မ်ိဳးဆက္ပြား အသိပညာ (၂) သားဆက္ျခားနည္းလမ္းမ်ား
အရင္အပတ္က သားဆက္ျခားဖို႔လိုအပ္ရျခင္းရဲ႕ အေၾကာင္းတစ္ခ်ိဳ႕ကို ေျပာျပေပးသြား ျဖစ္ပါတယ္။ ဒီကေန႔ေတာ့ စာဖတ္ပရိသတ္ေတြကို အသုံးမ်ားတတ္တဲ့ သားဆက္ျခားနည္းေလးေတြအေၾကာင္းကို အနည္းငယ္ ေျပာျပေပးပါမယ္။
ဒီေန႔ေခတ္မွာ ေခတ္မီလာၾကေတာ့ လူေတြအတြက္က သားသမီးမ်ားမ်ားရဖို႔က အေရးမႀကီးေတာ့ဘူး။ လူေနစရိတ္ေတြ ႀကီးလာတာေၾကာင့္ေရာ၊ အသိပညာတိုးတက္လာတာေၾကာင့္ေရာ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သားသမီးနည္းနည္းကိုပဲ ဂ႐ုစိုက္ၿပီး ေမြးခ်င္လာၾကတာက မ်ားပါတယ္။ ဒီလိုအခါ Family planning လို႔ေခၚတဲ့ မိသားစုအစီအစဥ္ကို လက္ထပ္ကတည္းက ဂ႐ုတစိုက္ စဥ္းစားလာၾကပါတယ္။ ဒီလိုအခါ Contraception( သားဆက္ျခားနည္း ) ေတြကို မွန္မွန္ကန္ကန္ ေ႐ြးခ်ယ္တတ္ဖို႔ကို ေတြးမိလာတယ္။
ကိုယ္ေတြေဆးခန္းထိုင္တဲ့ အခါမွာလည္း သားဆက္ျခားနည္းအေၾကာင္းအရာေတြကို ဂ႐ုတစိုက္ ေမးလာတာေတြနဲ႔ မၾကာခဏႀကဳံရတာမို႔ ဒီေန႔ ဒီအေၾကာင္းကို ေျပာျပေပးမယ္လို႔ စိတ္ကူးလိုက္တာပါ။
သားဆက္ျခားနည္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။
-ကြန္ဒုံး
-ေသာက္ေဆး
-ထိုးေဆး
-လက္ေမာင္းထဲထည့္တဲ့ပစၥည္း
-သားအိမ္ထဲထည့္တဲ့ပစၥည္း
-သားေၾကာျဖတ္တာ အစရွိသျဖင့္ေပါ့ေလ။ ဒါေတြကေတာ့ အသုံးလည္းမ်ားသလို လူသိမ်ားတဲ့ နည္းေတြျဖစ္တယ္။ စိတ္လည္းခ်ရတယ္။
တျခားနည္းေတြထဲမွာေတာ့ ရက္ေရွာင္ၿပီး ကိုယ္ဝန္တားတာေတြ ရွိမယ္။ ဒီနည္းလမ္းကေတာ့ စိတ္သိပ္မခ်ရေတာ့ အသုံးနည္းလာပါတယ္။ ေနာက္ၿပီး အေရးေပၚေမွာက္မွားမိခဲ့တဲ့ အခ်ိန္မ်ိဳးမွာ ကိုယ္ဝန္မရဖို႔ ၇၂ နာရီအတြင္း အသုံးျပဳရတဲ့ သေႏၶတားေဆးတစ္မ်ိဳး ရွိမယ္။ ဒါကေတာ့ အေရးေပၚ အေျခအေနမွ သုံးသင့္တာပါ။
အဲေတာ့ သားဆက္ျခားနည္းေတြ အမ်ိဳးမ်ိဳးရွိတယ္။ ဘယ္လိုေ႐ြးရမလဲေပါ့ ???
အဲဒါကေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္ ကိုယ့္အေျခအေနေပၚ အမ်ားႀကီးမူတည္တယ္။ ကိုယ္က ဘာအေျခအေနေၾကာင့္ သားဆက္ျခားရမွာလဲ။ ဘာ့ေၾကာင့္ သားဆက္ျခားခ်င္တာလဲေပၚ မူတည္ၿပီး သားဆက္ျခားရမယ့္နည္းကို ေ႐ြးေပးရမွာ ျဖစ္တာေၾကာင့္ နည္းလမ္းမွန္မွန္နဲ႔ ကိုယ္ဝန္ တားႏိုင္ဖို႔ဆိုရင္ ဆရာဝန္တစ္ေယာက္နဲ႔ ေသခ်ာေဆြးေႏြးဖို႔ေတာ့ လိုပါလိမ့္မယ္။
အရင္အပတ္က ေျပာသြားသလိုပဲ သားဆက္ျခားဖို႔ လိုအပ္တဲ့ အေျခအေနကအမ်ိဳးမ်ိဳး ရွိႏိုင္တယ္။ အၾကမ္းဖ်င္း ဥပမာ ေပးရရင္ေတာ့ HIV ဘီပိုး စီပိုး ေတြလို ကူးစက္ေရာဂါပိုးရွိတဲ့သူမွာ ကိုယ္ဝန္မယူသင့္ေသးလို႔ သားဆက္ျခားတာနဲ႔ မိသားစုအေျခအေန စဥ္းစားၿပီး ကိုယ္တိုင္ကေလး မယူခ်င္ေသးတဲ့ စုံတြဲမွာ သားဆက္ျခားတာနဲ႔က ကြာသြားႏိုင္တယ္။
ေနာက္တစ္ခုကလည္း သားဆက္ျခားနည္း တစ္မ်ိဳးနဲ႔တစ္မ်ိဳး ကုန္က်စရိတ္က ကြဲျပားသြားပါတယ္။ သေႏၶတားေဆးသုံးတယ္ဆိုတာက အခ်ိန္မွန္ဖို႔ အေရးႀကီးတယ္။ ဒါ့ေၾကာင့္ ကိုယ့္မိသားစုဝင္ေငြ အလုပ္ခ်ိန္ ဒါေတြေပၚ မူတည္ၿပီး ဘာသုံးသင့္တယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္မွန္ဖို႔ လိုလိမ့္မယ္။ ေနာက္ၿပီး ေဆးဆိုတဲ့ အတိုင္း အကုန္လုံးက ေဘးထြက္ဆိုးက်ိဳး ရွိႏိုင္ပါတယ္။ တစ္ခ်ိဳ႕ေဆးေတြက ကိုယ့္မွာ နာတာရွည္ေရာဂါ ရွိေနခဲ့ရင္ ဒုကၡေပးႏိုင္တယ္။
ဒါ့ေၾကာင့္ မသုံးခင္မွာ အခ်ိန္ယူၿပီး ဆရာဝန္နဲ႔ တစ္ခါေလာက္ေတာ့ တိုင္ပင္သင့္ပါတယ္။ အဲဒါဆိုေတာ့ အခ်ီေတြေတာ့ မ်ားေနၿပီ ။ ကဲအခုေတာ့ တို႔ေတြဆီမွာ အသုံးမ်ားတဲ့ ေသာက္ေဆး အေၾကာင္းကို ေျပာေပးပါမယ္။ အပုိင္း (၃)…..
Author : Dr. ေမႊး
မျိုးဆက်ပွား အသိပညာ (၂) သားဆက်ခြားနည်းလမ်းများ
အရင်အပတ်က သားဆက်ခြားဖို့လိုအပ်ရခြင်းရဲ့ အကြောင်းတစ်ချို့ကို ပြောပြပေးသွား ဖြစ်ပါတယ်။ ဒီကနေ့တော့ စာဖတ်ပရိသတ်တွေကို အသုံးများတတ်တဲ့ သားဆက်ခြားနည်းလေးတွေအကြောင်းကို အနည်းငယ် ပြောပြပေးပါမယ်။
ဒီနေ့ခေတ်မှာ ခေတ်မီလာကြတော့ လူတွေအတွက်က သားသမီးများများရဖို့က အရေးမကြီးတော့ဘူး။ လူနေစရိတ်တွေ ကြီးလာတာကြောင့်ရော၊ အသိပညာတိုးတက်လာတာကြောင့်ရော ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သားသမီးနည်းနည်းကိုပဲ ဂရုစိုက်ပြီး မွေးချင်လာကြတာက များပါတယ်။ ဒီလိုအခါ Family planning လို့ခေါ်တဲ့ မိသားစုအစီအစဉ်ကို လက်ထပ်ကတည်းက ဂရုတစိုက် စဉ်းစားလာကြပါတယ်။ ဒီလိုအခါ Contraception( သားဆက်ခြားနည်း ) တွေကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ကို တွေးမိလာတယ်။
ကိုယ်တွေဆေးခန်းထိုင်တဲ့ အခါမှာလည်း သားဆက်ခြားနည်းအကြောင်းအရာတွေကို ဂရုတစိုက် မေးလာတာတွေနဲ့ မကြာခဏကြုံရတာမို့ ဒီနေ့ ဒီအကြောင်းကို ပြောပြပေးမယ်လို့ စိတ်ကူးလိုက်တာပါ။
သားဆက်ခြားနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။
-ကွန်ဒုံး
-သောက်ဆေး
-ထိုးဆေး
-လက်မောင်းထဲထည့်တဲ့ပစ္စည်း
-သားအိမ်ထဲထည့်တဲ့ပစ္စည်း
-သားကြောဖြတ်တာ အစရှိသဖြင့်ပေါ့လေ။ ဒါတွေကတော့ အသုံးလည်းများသလို လူသိများတဲ့ နည်းတွေဖြစ်တယ်။ စိတ်လည်းချရတယ်။
တခြားနည်းတွေထဲမှာတော့ ရက်ရှောင်ပြီး ကိုယ်ဝန်တားတာတွေ ရှိမယ်။ ဒီနည်းလမ်းကတော့ စိတ်သိပ်မချရတော့ အသုံးနည်းလာပါတယ်။ နောက်ပြီး အရေးပေါ်မှောက်မှားမိခဲ့တဲ့ အချိန်မျိုးမှာ ကိုယ်ဝန်မရဖို့ ၇၂ နာရီအတွင်း အသုံးပြုရတဲ့ သန္ဓေတားဆေးတစ်မျိုး ရှိမယ်။ ဒါကတော့ အရေးပေါ် အခြေအနေမှ သုံးသင့်တာပါ။
အဲတော့ သားဆက်ခြားနည်းတွေ အမျိုးမျိုးရှိတယ်။ ဘယ်လိုရွေးရမလဲပေါ့ ???
အဲဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် ကိုယ့်အခြေအနေပေါ် အများကြီးမူတည်တယ်။ ကိုယ်က ဘာအခြေအနေကြောင့် သားဆက်ခြားရမှာလဲ။ ဘာ့ကြောင့် သားဆက်ခြားချင်တာလဲပေါ် မူတည်ပြီး သားဆက်ခြားရမယ့်နည်းကို ရွေးပေးရမှာ ဖြစ်တာကြောင့် နည်းလမ်းမှန်မှန်နဲ့ ကိုယ်ဝန် တားနိုင်ဖို့ဆိုရင် ဆရာဝန်တစ်ယောက်နဲ့ သေချာဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။
အရင်အပတ်က ပြောသွားသလိုပဲ သားဆက်ခြားဖို့ လိုအပ်တဲ့ အခြေအနေကအမျိုးမျိုး ရှိနိုင်တယ်။ အကြမ်းဖျင်း ဥပမာ ပေးရရင်တော့ HIV ဘီပိုး စီပိုး တွေလို ကူးစက်ရောဂါပိုးရှိတဲ့သူမှာ ကိုယ်ဝန်မယူသင့်သေးလို့ သားဆက်ခြားတာနဲ့ မိသားစုအခြေအနေ စဉ်းစားပြီး ကိုယ်တိုင်ကလေး မယူချင်သေးတဲ့ စုံတွဲမှာ သားဆက်ခြားတာနဲ့က ကွာသွားနိုင်တယ်။
နောက်တစ်ခုကလည်း သားဆက်ခြားနည်း တစ်မျိုးနဲ့တစ်မျိုး ကုန်ကျစရိတ်က ကွဲပြားသွားပါတယ်။ သန္ဓေတားဆေးသုံးတယ်ဆိုတာက အချိန်မှန်ဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် ကိုယ့်မိသားစုဝင်ငွေ အလုပ်ချိန် ဒါတွေပေါ် မူတည်ပြီး ဘာသုံးသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်မှန်ဖို့ လိုလိမ့်မယ်။ နောက်ပြီး ဆေးဆိုတဲ့ အတိုင်း အကုန်လုံးက ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ တစ်ချို့ဆေးတွေက ကိုယ့်မှာ နာတာရှည်ရောဂါ ရှိနေခဲ့ရင် ဒုက္ခပေးနိုင်တယ်။
ဒါ့ကြောင့် မသုံးခင်မှာ အချိန်ယူပြီး ဆရာဝန်နဲ့ တစ်ခါလောက်တော့ တိုင်ပင်သင့်ပါတယ်။ အဲဒါဆိုတော့ အချီတွေတော့ များနေပြီ ။ ကဲအခုတော့ တို့တွေဆီမှာ အသုံးများတဲ့ သောက်ဆေး အကြောင်းကို ပြောပေးပါမယ်။ အပိုင်း (၃)…..
Author : Dr. မွှေး