fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အဖုတွေ့ထွက်တိုင်း ရေယုန်မဟုတ်ပါ

4.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/05/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အဖုေတြ႕ထြက္တိုင္း ေရယုန္မဟုတ္ပါ

လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြထဲမွာ လိင္အဂၤါေရယုန္လည္းပါဝင္ပါတယ္။ ဒီေရာဂါကူးစက္ခံရရင္ ကူးစက္ခံရတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြရဲ႕ လိင္အဂၤါေတြမွာ အဖုေသးေသးေလးေတြ ေပၚလာတတ္ပါတယ္။ အဖုေလးေတြ ေပၚလာတဲ့အခ်ိန္ လိင္အဂၤါေတြအရမ္းယားမယ္၊ ၿပီးရင္ အနာေလးေတြ ျဖစ္ၿပီးေပါက္သြားမယ္၊ တစ္ပတ္ေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ ဒီအဖုေလးေတြေနရာက မာဆက္ဆက္ အခ်ပ္ကေလးေတြအျဖစ္ ေျပာင္းသြားပါတယ္

သို႔ေပမဲ့ လိင္အဂၤါမွာ အဖုေလးေတြ ထြက္ေနတိုင္းလည္း ဒီလိုေရယုန္ေရာဂါ ကူးစက္ခံရတာမဟုတ္ဘူးဆိုတာ သိဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔အေရျပားေပၚမွာ အဆီက်ိတ္ကေလးေတြ လူတိုင္းမွာရွိပါတယ္။ မ်က္ႏွာမွာျဖစ္တဲ့ ဝက္ၿခံလိုမ်ိဳးေပါ့၊ လိင္အဂၤါတစ္ဝိုက္မွာ ထြက္ေလ့ရွိတဲ့ Fordyce spots လို႔ေခၚတဲ့ အဖုေလးေတြ ထြက္တာမ်ိဳးလည္း ရွိပါတယ္။ အမ်ိဳးသားေတြမွာဆို လိင္တံမွာထြက္မယ္၊ ကပၸါယ္အိတ္မွာ ထြက္တာလည္း ရွိပါတယ္။ အမ်ိဳးသမီးေတြမွာဆို မိန္းမကိုယ္ အတြင္းႏႈတ္ခမ္းသား မွာေတြ႕ရေလ့ရွိတယ္။ ခႏၶာကိုယ္ရဲ႕ တျခားေနရာေတြအေနနဲ႔ဆို ႏႈတ္ခမ္းနဲ႔ အာေခါင္အတြင္းပိုင္းမွာလည္း ေတြ႕ရတတ္ပါတယ္။

ဒီ Fordyce spots လို႔ေခၚတဲ့ အဖုေလးေတြက ခႏၶာကိုယ္မွာ ပုံမွန္တိုင္းရွိတဲ့ အဆီဖု၊ အဆီက်ိတ္ေလးေတြပဲျဖစ္ပါတယ္။ အျပင္ပန္းက ၾကည့္ရင္ ျဖဴတူတူဝါတာတာ အေရာင္ရွိတယ္။ အ႐ြယ္အစားက ဝ.၂ မီလီမီတာကေန ၃ မီလီမီတာအထိပဲ ရွိတာေၾကာင့္ အေတာ္ေလးေသးတယ္လို႔ ဆိုႏိုင္တယ္။ အေရျပားကို ဆြဲဆန႔္လိုက္ရင္ ပိုသိသာတယ္။ လိင္အဂၤါေရယုန္နဲ႔ မတူတာက ဒီအဖုေလးေတြက အနာေတြဘာေတြျဖစ္မလာပါဘူး။ ပုံမွန္အတိုင္းဆို ဘာမွမခံစားရေပမဲ့ တစ္ခါတစ္ေလ လိင္ဆက္ဆံၿပီးတဲ့အခါမွာေတာ့ ယားယံတာမ်ိဳး ရွိႏိုင္ပါတယ္။

ဒီအဆီက်ိတ္ေတြက မ်ားေသာအားျဖင့္ ကိုယ္မွာအေမႊးအမွ်င္ထူတဲ့ေနရာေတြမွာ အေတြ႕မ်ားေပမဲ့ ရံဖန္ရံခါမွာ ဘာအေမႊးမွမရွိတဲ့ေနရာေတြမွာလည္း ေတြ႕ရတာကိုေတြ႕တယ္။ မ်ားေသာအားျဖင့္ အစုအစုလိုက္ေတြ႕ရတတ္ပါတယ္။  အမ်ိဳးသမီးေတြနဲ႔ ယွဥ္ရင္ အမ်ိဳးသားေတြမွာ ဒီအဖုေတြ ပိုေတြ႕ရတတ္တယ္။

Fordyce spots ေတြက လူ႔ခႏၶာကိုယ္မွာ ပုံမွန္အတိုင္းရွိေနတဲ့ အဖုေလးေတြ ျဖစ္ပါတယ္၊ ေမြးကတည္းက ပါလာတာဆိုေပမဲ့ ေဟာ္မုန္းေတြ ေျပာင္းလဲမႈျဖစ္တဲ့ ဆယ္ေက်ာ္သက္အခ်ိန္ေတြမွာမွ ပိုသိသာလာတာ ျဖစ္တယ္။ ဘယ္ေရာဂါရွိတဲ့သူေတြက ဒီလိုအဖုေတြ ပိုထြက္တယ္ဆိုတာမ်ိဳးမရွိေပမဲ့ ေလ့လာခ်က္ေတြအရေတာ့ ဆက္စပ္မႈရွိတာကိုေတာ့ ေတြ႕ရပါတယ္။ ေလ့လာခ်က္ေတြအရဆို ပါးစပ္ထဲမွာ ဒီ အဖုေလးေတြရွိတဲ့သူေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းေက်ာ္ဟာ အူမႀကီးကင္ဆာေရာဂါျဖစ္တာကိုေတြ႕ရပါတယ္။ ေနာက္ၿပီး ေသြးတြင္းအဆီဓာတ္မ်ားတာ၊ ႏွလုံးေရာဂါျဖစ္တာ စတဲ့အေျခအေနေတြနဲ႔လည္း ဆက္စပ္မႈရွိတာကိုေတြ႕ရပါတယ္။ တစ္ခုေျပာလိုတာက ဒီေနရာမွာ ဆက္စပ္မႈရွိတယ္လို႔ပဲ ဆိုတာပါ။ Fordyce spots ေတြရွိတိုင္း ဒီေရာဂါေတြ ပိုျဖစ္ႏိုင္တယ္လို႔ ေျပာတာမဟုတ္ပါဘူး။

Fordyce spots ေတြက ကုသဖို႔မလိုအပ္ေပမဲ့ လိင္အဂၤါေရယုန္နဲ႔ ကြဲကြဲျပားျပားသိဖို႔ေတာ့လိုအပ္ပါတယ္။ ေရယုန္ဆိုရင္ေတာ့ ကုသရပါမယ္။ ေရယုန္ေရာဂါက လိင္ဆက္ဆံမွ ကူးစက္တာမဟုတ္ပါဘူး၊ ေရာဂါရွိတဲ့သူနဲ႔ ထိေတြ႕တာနဲ႔တင္ကူးစက္ႏိုင္တယ္ ဥပမာ – နမ္းရႈံတာမ်ိဳးနဲ႔လည္း ကူးစက္သြားႏိုင္ပါတယ္။ ေရယုန္ေရာဂါဆို အေပၚမွာေျပာခဲ့သလို လိင္အဂၤါတစ္ဝိုက္နဲ႔ ႏႈတ္ခမ္း၊ ပါးစပ္နဲ႔မ်က္ႏွာ စတဲ့ ေရာဂါပိုး ထိေတြ႕မိလိုက္တဲ့ေနရာေတြမွာ အဖုေလးေတြထြက္မယ္၊ ယားမယ္၊ အနာျဖစ္က်န္ခဲ့မယ္၊ ကိုယ္ထဲက ျပန္ရည္ေၾကာအက်ိတ္ေလးေတြေရာင္လာမယ္၊ ေခါင္းကိုက္မယ္၊ ဖ်ားတယ္၊ ကိုယ္လက္ကိုက္ခဲမယ္။

Fordyce spots ေတြကေတာ့ ဒီလိုလကၡဏာေတြ ဘာမွမျပတတ္ပါဘူး။ လြန္ေရာျပတတ္မွ လိင္ဆက္ဆံၿပီး အနည္းငယ္ ယားယံတာေလာက္ပဲ ရွိမွာပါ။ သို႔ေပမဲ့ ကိုယ္က ဒီအဖုေတြနဲ႔ ေရယုန္အဖုေတြကို ေသခ်ာမခြဲျခားတတ္ဖူးျဖစ္ေနတယ္ဆို ဆရာဝန္နဲ႔ သြားေရာက္ျပသပါ။ ဆရာဝန္အေနနဲ႔ Fordyce spots လား လိင္အဂၤါေရယုန္လားဆိုတာ အနည္းငယ္စမ္းသပ္ၾကည့္ရႈလိုက္႐ုံနဲ႔ သိသာပါတယ္။

ေကာင္းၿပီ၊ ဒါဆိုေမးစရာရွိတယ္၊ Fordyce spots ေတြက ကုသမႈ ခံယူဖို႔လိုပါသလား။ ကုခ်င္ရင္ ကုလို႔ရပါတယ္။ ကိုယ့္ဖာသာကိုယ္ပဲ ကိုက္လိုက္မဟဲ့ဆိုၿပီး လက္နဲ႔ ညႇစ္တာ၊ ၾကားဖူးနားဝေဆးေတြ ေလွ်ာက္လိမ္းတာေတြေတာ့ မလုပ္ပါနဲ႔၊ ေတာ္ၾကာအပ္နဲ႔ ထြင္းရမဲ့ေနရာကို ပုဆိန္နဲ႔ေပါက္ေနရပါလိမ့္မယ္။ ကုသနည္းေတြအေနနဲ႔ဆို

Punch excision – လို႔ေခၚတဲ့နည္းမွာဆို ဒီအဖုေလးေတြကို အေပါက္ကေလးေတြေဖာက္ၿပီး ေအာက္ကအဆီက်ိတ္ေလးကို ဖယ္ထုတ္ပစ္လိုက္ပါတယ္။ ၿပီးရင္အေပါက္ကိုျပန္ဖာေပးလိုက္တယ္။ ေကာင္းတာက ေနာက္တစ္ေခါက္ျပန္မျဖစ္ႏိုင္ေပမဲ့ အမာ႐ြတ္ေတာ့ က်န္ခဲ့ႏိုင္ပါတယ္။

Cauterisation – ဒီကုသနည္းကို diathermy တို႔တယ္လို႔လည္း ေခၚပါတယ္။ အေရျပားဆရာဝန္၊ အေထြေထြေရာဂါကုဆရာဝန္၊ ခြဲစိတ္ဆရာဝန္ စတဲ့ ဆရာဝန္တစ္ဦးဦးက ထုံေဆးေပးၿပီး အဖုေလးေတြကိုလွ်ပ္စစ္နဲ႔ တို႔ၿပီးေလာင္ကြၽမ္းေစတာျဖစ္ပါတယ္။ လုပ္တာလည္း ခဏပဲၾကာသလို တစ္ခါတည္းနဲ႔လည္း ေပ်ာက္ကင္းတတ္ပါတယ္။ ဆိုးတာကေတာ့ အမာ႐ြတ္က်န္ႏိုင္တာပါ။

Laser vaporization – CO2 ေလဆာပစ္တဲ့နည္းကို အသုံးမ်ားပါတယ္။ သူလည္း အဖုအက်ိတ္ကို အပူေပးၿပီး ေလာင္ကြၽမ္းေပ်ာက္ကြယ္ေစတဲ့ ကုသနည္းျဖစ္ပါတယ္။ ေပ်ာက္လည္းေပ်ာက္တယ္၊ အမာ႐ြတ္လည္း သိပ္မက်န္ဘူးဆိုေပမဲ့ အကုန္အက်ေတာ့ပိုမ်ားပါတယ္။

ေနာက္ၿပီး ေသာက္ေဆးေရာ၊ ေလဆာပါတြဲသုံးၿပီး ကုတဲ့ photodynamic therapy ဆိုတဲ့ကုသနည္းအသစ္လည္းရွိပါတယ္။  ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ဆို ကုသၿပီးယားယံက်န္ခဲ့တာ၊ ရက္ပိုင္းေလာက္အထိ နာက်င္ေနတာ ေတြျဖစ္ႏိုင္ပါတယ္။ ဒီလိုခြဲစိတ္ကုသနည္းေတြမဟုတ္ပဲ ႏိုက္ထ႐ိုဂ်င္ဓာတ္ေငြ႕နဲ႔ ခဲေစၿပီးဖယ္ထုတ္တဲ့နည္း၊ လိမ္းေဆးနဲ႔ ကုသတဲ့နည္း၊ ေသာက္ေဆးေပးၿပီးကုသတဲ့နည္းေတြလည္းရွိပါတယ္။

အေပၚမွာေျပာခဲ့သလို ဒီ Fordyce spots ေတြက အဆီက်ိတ္ကေလးေတြျဖစ္တာမို႔လို႔ အဆီထုတ္တာနည္းသြားရင္သက္သာသြားမွာပါ။ ဒီအတြက္ anti-serum cream ေတြလိမ္းေပးလို႔ရတယ္။ ေနာက္ၿပီးကိုယ္နဲ႔ တည့္တဲ့ အလွကုန္ပဲ သုံးတာေကာင္းပါတယ္။ မတည့္တဲ့ ဓာတုပစၥည္းတစ္ခုခုပါလာရင္လည္း အဖုေတြပိုထြက္လာတတ္ပါတယ္။ ေနာက္ၿပီး အေရျပားကို ဂ႐ုစိုက္ပါ။ အစိုဓာတ္ကိုထိန္းသိမ္းႏိုင္ဖို႔ မၾကာမၾကာေရေသာက္ေပးပါ၊ အသီးအႏွံေတြမ်ားမ်ားစားေပးပါ။

အခ်ဳပ္အားျဖင့္ ေျပာရရင္ဒီေဆာင္းကို လိင္အဂၤါေရယုန္နဲ႔ Fordyce spots မွားမွာစိုးတဲ့အတြက္ေၾကာင့္ေရးသားရတာျဖစ္ပါတယ္။ တစ္ခုက ကုသဖို႔လိုအပ္ၿပီး ေနာက္တစ္ခုက မကုသလည္း ရတဲ့အေျခအေနရွိတယ္၊ ေနာက္ၿပီးစိတ္ပူၿပီးကိုယ့္ဖာသာ သြားညႇစ္မိလိုက္ရင္ မလိုအပ္တဲ့ေနာက္ဆက္တြဲ အေျခအေနေတြ ဥပမာ ပိုးဝင္တာမ်ိဳးျဖစ္လာႏိုင္တယ္။တကယ္လို႔ ကိုယ့္ဖာသာမေသခ်ာဘူးျဖစ္ေနတယ္ဆို ဆရာဝန္နဲ႔ သြားျပပါလို႔ ေျပာၾကားရင္းနိဂုံးခ်ဳပ္လိုက္ရပါတယ္ခင္ဗ်ာ။

Dr. Wayne

အဖုတွေ့ထွက်တိုင်း ရေယုန်မဟုတ်ပါ

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေထဲမှာ လိင်အင်္ဂါရေယုန်လည်းပါဝင်ပါတယ်။ ဒီရောဂါကူးစက်ခံရရင် ကူးစက်ခံရတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေမှာ အဖုသေးသေးလေးတွေ ပေါ်လာတတ်ပါတယ်။ အဖုလေးတွေ ပေါ်လာတဲ့အချိန် လိင်အင်္ဂါတွေအရမ်းယားမယ်၊ ပြီးရင် အနာလေးတွေ ဖြစ်ပြီးပေါက်သွားမယ်၊ တစ်ပတ်လောက်ကြာတဲ့အချိန်မှာတော့ ဒီအဖုလေးတွေနေရာက မာဆက်ဆက် အချပ်ကလေးတွေအဖြစ် ပြောင်းသွားပါတယ်

သို့ပေမဲ့ လိင်အင်္ဂါမှာ အဖုလေးတွေ ထွက်နေတိုင်းလည်း ဒီလိုရေယုန်ရောဂါ ကူးစက်ခံရတာမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ ကျွန်တော်တို့အရေပြားပေါ်မှာ အဆီကျိတ်ကလေးတွေ လူတိုင်းမှာရှိပါတယ်။ မျက်နှာမှာဖြစ်တဲ့ ဝက်ခြံလိုမျိုးပေါ့၊ လိင်အင်္ဂါတစ်ဝိုက်မှာ ထွက်လေ့ရှိတဲ့ Fordyce spots လို့ခေါ်တဲ့ အဖုလေးတွေ ထွက်တာမျိုးလည်း ရှိပါတယ်။ အမျိုးသားတွေမှာဆို လိင်တံမှာထွက်မယ်၊ ကပ္ပါယ်အိတ်မှာ ထွက်တာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာဆို မိန်းမကိုယ် အတွင်းနှုတ်ခမ်းသား မှာတွေ့ရလေ့ရှိတယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေအနေနဲ့ဆို နှုတ်ခမ်းနဲ့ အာခေါင်အတွင်းပိုင်းမှာလည်း တွေ့ရတတ်ပါတယ်။

ဒီ Fordyce spots လို့ခေါ်တဲ့ အဖုလေးတွေက ခန္ဓာကိုယ်မှာ ပုံမှန်တိုင်းရှိတဲ့ အဆီဖု၊ အဆီကျိတ်လေးတွေပဲဖြစ်ပါတယ်။ အပြင်ပန်းက ကြည့်ရင် ဖြူတူတူဝါတာတာ အရောင်ရှိတယ်။ အရွယ်အစားက ဝ.၂ မီလီမီတာကနေ ၃ မီလီမီတာအထိပဲ ရှိတာကြောင့် အတော်လေးသေးတယ်လို့ ဆိုနိုင်တယ်။ အရေပြားကို ဆွဲဆန့်လိုက်ရင် ပိုသိသာတယ်။ လိင်အင်္ဂါရေယုန်နဲ့ မတူတာက ဒီအဖုလေးတွေက အနာတွေဘာတွေဖြစ်မလာပါဘူး။ ပုံမှန်အတိုင်းဆို ဘာမှမခံစားရပေမဲ့ တစ်ခါတစ်လေ လိင်ဆက်ဆံပြီးတဲ့အခါမှာတော့ ယားယံတာမျိုး ရှိနိုင်ပါတယ်။

ဒီအဆီကျိတ်တွေက များသောအားဖြင့် ကိုယ်မှာအမွှေးအမျှင်ထူတဲ့နေရာတွေမှာ အတွေ့များပေမဲ့ ရံဖန်ရံခါမှာ ဘာအမွှေးမှမရှိတဲ့နေရာတွေမှာလည်း တွေ့ရတာကိုတွေ့တယ်။ များသောအားဖြင့် အစုအစုလိုက်တွေ့ရတတ်ပါတယ်။  အမျိုးသမီးတွေနဲ့ ယှဉ်ရင် အမျိုးသားတွေမှာ ဒီအဖုတွေ ပိုတွေ့ရတတ်တယ်။

Fordyce spots တွေက လူ့ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်းရှိနေတဲ့ အဖုလေးတွေ ဖြစ်ပါတယ်၊ မွေးကတည်းက ပါလာတာဆိုပေမဲ့ ဟော်မုန်းတွေ ပြောင်းလဲမှုဖြစ်တဲ့ ဆယ်ကျော်သက်အချိန်တွေမှာမှ ပိုသိသာလာတာ ဖြစ်တယ်။ ဘယ်ရောဂါရှိတဲ့သူတွေက ဒီလိုအဖုတွေ ပိုထွက်တယ်ဆိုတာမျိုးမရှိပေမဲ့ လေ့လာချက်တွေအရတော့ ဆက်စပ်မှုရှိတာကိုတော့ တွေ့ရပါတယ်။ လေ့လာချက်တွေအရဆို ပါးစပ်ထဲမှာ ဒီ အဖုလေးတွေရှိတဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ အူမကြီးကင်ဆာရောဂါဖြစ်တာကိုတွေ့ရပါတယ်။ နောက်ပြီး သွေးတွင်းအဆီဓာတ်များတာ၊ နှလုံးရောဂါဖြစ်တာ စတဲ့အခြေအနေတွေနဲ့လည်း ဆက်စပ်မှုရှိတာကိုတွေ့ရပါတယ်။ တစ်ခုပြောလိုတာက ဒီနေရာမှာ ဆက်စပ်မှုရှိတယ်လို့ပဲ ဆိုတာပါ။ Fordyce spots တွေရှိတိုင်း ဒီရောဂါတွေ ပိုဖြစ်နိုင်တယ်လို့ ပြောတာမဟုတ်ပါဘူး။

Fordyce spots တွေက ကုသဖို့မလိုအပ်ပေမဲ့ လိင်အင်္ဂါရေယုန်နဲ့ ကွဲကွဲပြားပြားသိဖို့တော့လိုအပ်ပါတယ်။ ရေယုန်ဆိုရင်တော့ ကုသရပါမယ်။ ရေယုန်ရောဂါက လိင်ဆက်ဆံမှ ကူးစက်တာမဟုတ်ပါဘူး၊ ရောဂါရှိတဲ့သူနဲ့ ထိတွေ့တာနဲ့တင်ကူးစက်နိုင်တယ် ဥပမာ – နမ်းရှုံတာမျိုးနဲ့လည်း ကူးစက်သွားနိုင်ပါတယ်။ ရေယုန်ရောဂါဆို အပေါ်မှာပြောခဲ့သလို လိင်အင်္ဂါတစ်ဝိုက်နဲ့ နှုတ်ခမ်း၊ ပါးစပ်နဲ့မျက်နှာ စတဲ့ ရောဂါပိုး ထိတွေ့မိလိုက်တဲ့နေရာတွေမှာ အဖုလေးတွေထွက်မယ်၊ ယားမယ်၊ အနာဖြစ်ကျန်ခဲ့မယ်၊ ကိုယ်ထဲက ပြန်ရည်ကြောအကျိတ်လေးတွေရောင်လာမယ်၊ ခေါင်းကိုက်မယ်၊ ဖျားတယ်၊ ကိုယ်လက်ကိုက်ခဲမယ်။

Fordyce spots တွေကတော့ ဒီလိုလက္ခဏာတွေ ဘာမှမပြတတ်ပါဘူး။ လွန်ရောပြတတ်မှ လိင်ဆက်ဆံပြီး အနည်းငယ် ယားယံတာလောက်ပဲ ရှိမှာပါ။ သို့ပေမဲ့ ကိုယ်က ဒီအဖုတွေနဲ့ ရေယုန်အဖုတွေကို သေချာမခွဲခြားတတ်ဖူးဖြစ်နေတယ်ဆို ဆရာဝန်နဲ့ သွားရောက်ပြသပါ။ ဆရာဝန်အနေနဲ့ Fordyce spots လား လိင်အင်္ဂါရေယုန်လားဆိုတာ အနည်းငယ်စမ်းသပ်ကြည့်ရှုလိုက်ရုံနဲ့ သိသာပါတယ်။

ကောင်းပြီ၊ ဒါဆိုမေးစရာရှိတယ်၊ Fordyce spots တွေက ကုသမှု ခံယူဖို့လိုပါသလား။ ကုချင်ရင် ကုလို့ရပါတယ်။ ကိုယ့်ဖာသာကိုယ်ပဲ ကိုက်လိုက်မဟဲ့ဆိုပြီး လက်နဲ့ ညှစ်တာ၊ ကြားဖူးနားဝဆေးတွေ လျှောက်လိမ်းတာတွေတော့ မလုပ်ပါနဲ့၊ တော်ကြာအပ်နဲ့ ထွင်းရမဲ့နေရာကို ပုဆိန်နဲ့ပေါက်နေရပါလိမ့်မယ်။ ကုသနည်းတွေအနေနဲ့ဆို

Punch excision – လို့ခေါ်တဲ့နည်းမှာဆို ဒီအဖုလေးတွေကို အပေါက်ကလေးတွေဖောက်ပြီး အောက်ကအဆီကျိတ်လေးကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ ပြီးရင်အပေါက်ကိုပြန်ဖာပေးလိုက်တယ်။ ကောင်းတာက နောက်တစ်ခေါက်ပြန်မဖြစ်နိုင်ပေမဲ့ အမာရွတ်တော့ ကျန်ခဲ့နိုင်ပါတယ်။

Cauterisation – ဒီကုသနည်းကို diathermy တို့တယ်လို့လည်း ခေါ်ပါတယ်။ အရေပြားဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ ခွဲစိတ်ဆရာဝန် စတဲ့ ဆရာဝန်တစ်ဦးဦးက ထုံဆေးပေးပြီး အဖုလေးတွေကိုလျှပ်စစ်နဲ့ တို့ပြီးလောင်ကျွမ်းစေတာဖြစ်ပါတယ်။ လုပ်တာလည်း ခဏပဲကြာသလို တစ်ခါတည်းနဲ့လည်း ပျောက်ကင်းတတ်ပါတယ်။ ဆိုးတာကတော့ အမာရွတ်ကျန်နိုင်တာပါ။

Laser vaporization – CO2 လေဆာပစ်တဲ့နည်းကို အသုံးများပါတယ်။ သူလည်း အဖုအကျိတ်ကို အပူပေးပြီး လောင်ကျွမ်းပျောက်ကွယ်စေတဲ့ ကုသနည်းဖြစ်ပါတယ်။ ပျောက်လည်းပျောက်တယ်၊ အမာရွတ်လည်း သိပ်မကျန်ဘူးဆိုပေမဲ့ အကုန်အကျတော့ပိုများပါတယ်။

နောက်ပြီး သောက်ဆေးရော၊ လေဆာပါတွဲသုံးပြီး ကုတဲ့ photodynamic therapy ဆိုတဲ့ကုသနည်းအသစ်လည်းရှိပါတယ်။  ဘေးထွက်ဆိုးကျိုးအနေနဲ့ဆို ကုသပြီးယားယံကျန်ခဲ့တာ၊ ရက်ပိုင်းလောက်အထိ နာကျင်နေတာ တွေဖြစ်နိုင်ပါတယ်။ ဒီလိုခွဲစိတ်ကုသနည်းတွေမဟုတ်ပဲ နိုက်ထရိုဂျင်ဓာတ်ငွေ့နဲ့ ခဲစေပြီးဖယ်ထုတ်တဲ့နည်း၊ လိမ်းဆေးနဲ့ ကုသတဲ့နည်း၊ သောက်ဆေးပေးပြီးကုသတဲ့နည်းတွေလည်းရှိပါတယ်။

အပေါ်မှာပြောခဲ့သလို ဒီ Fordyce spots တွေက အဆီကျိတ်ကလေးတွေဖြစ်တာမို့လို့ အဆီထုတ်တာနည်းသွားရင်သက်သာသွားမှာပါ။ ဒီအတွက် anti-serum cream တွေလိမ်းပေးလို့ရတယ်။ နောက်ပြီးကိုယ်နဲ့ တည့်တဲ့ အလှကုန်ပဲ သုံးတာကောင်းပါတယ်။ မတည့်တဲ့ ဓာတုပစ္စည်းတစ်ခုခုပါလာရင်လည်း အဖုတွေပိုထွက်လာတတ်ပါတယ်။ နောက်ပြီး အရေပြားကို ဂရုစိုက်ပါ။ အစိုဓာတ်ကိုထိန်းသိမ်းနိုင်ဖို့ မကြာမကြာရေသောက်ပေးပါ၊ အသီးအနှံတွေများများစားပေးပါ။

အချုပ်အားဖြင့် ပြောရရင်ဒီဆောင်းကို လိင်အင်္ဂါရေယုန်နဲ့ Fordyce spots မှားမှာစိုးတဲ့အတွက်ကြောင့်ရေးသားရတာဖြစ်ပါတယ်။ တစ်ခုက ကုသဖို့လိုအပ်ပြီး နောက်တစ်ခုက မကုသလည်း ရတဲ့အခြေအနေရှိတယ်၊ နောက်ပြီးစိတ်ပူပြီးကိုယ့်ဖာသာ သွားညှစ်မိလိုက်ရင် မလိုအပ်တဲ့နောက်ဆက်တွဲ အခြေအနေတွေ ဥပမာ ပိုးဝင်တာမျိုးဖြစ်လာနိုင်တယ်။တကယ်လို့ ကိုယ့်ဖာသာမသေချာဘူးဖြစ်နေတယ်ဆို ဆရာဝန်နဲ့ သွားပြပါလို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။

Dr. Wayne

 

 

 

 

 

 

 

 

 

 

 

Previous Post

အခုတော့အတိုအပြတ်တွေဝတ်လို့ရခဲ့ပြီ

Next Post

အဆီပြန်သော သင့်အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
750
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆီပြန်သော သင့်အသားအရေကို ဘယ်လိုဂရုစိုက်ရမလဲ။

ယားယံစေတဲ့ အရေပြားပေါ်က အဖုအပိမ့်တွေ

ခုမှ သိတော့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.