတာေတြကို လူ သားခ်င္းစာနာမႈ အေနနဲ႔လုပ္ေပးရပါမယ္။ အားနည္းသူ ဝါးကူထိုးတဲ့   အျဖစ္မ်ိဳးမျဖစ္ရေအာင္ေတာ့ လူတိုင္းကိုယ့္ပင္ကိုယ္အသိ စိတ္နဲ႔ ထိန္းသိမ္းေပးၾကရမွာပါ။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) ဆိုတာက HIV ကူးစက္ခံရသူတိုင္း ေနာက္ဆုံးအဆင့္အ ေနနဲ႔ ႀကဳံေတြ႕ၾကရမွာျဖစ္   ေပမယ့္ အဲလို႔ႀကဳံရမွာပဲဆိုၿပီး စိတ္ဓာတ္မက်ဘဲ ကြၽန္ေတာ္ေျပာခဲ့တဲ့နည္းလမ္းေတြအတိုင္း လိုက္နာ ေဆာင္႐ြက္မယ္ဆိုရင္ လူ႔သက္တမ္းေစ့နီးပါး ပုံမွန္လူတစ္ေယာက္လို ရွင္သန္ေနထိုင္ခြင့္ရပါလိမ့္မယ္။ ဒီလိုကူးစက္ခံရသူတိုင္း ကိုလည္း က်န္းတဲ့သူေတြကဝိုင္းဝန္းေဖးမကူညီ အားေပးေပးရပါမယ္။ HIV / AIDS ေရာဂါေဝဒနာရွင္ေတြအတြက္ ဒီဇင္ဘာလ ၁ ရက္ေန႔ကို ကမာၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါေန႔ World AIDS Day အျဖစ္သတ္မွတ္ေပးၿပီး      ဖဲႀကိဳးအနီေရာင္နဲ႔ သေကၤတ ျပဳေပးထားပါတယ္။ အဲ့လိုနဲ႔ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံသားေတြအေနနဲ႔ စိတ္ႏွလုံးႏူးညံ့သူေတြပီပီ ခုခံအားက်ဆင္းမႈကူးစက္  ေရာဂါ ေဝဒနာရွင္ေတြကို ေႏြးေႏြးေထြးေထြးဆက္ဆံၿပီး ေဖးေဖးမမကူညီေပးၾကပါလို႔ ေျပာရင္း ကြၽန္ေတာ့္ရဲ႕ “ခုခံအားက်ဆင္းမႈ ကူး စက္ေရာဂါအေၾကာင္း သိေကာင္းစရာ” ဆိုတဲ့ ေဆာင္းပါးကို နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။

Author – ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္) (Healthcare)

(Unicode)

ဒီတစ်ပတ်ဆောင်းပါးမှာတော့ ဒီဇင်ဘာလ ၁ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (Acquired Immunodeficiency Syndrome) သို့မဟုတ် အေ့ဒ်စ်ရောဂါ (AIDS) အကြောင်းကို နည်းနည်း လောက်ပြောပြပါရစေ။ ဒီရောဂါကို အေကိုက်တယ်တို့၊ လေးလုံးရောဂါဖြစ်နေ  တယ်တို့ဆိုတဲ့ အတိုကောက်ဘန်းစကားတွေနဲ့ ပြောကြ တာကို ကြားဖူးနား ဝတော့ ရှိလိမ့်မယ်ထင်ပါတယ်။ အရင်ကတော့ “ကုရာနတ္ထိ၊ ဆေးမရှိ” ဆိုပြီး  ပြောခဲ့ကြပေ မယ့် အခုတော့အဲဒီ အေ့ဒ်စ်ရောဂါကို ပိုဆိုးမသွားနိုင်အောင် ထိန်းပေးတဲ့ဆေးတွေလည်း ရှိနေသလို ကုသနိုင် မယ့်နည်းလမ်းတွေကိုလည်း ရှာဖွေတွေ့ရှိနေကြပြီ ဖြစ်ပါတယ်။ ဒီအေ့ဒ်စ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက တော့ အိတ်အိုင်ဗွီ (HIV) လို့အတိုကောက်ခေါ်ကြတဲ့ ခုခံအားကျဆင်းမှု  ကူးစက်ရောဂါဗိုင်းရပ်စ်ပိုး (Human Immunodeficiency Virus) ပဲဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ပိုးရဲ့ ပုံစံကလုံးဝိုင်းပြီး အရွယ်အစားက ၁၂၀ညာ အရွယ်သာရှိတဲ့အတွက် လူရဲ့ပုံမှန်သွေးနီဥဆဲလ် (Red Blood Cell, RBC) တစ်ခုရဲ့ အပုံ၆၀ပုံ တစ်ပုံလောက်သာ ရှိတာပါ။ အဲဒီ HIV ဗိုင်းရပ်စ်ပိုးက Retroviridae မိသားစုဝင် Lentivirus မျိုးစိတ်ဖြစ်ပါတယ်။ HIV မှာမှ HIV 1 နဲ့ HIV 2 ဆိုပြီး ဗိုင်းရပ်စ်ပိုးအမျိုး အစား ၂ မျိုးရှိပါတယ်။ HIV 1 က HIV 2 ထက်အဆ ပေါင်းများစွာ ပိုပြီးကူးစက်နိုင်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ HIV 1 ကူးစက်ခံရတာပိုများပါ တယ်။ HIV 2ကတော့ ကူးစက်နိုင်မှု အားနည်းတဲ့အတွက် အနောက်အာဖရိကလို နေရာမျိုးမှာတင် ဖြစ်တာများပါတယ်။

သူတို့က ဘယ်လိုနည်းလမ်းနဲ့ ကူးစက်သလဲဆိုရင် အဓိကအားဖြင့် နည်းလမ်း ၃ခုနဲ့ ကူးစက်ပါတယ်။

(၁) ရောဂါရှိသူရဲ့ သွေး၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကတစ်ဆင့် ကူးစက်ခံရခြင်း – သွေးသွင်းခြင်း (၉၀%) – ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း          (ဝ.၆၇%) – မတော်တဆ အပ်စူးခြင်း (ဝ.၃၀%)
(၂) ရောဂါပိုးရှိသူရဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း – ရောဂါရှိသူ၏ မိန်းမကိုယ် (Vagina) အတွင်းသို့ လိင် တံထိုးသွင်းခြင်း (ဝ.၀၁ – ဝ.၃၈%) – ရောဂါရှိသူ၏ လိင်တံကို မိန်းမကိုယ်အတွင်းသို့ ထိုးသွင်းခံခြင်း (ဝ.၀၅ – ဝ.၃၀%) – ရောဂါရှိသူ၏ လိင် တံဖြင့်စအို (Anus) အတွင်းသို့လိင်ဆက်ဆံခြင်း (ဝ.၀၃%) – ရောဂါရှိသူ၏ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းခံခြင်း (ဝ.၀၄ – ၃.ဝ%) – ရောဂါရှိသူ၏ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (၀ – ဝ.၀၀၅%) – ရောဂါရှိသူ၏ ပါးစပ်တွင်းသို့ လိင်ဆက်ဆံခြင်း (၀ – ဝ.၀၄%)
(၃) မိခင်မှ ကလေးသို့ကူးစက်ခြင်း (၂၅%)

အဲဒီနည်းလမ်းတွေကနေ တစ်ဆင့်ကူးစက်တာဖြစ်ပြီး ရောဂါရှိတဲ့သူနဲ့ တစ်ခန်းထဲအတူနေတာ၊ အလုပ် အတူလုပ်တာ၊ ခြင်ကိုက်ခံရတာ၊ ရောဂါရှိသူရဲ့ ဆီး၊ မစင်၊ တံတွေး၊ သလိပ်၊ နှာရည်၊ မျက်ရည်၊ ချွေး၊ အန်ဖတ်နဲ့ ထိတွေ့မိတာ၊ သာမန် နမ်းရှုံ့မိတာ၊ ရောဂါရှိသူသောက်ထားတဲ့ ရေခွက်၊ စားထားတဲ့ထမင်း   ပန်းကန်၊ ဇွန်းတွေနဲ့ စားသောက်တာတွေကနေတော့ ရောဂါမကူးစက်နိုင်ပါဘူး။ ရောဂါကူးစက်ပျံ့နှံ့ပုံအကြောင်း မပြောခင်ကျနော် တို့ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားတွေဝင်လာတဲ့အခါ အဲဒီရောဂါပိုးမွှားတွေကို ခုခံကာကွယ်တဲ့ ကိုယ်ခံအားစနစ် အကြောင်းကို အကြမ်းဖျဉ်းပြောပြပါမယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားတွေကျူး ကျော်ဝင်ရောက်လာပြီဆိုတာနဲ့ ကိုယ်ခံအားစနစ်ကစပြီး အလုပ်လုပ်ပါတယ်။ အဲ့လို ရောဂါပိုးတွေ ဝင်ရောက် လာတဲ့အခါ သွေးဖြူဥ အမျိုးအစားတစ်ခုဖြစ်တဲ့ အကူအညီပေး သွေးဖြူဥ “တီ” (Helper T Lymphocytes or helper T Cells or CD4 + T Cells) ကသူ့လုပ်ငန်းတာဝန် နှစ်ခုထဲက တစ်ခုကို အရင်ဆုံးလုပ်ဆောင်ပါ တယ်။ ဒီတီဆဲလ်ကို မြန်မာပြည်က လူတွေကစီဒီဖိုးဆဲလ် (CD4+T Cells) လို့သိကြပါတယ်။

သူ့ပထမတာဝန်က ဘာလဲဆိုရင်ရောဂါပိုးကိုတွေ့တွေ့ချင်း တခြား ကိုယ်ခံအားဆဲလ်တွေကို အကူအညီတောင်းတဲ့အနေနဲ့ ဓာတု ပစ္စည်းတွေလွှတ်ပြီး သူ့ဆီကို စုပြုံလာဖို့ အချက်ပြရတာပါ။ သူရဲ့ အချက်ပြကိုရလို့ ရောက်လာတဲ့ သွေးဖြူဥကိုယ်ခံအားဆဲလ် တွေက ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးမွှား   တွေကို တိုက်ခိုက်ချေမှုန်းကြပါတယ်။

ဒုတိယတာဝန်အနေနဲ့ အကူအညီပေးသွေးဖြူဥ “တီ” ဟာဓာတုပစ္စည်းတွေ ထပ်လွှတ်ပေးပြီး ရောက်လာတဲ့သွေးဖြူဥတွေကို ပွား များအောင်လုပ်ပေးပါ တယ်။ အသက်ထပ်ပွားလာတဲ့ သွေးဖြူဥတွေက ကိုယ်ခံအားပဋိပစ္စည်း (Antibodies) တွေကို ဖန်တီးပေး ပြီးအဲဒီ ကိုယ်ခံအားပဋိပစ္စည်းတွေက တစ်ကိုယ်လုံးမှာရှိတဲ့ အခုနကကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးရဲ့ ကိုယ်ခန္ဓာမှာတွယ် ကပ်ပြီး ရန်သူဖြစ်ကြောင်းခွဲခြားသတ်မှတ်ပေးပါတယ်။ အဲဒီလို ကိုယ်ခံအားပဋိပစ္စည်းတွေက ရောဂါပိုးကို တွယ်ကပ်ပြီးရန်သူဖြစ် ကြောင်းသတ်မှတ်ပြီးတာနဲ့ ကျန်တဲ့ကိုယ်ခံအားဆဲလ်တွေက အဲဒီမှတ်သားထားတဲ့ ရန်သူရောဂါပိုး   တွေကို အမြစ်ပြတ်ချေမှုန်းပါ တော့တယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကအလုပ်လုပ်ပါတယ်။

အဲဒီလိုနဲ့ပဲ HIV ကူးစက်ခံရပြီဆိုရင် ဗိုင်းရပ်စ်ပိုးတွေဟာ ကူးစက်ခံရသူရဲ့သွေးတွေ၊ တခြားအရည်တွေထဲကိုကူးစက်ပျံ့နှံ့သွားပါ တယ်။ ဒါပေမယ့် ဒီကောင်ကဉာဏ်များတဲ့ ရောဂါပိုးဖြစ်လေတော့ သူ့ကို ကိုယ်ခံအားစနစ်က မရိပ်မိအောင် ဦးစားပေးအနေနဲ့ အ ကူအညီပေးသွေးဖြူဥ “တီ” ရဲ့ဆဲလ်ခန္ဓာထဲကို ခိုး  ဝင်လိုက်ပါတယ်။ သူကဆဲလ်ထဲကို ခိုးမဝင်ခင်မှာ RNA (Ribonucleic Acid) သဘာဝရှိပေမယ့် ဆဲလ်ထဲကိုရောက်သွားတဲ့အခါ သူ့ကိုယ်သူ DNA (Deoxyribonucleic Acid) သဘာဝအဖြစ် ပြောင်းလဲလိုက် ပါတယ်။ အစက ဘင်္ဂါလီ၊ မြန်မာထဲကိုခိုးဝင်ပြီးမှ ရိုဆိုပြီးလုပ်သလိုမျိုးပေါ့။ သဘောပြောပြတာပါ။

အဲလို DNA သဘာဝကို ပြောင်းပြီးတဲ့အခါ တီဆဲလ်ရဲ့ အတွင်းပိုင်းဗဟိုဌာနချုပ်ဖြစ်တဲ့ နျူကလိယ (Nucleus) ထဲကိုအယောင် ဆောင်ဝင်ရောက်ပြီး အဲ့အထဲမှာ HIV ပိုးအမြောက်အများကို မျိုးပွားထုတ်ပါတော့တယ်။ အဲ့ဒီအသစ်ထုတ်လိုက်တဲ့ HIV ဗိုင်းရပ်စ် ပိုးတွေက သူတို့မျိုးပွားတိုက်ခိုက်ခဲ့လို့ ချို့ယွင်းသွားတဲ့ အကူအညီပေးသွေးဖြူဥ “တီ” ကိုစွန့်ခွာပြီး နောက်ထပ် “တီ” ဆဲလ် (စီဒီ ဖိုးဆဲလ်၊ CD4+T Cells) တွေကိုထပ်ပြီး ကူးစက်ပွားများကြပါတယ်။ ကူးစက်ခံခဲ့ရလို့ ချို့ယွင်းသွားတဲ့ တီဆဲလ်တွေကို ချို့ယွင်း ဆဲလ်ဖျက်သိမ်းရေး ကိုယ်ခံအားဆဲလ်ဖြစ်တဲ့ စီဒီအိတ်ဒ် (CD8 Cytotoxic Lymphocytes) တွေက ဖျက်သိမ်းသုတ်သင်ပစ်ပါ တယ်။

ဒါကြောင့် အကူအညီပေးသွေးဖြူဥ “တီ” တွေဟာ သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘဲ သေဆုံးပျက်စီး သွားကြတာကြောင့် ကိုယ်ခန္ဓာထဲကို နောက်ထပ်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ရာမှာ ပါဝင်ကူညီဖို့ မလုပ် ဆောင်ပေးနိုင်တော့ပါဘူး။အဲ့ဒီလို အကူအညီပေးသွေး  ဖြူဥ “တီ”တွေ သေဆုံးကုန်တာကြောင့် ကိုယ်ခံအားစနစ်ချို့ယွင်းမှု၊ အား နည်းမှုတွေ ဖြစ်လာပါတော့တယ်။ အဲလိုကိုယ်ခံအားစနစ် ချို့ယွင်းလာတဲ့အခါ  (စစ်တပ်အင်အားနည်းသွားတဲ့အခါ) တောမီး လောင်တောကြောင်လက်ခမောင်းခတ် ဆိုသလိုပဲ တီဘီတို့၊ အဆုတ်ရောင်တို့၊ ရေယုန်စတဲ့ တခြားရောဂါပိုးတွေကလည်း အ လွယ်တကူဝင်ရောက်လာကြပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ ကူးစက်ရောဂါတွေကို အချောင်ပိုးမွှားကူးစက်မှု (Opportunistic Infections) တွေလို့ခေါ်ပါတယ်။ အဲ့ဒါတွေအပြင် ဦးနှောက်အမြှေးရောင်၊ ဦးနှောင်ရောင်၊ ကင်ဆာရောဂါ စတာတွေပါဖြစ်လာပါ တယ်။ အဲလိုအချောင်ပိုးမွှားကူးစက်မှု တစ်ခုနဲ့အထက် ရှိလာပြီဆိုရင်တော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါစု (AIDS) အဆင့်ထိ ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။

HIV ပိုးစပြီး ကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့သူရဲ့ ၄၀-၉၀ ရာခိုင်နှုန်းမှာ ၂ပတ်၊ ၃ပတ်လောက် တုပ်ကွေးမိသလို ဖျားတာ၊ ပြန် ရည်ကျိတ်တွေရောင်တာ၊ လည်ချောင်းနာတာ၊ အင်ပြင်တွေထွက်တာ၊ ခေါင်းကိုက်တာ၊ ပါးစပ်နဲ့လိင်အင်္ဂါတွေမှာ အနာတွေ ပေါက်တာမျိုး ခံစားရပါတယ်။ တချို့လူတွေမှာတော့ ဘာလက္ခဏာမှ မခံစားရတာမျိုးလည်းရှိပါတယ်။ စပြီးကူးစက်ခံရတဲ့ အချိန် ကနေ HIV ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိဖို့အတွက် ကြာချိန် (Window Period) က ၁၀ရက်ကနေ ၃လအထိရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုတွေ့ရှိဖို့အတွက်က လူတစ်ဦးချင်းစီနဲ့ စမ်းသပ်တဲ့နည်းစနစ်အပေါ်မှာ မူတည်ပြီးကြာတာမို့ အခုနောက်ပိုင်းနည်းစ နစ်အသစ်သစ်တွေ ပေါ်လာတဲ့အချိန်မှာတော့ ရက်ပိုင်းအတွင်းမှာ ပိုးရှိမရှိ သိနိုင်လာကြပါပြီ။
စမ်းသပ်တဲ့နည်းစနစ်တွေကတော့ Rapid Antibody Test နဲ့စစ်ရင် ရောဂါကူးစက်ပြီး ၃လ အကြာမှာရှိမရှိသိနိုင်မယ်။ ကိုယ်ခံ အားပဋိပစ္စည်း Antibody  တွေကအဲ့လောက်ကြာမှထွက်လာတာမို့ပါ။ Rapid Antibody / Antigen Combination Test နဲ့စစ်ရင် ရောဂါစပြီး ကူးစက်ခံရတဲ့အချိန်ကနေ ၁၂ ရက်က နေ ၄၅ ရက်အတွင်းရောဂါပိုး ရှိမရှိသိနိုင်မယ်။ RNA Test နဲ့စစ်ရင် ၁၀ ရက်က နေ ၁၄ ရက်အတွင်းသိနိုင်မယ်။ Home Testing Kits နဲ့စစ်ရင် ၃လအကြာမှာသိနိုင်မယ်။ PCR Tests (Polymerase Chain Reaction Tests) နဲ့စစ်ရင် ၂ပတ်ကနေ ၃ပတ်အကြာမှာ သိနိုင်ပြီးဗိုင်းရပ်စ် ပိုးကောင်ရေ (Viral load) ပါစစ်လို့ရပါတယ်။

HIV ကူးစက်ခံရတာနဲ့ တန်းပြီးခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) တန်းမဖြစ်ပါဘူူး။ ကျွန်တော်တို့ရဲ့ ပုံမှန်စီဒီဖိုး “တီ” ဆဲလ်အရေအတွက် 500 – 1400 cells/cubic millimeter ကနေ 200 cells/ cubic millimeter အထိကျသွားပြီဆိုမှ ကျန်တဲ့အ ချောင်ပိုးမွားကူးစက်ခံရမှု (Opportunistic Infection) တွေဝင်လာပြီးတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါစု (AIDS) အဖြစ် ရောက်သွားတာပါ။ ဆေးဝါးကုသမှု မခံယူဘဲနေမယ်ဆိုရင် ဒီလို HIV ရောဂါဝေဒနာရှင်ဟာ အာဏာကုန် ၁၀နှစ်၊ ၁၁နှစ်ပဲရှင်သန် ခွင့်ရပါလိမ့်မယ်။ ဆေးဝါးကုသမှုခံယူမယ်ဆိုရင်တော့ ပုံမှန်သက်တမ်းစေ့နီးပါး နေထိုင်ရှင်သန်ခွင့် ရပါလိမ့် မယ်။ “တီ” ဆဲလ်အ ရေအတွက် ၂၀၀ အောက်ရောက်သွားပြီဆိုရင် ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်က လွယ်လွယ်လေးကာကွယ်ခဲ့တဲ့ မှိုပိုး၊ ဗိုင်း ရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး (အကျိုးပြုဘက်တီးရီးယားပိုးတွေ အပါအဝင်) ကပ်ပါးပိုးတွေက အလွယ်တကူဒုက္ခပေးလို့ ရသွားပါ တယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကာပိုစီကင်ဆာ (Kaposi’s sarcoma)၊ ဘာ့ခ်ကစ် ပြန်ရည်ကျိတ်ကင်ဆာ (Burkitt’s lymphoma)၊ ဗဟိုအာရုံကြော   စနစ် ပြန်ရည်ကျိတ်ကင်ဆာ (Primary central nervous system lymphoma)၊ သားအိမ်ခေါင်း ကင်ဆာ (Cervical Cancer) တွေပါဖြစ်လာကြပါတယ်။ လျှာနဲ့ခံတွင်းမှာ မှက္ခရုစွဲတာ၊ အရေပြားမှာအနာတွေပေါက်တာ၊ မျက် သားကင်ဆာ (Conjunctival Cancer) ဖြစ်တာတွေလည်း အေ့ဒ်စ်ဖြစ်ပြီဆိုရင် အဖြစ်များပါတယ်။ အဲ့လိုထပ်ဖြစ်တဲ့ အချောင်ပိုး မွှားကူးစက်မှုတွေကိုတော့ ဖြစ်တဲ့ရောဂါအလိုက် သင့်တော်တဲ့ဆေးဝါးတွေ တိုက်ကျွေးပေးရမှာပါ။

HIV မကူးစက်အောင် ကာကွယ်ဖို့အတွက်ကတော့ အထက်ကပြောခဲ့တဲ့ကူးစက်နိုင်တဲ့နည်းလမ်းတွေကို သိရှိပြီးသတိထားလိုက် နာရှောင်ကြဉ်ကြရမှာပါ။ ဒါ့အပြင်ကွန်ဒုံးကို စနစ်တကျသုံးတာ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးတာ၊ တစ်ကိုယ်ရေသုံးပစ္စည်း တွေကိုမျှဝေသုံးစွဲတာမျိုးမလုပ်တာ၊ သွေးနဲ့ထိတွေ့ထားတဲ့ ပစ္စည်းတွေကိုစနစ်တကျ စွန့်ပစ်တာ၊ ပြန်သုံးရမယ်ဆိုရင်လည်း စနစ် တကျပိုးသန့်စင်ပြီးမှ ပြန်သုံးတာမျိုးလုပ်ရင် HIV ကူးစက်ခံရတဲ့ အန္တရာယ်ကနေကာကွယ်နိုင်ပါလိမ့်မယ်။
HIV ကူးစက်ခံသွားရပြီဆိုရင်လည်း စိတ်ဓာတ်မကျဘဲ အာဟာရပြည့်အောင်စားတာ၊ အိပ်ရေး၀၀အိပ်တာ၊ စိတ်ဖိစီးမှုကင်းအောင် တရားထိုင်၊ တရားမှတ်တာ၊ သွေးပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ဆေးဝါးကုသမှုခံယူတာမျိုးတွေကို လုပ်ရပါမယ်။ HIV ကူးစက်ခံရသူ တွေကိုလည်း HIV ရှိမှန်းသိတဲ့သူတွေက ရှောင်ဖယ်ဖယ်မလုပ်ဘဲ အားပေးတာ၊ ကူညီတာ၊ စိတ်ဓာတ်မြှင့်တင်ပေးတာတွေကို လူ သားချင်းစာနာမှု အနေနဲ့လုပ်ပေးရပါမယ်။ အားနည်းသူ ဝါးကူထိုးတဲ့   အဖြစ်မျိုးမဖြစ်ရအောင်တော့ လူတိုင်းကိုယ့်ပင်ကိုယ်အသိ စိတ်နဲ့ ထိန်းသိမ်းပေးကြရမှာပါ။

နိဂုံးချုပ်အနေနဲ့ပြောရရင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) ဆိုတာက HIV ကူးစက်ခံရသူတိုင်း နောက်ဆုံးအဆင့်အ နေနဲ့ ကြုံတွေ့ကြရမှာဖြစ်   ပေမယ့် အဲလို့ကြုံရမှာပဲဆိုပြီး စိတ်ဓာတ်မကျဘဲ ကျွန်တော်ပြောခဲ့တဲ့နည်းလမ်းတွေအတိုင်း လိုက်နာ ဆောင်ရွက်မယ်ဆိုရင် လူ့သက်တမ်းစေ့နီးပါး ပုံမှန်လူတစ်ယောက်လို ရှင်သန်နေထိုင်ခွင့်ရပါလိမ့်မယ်။ ဒီလိုကူးစက်ခံရသူတိုင်း ကိုလည်း ကျန်းတဲ့သူတွေကဝိုင်းဝန်းဖေးမကူညီ အားပေးပေးရပါမယ်။ HIV / AIDS ရောဂါဝေဒနာရှင်တွေအတွက် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ World AIDS Day အဖြစ်သတ်မှတ်ပေးပြီး      ဖဲကြိုးအနီရောင်နဲ့ သင်္ကေတ ပြုပေးထားပါတယ်။ အဲ့လိုနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်နှလုံးနူးညံ့သူတွေပီပီ ခုခံအားကျဆင်းမှုကူးစက်  ရောဂါ ဝေဒနာရှင်တွေကို နွေးနွေးထွေးထွေးဆက်ဆံပြီး ဖေးဖေးမမကူညီပေးကြပါလို့ ပြောရင်း ကျွန်တော့်ရဲ့ “ခုခံအားကျဆင်းမှု ကူး စက်ရောဂါအကြောင်း သိကောင်းစရာ” ဆိုတဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်) (Healthcare)

Previous Post

ရင်တုန်ခြင်း

Next Post

Weight ချရန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Weight ချရန်

အပျိုကြီးများ ရှက်တတ်တော့

သုက်ပိုးအရည်အသွေး ပိုကောင်းလိုသော်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.