fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ပန်းသေပန်းညှိုးရောဂါ

944
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ေယာက္်ားေတြမွာအျဖစ္မ်ားသေလာက္ ေယာက်္ားတိုင္းစိုးရိမ္ပူပင္ေၾကာက္႐ြံေနတတ္တဲ့ေရာဂါမွာ ပန္းေသပန္း ညႇိဳး (Loss of Libido) ပဲျဖစ္တယ္။

ပန္းေသပန္းညႇိဳးျပႆနာ
အမ်ိဳးသားေတြမွာ အေရးႀကီးတဲ့ျပႆနာတစ္ရပ္ျဖစ္ေလ့ရွိပါတယ္။ မိမိကိုယ္မိမိ ပန္းေသပန္းညႇိဳးျဖစ္ေနတယ္ ဆိုၿပီး ဟိုေဆးေကာင္းႏိုး၊ သည္ေဆးေကာင္းႏိုးနဲ႔ နည္းေပါင္းစုံလိုက္လံစမ္းသပ္သုံး စြဲေနရသူမ်ားမနည္းလွပါ။ အခ်ိဳ႕ကလည္း ပန္းေသပန္းညႇိဳးထက္ ပိုမိုစြမ္းေဆာင္ႏိုင္တဲ့ေဆးသုံးလိုၾကတယ္။

ပန္းေသပန္းညႇိဳးျခင္းမရွိေစဖို႔ အစြမ္းထက္မယ္ထင္တဲ့ေကာင္းႏိုးရာရာ အစာေတြ၊ ဥပမာ ၾကက္ဥ၊ ႏြားႏို႔၊ ဖီးၾကမ္း ငွက္ေပ်ာသီး၊ ႏွမ္းလုံးႀကိဳင္၊ ခိုေသြး၊ ေမ်ာက္ေသြး၊ ႏြားသိုး၊ ဖ်ံသို၊ ဝံသို၊ ဆိတ္ေဝွးေစ့၊ ႏြားကေလးဦးေႏွာက္၊ အိမ္ေျမႇာင္၊ ေတာက္တဲ့တို႔ရဲ႕အသား၊ တိုက္ေလွာင္ကြမ္းသီးတို႔ အမ်ိဳးမ်ိဳးစမ္းသပ္စားေသာက္ေနၾကတယ္။ ထူးျခားမႈရွိသလို၊ မရွိတာလည္းမ်ားတယ္။ ေခြးေလွးယားသီးအေစ့ကို ေနလွန္းအမႈန႔္ေထာင္းေသာက္သူလည္း ရွိၾကတယ္။ အခ်ိဳ႕ေယာက်္းေဟာ္မုန္းပါ စားေဆး၊ ထိုးေဆးတို႔အၿမဲမျပတ္မွီဝဲၿပီးေနသူေတြလည္း ရွိတယ္။

ပန္းေသပန္းညႇိဳးျခင္းဆိုတာ
ေယာက်္ားတစ္ေယာက္အေနနဲ႔ လိင္ဆက္ဆံမႈ တိုင္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္ ႏိုင္ျခင္းျဖစ္တယ္။ အမ်ိဳးမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။
(၁) လိင္ဆက္ဆံမႈျပဳဖို႔ အာသီသျပင္းျပေသာ္လည္း လိင္ဆက္ဆံမႈစတင္ဖို႔ လိင္တံေတာင့္တင္းမႈမရွိျခင္း၊
(၂) လိင္တံေတာင့္တင္းလာေပမယ့္ လိင္ဆက္ဆံမႈၿပီးတဲ့အထိထိန္းမထားႏိုင္ဘဲ တခဏအတြင္းေပ်ာ့သြားတတ္ ျခင္း၊
(၃) အမ်ိဳးသမီးႏွင့္မဆက္ဆံမီ (သို႔) မိမိေက်နပ္ေလာက္ေအာင္လႈပ္ရွာမႈမၿပီးမီ သုက္ထြက္သြားျခင္း၊
(၄) လိင္ဆက္ဆံမႈၿပီးပါလ်က္ သုက္လုံးဝမထြက္ျခင္းေၾကာင့္ ေက်နပ္မႈမရွိျခင္းပဲျဖစ္တယ္။ ႏွစ္မ်ိဳးခြဲႏိုင္တယ္ (က)ယာယီပန္းေသျခင္း (အေျခအေန၊ ေနရာေဒသ၊ အခ်ိန္အခါအလိုက္ တစ္ခါတစ္ရံ ပန္းေသျခင္းမ်ိဳးျဖစ္ တယ္။ (ခ)ထာဝရပန္းေသျခင္း (ဘယ္ေနရာေဒသ၊ အခ်ိန္အခါ၊ အေျခအေန၊ မည္သူနဲ႔မဆို လုံးဝလိင္မဆက္ဆံ ႏိုင္ပါ)

ပန္းေသပန္းညႇိဳးျခင္း၏အရင္းခံ
ပန္းေသပန္းညႇိဳးျခင္း၏အဓိက အရင္းခံမွာ စိတ္ေၾကာင့္ပဲျဖစ္တယ္။ ပန္းေသပန္းညႇိဳးျခင္းရဲ႕ အေျခအျမစ္ဟာ လိင္ကိစၥမ်ားစိုး႐ြံ႕ျခင္း (Sexual Inferiority) ျဖစ္တယ္။ ပန္းေသပန္းညႇိဳးသူ ၈၀% မွာလြဲမွားတဲ့အယူအဆတို႔နဲ႔ စိတ္အေႏွာင့္အယွက္ျဖစ္ေနရာမွ ပန္းေသပန္းညႇိဳးရေလတယ္။
(၁) လိင္ကိစၥနဲ႔ပတ္သက္ၿပီး ရွက္ေၾကာက္မႈလြန္ကဲျခင္း၊ အယူသည္းျခင္း၊ လိင္ကိစၥကိုအျပစ္ႀကီးတစ္ခု၊ မ ေကာင္းမႈဒုစ႐ိုက္ႀကီးတစ္ရပ္အေနျဖင့္ ထင္ျမင္ေနပါတယ္။
(၂) ငယ္စဥ္ကသဘာဝမက်တဲ့ သုက္လႊတ္ျခင္းေတြျပဳလုပ္ခဲ့ျခင္းေၾကာင့္ ဤေရာဂါရမယ္လို႔ပူပန္ေနပါတယ္။
(၃) မိမိရဲ႕ လိင္အဂၤါကိုသူမ်ားထက္ေသးတယ္လို႔ ယူဆလို႔ လိင္ဆက္ဆံရင္ေအာင္ျမင္စြာ ရရွိမယ္ထင္ၿပီး အဂၤါ ႀကီးေဆး (Cilicon) ဆီလီကြန္ပတ္လည္ထိုးၿပီး လိင္ကိစၥအဆင္မေျပျခင္းရွိေနတယ္။
(၄) ေယာက်္ားျဖစ္ပါလ်က္ မိန္းမစိတ္ဝင္ျခင္း မိန္းမလွ်ာျဖစ္ျခင္း၊
(၅) လိင္ဆက္ဆံမႈျပဳရင္ ကေလးရမယ္၊ လူမိမွာကိုစိုးရိမ္ေၾကာက္လန႔္ျခင္း။
(၆) အိမ္ေထာက္က်ကာစမွာ တစ္ဦးနဲ႔တစ္ဦး လိင္ကိစၥအေပးအယူမမွ်တျခင္း၊ လိင္သဘာဝနားမလည္ျခင္း၊ က်င့္သားေရမဝေသးျခင္း။
(၇) အိမ္ေထာင္သည္မ်ားမွာ ပတ္ဝန္းက်င္ စီးပြားေရး၊ လူမႈေရးျပႆနာအ၀၀နဲ႔ ရင္ဆိုင္ေနရျခင္း။
(၈) အိမ္ေထာင္သည္ တစ္ဦးနဲ႔တစ္ဦး ခ်စ္ခင္ယုယမႈမရွိျခင္း၊ လိင္ဆက္ဆံမႈကို ခ်စ္ေမတၱာနဲ႔မျပဳဘဲ၊ အိမ္ေထာင္ က်ရင္မျဖစ္မေနလုပ္ရတဲ့ လုပ္႐ိုးလုပ္စဥ္တစ္ရပ္လို႔ ယူဆၿပီး စိတ္မပါျခင္း။
(၉) မ်ားျပားလွတဲ့ အျခားလူ႔ေဘာင္ကိစၥအ၀၀ေၾကာင့္ စိတ္ပင္ပန္းေနျခင္း၊ စိတ္ညစ္ေနရျခင္းျဖစ္တယ္။

ပန္းေသပန္းညႇိဳးေစတဲ့ေရာဂါမ်ား
ပန္းေသပန္းညႇိဳးျခင္းဟာ စိတ္ေၾကာင့္သာအဓိကျဖစ္ေပမယ့္ ေအာက္ပါေရာဂါအေျခအေနေၾကာင့္ ျဖစ္ရတတ္ပါ တယ္။
(၁) ဆီးခ်ိဳေရာဂါ၊ ကာလသားေရာဂါတို႔ေၾကာင့္ အာ႐ုံေၾကာမ်ားပ်က္စီးျခင္း
(၂) ဦးေႏွာက္ရွိ ဟိုက္ပိုသဲလမတ္မွာ ေရာဂါရျခင္း
(၃) အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္းတစ္ခုလုံး အေၾကာေသေနျခင္း
(၄) နာတာရွည္ေရာဂါတစ္ခုခု ဥပမာ- အဆုတ္နာေရာဂါေၾကာင့္ ခႏၶာကိုယ္အားနည္းလြန္းျခင္း
(၅) ေမြးကတည္းက လိင္အဂၤါမ်ားခြၽတ္ယြင္းေနျခင္း
(၆) လိင္အဂၤါအနာေပါက္ျခင္း၊ လိင္တံကင္ဆာျဖစ္ျခင္း
(၇) ဆင္ေျခေထာက္ေရာဂါ၊ မုတၱ (ေရမုန႔္) ေရာဂါေတြေၾကာင့္ ဒုကၡေရာက္ရျခင္း
(၈) လြန္စြာအိုမင္းမစြမ္းျဖစ္ေနျခင္း
(၉) အလြန္အမင္း အလုပ္ပင္ပန္းျခင္း
(၁၀) အရက္၊ ဘီယာ၊ ကြမ္းယာ၊ အရက္အေသာက္မ်ားျခင္းတို႔ပါဝင္ပါတယ္။

ပန္းေသပန္းညႇိဳးကင္းေစဖို႔
ပန္းေသပန္းညႇိဳးျခင္းမွကင္းေစဖို႔ ဆင္ျခင္လိုက္နာသင့္လွပါတယ္။
(၁) မည္သည့္အေၾကာင္းနဲ႔မဆို လိင္ကိစၥကိုပူပန္စိုး႐ြံ႕မႈမ်ားကို တက္ႏိုင္သမွ်ဖယ္ရွားပစ္သင့္တယ္။
(၂) လိင္သဘာဝနဲ႔ပတ္သက္ၿပီး မွန္ကန္တိက်ေအာင္ နားလည္ထားဖို႔လိုအပ္လွပါတယ္။
(၃) မိမိရဲ႕ လိင္အဂၤါဟာလူစဥ္မမီျဖစ္ေနတယ္၊ သူတစ္ပါးထက္ေသးတယ္လို႔ မယူဆသင့္ပါ။ သူလိုကိုယ္လိုပဲ ျဖစ္တယ္။
(၄) သုေတသနအရ သဘာဝမက်တဲ့ သုက္လႊတ္ျခင္း၊ မိမိလက္နဲ႔အာသာေျဖျခင္း၊ “တန္ေဆးလြန္ေဘး” မျဖစ္ သင့္ပါ။
(၅) အိမ္ေထာင္သည္မ်ား တစ္ဦးနဲ႔တစ္ဦး ခ်စ္ခင္ယုယစြာျဖင့္နားလည္မႈ အျပည့္အဝရွိၾကဖို႔လိုအပ္ပါတယ္။
(၆) မ်ားျပားလွတဲ့ လုပ္ငန္းေဆာင္တာမ်ားနဲ႔ တာဝန္ပိေနျခင္းေၾကာင့္ လိင္ကိစၥမွာ စိတ္ပါဝင္စားမႈနည္းေနတတ္ တာသတိျပဳသင့္ပါတယ္။
(၇) သည္လိုစိတ္ေနစိတ္ထားကို ျပဳျပင္ေပးျခင္း၊ လိင္သဘာဝကိုတိက်မွန္ကန္နားမလည္ျခင္း၊ ေရာဂါရွိျခင္းျဖစ္ တယ္။
(၈) အျခားေရာဂါမ်ားမရွိဘဲ ပန္းေသပန္းညႇိဳးျခင္းျဖစ္ေနေသးပါက စိတ္ပညာရွင္၊ မိသားစုဆရာဝန္တို႔နဲ႔ ျပသ တိုင္ပင္သင့္ပါတယ္။ “ႏွစ္သိမ့္ေဆြးေႏြးမႈေတြ” လုပ္ေပးသင့္ပါတယ္။

Author – ေဒါက္တာလြင္သန႔္

(Unicode)

ယောက်ျားတွေမှာအဖြစ်များသလောက် ယောကျ်ားတိုင်းစိုးရိမ်ပူပင်ကြောက်ရွံနေတတ်တဲ့ရောဂါမှာ ပန်းသေပန်း ညှိုး (Loss of Libido) ပဲဖြစ်တယ်။

ပန်းသေပန်းညှိုးပြဿနာ

အမျိုးသားတွေမှာ အရေးကြီးတဲ့ပြဿနာတစ်ရပ်ဖြစ်လေ့ရှိပါတယ်။ မိမိကိုယ်မိမိ ပန်းသေပန်းညှိုးဖြစ်နေတယ် ဆိုပြီး ဟိုဆေးကောင်းနိုး၊ သည်ဆေးကောင်းနိုးနဲ့ နည်းပေါင်းစုံလိုက်လံစမ်းသပ်သုံး စွဲနေရသူများမနည်းလှပါ။ အချို့ကလည်း ပန်းသေပန်းညှိုးထက် ပိုမိုစွမ်းဆောင်နိုင်တဲ့ဆေးသုံးလိုကြတယ်။

ပန်းသေပန်းညှိုးခြင်းမရှိစေဖို့ အစွမ်းထက်မယ်ထင်တဲ့ကောင်းနိုးရာရာ အစာတွေ၊ ဥပမာ ကြက်ဥ၊ နွားနို့၊ ဖီးကြမ်း ငှက်ပျောသီး၊ နှမ်းလုံးကြိုင်၊ ခိုသွေး၊ မျောက်သွေး၊ နွားသိုး၊ ဖျံသို၊ ဝံသို၊ ဆိတ်ဝှေးစေ့၊ နွားကလေးဦးနှောက်၊ အိမ်မြှောင်၊ တောက်တဲ့တို့ရဲ့အသား၊ တိုက်လှောင်ကွမ်းသီးတို့ အမျိုးမျိုးစမ်းသပ်စားသောက်နေကြတယ်။ ထူးခြားမှုရှိသလို၊ မရှိတာလည်းများတယ်။ ခွေးလှေးယားသီးအစေ့ကို နေလှန်းအမှုန့်ထောင်းသောက်သူလည်း ရှိကြတယ်။ အချို့ယောကျ်းဟော်မုန်းပါ စားဆေး၊ ထိုးဆေးတို့အမြဲမပြတ်မှီဝဲပြီးနေသူတွေလည်း ရှိတယ်။

ပန်းသေပန်းညှိုးခြင်းဆိုတာ

ယောကျ်ားတစ်ယောက်အနေနဲ့ လိင်ဆက်ဆံမှု တိုင်းအောင်မြင်အောင် ဆောင်ရွက် နိုင်ခြင်းဖြစ်တယ်။ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။
(၁) လိင်ဆက်ဆံမှုပြုဖို့ အာသီသပြင်းပြသော်လည်း လိင်ဆက်ဆံမှုစတင်ဖို့ လိင်တံတောင့်တင်းမှုမရှိခြင်း၊
(၂) လိင်တံတောင့်တင်းလာပေမယ့် လိင်ဆက်ဆံမှုပြီးတဲ့အထိထိန်းမထားနိုင်ဘဲ တခဏအတွင်းပျော့သွားတတ် ခြင်း၊
(၃) အမျိုးသမီးနှင့်မဆက်ဆံမီ (သို့) မိမိကျေနပ်လောက်အောင်လှုပ်ရှာမှုမပြီးမီ သုက်ထွက်သွားခြင်း၊
(၄) လိင်ဆက်ဆံမှုပြီးပါလျက် သုက်လုံးဝမထွက်ခြင်းကြောင့် ကျေနပ်မှုမရှိခြင်းပဲဖြစ်တယ်။ နှစ်မျိုးခွဲနိုင်တယ် (က)ယာယီပန်းသေခြင်း (အခြေအနေ၊ နေရာဒေသ၊ အချိန်အခါအလိုက် တစ်ခါတစ်ရံ ပန်းသေခြင်းမျိုးဖြစ် တယ်။ (ခ)ထာဝရပန်းသေခြင်း (ဘယ်နေရာဒေသ၊ အချိန်အခါ၊ အခြေအနေ၊ မည်သူနဲ့မဆို လုံးဝလိင်မဆက်ဆံ နိုင်ပါ)

ပန်းသေပန်းညှိုးခြင်း၏အရင်းခံ

ပန်းသေပန်းညှိုးခြင်း၏အဓိက အရင်းခံမှာ စိတ်ကြောင့်ပဲဖြစ်တယ်။ ပန်းသေပန်းညှိုးခြင်းရဲ့ အခြေအမြစ်ဟာ လိင်ကိစ္စများစိုးရွံ့ခြင်း (Sexual Inferiority) ဖြစ်တယ်။ ပန်းသေပန်းညှိုးသူ ၈၀% မှာလွဲမှားတဲ့အယူအဆတို့နဲ့ စိတ်အနှောင့်အယှက်ဖြစ်နေရာမှ ပန်းသေပန်းညှိုးရလေတယ်။
(၁) လိင်ကိစ္စနဲ့ပတ်သက်ပြီး ရှက်ကြောက်မှုလွန်ကဲခြင်း၊ အယူသည်းခြင်း၊ လိင်ကိစ္စကိုအပြစ်ကြီးတစ်ခု၊ မ ကောင်းမှုဒုစရိုက်ကြီးတစ်ရပ်အနေဖြင့် ထင်မြင်နေပါတယ်။
(၂) ငယ်စဉ်ကသဘာဝမကျတဲ့ သုက်လွှတ်ခြင်းတွေပြုလုပ်ခဲ့ခြင်းကြောင့် ဤရောဂါရမယ်လို့ပူပန်နေပါတယ်။
(၃) မိမိရဲ့ လိင်အင်္ဂါကိုသူများထက်သေးတယ်လို့ ယူဆလို့ လိင်ဆက်ဆံရင်အောင်မြင်စွာ ရရှိမယ်ထင်ပြီး အင်္ဂါ ကြီးဆေး (Cilicon) ဆီလီကွန်ပတ်လည်ထိုးပြီး လိင်ကိစ္စအဆင်မပြေခြင်းရှိနေတယ်။
(၄) ယောကျ်ားဖြစ်ပါလျက် မိန်းမစိတ်ဝင်ခြင်း မိန်းမလျှာဖြစ်ခြင်း၊
(၅) လိင်ဆက်ဆံမှုပြုရင် ကလေးရမယ်၊ လူမိမှာကိုစိုးရိမ်ကြောက်လန့်ခြင်း။
(၆) အိမ်ထောက်ကျကာစမှာ တစ်ဦးနဲ့တစ်ဦး လိင်ကိစ္စအပေးအယူမမျှတခြင်း၊ လိင်သဘာဝနားမလည်ခြင်း၊ ကျင့်သားရေမဝသေးခြင်း။
(၇) အိမ်ထောင်သည်များမှာ ပတ်ဝန်းကျင် စီးပွားရေး၊ လူမှုရေးပြဿနာအ၀၀နဲ့ ရင်ဆိုင်နေရခြင်း။
(၈) အိမ်ထောင်သည် တစ်ဦးနဲ့တစ်ဦး ချစ်ခင်ယုယမှုမရှိခြင်း၊ လိင်ဆက်ဆံမှုကို ချစ်မေတ္တာနဲ့မပြုဘဲ၊ အိမ်ထောင် ကျရင်မဖြစ်မနေလုပ်ရတဲ့ လုပ်ရိုးလုပ်စဉ်တစ်ရပ်လို့ ယူဆပြီး စိတ်မပါခြင်း။
(၉) များပြားလှတဲ့ အခြားလူ့ဘောင်ကိစ္စအ၀၀ကြောင့် စိတ်ပင်ပန်းနေခြင်း၊ စိတ်ညစ်နေရခြင်းဖြစ်တယ်။

ပန်းသေပန်းညှိုးစေတဲ့ရောဂါများ

ပန်းသေပန်းညှိုးခြင်းဟာ စိတ်ကြောင့်သာအဓိကဖြစ်ပေမယ့် အောက်ပါရောဂါအခြေအနေကြောင့် ဖြစ်ရတတ်ပါ တယ်။
(၁) ဆီးချိုရောဂါ၊ ကာလသားရောဂါတို့ကြောင့် အာရုံကြောများပျက်စီးခြင်း
(၂) ဦးနှောက်ရှိ ဟိုက်ပိုသဲလမတ်မှာ ရောဂါရခြင်း
(၃) အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အကြောသေနေခြင်း
(၄) နာတာရှည်ရောဂါတစ်ခုခု ဥပမာ- အဆုတ်နာရောဂါကြောင့် ခန္ဓာကိုယ်အားနည်းလွန်းခြင်း
(၅) မွေးကတည်းက လိင်အင်္ဂါများချွတ်ယွင်းနေခြင်း
(၆) လိင်အင်္ဂါအနာပေါက်ခြင်း၊ လိင်တံကင်ဆာဖြစ်ခြင်း
(၇) ဆင်ခြေထောက်ရောဂါ၊ မုတ္တ (ရေမုန့်) ရောဂါတွေကြောင့် ဒုက္ခရောက်ရခြင်း
(၈) လွန်စွာအိုမင်းမစွမ်းဖြစ်နေခြင်း
(၉) အလွန်အမင်း အလုပ်ပင်ပန်းခြင်း
(၁၀) အရက်၊ ဘီယာ၊ ကွမ်းယာ၊ အရက်အသောက်များခြင်းတို့ပါဝင်ပါတယ်။

ပန်းသေပန်းညှိုးကင်းစေဖို့

ပန်းသေပန်းညှိုးခြင်းမှကင်းစေဖို့ ဆင်ခြင်လိုက်နာသင့်လှပါတယ်။
(၁) မည်သည့်အကြောင်းနဲ့မဆို လိင်ကိစ္စကိုပူပန်စိုးရွံ့မှုများကို တက်နိုင်သမျှဖယ်ရှားပစ်သင့်တယ်။
(၂) လိင်သဘာဝနဲ့ပတ်သက်ပြီး မှန်ကန်တိကျအောင် နားလည်ထားဖို့လိုအပ်လှပါတယ်။
(၃) မိမိရဲ့ လိင်အင်္ဂါဟာလူစဉ်မမီဖြစ်နေတယ်၊ သူတစ်ပါးထက်သေးတယ်လို့ မယူဆသင့်ပါ။ သူလိုကိုယ်လိုပဲ ဖြစ်တယ်။
(၄) သုတေသနအရ သဘာဝမကျတဲ့ သုက်လွှတ်ခြင်း၊ မိမိလက်နဲ့အာသာဖြေခြင်း၊ “တန်ဆေးလွန်ဘေး” မဖြစ် သင့်ပါ။
(၅) အိမ်ထောင်သည်များ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ယုယစွာဖြင့်နားလည်မှု အပြည့်အဝရှိကြဖို့လိုအပ်ပါတယ်။
(၆) များပြားလှတဲ့ လုပ်ငန်းဆောင်တာများနဲ့ တာဝန်ပိနေခြင်းကြောင့် လိင်ကိစ္စမှာ စိတ်ပါဝင်စားမှုနည်းနေတတ် တာသတိပြုသင့်ပါတယ်။
(၇) သည်လိုစိတ်နေစိတ်ထားကို ပြုပြင်ပေးခြင်း၊ လိင်သဘာဝကိုတိကျမှန်ကန်နားမလည်ခြင်း၊ ရောဂါရှိခြင်းဖြစ် တယ်။
(၈) အခြားရောဂါများမရှိဘဲ ပန်းသေပန်းညှိုးခြင်းဖြစ်နေသေးပါက စိတ်ပညာရှင်၊ မိသားစုဆရာဝန်တို့နဲ့ ပြသ တိုင်ပင်သင့်ပါတယ်။ “နှစ်သိမ့်ဆွေးနွေးမှုတွေ” လုပ်ပေးသင့်ပါတယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

ဆေးစွဲခြင်း

Next Post

ဘဏ်လုပ်သားတွေရဲ့ လုပ်ငန်းခွင်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘဏ်လုပ်သားတွေရဲ့ လုပ်ငန်းခွင်ကျန်းမာရေး

ဘဏ်

ငွေစက္ကူမှဘဏ်ဝန်ထမ်းများနှင့် ပြည်သူများရနိုင်တဲ့ရောဂါအန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.