(Zawgyi)
အမ်ဳိးသမီးမ်ားအဖို႔ကိုယ္ဝန္ေဆာင္ေနစဥ္ အမ်ဳိးသားအလိုလိုက္အတူေနရန္ ခြင့္ျပဳခ်င္ေသာ္လည္း မိမိကိုယ္ဝန္အတြက္အႏၲရာယ္ကင္းရဲ႕လား ဟူေသာစိုးရိမ္စိတ္ကရွိတတ္ၾကပါတယ္။`ကိုယ္ဝန္ပ်က္က်မလား´?ကေလးအေပၚထိခိုက္မလား ဟုူေသာေမးခြန္းမ်ား ေမးေလ့ရွိပါတယ္။
(1)ကိုယ္ဝန္ေဆာင္စဥ္လိင္ဆက္ဆံျခင္းသည္အႏၲရာယ္ကင္းရဲ႕လား?
ပံုမွန္ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံနိုင္ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္သေႏၶသားကို မိခင္ဝမ္းဗိုက္နွင့္သားအိမ္မွကာကြယ္ထားၿပီးေရမႊာရည္သည္ ေဖာ့တံုးကဲ့သို႔ကာကြယ္မူေပးထားေသာေၾကာင့္ျဖစ္ပါတယ္။ သို႔ေသာ္ ေမြးခါနီးကိုယ္ဝန္ေဆာင္ကာလတြင္လိင္ဆက္ဆံရန္မသင့္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ သုတ္ရည္အတြင္းရွိေဟာ္မုန္းသည္ ကေလးမီးဖြားရန္သားအိမ္အက်ဳ႔ံအဆန္႔ကိုျဖစ္ေစေသာေၾကာင့္လမေစ့ပဲေမြးဖြားေစနိုင္ပါတယ္။
(2)မည္သည့္အေၾကာင္းအခ်က္မ်ားေၾကာင့္ကိုယ္ဝန္ေဆာင္စဥ္လိင္ဆက္ဆံျခင္းမျပဳလုပ္သင့္သလဲ?
ဆရာဝန္မ်ားအေနျဖင့္အဆိုပါေမးခြန္းေျဖရန္လူနာရဲ႕ကိုယ္ဝန္ေဆာင္ရာဇဝင္ကိုအေသးစိတ္ေမးရန္လိုအပ္ပါတယ္။
-ကိုယ္ဝန္ေဆာင္အေနျဖင့္ ကိုယ္ဝန္ပ်က္က်ဖူးေသာရာဇဝင္ရွိခဲ့လ်ွင္
-လမေစ့ဘဲေမြးဖြားနိုင္ေသာအျခားေသာအေၾကာင္းရင္းမ်ားရွိခဲ့လ်ွင္
-အေၾကာင္းရင္းမေတြ႕ဘဲ ေသြးဆင္းျခင္း၊အျဖဴဆင္းျခင္းနွင့္ကိုက္ခဲ ျခင္းရွိခဲ့လ်ွင္
-ေရမႊာေရစိမ့္ေနျခင္း
-သားအိမ္ေခါင္းေစာပြင့္ျခင္း
-အခ်င္းေရွ႕ေရာက္ျခင္း
-အမႊာကိုယ္ဝန္လြယ္ထားရျခင္းစေသာ
အထက္ပါအခ်က္မ်ားသာရွိခဲ့လ်ွင္လိင္ဆက္ဆံျခင္းကို ျပဳလုပ္ရန္မသင့္ေပ။အႏၲရာယ္ရွိေၾကာင္းသိထားသင့္ပါတယ္။
(3)ကိုယ္ဝန္ေဆာင္နွင့္လိင္စိတ္
အမ်ဳိးသမီးမ်ားအဖို႔ ကိုယ္ဝန္ေဆာင္စဥ္ျဖစ္ေပၚလာေသာလိင္စိတ္သည္တစ္ဦးနွင့္တစ္ဦးခံစားခ်က္မတူပါ။အခ်ဳိ႕အမ်ဳိးသမီးမ်ားသည္ ကိုယ္ဝန္ေဆာင္စဥ္ႀကံဳေတြ႕ရေသာအခက္အခဲ ျပႆနာမ်ားေၾကာင့္လိင္ဆက္ဆံရန္စိတ္ေလ်ာ့နည္းေပ်ာက္ကြယ္တတ္ၾကပါတယ္။အခ်ဳိ႕မူပံုမွန္အတ္ုင္းဆက္ဆံရန္စိတ္ျဖစ္ေပၚတတ္ပါတယ္။ခံစားမူနွင့္အတူရင္သားဖြံၿဖိဳးမူပါျဖစ္ေပၚေစပါတယ္။လိင္ဆက္ဆံစဥ္သက္ေတာင့္သက္သာအေနအထားျဖင့္သာဆက္ဆံရန္လိုအပ္ပါတယ္။ျပင္းထန္စြာဆက္ဆံျခင္းေရွာင္က်ဥ္ပါ။အဓိကအေရးႀကီးေသာအခ်က္မွာမိမိရဲ႕ဆက္ဆံေဖာ္မွတဆင့္လိင္ေၾကာင့္ကူးစက္တတ္ေသာေရာဂါမ်ားဥပမာ HIV၊ကာလသားပိုး၊ေရယုန္စေသာေရာဂါမ်ားကူးစက္မူကာကြယ္ရန္လိုအပ္လ်ွင္ကြန္ဒံုးသံုးသင့္ပါတယ္။အဆိုပါပိုးကူးစက္ခဲ့ပါက သေနၶသားကေလးပါ အလြယ္တကူကူးစက္ႏုိင္ပါတယ္။
(4)မီးဖြားၿပီးစဆက္ဆံျခင္း
မီးဖြားၿပီးပထမရက္သတၲပတ္၆ပတ္ကာလသည္လိင္စိတ္ေလ်ာ့နည္းတတ္ပါတယ္။အဘယ္ေၾကာင့္ဆိုေသာ္
-ခ်ဳပ္ရုိးနာက်င္ျခင္း
-ရာသီေသြးဆင္းျခင္း
-နို႔တိုက္ေနေသာေၾကာင့္အားအင္ေလ်ာ့နည္းျခင္း
-ေဟာ္မုန္းေျပာင္းလဲ ျခင္း
-ကေလးအေပၚမိခင္စိတ္ျဖစ္ေပၚျခင္းတို႔ေၾကာင့္ျဖစ္နိုင္ပါတယ္။
ေမြးဖြားၿပီး၄၅ရက္ျပည့္ၿပီးေနာက္ပိုင္းမွလိင္ဆက္ဆံသင့္ပါတယ္။ထိုအခ်ိန္သည္သားအိမ္အေနအထားမူလအတိုင္းျပန္လည္ေရာက္ရွိၿပီး စိတိေရာကိုယ္ပါက်န္းမာေသာအေနအထားျဖစ္ပါတယ္။
Dr. ျပည့္ရွင္း
(Unicode)
အမျိုးသမီးများအဖို့ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသားအလိုလိုက်အတူနေရန် ခွင့်ပြုချင်သော်လည်း မိမိကိုယ်ဝန်အတွက်အန္တရာယ်ကင်းရဲ့လား ဟူသောစိုးရိမ်စိတ်ကရှိတတ်ကြပါတယ်။`ကိုယ်ဝန်ပျက်ကျမလား´?ကလေးအပေါ်ထိခိုက်မလား ဟုူသောမေးခွန်းများ မေးလေ့ရှိပါတယ်။
(1)ကိုယ်ဝန်ဆောင်စဉ်လိင်ဆက်ဆံခြင်းသည်အန္တရာယ်ကင်းရဲ့လား?
ပုံမှန်ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံနိုင်ပါသည်။အဘယ်ကြောင့်ဆိုသော်သန္ဓေသားကို မိခင်ဝမ်းဗိုက်နှင့်သားအိမ်မှကာကွယ်ထားပြီးရေမွှာရည်သည် ဖော့တုံးကဲ့သို့ကာကွယ်မူပေးထားသောကြောင့်ဖြစ်ပါတယ်။သို့သော် မွေးခါနီးကိုယ်ဝန်ဆောင်ကာလတွင်လိင်ဆက်ဆံရန်မသင့်ပါ။အဘယ်ကြောင့်ဆိုသော် သုတ်ရည်အတွင်းရှိဟော်မုန်းသည် ကလေးမီးဖွားရန်သားအိမ်အကျု့အဆန့်ကိုဖြစ်စေသောကြောင့်လမစေ့ပဲမွေးဖွားစေနိုင်ပါတယ်။
(2)မည်သည့်အကြောင်းအချက်များကြောင့်ကိုယ်ဝန်ဆောင်စဉ်လိင်ဆက်ဆံခြင်းမပြုလုပ်သင့်သလဲ?
ဆရာဝန်များအနေဖြင့်အဆိုပါမေးခွန်းဖြေရန်လူနာရဲ့ကိုယ်ဝန်ဆောင်ရာဇဝင်ကိုအသေးစိတ်မေးရန်လိုအပ်ပါတယ်။
-ကိုယ်ဝန်ဆောင်အနေဖြင့် ကိုယ်ဝန်ပျက်ကျဖူးသောရာဇဝင်ရှိခဲ့လျှင်
-လမစေ့ဘဲမွေးဖွားနိုင်သောအခြားသောအကြောင်းရင်းများရှိခဲ့လျှင်
-အကြောင်းရင်းမတွေ့ဘဲ သွေးဆင်းခြင်း၊အဖြူဆင်းခြင်းနှင့်ကိုက်ခဲ ခြင်းရှိခဲ့လျှင်
-ရေမွှာရေစိမ့်နေခြင်း
-သားအိမ်ခေါင်းစောပွင့်ခြင်း
-အချင်းရှေ့ရောက်ခြင်း
-အမွှာကိုယ်ဝန်လွယ်ထားရခြင်းစသော
အထက်ပါအချက်များသာရှိခဲ့လျှင်လိင်ဆက်ဆံခြင်းကို ပြုလုပ်ရန်မသင့်ပေ။အန္တရာယ်ရှိကြောင်းသိထားသင့်ပါတယ်။
(3)ကိုယ်ဝန်ဆောင်နှင့်လိင်စိတ်
အမျိုးသမီးများအဖို့ ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ်လာသောလိင်စိတ်သည်တစ်ဦးနှင့်တစ်ဦးခံစားချက်မတူပါ။အချို့အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရသောအခက်အခဲ ပြဿနာများကြောင့်လိင်ဆက်ဆံရန်စိတ်လျော့နည်းပျောက်ကွယ်တတ်ကြပါတယ်။အချို့မူပုံမှန်အတ်ုင်းဆက်ဆံရန်စိတ်ဖြစ်ပေါ်တတ်ပါတယ်။ခံစားမူနှင့်အတူရင်သားဖွံဖြိုးမူပါဖြစ်ပေါ်စေပါတယ်။လိင်ဆက်ဆံစဉ်သက်တောင့်သက်သာအနေအထားဖြင့်သာဆက်ဆံရန်လိုအပ်ပါတယ်။ပြင်းထန်စွာဆက်ဆံခြင်းရှောင်ကျဉ်ပါ။အဓိကအရေးကြီးသောအချက်မှာမိမိရဲ့ဆက်ဆံဖော်မှတဆင့်လိင်ကြောင့်ကူးစက်တတ်သောရောဂါများဥပမာ HIV၊ကာလသားပိုး၊ရေယုန်စသောရောဂါများကူးစက်မူကာကွယ်ရန်လိုအပ်လျှင်ကွန်ဒုံးသုံးသင့်ပါတယ်။အဆိုပါပိုးကူးစက်ခဲ့ပါက သန္ဓေသားကလေးပါ အလွယ်တကူကူးစက်နိုင်ပါတယ်။
(4)မီးဖွားပြီးစဆက်ဆံခြင်း
မီးဖွားပြီးပထမရက်သတ္တပတ်၆ပတ်ကာလသည်လိင်စိတ်လျော့နည်းတတ်ပါတယ်။အဘယ်ကြောင့်ဆိုသော်
-ချုပ်ရိုးနာကျင်ခြင်း
-ရာသီသွေးဆင်းခြင်း
-နို့တိုက်နေသောကြောင့်အားအင်လျော့နည်းခြင်း
-ဟော်မုန်းပြောင်းလဲ ခြင်း
-ကလေးအပေါ်မိခင်စိတ်ဖြစ်ပေါ်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။
မွေးဖွားပြီး၄၅ရက်ပြည့်ပြီးနောက်ပိုင်းမှလိင်ဆက်ဆံသင့်ပါတယ်။ထိုအချိန်သည်သားအိမ်အနေအထားမူလအတိုင်းပြန်လည်ရောက်ရှိပြီး စိတိရောကိုယ်ပါကျန်းမာသောအနေအထားဖြစ်ပါတယ်။
Dr. ပြည့်ရှင်း