fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မျိုးဆက်ပွားအသိပညာ(၅) သားဆက်ခြားနည်းလမ်းများ

39
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

မ်ိဳးဆက္ပြားအသိပညာ(၅) သားဆက္ျခားနည္းလမ္းမ်ား

ထိုးေဆးေတြဟာ Progestrogen ေဟာ္မုန္းပါတဲ့အတြက္ Progestrogen only pill ေသာက္ေဆးေတြနဲ႔အာနိသင္ေတြအေတာ္တူပါတယ္။ လူသိမ်ားတဲ့ ထိုးေဆးကေတာ့ သုံးလခံေဆးပဲ ျဖစ္ပါတယ္။ တစ္လတစ္ခါထိုးဖို႔ အဆင္ေျပတဲ့သူေတြအတြက္ တစ္လခံ ထိုးေဆးေတြလည္း အသုံးျပဳၾကပါတယ္။ ထိုးေဆးကိုေတာ့ ပုံမွန္ေဆး တစ္ရက္တစ္ခါေသာက္ဖို႔ အဆင္မေျပတဲ့သူေတြ အသုံးျပဳေလ့ရွိၾကပါတယ္။

သုံးလခံေဆးလို႔ အလြယ္တကူေျပာၾကေပမဲ့ ၁၂ ပတ္ၾကာၿပီးတဲ့အခါမွာ ျပန္ထိုးခိုင္းတတ္ပါတယ္။ Depo-Provera လို႔ေခၚတဲ့ သုံးလခံေဆးဟာ ကိုယ္တြင္းက Estrogen ေဟာ္မုန္းဓာတ္ကို နည္းေစတဲ့အတြက္ အ႐ိုးခိုင္မာမႈကို အနည္းငယ္ေျပာင္းလဲေစႏိုင္ပါတယ္။ အျဖစ္မ်ားတဲ့ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ကေတာ့ ေဆးေသာက္တဲ့အခါမွာ ရာသီမမွန္တာေတြ (ရာသီမလာတာေတြ ဒါမွမဟုတ္ မ်ားတာေတြ) ျဖစ္တတ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ပထမေဆးစထိုးခါစမွာ ကိုယ္အေလးခ်ိန္ တက္တာေတြ ရွိႏိုင္ပါတယ္။ Depo သုံးသူေတြဟာ ေဆးေသာက္သူေတြနဲ႔ ယွဥ္ရင္ ကိုယ္ဝန္ျပန္လိုခ်င္တဲ့အခါ အနည္းငယ္ ပိုၾကာႏိုင္ပါတယ္။

ခုေနာက္ပိုင္းမွာ Depo နဲ႔ ပတ္သတ္ၿပီး စိုးရိမ္လာၾကတာတစ္ခုကေတာ့ Estrogen ပမာဏကို က်ေစလို႔ အ႐ိုးပါးမွာကိုပါပဲ။ သိတဲ့အတိုင္း အမ်ိဳးသမီးေတြဟာ ေသြးဆုံးၿပီးေနာက္ပိုင္း အ႐ိုးပြတတ္တယ္လို႔ ေျပာၾကပါတယ္။ အဲဒါကလည္း Estrogen နည္းလို႔ ျဖစ္ရတာပါ။

ဒါေပမဲ့ Depo ေၾကာင့္ Estrogen က်တာကေတာ့ ေဆးထိုးတုန္း ခဏသာျဖစ္ၿပီး ေဆးရပ္လိုက္တဲ့အခါ ျပန္ေကာင္းတာမို႔ သိပ္စိုးရိမ္စရာမရွိဘူးလို႔လဲ ဆိုလို႔ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ နဂိုကတည္းက အ႐ိုးပြႏိုင္ေခ်မ်ားသူေတြ (ဥပမာ စတီး႐ြိဳက္ေတြေသာက္ေနရတာ ၊ ေက်ာက္ကပ္ေရာဂါ ၊ သိုင္း႐ြိဳက္ေရာဂါ ရွိသူေတြ) ကိုေတာ့ Depo အစား တျခားေဆးကို ေ႐ြးဖို႔ကို ၫႊန္ၾကားတတ္ပါတယ္။

လက္ေမာင္းထဲ ပစၥည္းထည့္တာေတြကိုေတာ့ အခ်ိန္အေတာ္ၾကာ ကေလးမယူလိုေသးသူေတြ အသုံးျပဳေလ့ရွိတယ္။ ဒီပစၥည္းေတြကေတာ့ ႏွစ္နဲ႔ခ်ီေအာင္ သေႏၶတားေပးႏိုင္ပါတယ္။ ကေလးတစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ အသက္ျခားခ်င္တယ္၊ ေနာက္ထပ္ေတာ့လည္း ကေလးယူဦးမယ္လို႔ ေတြးတဲ့သူေတြအတြက္ အဆင္ေျပပါတယ္။

သားအိမ္ထဲ ပစၥည္းထည့္တာေတြလည္း လုပ္ၾကပါတယ္။ သူလည္းပဲ ႏွစ္နဲ႔ခ်ီခံပါတယ္။ ဒါေပမဲ့ သူလည္း လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြကို မတားေပးႏိုင္ပါဘူး။ ေနာက္ၿပီး အျပင္က ပစၥည္းတစ္ခုကို သားအိမ္ထဲမွာ အၾကာႀကီး ထည့္ထားရတာျဖစ္တဲ့အတြက္ မ်ိဳးပြားလမ္းေၾကာင္းမွာ ပိုးခဏခဏဝင္တတ္တာမ်ိဳးေတြလည္း အခန႔္မသင့္ရင္ ရွိႏိုင္ပါတယ္။ အမ်ိဳးသမီးအမ်ားစုနဲ႔အ ဆင္ေျပေပမဲ့ သားအိမ္နဲ႔ မိန္းမကိုယ္မွာ ကင္ဆာျဖစ္ဖူးတာ၊ သားအိမ္ပုံသ႑ာန္ မမွန္တာေတြရွိရင္ သားအိမ္ထဲ ပစၥည္းထည့္ၿပီး သားဆက္ျခားဖို႔က အဆင္မေျပႏိုင္ပါဘူး။

မိသားစုမ်ားတဲ့ အိမ္ေထာင္ေတြအတြက္ သတ္မွတ္ထားတဲ့ ကေလးအေရအတြက္ ျပည့္ၿပီးသြားရင္ သားေၾကာျဖတ္ဖို႔ အတြက္က ေဆး႐ုံေတြမွာ ေလွ်ာက္ထားလို႔ရေနပါၿပီ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အသက္အႏၲရာယ္ရွိႏိုင္တဲ့ ေရာဂါေတြရွိလို႔ ခဏခဏ ကိုယ္ဝန္ယူဖို႔ မသင့္ေတာ္သူေတြ ၊ သုံးႀကိမ္ေျမာက္ ခြဲေမြးၿပီးသူေတြလည္း သားေၾကာျဖတ္ဖို႔ ေလွ်ာက္ထားႏိုင္ပါတယ္။

သားဆက္ျခားနည္းေတြ အားလုံးနည္းပါးကို ေဆြးေႏြးေဖာ္ျပေပးသြားပါတယ္။ သားဆက္ျခားနည္းေတြကို မိမိမိသားစု အေျခအေနနဲ႔ ကိုက္ေအာင္ ေ႐ြးခ်ယ္ရမွာမို႔ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္သင့္ပါတယ္လို႔ OnDoctor မွ အႀကံေပးလိုက္ပါတယ္…

Author : Dr. ေမႊး

မျိုးဆက်ပွားအသိပညာ(၅) သားဆက်ခြားနည်းလမ်းများ

ထိုးဆေးတွေဟာ Progestrogen ဟော်မုန်းပါတဲ့အတွက် Progestrogen only pill သောက်ဆေးတွေနဲ့အာနိသင်တွေအတော်တူပါတယ်။ လူသိများတဲ့ ထိုးဆေးကတော့ သုံးလခံဆေးပဲ ဖြစ်ပါတယ်။ တစ်လတစ်ခါထိုးဖို့ အဆင်ပြေတဲ့သူတွေအတွက် တစ်လခံ ထိုးဆေးတွေလည်း အသုံးပြုကြပါတယ်။ ထိုးဆေးကိုတော့ ပုံမှန်ဆေး တစ်ရက်တစ်ခါသောက်ဖို့ အဆင်မပြေတဲ့သူတွေ အသုံးပြုလေ့ရှိကြပါတယ်။

သုံးလခံဆေးလို့ အလွယ်တကူပြောကြပေမဲ့ ၁၂ ပတ်ကြာပြီးတဲ့အခါမှာ ပြန်ထိုးခိုင်းတတ်ပါတယ်။ Depo-Provera လို့ခေါ်တဲ့ သုံးလခံဆေးဟာ ကိုယ်တွင်းက Estrogen ဟော်မုန်းဓာတ်ကို နည်းစေတဲ့အတွက် အရိုးခိုင်မာမှုကို အနည်းငယ်ပြောင်းလဲစေနိုင်ပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဆေးသောက်တဲ့အခါမှာ ရာသီမမှန်တာတွေ (ရာသီမလာတာတွေ ဒါမှမဟုတ် များတာတွေ) ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ပထမဆေးစထိုးခါစမှာ ကိုယ်အလေးချိန် တက်တာတွေ ရှိနိုင်ပါတယ်။ Depo သုံးသူတွေဟာ ဆေးသောက်သူတွေနဲ့ ယှဉ်ရင် ကိုယ်ဝန်ပြန်လိုချင်တဲ့အခါ အနည်းငယ် ပိုကြာနိုင်ပါတယ်။

ခုနောက်ပိုင်းမှာ Depo နဲ့ ပတ်သတ်ပြီး စိုးရိမ်လာကြတာတစ်ခုကတော့ Estrogen ပမာဏကို ကျစေလို့ အရိုးပါးမှာကိုပါပဲ။ သိတဲ့အတိုင်း အမျိုးသမီးတွေဟာ သွေးဆုံးပြီးနောက်ပိုင်း အရိုးပွတတ်တယ်လို့ ပြောကြပါတယ်။ အဲဒါကလည်း Estrogen နည်းလို့ ဖြစ်ရတာပါ။

ဒါပေမဲ့ Depo ကြောင့် Estrogen ကျတာကတော့ ဆေးထိုးတုန်း ခဏသာဖြစ်ပြီး ဆေးရပ်လိုက်တဲ့အခါ ပြန်ကောင်းတာမို့ သိပ်စိုးရိမ်စရာမရှိဘူးလို့လဲ ဆိုလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နဂိုကတည်းက အရိုးပွနိုင်ချေများသူတွေ (ဥပမာ စတီးရွိုက်တွေသောက်နေရတာ ၊ ကျောက်ကပ်ရောဂါ ၊ သိုင်းရွိုက်ရောဂါ ရှိသူတွေ) ကိုတော့ Depo အစား တခြားဆေးကို ရွေးဖို့ကို ညွှန်ကြားတတ်ပါတယ်။

လက်မောင်းထဲ ပစ္စည်းထည့်တာတွေကိုတော့ အချိန်အတော်ကြာ ကလေးမယူလိုသေးသူတွေ အသုံးပြုလေ့ရှိတယ်။ ဒီပစ္စည်းတွေကတော့ နှစ်နဲ့ချီအောင် သန္ဓေတားပေးနိုင်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အသက်ခြားချင်တယ်၊ နောက်ထပ်တော့လည်း ကလေးယူဦးမယ်လို့ တွေးတဲ့သူတွေအတွက် အဆင်ပြေပါတယ်။

သားအိမ်ထဲ ပစ္စည်းထည့်တာတွေလည်း လုပ်ကြပါတယ်။ သူလည်းပဲ နှစ်နဲ့ချီခံပါတယ်။ ဒါပေမဲ့ သူလည်း လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မတားပေးနိုင်ပါဘူး။ နောက်ပြီး အပြင်က ပစ္စည်းတစ်ခုကို သားအိမ်ထဲမှာ အကြာကြီး ထည့်ထားရတာဖြစ်တဲ့အတွက် မျိုးပွားလမ်းကြောင်းမှာ ပိုးခဏခဏဝင်တတ်တာမျိုးတွေလည်း အခန့်မသင့်ရင် ရှိနိုင်ပါတယ်။ အမျိုးသမီးအများစုနဲ့အ ဆင်ပြေပေမဲ့ သားအိမ်နဲ့ မိန်းမကိုယ်မှာ ကင်ဆာဖြစ်ဖူးတာ၊ သားအိမ်ပုံသဏ္ဍာန် မမှန်တာတွေရှိရင် သားအိမ်ထဲ ပစ္စည်းထည့်ပြီး သားဆက်ခြားဖို့က အဆင်မပြေနိုင်ပါဘူး။

မိသားစုများတဲ့ အိမ်ထောင်တွေအတွက် သတ်မှတ်ထားတဲ့ ကလေးအရေအတွက် ပြည့်ပြီးသွားရင် သားကြောဖြတ်ဖို့ အတွက်က ဆေးရုံတွေမှာ လျှောက်ထားလို့ရနေပါပြီ။ ကိုယ်ဝန်ဆောင်ချိန်မှာ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေရှိလို့ ခဏခဏ ကိုယ်ဝန်ယူဖို့ မသင့်တော်သူတွေ ၊ သုံးကြိမ်မြောက် ခွဲမွေးပြီးသူတွေလည်း သားကြောဖြတ်ဖို့ လျှောက်ထားနိုင်ပါတယ်။

သားဆက်ခြားနည်းတွေ အားလုံးနည်းပါးကို ဆွေးနွေးဖော်ပြပေးသွားပါတယ်။ သားဆက်ခြားနည်းတွေကို မိမိမိသားစု အခြေအနေနဲ့ ကိုက်အောင် ရွေးချယ်ရမှာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်လို့ OnDoctor မှ အကြံပေးလိုက်ပါတယ်…

Author : Dr. မွှေး

Previous Post

မျိုးဆက်ပွားအသိပညာ(၄) သားဆက်ခြားနည်းလမ်းများ

Next Post

G6PD

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

G6PD

ကိုယ်ဝန်မဆောင်ခင် နားလည်သင့်တာများ နားလည်၍ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ကြပါစို့

မိခင်လောင်းများတွင် ထိုးသင့်သော ကာကွယ်ဆေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.