fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကော့နေသလား ကွေးနေသလား?

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ေကာ့ေနသလား ေကြးေနသလား?

ဒီေဆာင္းပါးကေတာ့ အမ်ိဳးသားေတြအတြက္ ျဖစ္ပါတယ္။ ေကာ့တာ ေကြးတာေတြ ဆိုမွေတာ့ ဘယ္အစိတ္အပိုင္းလဲ သိၿပီးျဖစ္မယ္ ထင္ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ မတူသလို အမ်ိဳးသားေတြမွာလည္း သူတို႔ရဲ႕က်ားအဂၤါက အ႐ြယ္အစား အမ်ိဳးမ်ိဳးနဲ႔ ပုံစံအမ်ိဳးမ်ိဳး ရွိေနၾကတယ္။ ဒီလို က်ားအဂၤါေတြထဲမွာ ေကြးတာ ေကာ့တတ္ေနတာေတြလည္း ရွိပါတယ္။ ဒီလိုျဖစ္ေနေပမဲ့ သူ႔ဖာသာ အေပါ့အပါးသြားလို႔ရတယ္၊ အမ်ိဳးသမီးနဲ႔ ေနတာလည္း အိုေကတယ္ဆိုရင္ ဘာျပႆနာမွ မရွိေပမဲ့ ကိုယ့္ဟာႀကီးေကြးေနလို႔ ခုနကဟာေတြပါ လုပ္လို႔မရေတာ့ဘူးဆိုရင္ေတာ့ ျပႆနာရွိပါၿပီ။ အခုဒီေဆာင္းပါးမွာေတာ့ ဒီေဝဒနာကို ရွင္းျပသြားပါ့မယ္။

ေရာဂါအေၾကာင္းမေျပာခင္ အမ်ိဳးသား လိင္တံတည္ေဆာင္ပုံေလးကို အၾကမ္းဖ်င္းေလး ေျပာျပခ်င္ပါတယ္။ လိင္တံဆိုတဲ့အဂၤါက ေရျမဳပ္နဲ႔ တူပါတယ္။ ပုံမွန္အတိုင္း သြားသြားလာလာ လုပ္ေနခ်ိန္မွာ ေပ်ာ့ေပ်ာ့ေသးေသးပဲရွိေပမဲ့ လိင္စိတ္ေပၚေပါက္လာတဲ့အခါမွာ လိင္တံထဲက ေဖာ့လိုအစိတ္အပိုင္း ၂ ခုထဲကို ေသြးေတြ တိုးဝင္လာတယ္။ ဒီအစိတ္အပိုင္း ၂ခုကို အဂၤလိပ္လို corpus cavernosum လို႔ေခၚတယ္။ သူတို႔ ၂ ခုအေပၚမွာ tunica albuginea လို႔ေခၚတဲ့ ရာဘာလို အခ်ဳံ႔အခ်ဲ႕ လုပ္လို႔ရတဲ့ အေရျပားက အုပ္ထားေပးတယ္။

လိင္စိတ္ ႏိုးႂကြလာတဲ့အခါမွာ အေပၚကေသြးေတြတိုးဝင္လာတဲ့ အစိတ္အပိုင္း ၂ ခုက ႀကီးလာေတာ့ သူတို႔အေပၚက အုပ္ထားေပးတဲ့ အေရျပားကလည္း အလိုက္သင့္က်ယ္လာေပးတယ္။ ဒါပုံမွန္လူကို ေျပာတာပါ။ အခုေျပာမဲ့ ေရာဂါရွိတဲ့သူကေတာ့ ဒီလိုႀကဳံေတြ႕ရမွာမဟုတ္ဘူး။ ဒီေရာဂါကို Peyronie’s disease (ျမန္မာလို ေပ႐ိုးနီး ေရာဂါ) လို႔ေခၚပါတယ္။

ဒီ Peyronie’s ေရာဂါရွိတဲ့သူရဲ႕ လိင္တံက အေပၚကလို တည့္တည့္မတ္မတ္ မေထာင္မတ္ႏိုင္ဘူး ျဖစ္ေနတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕လိင္တံမွာ အသားမာတက္သလို တစ္ေနရာတည္းကြက္ၿပီး မာေနတဲ့တစ္ေနရာ ျဖစ္ေနတယ္။ လိင္ဆက္ဆံဖို႔ လိင္တံႀကီးလာခ်ိန္မွာ အေရျပားေတြက အေပၚမွာေျပာသလို ဆြဲဆန႔္လာတယ္။ ခက္တာက ကိုယ္ေတာ္ေခ်ာရဲ႕ အဂၤါတစ္ေနရာက ဒီလိုက်ပ္ခဲႀကီးျဖစ္ေနေတာ့ ေကာင္းေကာင္းမေထာင္မတ္ႏိုင္ဘူး ျဖစ္ေနတယ္။

ရလဒ္ကေတာ့ ဖြားဖက္ေတာ္ႀကီးေကြးသြား၊ ေကာ့သြားတာေတြ ျဖစ္ကုန္တာပါပဲ။ ဒါတင္မကေသးပဲ အမ်ိဳးသမီးနဲ႔ ဆက္ဆံမယ္ဆိုရင္လည္း တည့္တည့္မတ္မတ္ မဟုတ္ေတာ့ ျပႆနာရွိလာတယ္။ အဓိက ဒီေရာဂါရဲ႕ ျပႆနာကလည္း အဲ့ဒါပါပဲ။ လိင္တံႀကီးက ေထာင္မတ္သည္ျဖစ္ေစ မေထာင္မတ္သည္ျဖစ္ေစ နာက်င္ေနႏိုင္တယ္။ အတူေနဖို႔ ေထာင္မတ္လာခဲ့ရင္လည္း ပုံစံမမွန္တာေၾကာင့္ အမ်ိဳးသမီးနဲ႔ အတူေနရာမွာ အခက္အခဲရွိလာမယ္။ ေနာက္ဆက္တြဲ ကိုယ့္ခ်စ္သူကလည္း ကိုယ့္နဲ႔ အတူေနရတာစိတ္ပ်က္လာသလို ကိုယ္လည္း စိတ္ဓာတ္က်လာတာမ်ိဳး ရွိႏိုင္တယ္။ လိင္တံကိုစမ္းၾကည့္ရင္လည္း အသားမာတက္တဲ့ေနရာမွာ မာေနမယ္။

Peyronie’s ေရာဂါက ဘယ္လိုေၾကာင့္ျဖစ္ရတယ္ဆိုတာ အခုထိ ေသေသခ်ာခ်ာ မသိၾကေသးပါဘူး။ လိင္တံမွာ အသားမာတက္တာ ဆိုတဲ့အတြက္ေၾကာင့္ အရင္က လိင္တံကိုထိမိ၊ ခိုက္မိလို႔မ်ား ျဖစ္တာလားလို႔ အေစာပိုင္းက ေလ့လာခဲ့ၾကေပမဲ့ အဲ့ဒီ ၂ ခုၾကားမွာ ဘာဆက္စပ္မႈမွ မေတြ႕ခဲ့ရဘူး။ ေရာဂါရွိတဲ့သူ အမ်ားစုကလည္း အရင္တုန္းက ထိခိုက္ဒဏ္ရာ ရတာမ်ိဳး မရွိခဲ့ၾကဘူး။ အခုေတာ့ မ်ိဳး႐ိုးဗီဇနဲ႔မ်ား သက္ဆိုင္ေလမလားလို႔ သုေတသနလုပ္ေနၾကတယ္။ သို႔ေပမဲ့ ကိုယ့္မွာ အေၾကာအဆစ္အျမစ္နဲ႔ ဆိုင္တဲ့ ျပႆနာတစ္ခုခုရွိေနမယ္၊ အသက္ကလည္းႀကီးေနၿပီ၊ ေနာက္ၿပီးအရင္က အားကစားေတြ ဘာေတြလုပ္ရင္း ဂြၾကားကို ထိခိုက္မိဘူးတယ္ဆိုရင္ေတာ့ ပိုသတိထားသင့္ပါတယ္။ ဒီ Peyronie’s ေရာဂါ ျဖစ္ႏိုင္ေခ် ပိုမ်ားတယ္လို႔ ဆိုပါတယ္။

ဒီေရာဂါက ခံစားရသူကို အဓိကအားျဖင့္ စိတ္ပိုင္းဆိုင္ရာအရ ဒုကၡေပးပါတယ္။ ကိုယ့္လိင္အဂၤါက ပုံစံမက်တဲ့အျပင္ နာလည္း နာက်င္ေနတယ္။ ဒီေတာ့ ခ်စ္တဲ့သူနဲ႔ အတူမေနႏိုင္ဘူးျဖစ္မယ္။ ၾကာလာေတာ့ အမ်ိဳးသမီးျဖစ္သူက စိတ္ပ်က္လာမယ္။ ေယာက်ၤားမပီသဘူးလို႔ ေတြးလာထင္လာမယ္။ ေနာက္ပိုင္း လိင္အဂၤါ မေထာင္မတ္ႏိုင္ေတာ့တဲ့အထိ ဆိုးလာႏိုင္တယ္။ ကေလးယူဖို႔အထိ စဥ္းစားထားရင္ ပိုဆိုးတယ္။ ဒီလိုအိမ္ေထာင္ေရးသုခ အျပည့္အဝမရေတာ့ ေနာက္ဆက္တြဲအေနနဲ႔ စိတ္ဓာတ္က်တာ၊ အလုပ္အကိုင္အဆင္မေျပတာ၊ အိမ္ေထာင္ၿပိဳကြဲတာ အထိျဖစ္လာႏိုင္တယ္။ နာက်င္မႈထပ္ ဒီလိုျဖစ္လာမဲ့ အက်ိဳးဆက္ေတြက ပိုေၾကာက္ဖို႔ေကာင္းပါတယ္။

Peyronie’s ေရာဂါကို ကုသလို႔ရသလားလို႔ ေမးရင္ ရပါ့တယ္။ အဓိကကုသနည္းကေတာ့ ခြဲစိတ္ကုသမႈပဲ ျဖစ္တယ္။ သို႔ေပမဲ့ ကိုယ့္လိင္အဂၤါက အရမ္းနာက်င္ေနတာ၊ မေထာင္မတ္ႏိုင္တာ၊ အမ်ိဳးသမီးနဲ႔ အတူေနလို႔ မရေတာ့တာ စတဲ့ျပႆနာေတြျဖစ္ေတာ့မွ ကုသမႈ ခံယူဖို႔လိုမယ္။ ခြဲစိတ္တဲ့အခါမွာလည္း နည္းအမ်ိဳးမ်ိဳးရွိပါတယ္။

လိင္အဂၤါက အေပၚကိုေကာ့ေနတာ ဒါမွမဟုတ္ ေအာက္ကို ေကြးေနတဲ့အခါမ်ိဳးမွာ ဆန႔္က်င္ဖက္ကေန အသားစကို ျပန္ဆြဲယူၿပီး ခ်ဳပ္တဲ့ခြဲစိတ္နည္း ရွိတယ္။ ဆန႔္က်င္ဖက္လားရာကို ျပန္ဆြဲလိုက္တဲ့အတြက္ လိင္တံျပန္တည့္မတ္သြားေပမဲ့ ဒီနည္းနဲ႔ ခြဲစိတ္မႈခံယူခဲ့သူေတြမွာ တစ္ခါတစ္ေလ လိင္အဂၤါ မေထာင္မတ္ႏိုင္တာမ်ိဳး ျဖစ္တတ္တယ္။

ေနာက္တစ္နည္းကေတာ့ မာေနတဲ့ေနရာကို ဖယ္ထုတ္ပစ္ၿပီး သူ႔ေနရာမွာ တျခားအသားစနဲ႔ ျပန္အစားထိုးကုသတဲ့နည္း ျဖစ္ပါတယ္။ ဒီနည္း က အသားမာတက္တာ အရမ္းဆိုးေနတဲ့သူေတြမွာ သုံးေလ့ရွိတယ္။ ျပန္အစားထိုးတဲ့ပစၥည္းကေတာ့ ကိုယ့္ခႏၶာကိုယ္ တျခားေနရာကယူတာ ျဖစ္ႏိုင္သလို၊ တိရစာၦန္ဆီက ဒါမွမဟုတ္ အသားစအစားထိုး ပစၥည္းတစ္ခုခုကို ျပန္ထည့္တာမ်ိဳးလည္း ရွိပါတယ္။ သူ႔ရဲ႕ေဘးထြက္ဆိုးက်ိဳးကလည္း လိင္အဂၤါ မေထာင္မတ္ႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။

ေနာက္ဆုံးတစ္နည္းကေတာ့ အစားထိုး ကုသတဲ့နည္းပဲ ျဖစ္တယ္။ ဘာကိုအစားထိုး လိုက္သလဲဆိုေတာ့ လိင္စိတ္ႏိုးႂကြတဲ့အခါ ေသြးေတြဝင္လာတဲ့ေရျမဳပ္လို အရာကို အစားထိုးကုသတာ ျဖစ္တယ္။ တကယ္လို႔ ကိုယ့္မွာ လိင္တံမေထာင္မတ္ႏိုင္တဲ့ေရာဂါေရာ၊ Peyronie’s ေရာဂါပါ ရွိတယ္ဆိုရင္ ဒီနည္းနဲ႔ ကုသပါတယ္။ ကုသၿပီးတဲ့သူက ပုံမွန္ခ်ိန္မွာ ကိုယ့္အဂၤါကိုလွဲထားၿပီး လိင္ဆက္ဆံတဲ့အခါမွ လက္နဲ႔ တည့္မတ္ေပးရတယ္။ ေျပာရရင္ manual သေဘာမ်ိဳး ျဖစ္သြားပါတယ္။

ကိုယ့္အေျခအေနေပၚ မူတည္ၿပီး ဆရာဝန္က သင့္ေတာ္တဲ့ နည္းေ႐ြးခ်ယ္ၿပီး ကုသမွာျဖစ္ပါတယ္။ ခြဲစိတ္ၿပီးရင္ေတာ့ တစ္လကေန ၂ လေလာက္အထိ နားရပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ အမ်ိဳးသားေတြအတြက္ ဒီေရာဂါက အသက္အႏၲရာယ္အထိေတာ့ စိုးရိမ္ရတာမ်ိဳးမဟုတ္ေပမဲ့ စိတ္ပိုင္းဆိုင္ရာအရေတာ့ အေတာ္ေလး ဒုကၡေပးႏိုင္တဲ့ အမ်ိဳးထဲပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ခ်စ္တဲ့သူနဲ႔ အျပည့္အဝေပ်ာ္ခ်င္ပါးခ်င္ရင္ေတာ့ ဒီေရာဂါေလးတစ္ခုလည္း သတိထား ေစာင့္ၾကည့္ပါလို႔ေျပာရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။

Author : Dr. Wayne

ကော့နေသလား ကွေးနေသလား?

ဒီဆောင်းပါးကတော့ အမျိုးသားတွေအတွက် ဖြစ်ပါတယ်။ ကော့တာ ကွေးတာတွေ ဆိုမှတော့ ဘယ်အစိတ်အပိုင်းလဲ သိပြီးဖြစ်မယ် ထင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူသလို အမျိုးသားတွေမှာလည်း သူတို့ရဲ့ကျားအင်္ဂါက အရွယ်အစား အမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုး ရှိနေကြတယ်။ ဒီလို ကျားအင်္ဂါတွေထဲမှာ ကွေးတာ ကော့တတ်နေတာတွေလည်း ရှိပါတယ်။ ဒီလိုဖြစ်နေပေမဲ့ သူ့ဖာသာ အပေါ့အပါးသွားလို့ရတယ်၊ အမျိုးသမီးနဲ့ နေတာလည်း အိုကေတယ်ဆိုရင် ဘာပြဿနာမှ မရှိပေမဲ့ ကိုယ့်ဟာကြီးကွေးနေလို့ ခုနကဟာတွေပါ လုပ်လို့မရတော့ဘူးဆိုရင်တော့ ပြဿနာရှိပါပြီ။ အခုဒီဆောင်းပါးမှာတော့ ဒီဝေဒနာကို ရှင်းပြသွားပါ့မယ်။

ရောဂါအကြောင်းမပြောခင် အမျိုးသား လိင်တံတည်ဆောင်ပုံလေးကို အကြမ်းဖျင်းလေး ပြောပြချင်ပါတယ်။ လိင်တံဆိုတဲ့အင်္ဂါက ရေမြုပ်နဲ့ တူပါတယ်။ ပုံမှန်အတိုင်း သွားသွားလာလာ လုပ်နေချိန်မှာ ပျော့ပျော့သေးသေးပဲရှိပေမဲ့ လိင်စိတ်ပေါ်ပေါက်လာတဲ့အခါမှာ လိင်တံထဲက ဖော့လိုအစိတ်အပိုင်း ၂ ခုထဲကို သွေးတွေ တိုးဝင်လာတယ်။ ဒီအစိတ်အပိုင်း ၂ခုကို အင်္ဂလိပ်လို corpus cavernosum လို့ခေါ်တယ်။ သူတို့ ၂ ခုအပေါ်မှာ tunica albuginea လို့ခေါ်တဲ့ ရာဘာလို အချုံ့အချဲ့ လုပ်လို့ရတဲ့ အရေပြားက အုပ်ထားပေးတယ်။

လိင်စိတ် နိုးကြွလာတဲ့အခါမှာ အပေါ်ကသွေးတွေတိုးဝင်လာတဲ့ အစိတ်အပိုင်း ၂ ခုက ကြီးလာတော့ သူတို့အပေါ်က အုပ်ထားပေးတဲ့ အရေပြားကလည်း အလိုက်သင့်ကျယ်လာပေးတယ်။ ဒါပုံမှန်လူကို ပြောတာပါ။ အခုပြောမဲ့ ရောဂါရှိတဲ့သူကတော့ ဒီလိုကြုံတွေ့ရမှာမဟုတ်ဘူး။ ဒီရောဂါကို Peyronie’s disease (မြန်မာလို ပေရိုးနီး ရောဂါ) လို့ခေါ်ပါတယ်။

ဒီ Peyronie’s ရောဂါရှိတဲ့သူရဲ့ လိင်တံက အပေါ်ကလို တည့်တည့်မတ်မတ် မထောင်မတ်နိုင်ဘူး ဖြစ်နေတယ်။ အကြောင်းကတော့ သူ့ရဲ့လိင်တံမှာ အသားမာတက်သလို တစ်နေရာတည်းကွက်ပြီး မာနေတဲ့တစ်နေရာ ဖြစ်နေတယ်။ လိင်ဆက်ဆံဖို့ လိင်တံကြီးလာချိန်မှာ အရေပြားတွေက အပေါ်မှာပြောသလို ဆွဲဆန့်လာတယ်။ ခက်တာက ကိုယ်တော်ချောရဲ့ အင်္ဂါတစ်နေရာက ဒီလိုကျပ်ခဲကြီးဖြစ်နေတော့ ကောင်းကောင်းမထောင်မတ်နိုင်ဘူး ဖြစ်နေတယ်။

ရလဒ်ကတော့ ဖွားဖက်တော်ကြီးကွေးသွား၊ ကော့သွားတာတွေ ဖြစ်ကုန်တာပါပဲ။ ဒါတင်မကသေးပဲ အမျိုးသမီးနဲ့ ဆက်ဆံမယ်ဆိုရင်လည်း တည့်တည့်မတ်မတ် မဟုတ်တော့ ပြဿနာရှိလာတယ်။ အဓိက ဒီရောဂါရဲ့ ပြဿနာကလည်း အဲ့ဒါပါပဲ။ လိင်တံကြီးက ထောင်မတ်သည်ဖြစ်စေ မထောင်မတ်သည်ဖြစ်စေ နာကျင်နေနိုင်တယ်။ အတူနေဖို့ ထောင်မတ်လာခဲ့ရင်လည်း ပုံစံမမှန်တာကြောင့် အမျိုးသမီးနဲ့ အတူနေရာမှာ အခက်အခဲရှိလာမယ်။ နောက်ဆက်တွဲ ကိုယ့်ချစ်သူကလည်း ကိုယ့်နဲ့ အတူနေရတာစိတ်ပျက်လာသလို ကိုယ်လည်း စိတ်ဓာတ်ကျလာတာမျိုး ရှိနိုင်တယ်။ လိင်တံကိုစမ်းကြည့်ရင်လည်း အသားမာတက်တဲ့နေရာမှာ မာနေမယ်။

Peyronie’s ရောဂါက ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတာ အခုထိ သေသေချာချာ မသိကြသေးပါဘူး။ လိင်တံမှာ အသားမာတက်တာ ဆိုတဲ့အတွက်ကြောင့် အရင်က လိင်တံကိုထိမိ၊ ခိုက်မိလို့များ ဖြစ်တာလားလို့ အစောပိုင်းက လေ့လာခဲ့ကြပေမဲ့ အဲ့ဒီ ၂ ခုကြားမှာ ဘာဆက်စပ်မှုမှ မတွေ့ခဲ့ရဘူး။ ရောဂါရှိတဲ့သူ အများစုကလည်း အရင်တုန်းက ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ကြဘူး။ အခုတော့ မျိုးရိုးဗီဇနဲ့များ သက်ဆိုင်လေမလားလို့ သုတေသနလုပ်နေကြတယ်။ သို့ပေမဲ့ ကိုယ့်မှာ အကြောအဆစ်အမြစ်နဲ့ ဆိုင်တဲ့ ပြဿနာတစ်ခုခုရှိနေမယ်၊ အသက်ကလည်းကြီးနေပြီ၊ နောက်ပြီးအရင်က အားကစားတွေ ဘာတွေလုပ်ရင်း ဂွကြားကို ထိခိုက်မိဘူးတယ်ဆိုရင်တော့ ပိုသတိထားသင့်ပါတယ်။ ဒီ Peyronie’s ရောဂါ ဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

ဒီရောဂါက ခံစားရသူကို အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာအရ ဒုက္ခပေးပါတယ်။ ကိုယ့်လိင်အင်္ဂါက ပုံစံမကျတဲ့အပြင် နာလည်း နာကျင်နေတယ်။ ဒီတော့ ချစ်တဲ့သူနဲ့ အတူမနေနိုင်ဘူးဖြစ်မယ်။ ကြာလာတော့ အမျိုးသမီးဖြစ်သူက စိတ်ပျက်လာမယ်။ ယောင်္ကျားမပီသဘူးလို့ တွေးလာထင်လာမယ်။ နောက်ပိုင်း လိင်အင်္ဂါ မထောင်မတ်နိုင်တော့တဲ့အထိ ဆိုးလာနိုင်တယ်။ ကလေးယူဖို့အထိ စဉ်းစားထားရင် ပိုဆိုးတယ်။ ဒီလိုအိမ်ထောင်ရေးသုခ အပြည့်အဝမရတော့ နောက်ဆက်တွဲအနေနဲ့ စိတ်ဓာတ်ကျတာ၊ အလုပ်အကိုင်အဆင်မပြေတာ၊ အိမ်ထောင်ပြိုကွဲတာ အထိဖြစ်လာနိုင်တယ်။ နာကျင်မှုထပ် ဒီလိုဖြစ်လာမဲ့ အကျိုးဆက်တွေက ပိုကြောက်ဖို့ကောင်းပါတယ်။

Peyronie’s ရောဂါကို ကုသလို့ရသလားလို့ မေးရင် ရပါ့တယ်။ အဓိကကုသနည်းကတော့ ခွဲစိတ်ကုသမှုပဲ ဖြစ်တယ်။ သို့ပေမဲ့ ကိုယ့်လိင်အင်္ဂါက အရမ်းနာကျင်နေတာ၊ မထောင်မတ်နိုင်တာ၊ အမျိုးသမီးနဲ့ အတူနေလို့ မရတော့တာ စတဲ့ပြဿနာတွေဖြစ်တော့မှ ကုသမှု ခံယူဖို့လိုမယ်။ ခွဲစိတ်တဲ့အခါမှာလည်း နည်းအမျိုးမျိုးရှိပါတယ်။

လိင်အင်္ဂါက အပေါ်ကိုကော့နေတာ ဒါမှမဟုတ် အောက်ကို ကွေးနေတဲ့အခါမျိုးမှာ ဆန့်ကျင်ဖက်ကနေ အသားစကို ပြန်ဆွဲယူပြီး ချုပ်တဲ့ခွဲစိတ်နည်း ရှိတယ်။ ဆန့်ကျင်ဖက်လားရာကို ပြန်ဆွဲလိုက်တဲ့အတွက် လိင်တံပြန်တည့်မတ်သွားပေမဲ့ ဒီနည်းနဲ့ ခွဲစိတ်မှုခံယူခဲ့သူတွေမှာ တစ်ခါတစ်လေ လိင်အင်္ဂါ မထောင်မတ်နိုင်တာမျိုး ဖြစ်တတ်တယ်။

နောက်တစ်နည်းကတော့ မာနေတဲ့နေရာကို ဖယ်ထုတ်ပစ်ပြီး သူ့နေရာမှာ တခြားအသားစနဲ့ ပြန်အစားထိုးကုသတဲ့နည်း ဖြစ်ပါတယ်။ ဒီနည်း က အသားမာတက်တာ အရမ်းဆိုးနေတဲ့သူတွေမှာ သုံးလေ့ရှိတယ်။ ပြန်အစားထိုးတဲ့ပစ္စည်းကတော့ ကိုယ့်ခန္ဓာကိုယ် တခြားနေရာကယူတာ ဖြစ်နိုင်သလို၊ တိရစ္ဆာန်ဆီက ဒါမှမဟုတ် အသားစအစားထိုး ပစ္စည်းတစ်ခုခုကို ပြန်ထည့်တာမျိုးလည်း ရှိပါတယ်။ သူ့ရဲ့ဘေးထွက်ဆိုးကျိုးကလည်း လိင်အင်္ဂါ မထောင်မတ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

နောက်ဆုံးတစ်နည်းကတော့ အစားထိုး ကုသတဲ့နည်းပဲ ဖြစ်တယ်။ ဘာကိုအစားထိုး လိုက်သလဲဆိုတော့ လိင်စိတ်နိုးကြွတဲ့အခါ သွေးတွေဝင်လာတဲ့ရေမြုပ်လို အရာကို အစားထိုးကုသတာ ဖြစ်တယ်။ တကယ်လို့ ကိုယ့်မှာ လိင်တံမထောင်မတ်နိုင်တဲ့ရောဂါရော၊ Peyronie’s ရောဂါပါ ရှိတယ်ဆိုရင် ဒီနည်းနဲ့ ကုသပါတယ်။ ကုသပြီးတဲ့သူက ပုံမှန်ချိန်မှာ ကိုယ့်အင်္ဂါကိုလှဲထားပြီး လိင်ဆက်ဆံတဲ့အခါမှ လက်နဲ့ တည့်မတ်ပေးရတယ်။ ပြောရရင် manual သဘောမျိုး ဖြစ်သွားပါတယ်။

ကိုယ့်အခြေအနေပေါ် မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့ နည်းရွေးချယ်ပြီး ကုသမှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးရင်တော့ တစ်လကနေ ၂ လလောက်အထိ နားရပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် အမျိုးသားတွေအတွက် ဒီရောဂါက အသက်အန္တရာယ်အထိတော့ စိုးရိမ်ရတာမျိုးမဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာအရတော့ အတော်လေး ဒုက္ခပေးနိုင်တဲ့ အမျိုးထဲပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်တဲ့သူနဲ့ အပြည့်အဝပျော်ချင်ပါးချင်ရင်တော့ ဒီရောဂါလေးတစ်ခုလည်း သတိထား စောင့်ကြည့်ပါလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

Author : Dr. Wayne

Previous Post

ကျားမ မရွေးလုပ်နိုင်တဲ့ Kegel’s exercise (တင်ပါးဆုံကွင်းကြွက်သား) လေ့ကျင့်ခန်း

Next Post

မျိုးဆက်ပွားအသိပညာ(၂) သားဆက်ခြားနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျိုးဆက်ပွားအသိပညာ(၂) သားဆက်ခြားနည်းလမ်းများ

မျိုးဆက်ပွား အသိပညာ (၃) သားဆက်ခြားနည်းလမ်းများ

မျိုးဆက်ပွားအသိပညာ(၄) သားဆက်ခြားနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.