fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

VDRL နဲ့ TPHA ကာလသားရောဂါစစ်ဆေးခြင်း

3.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/01/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

ကျွန်တော့ရောဂါကို ဆေးခန်းသွားပြကြည့်တယ်။ အရင်ဆုံး ဆေးစစ်ပါတယ်။ ဆေးထပ်စစ်လိုက်တော့ VDRL မှာ WR ဆိုပြီးရေးထားပါတယ်။ သူပြောတာကတော့ သိပ်မရှိဘူးလို့ပြောတယ်။ အဲဒါဘာကို ပြောတာလဲ။ ပြီးတော့ TPHA ကိုစစ်တာလို့လည်း ပြောပါတယ်။ အဲဒီ TPHA ကတော့ plus ပါ။ သူကပြောတယ်။ အဲဒီ TPHA ကအပေါင်းပြပြီးရင် နောက်ထပ်ဘယ်အချိန်ချိန် ဖြစ်ဖြစ်အဲဒါကို ထပ်စစ်ရင် အပေါင်းပဲပြတော့တယ်လို့ပြောပါ တယ်။ ရောဂါပျောက်သွားလည်း အပေါင်းပဲပြတော့တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲ သိချင်လို့ပါ။ ပြီးတော့ ကျွန်တော့်ကို ဆေးထိုးမလား၊ ဆေးသောက်မလားဆိုပြီး မေးတယ်။ အဲဒါကဆေးသောက်ရုံနဲ့ ပျောက်နိုင်သ လား။ ဆေးနာမည်မေးကြည့်တော့ Doxycycline (100 mg) တဲ့။ အဲဒီဆေးရဲ့ အစွမ်းအာနိသင်က ဘာလဲ။

VDRL နဲ့ TPHA တွေက Syphilis (ဆစ်ဖလစ်) ရောဂါအတွက် စစ်တာတွေပါ။ VDRL test ကအပေါင်း လက္ခဏာ ပြတိုင်းတော့ ဒီရောဂါရှိတာလို့ အားလုံးကိုမပြောနိုင်ပါ။ ထပ်ပြီး Treponema Pallidum Haemagglutination (TPHA) test ဆက်စစ်ပါမယ်။ သူပါ (ပေါဇေးတစ်ဖ်) ဖြစ်ရင် (ဆစ်ဖလစ်) ရှိတာသေချာ တယ်။

(ဆစ်ဖလစ်)ရောဂါသမိုင်းက ၁၅ ရာစုကတည်းကပါ။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီးနှစ်ဆူဖြစ်ကြတဲ့ (လီ နင်) နဲ့ (တော်စထွိုင်) တို့လည်း ဒီရောဂါနဲ့မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက (ဟစ်တလာ)၊ အီ တလီက (မူဆိုလီနီ)၊ ရုရှားက လူဆိုးဘုရင် (အိုင်ဗင်) စသူတွေ ပါတယ်။ “နာမည်ဆိုးနဲ့ အစိုးရများ သတိထား ကြပါ”။

ဆေးစာတွေကို ဗမာလိုပြန်ရင်အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို “ရေကျောက်” ခေါ်ပြီး ခုခေတ်မှာ မျိုးတုန်းသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ခေါ် ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကိုသာ ခေါ်တာပါ။

အာလူး-အချောင်းကြော်ကို French Fries လို့ခေါ်မှ ခေတ်မီတယ်။ French Kiss ဆိုတာလည်း လုပ် တတ်ကြတယ်။ French Desease ဆိုတာကိုပါ သိဖို့လိုတယ်။ (ဆစ်ဖလစ်) ကိုအီတာလျံနဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ချ်တွေကတော့ စပိန်ကိုလွှဲချတယ်။ ရုရှားတွေက ပိုလန်ကိုလက်ညှိုးထိုးပြီး တူရကီတွေက နည်း နည်းပိုဆိုးတယ်။ “Christian Disease” တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင် ကြတာပါ။

(ဆစ်ဖလစ်) ကိုအဆင့်တွေခွဲ လေ့လာရတယ်။ ၁၊၂၊၃၊၄။ Treponema pallidum ဗက်တီးရီးယားပိုးဝင် ပြီး ၂၁ ရက်အကြာ၊ လိင်ဆက်ဆံရာနေရာ တစ်ခုခုမယ် မနာတဲ့အနာလေးတွေ စဖြစ်တယ်။ ၁လ၊ ၁လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့်ဖြစ်လာရင် မယားတဲ့အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီ အဆင့်က ပိုပြီးကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယအင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့သူတွေ ၂% လောက်က တတိယအဆင့်ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖောင်းမယ်။ တက်စေ့တွေ ရောင်မယ်။ Neuro-syphilis ဦးနှောက်-ဆစ်ဖလစ်ဖြစ်မယ်။ မျက်စိ၊ နားကို ကူးစက် တော့မယ်။ ၂ နှစ်ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတတ်တယ်။

နောက်ဆုံးအဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁၀ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာ နိုင်သေးတယ်။ အရိုး၊ အဆစ်နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေဖြစ်လာမယ်။ အာရုံကြော-ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာမပေါ်တဲ့ အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင် တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့အစိုးရိမ်မ ကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၂၃% ဖြစ်တာပါ။ အဲ..ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလိုလက္ခဏာတွေ ရှိတိုင်းနှာခေါင်းမရှုံ့ကြပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ မွေးလမ်ကြောင်းရောင်တာက သန့်ရှင်းရေး အားနည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက်ရှင်နေ နိုင်လို့အတူသုံးမိရင် ယင်ဖိုတောင် မသန်းဘူးတဲ့အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယားအရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေးလုပ်တဲ့အခါ ရှေ့ကနေနောက်ဘက်ဆီ လုပ်ရတာကို လုပ်ပါ။

ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ်(ရိစ်)ပိုး ဝင်နိုင်တယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နိုင်ရင်တော့ (ကွန်ဒုံး)က အလွန်မတန် အသုံးဝင်ပါ တယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာထိရောက်အောင်လုပ်ဖို့ အလွန့်အလွန်ကို အရေးကြီးပါ တယ်။ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်အဖော်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် ဆေးတွေကအ တော်ကိုနိုင်ပါတယ်။ တချို့ဆို တစ်ခါသောက်နဲ့ပျောက်တယ်။ ဆေးပါတ်လည်အောင်တော့ ကုဖို့လိုတယ်။ အတူနေဖော် နှစ်ယောက်လုံးတစ်ပြိုင်နက်တည်း ဆေးကုသရပါမယ်။

(ဆစ်ဖလစ်)ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းကရှိတယ်လို့ နောက်မှရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက်ရောက်လာကြမယ့် ဗမာတွေအပါအဝင် အာဖရိကနဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါစစ်တယ်။ ပိုးတွေ့ရင်လည်း ၁ ပတ် ၁လုံး၊ ၃ ပတ်ဆေးထိုး ခိုင်းပြီး ဆေးပြီးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမယ့် သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါ သည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမယ့် ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မ ရှာကြဖို့ သတိပေးပါတယ်။

Benzathine penicillin G 2.4 million units IM once a week × 3 weeks (၇) ရက်တစ်ပါတ် ၁လုံး နဲ့ ၃ပါတ်ထိုးရင် ပျောက်ပါတယ်။ ဆစ်ဖလစ်အတွက် ပထမတန်းဆေးအဖြစ် သတ်မှတ်တယ်။ ကနေဒါသုတေ သနအရ Doxycycline နဲ့ Tetracycline ဆေးတွေဟာ Doxycycline 100 mg တစ်နေ့ ၂ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တစ်နေ့ ၄ကြိမ်၊ ၁၄ ရက်ပေးပြီးနှိုင်းယှဉ်ကြည့်တာ အားလုံးအတူတူနီးပါး (ပနယ်စလင် ထိုးသူထဲက ၉၇၄% နဲ့ စားဆေးပေးသူ ၁၀၀% တို့မှာ ပျောက်ကင်းကြတာ တွေ့ရတယ်။

Doxycycline (ဒေါက်ဆီဆိုက်ကလင်း) ဆေးဟာ Tetracycline (တက်ထွာဆိုက်ကလင်း) ပဋိဇီဝဆေး မျိုးဖြစ်ပါတယ်။ (ဆစ်ဖလစ်)၊ (ရှန်ကာရွိုက်)၊ (ကလာမိုင်ဒီးယား)၊ ကျားအစေ့ရောင်၊ လိင်ကတစ်ဆင့်ကူးစက် ရောဂါတွေ၊ ဝက်ခြံ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်နူမိုးနီးယား၊ (လိုင်မ်း)ရောဂါ၊ အရေပြားအနာ၊ ဒေါင့်သန်း ရောဂါတွေအပြင် (တိုက်ဖတ်စ်)ရောဂါ၊ ကာလဝမ်းရောဂါ၊ (ဘရူဆယ်လိုးဆစ်) တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ (ရစ်က်ဆီရယ်-အင်ဖက် ရှင်)ရောဂါ၊ (ကျူ)အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေ အတွက် သုံးတယ်။ ငှက်ဖျားကာကွယ်ဖို့အတွက်ပါ သုံးနိုင်တယ်။

ကူးစက်ရောဂါအများစုအတွက် တစ်ခါသောက် 100 mg တစ်နေ့ ၂ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး နောက်လျှော့ပေးတယ်။ လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆၀ကြာပေး နိုင်တယ်။ ဘေးထွက်ဆိုးကျိုးတွေ၊ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိ ကြည့်မကောင်း၊ အရေပြားအနီထွက်၊ အပိန့်ထွက်၊ အသက်ရှုခက်၊ နေလောင်၊ မျက်စိအရေပြားဝါ၊ ဆီးနီ၊ ဝမ်းအ ရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကြေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနည်း၊ ကိုယ်ဝန်ဆောင်နဲ့ နို့ တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကိုထိခိုက်သွားစေနိုင်တယ်။ သွားတွေ အရောင်မလှဖြစ်စေနိုင် တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလည်း ထိခိုက်နိုင်တယ်။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တစ်မျိုးကို မတည့်ရင် သူ့ကိုလည်းမ တည့်ဖြစ်နိုင်တယ်။ ကျောက်ကပ်ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈နှစ်အောက်ကလေး မပေးတာ ကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချိန်ခြားပြီးသောက်တာ ကောင်းတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါရှိနေရင် သတိနဲ့ပေးရမယ်။ နေရောက်ကို ရှောင်နေတာကောင်းတယ်။

Author – ဒေါက်တာတင့်ဆွေ (Healthcare)

Previous Post

ခန္ဓာကိုယ်အချိုးအစား

Next Post

ကောင်းခြင်းငါးဖြာတစ်ပါးမှာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကောင်းခြင်းငါးဖြာတစ်ပါးမှာ

မီးနေသည်ကို ကြင်နာပါ

အကြောဆေး အားဆေးတို့ကြောင့်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.