fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
အိပ်ပျော်နေစဉ် သုက်ထွက်ခြင်း
1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/06/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
Dr 528
အိပ်ပျော်နေစဉ် သုက်ထွက်ခြင်းကို ဆေးပညာအရ Nocturnal Emission လို့ခေါ်ပါတယ်။အင်္ဂလိပ်လိုတော့ Wet Dream လို့ခေါ်ပါတယ်။မြန်မာလိုဘာသာပြန်တော့ ဆီလျော်အောင် အိပ်ပျော်နေစဉ်သုက်ထွက်ခြင်းလို့ ဘာသာပြန်လိုက်တဲ့အတွက် ယောကျာ်းလေးတွေပဲဖြစ်တာလို့အထင်မှားကြပါတယ်။
Nocturnal Emission ရဲ့ အနက်အဓိပ္ပာယ်က အိပ်ပျော်နေတုန်း လိင်ဆက်ဆံခြင်းမရှိဘဲ အကြောင်းတခုခုကြောင့်(ဥပမာ လိင်စိတ်လှုပ်ရှားစရာ အိပ်မက်မျိုးမက်တာကြောင့်)လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရရှိပြီး(Orgasm) ယောက်ျားလေးတွေမှာဆိုရင် သုက်ထွက်တာ၊မိန်းကလေးတွေမှာဆိုရင် မိန်းမကိုယ်မှာစိုစိစိဖြစ်တာ ပါ။
မိန်းကလေးတွေမှာလည်း Nocturnal Emission ဖြစ်နိုင်ပေမယ့် ယောက်ျားလေးတွေနဲ့ယှဉ်ရင် ဖြစ်တဲ့မိန်းကလေးအရေအတွက်ဟာ အရမ်းနည်းပါတယ်။ယောက်ျားလေးတွေပဲ အဖြစ်များလေ့ရှိပါတယ်။တချို့တွေကကျ ဒီလိုမျိုးဖြစ်တာကို ရောဂါလို့ထင်တတ်ကြပါတယ်။ဒါဟာမှားပါတယ်။ ယောက်ျားလေးတွေမှာအိပ်ပျော်နေရင်းနဲ့ လိင်ဆက်ဆံမှုမရှိဘဲ အကြောင်းတခုခုကြောင့် စိတ်ကျေနပ်မှုရပြီး သုတ်ထွက်တာဟာ ယောက်ျားလေးတိုင်းနီးပါး ဖြစ်လေ့ရှိတဲ့ဖြစ်ရိုးဖြစ်စဉ်တခုပါပဲ။
လူပျိုဖော်ဝင်စအရွယ်ကနေ အသက်ကြီးတဲ့ထိဖြစ်နိုင်ခြေရှိပါတယ်။လူပျိုဖော်ဝင်စ ဖျတ်လတ်တက်ကြွတဲ့အရွယ်မှာ ဖြစ်တဲ့အကြိမ်ရေများပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်တဲ့အကြိမ်ရေနည်းသွားပါတယ်။
Nocturnal Emission (အိပ်ပျော်နေစဉ်သုက်ထွက်ခြင်း)ဟာ
အပူအစပ်အလွန်အကျွံစားတဲ့သူတွေ
တကိုယ်ရည်အာသာဖြေမှုနည်းတဲ့သူတွေ၊အိမ်ထောင်မရှိတဲ့သူတွေ
အိပ်လို့ရှိရင် ဖက်ခေါင်းအုံးဖက်အိပ်တဲ့သူတွေ၊အတွင်းခံဘောင်းဘီအကြပ်တွေဝတ်အိပ်တဲ့သူတွေ
အိပ်ခါနီး လိင်အသားပေးဇာတ်ကားတွေ၊အပြာကားတွေကြည့်တဲ့သူတွေ
အိပ်ခါနီးရေအများကြီးသောက်ပြီးဆီးသွားချင်သော်လည်းမသွားဘဲအောင့်ထားတဲ့သူတွေ မှာဆိုရင် ဖြစ်တဲ့အကြိမ်ရေပိုများနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီလိုမျိုးလူတွေမှာဆိုရင် သူတို့ရဲ့လိင်အင်္ဂါရဲ့ အာရုံခံနိုင်မှုဟာ ပုံမှန်ထက်များနေနိုင်လို့ပါ။အိမ်ထောင်မရှိတဲ့သူတွေမှာအဖြစ်များတယ်ဆိုပေမယ့် အိမ်ထောင်ရှိတဲ့သူတွေမှာလည်း တခါတရံ ဖြစ်တတ်ပါသေးတယ်။တချို့ကျတော့လည်း ဒီလိုမျိုးဖြစ်တာကို အပြစ်ရှိသလို စိတ်ထဲထင်ကြတဲ့သူတွေလည်းရှိပါတယ်။အဆုံးသတ်အနေနဲ့ပြောရရင် Nocturnal Emission ခေါ် အိပ်ပျော်နေစဉ် သုက်ထွက်တာဟာ ရောဂါတခုလည်းမဟုတ်သလို အပြစ်တခုလည်းမဟုတ်ပါဘူး။
မိဘတွေအနေနဲ့လည်း ကိုယ့်သားယောက်ျားလေးအရွယ်ရောက်လာရင် လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားစရာ အိပ်မက်မက်ပြီးအိပ်ပျော်နေစဉ်သုက်ထွက်တာဟာ လူတိုင်းနီးပါးမှာဖြစ်လေ့ရှိကြောင်း၊ရောဂါလည်းမဟုတ်သလို အပြစ်တခုလည်းမဟုတ်ကြောင်းသေချာပညာပေးပြောပြထားဖို့လိုပါတယ်။အဲ့လိုသေချာမပြောပြထားဘူးဆိုရင် တချို့ကလေးတွေက ဒါကို အပြစ်တခုလို ရောဂါတခုအနေလို သူတို့စိတ်ထဲထင်သွားတတ်ကြပြီး စိတ်အားငယ်တာတွေဖြစ်လာနိုင်လို့ပါ။
အိပ်ပျော်နေစဉ်သုက်လွှတ်တာ ဖြစ်ပွားနိုင်မှုနည်းအောင်ကတော့
အပူအစပ်လျှော့စားပါ။အသီးအရွက်များများစားပါ။လေ့ကျင့်ခန်းလုပ်ပါ။
အိပ်ရာဝင်အဝတ်ကို ပွပွဝတ်ပါ။အတွင်းခံ ဝတ်မအိပ်ပါနဲ့။
အိပ်ခါနီးလိင်အသားပေးဇာတ်ကားတွေ၊စာအုပ်တွေ မကြည့်ပါနဲ့။
Dr 528
Previous Post
ကလေးများနှင့် ပန်းနာရင်ကျပ်ရောဂါ
Next Post
ဝမ်းထဲ သွေးပါခြင်း
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
771
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
2 years ago
1.1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
2 years ago
637
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
1k
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ဝမ်းထဲ သွေးပါခြင်း
၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ
ဝိတ်တက်အောင်ဆိုပြီး အသားတွေ အများကြီးစား မိနေပြီလား ????
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.