fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဘယ်တားဆေးရွေးရပါ့မလဲ

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ဘယ္တားေဆးေ႐ြးရပါ့မလဲ

အိမ္ေထာင္သည္ျဖစ္လာၿပီးတဲ့ေနာက္ပိုင္းမွာ ကေလးမလိုခ်င္ေသးတဲ့အခါ တားေဆးေတြသုံးဖို႔ျဖစ္လာၾကတယ္။ သားသမီးမလိုခ်င္ေသးရင္ တားနည္းေတြမ်ိဳးစုံ ရွိတယ္။ ေဆးမသုံးတာေရာ ေဆးသုံးတာေရာပါ။

ေဆးမသုံးဘူးဆိုတာက ရက္ေရွာင္တာရယ္၊ ကြန္ဒုံးသုံးတာရယ္ပါ၊ ရက္ေရွာင္တယ္ဆိုတာ ရာသီမွန္ေနဖို႔လိုတယ္။ ဒီနည္းေတြက ႏွစ္ဦးႏွစ္ဘက္လုံးလက္ခံမွလည္း အဆင္ေျပပါတယ္။ တခ်ိဳ႕အိမ္ေထာင္ရွင္ေတြက ဒီလိုနည္းေတြမသုံးခ်င္ၾကပါဘူး၊ အဲ့ဒီအခါမွာ ေဟာ္မုန္းေဆးေတြသုံးဖို႔ ျဖစ္လာၾကပါတယ္။

အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြ ေမးတတ္ၾကတယ္။ “ ဆရာေရ၊ ကေလးမလိုခ်င္ေသးလို႔ ဘယ္တားေဆးသုံးရင္ ေကာင္းမလဲ ” တဲ့၊ တကယ္ေတာ့ ဘယ္တားေဆးသုံးမယ္ဆိုတာ ကာယကံရွင္ေတြ ကိုယ္တိုင္ေ႐ြးရတာပါ၊ လင္နဲ႔မယားေသခ်ာတိုင္ပင္ၿပီး ဘယ္ေတာ့ေလာက္မွာ ကေလးယူမယ္ဆိုတာအထိ တိုင္ပင္ရပါတယ္။ တားေဆးကိုေ႐ြးၿပီဆိုလည္း ေ႐ြးလိုက္တဲ့ တားေဆးရဲ႕ ေကာင္းတာ ဆိုးတာေတြကို လင္မယားႏွစ္ေယာက္လုံး ေသခ်ာသိထားသင့္တယ္။

တားေဆးလို႔ေျပာတဲ့အခါ အိမ္ေထာင္ရွင္အမ်ိဳးသမီးနဲ႔ဘဲ ဆိုင္တာမဟုတ္ပါဘူး။ အမ်ိဳးသားေတြနဲ႔လည္းဆိုင္ပါတယ္။ ကိုယ့္အိမ္ေထာင္ဖက္ကို ေဟာ္မုန္းေဆးေတြ မသုံးေစခ်င္ဘူးဆိုတဲ့စိတ္ရွိတယ္ဆိုရင္ေတာ့ အမ်ိဳးသားေတြဘက္က ရက္ေရွာင္ေပးတာတို႔၊ ကြန္ဒုံးသုံးေပးတာတို႔ လုပ္ေပးရမွာပါ၊ အဲ့လိုမလုပ္ခ်င္တဲ့အခါမွာ ကိုယ့္အိမ္ေထာင္ဖက္ေ႐ြးတဲ့ တားနည္းအေပၚမွာ ဂ႐ုတစိုက္ရွိေနေပးဖို႔လိုပါတယ္။

တားေဆးေတြကို ၿခဳံေျပာရရင္ ေသာက္ေဆး၊ ထိုးေဆးနဲ႔ ပစၥည္းထည့္တာေတြ ရွိပါတယ္။ ေသာက္ေဆးမွာေတာ့ ေဟာ္မုန္းႏွစ္မ်ိဳးျဖစ္တဲ့ အီစထ႐ိုဂ်င္နဲ႔ ပ႐ိုဂ်က္စထ႐ိုဂ်င္ ႏွစ္ခုလုံးပါတာလည္း ရွိတယ္။ ပ႐ိုဂ်က္စထ႐ိုဂ်င္ တစ္မ်ိဳးဘဲပါတာလည္းရွိတယ္။ သုံးလခံထိုးေဆးနဲ႔ လက္ေမာင္းထဲထည့္တဲ့ ပစၥည္းေတြက ပ႐ိုဂ်က္စထ႐ိုဂ်င္ တစ္မ်ိဳးဘဲပါတယ္။ သားအိမ္ထဲထည့္တဲ့ပစၥည္းေတြက ေဟာ္မုန္းမပါ ပါဘူး။ အခုေျပာတဲ့တားေဆးေတြက ပုံမွန္သုံးတဲ့တားေဆးေတြပါ၊ အေရးေပၚတားေဆးေတြမပါပါဘူး။

ကေလးတစ္ေယာက္မွမရွိေသးတဲ့ အိမ္ေထာင္သည္ေတြကိုေတာ့ ထိုးေဆးေတြ မသုံးေစခ်င္ဘူး။ ထိုးေဆးထိုးထားတဲ့အခါ ဘယ္နလုံးထိုးတယ္ဆိုတာနဲ႔မဆိုင္ဘဲ ေဆးျဖတ္တာနဲ႔ ကေလးျပန္မရတတ္ၾကဘူး။ တခ်ိဳ႕ေတြမွာ ထိုးေဆးေတြကေတာ့ သုံးလမွတစ္ခါထိုး႐ုံဘဲဆိုေတာ့ သိပ္အပန္းမႀကီးတတ္ေပမယ့္ ထိုးေဆးေတြေၾကာင့္ ရာသီကေမာက္ကမျဖစ္တတ္တာကို ထည့္စဥ္းစားထားရပါမယ္။

ထိုးေဆးလိုဘဲ သားအိမ္ထဲပစၥည္းထည့္တာ၊ လက္ေမာင္းထဲပစၥည္းထည့္တာေတြက ၾကာၾကာခံပါတယ္။ သုံးႏွစ္ကေန ငါးႏွစ္အထိ ခံတတ္ၾကပါတယ္။ ပစၥည္းထည့္တာေတြက ထုတ္လိုက္တာနဲ႔ ကေလးခ်က္ခ်င္းျပန္ရႏိူင္ေပမယ့္ ဒီတားေဆးေတြမွာလည္း ရာသီကေမာက္ကမ ျဖစ္ႏိူင္တတ္ပါတယ္။

ေသာက္ေဆးေတြမွာေတာ့ အမ်ားေသာက္ေနၾကတာက ေဟာ္မုန္းႏွစ္မ်ိဳးပါတဲ့ေဆးေတြပါ၊ OK တို႔၊ စိတ္ခ်တို႔၊ Marvelon 28 စသည္ျဖင့္ပါ၊ ေဟာ္မုန္းတစ္မ်ိဳးဘဲပါတဲ့ေဆးကေတာ့ ကေလးေမြးၿပီးကာစမိခင္ေတြ ကေလး (၆) လ ေရာက္တဲ့အထိ မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ရတဲ့အခ်ိန္မွာ ေသာက္ရပါတယ္။ ဥပမာအားျဖင့္ Exluton ေပါ့။

တားေဆးေသာက္တဲ့အခါ ေန႔တိုင္းအခ်ိန္မွန္ေသာက္ႏိူင္မွ ေ႐ြးပါ၊ ေမ့တယ္ မေသာက္မိဘူးဆိုရင္လည္း နီးစပ္ရာဆရာဝန္ေတြနဲ႔ ခ်က္ခ်င္းတိုင္ပင္ရပါတယ္။ တားေဆးက ရာသီပုံမွန္ေပၚေစပါတယ္။ ကေလးလိုခ်င္တဲ့အခါလည္း ျဖတ္လိုက္႐ုံပါဘဲ။ ၾကာၾကာစြဲသုံးတာလည္းရေပမယ့္ သုံးမယ့္သူမွာ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ အသည္းေရာဂါ၊ ေခါင္းကိုက္ေရာဂါ ေတြရွိရင္ အရမ္းဆိုးဝါးေနရင္မသုံးသင့္ပါဘူး။ အမ်ိဳးသမီးကိုယ္တိုင္ ေဆးလိပ္ေသာက္ရင္ျဖစ္ျဖစ္၊ ေဆးလိပ္ေငြ႕ကိုအၿမဲတစ္ဆင့္ခံရေနရင္ျဖစ္ျဖစ္ ေသြးေၾကာက်ဥ္းတာေတြကို ပိုဆိုးေစပါတယ္။ အတတ္ေရာဂါရွိရင္လည္း မေသာက္သင့္ပါဘူး။

တားေဆးေသာက္ေဆးသုံးေနတဲ့သူေတြဟာ ေဆးေသာက္ေနတုန္းမွာ တခ်ိဳ႕ေသာေဆးေတြ မေသာက္ရပါဘူး။ တခ်ိဳ႕ေသာပိုးသတ္ေဆးေတြ၊ အတက္က်ေဆးေတြက တားေဆးရဲ႕အာနိသင္ပ်က္ျပယ္သြားႏိူင္ေစလို႔ပါ၊ ဒါေၾကာင့္ ဘာဘဲျဖစ္ျဖစ္ တစ္ခုခုျဖစ္တဲ့အခါတိုင္း ေဆးခန္းျပၿပီး ကိုယ္ဘာေဆးေသာက္ေနတယ္ဆိုတာကိုပါ ေသခ်ာေျပာျပၿပီး ေဆးကုသမႈခံယူပါ၊ ကိုယ့္သေဘာနဲ႔ကိုယ္ ဘာေဆးမွမေသာက္သင့္ပါဘူး။

ေနာက္ဆုံးတစ္ခုေျပာခ်င္တာကေတာ့ တားေဆးတိုင္းဟာ အနည္းနဲ႔အမ်ားေတာ့ ဝလာတတ္ၾကတယ္။ ဒါေပမယ့္ ပိန္ခ်င္တဲ့သူလည္း ပိုပိန္သြားတာဘဲ၊ တစ္ေယာက္ခ်င္းစီေပၚဘဲ မူတည္ပါတယ္။

တားေဆးေတြအားလုံးရဲ႕ အေကာင္းအဆိုး အၾကမ္းဖ်င္းကိုသိထားၿပီးမွ အခ်င္းခ်င္းတိုင္ပင္ပါ၊ နီးစပ္ရာ ဆရာဝန္ေတြနဲ႔ ေဆြးေႏြးၾကပါ၊ ဒါဆို ဘယ္တားေဆးေ႐ြးမယ္ဆိုတာ သိလာမွာပါ။

Author: Dr. CST

(Unicode)

အိမ်ထောင်သည်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ကလေးမလိုချင်သေးတဲ့အခါ တားဆေးတွေသုံးဖို့ဖြစ်လာကြတယ်။ သားသမီးမလိုချင်သေးရင် တားနည်းတွေမျိုးစုံ ရှိတယ်။ ဆေးမသုံးတာရော ဆေးသုံးတာရောပါ။

ဆေးမသုံးဘူးဆိုတာက ရက်ရှောင်တာရယ်၊ ကွန်ဒုံးသုံးတာရယ်ပါ၊ ရက်ရှောင်တယ်ဆိုတာ ရာသီမှန်နေဖို့လိုတယ်။ ဒီနည်းတွေက နှစ်ဦးနှစ်ဘက်လုံးလက်ခံမှလည်း အဆင်ပြေပါတယ်။ တချို့အိမ်ထောင်ရှင်တွေက ဒီလိုနည်းတွေမသုံးချင်ကြပါဘူး၊ အဲ့ဒီအခါမှာ ဟော်မုန်းဆေးတွေသုံးဖို့ ဖြစ်လာကြပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတွေ မေးတတ်ကြတယ်။ “ ဆရာရေ၊ ကလေးမလိုချင်သေးလို့ ဘယ်တားဆေးသုံးရင် ကောင်းမလဲ ” တဲ့၊ တကယ်တော့ ဘယ်တားဆေးသုံးမယ်ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်ရွေးရတာပါ၊ လင်နဲ့မယားသေချာတိုင်ပင်ပြီး ဘယ်တော့လောက်မှာ ကလေးယူမယ်ဆိုတာအထိ တိုင်ပင်ရပါတယ်။ တားဆေးကိုရွေးပြီဆိုလည်း ရွေးလိုက်တဲ့ တားဆေးရဲ့ ကောင်းတာ ဆိုးတာတွေကို လင်မယားနှစ်ယောက်လုံး သေချာသိထားသင့်တယ်။

တားဆေးလို့ပြောတဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီးနဲ့ဘဲ ဆိုင်တာမဟုတ်ပါဘူး။ အမျိုးသားတွေနဲ့လည်းဆိုင်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ကို ဟော်မုန်းဆေးတွေ မသုံးစေချင်ဘူးဆိုတဲ့စိတ်ရှိတယ်ဆိုရင်တော့ အမျိုးသားတွေဘက်က ရက်ရှောင်ပေးတာတို့၊ ကွန်ဒုံးသုံးပေးတာတို့ လုပ်ပေးရမှာပါ၊ အဲ့လိုမလုပ်ချင်တဲ့အခါမှာ ကိုယ့်အိမ်ထောင်ဖက်ရွေးတဲ့ တားနည်းအပေါ်မှာ ဂရုတစိုက်ရှိနေပေးဖို့လိုပါတယ်။

တားဆေးတွေကို ခြုံပြောရရင် သောက်ဆေး၊ ထိုးဆေးနဲ့ ပစ္စည်းထည့်တာတွေ ရှိပါတယ်။ သောက်ဆေးမှာတော့ ဟော်မုန်းနှစ်မျိုးဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရိုဂျင် နှစ်ခုလုံးပါတာလည်း ရှိတယ်။ ပရိုဂျက်စထရိုဂျင် တစ်မျိုးဘဲပါတာလည်းရှိတယ်။ သုံးလခံထိုးဆေးနဲ့ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတွေက ပရိုဂျက်စထရိုဂျင် တစ်မျိုးဘဲပါတယ်။ သားအိမ်ထဲထည့်တဲ့ပစ္စည်းတွေက ဟော်မုန်းမပါ ပါဘူး။ အခုပြောတဲ့တားဆေးတွေက ပုံမှန်သုံးတဲ့တားဆေးတွေပါ၊ အရေးပေါ်တားဆေးတွေမပါပါဘူး။

ကလေးတစ်ယောက်မှမရှိသေးတဲ့ အိမ်ထောင်သည်တွေကိုတော့ ထိုးဆေးတွေ မသုံးစေချင်ဘူး။ ထိုးဆေးထိုးထားတဲ့အခါ ဘယ်နလုံးထိုးတယ်ဆိုတာနဲ့မဆိုင်ဘဲ ဆေးဖြတ်တာနဲ့ ကလေးပြန်မရတတ်ကြဘူး။ တချို့တွေမှာ ထိုးဆေးတွေကတော့ သုံးလမှတစ်ခါထိုးရုံဘဲဆိုတော့ သိပ်အပန်းမကြီးတတ်ပေမယ့် ထိုးဆေးတွေကြောင့် ရာသီကမောက်ကမဖြစ်တတ်တာကို ထည့်စဉ်းစားထားရပါမယ်။

ထိုးဆေးလိုဘဲ သားအိမ်ထဲပစ္စည်းထည့်တာ၊ လက်မောင်းထဲပစ္စည်းထည့်တာတွေက ကြာကြာခံပါတယ်။ သုံးနှစ်ကနေ ငါးနှစ်အထိ ခံတတ်ကြပါတယ်။ ပစ္စည်းထည့်တာတွေက ထုတ်လိုက်တာနဲ့ ကလေးချက်ချင်းပြန်ရနိူင်ပေမယ့် ဒီတားဆေးတွေမှာလည်း ရာသီကမောက်ကမ ဖြစ်နိူင်တတ်ပါတယ်။

သောက်ဆေးတွေမှာတော့ အများသောက်နေကြတာက ဟော်မုန်းနှစ်မျိုးပါတဲ့ဆေးတွေပါ၊ OK တို့၊ စိတ်ချတို့၊ Marvelon 28 စသည်ဖြင့်ပါ၊ ဟော်မုန်းတစ်မျိုးဘဲပါတဲ့ဆေးကတော့ ကလေးမွေးပြီးကာစမိခင်တွေ ကလေး (၆) လ ရောက်တဲ့အထိ မိခင်နို့တစ်မျိုးတည်း တိုက်ရတဲ့အချိန်မှာ သောက်ရပါတယ်။ ဥပမာအားဖြင့် Exluton ပေါ့။

တားဆေးသောက်တဲ့အခါ နေ့တိုင်းအချိန်မှန်သောက်နိူင်မှ ရွေးပါ၊ မေ့တယ် မသောက်မိဘူးဆိုရင်လည်း နီးစပ်ရာဆရာဝန်တွေနဲ့ ချက်ချင်းတိုင်ပင်ရပါတယ်။ တားဆေးက ရာသီပုံမှန်ပေါ်စေပါတယ်။ ကလေးလိုချင်တဲ့အခါလည်း ဖြတ်လိုက်ရုံပါဘဲ။ ကြာကြာစွဲသုံးတာလည်းရပေမယ့် သုံးမယ့်သူမှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းရောဂါ၊ ခေါင်းကိုက်ရောဂါ တွေရှိရင် အရမ်းဆိုးဝါးနေရင်မသုံးသင့်ပါဘူး။ အမျိုးသမီးကိုယ်တိုင် ဆေးလိပ်သောက်ရင်ဖြစ်ဖြစ်၊ ဆေးလိပ်ငွေ့ကိုအမြဲတစ်ဆင့်ခံရနေရင်ဖြစ်ဖြစ် သွေးကြောကျဉ်းတာတွေကို ပိုဆိုးစေပါတယ်။ အတတ်ရောဂါရှိရင်လည်း မသောက်သင့်ပါဘူး။

တားဆေးသောက်ဆေးသုံးနေတဲ့သူတွေဟာ ဆေးသောက်နေတုန်းမှာ တချို့သောဆေးတွေ မသောက်ရပါဘူး။ တချို့သောပိုးသတ်ဆေးတွေ၊ အတက်ကျဆေးတွေက တားဆေးရဲ့အာနိသင်ပျက်ပြယ်သွားနိူင်စေလို့ပါ၊ ဒါကြောင့် ဘာဘဲဖြစ်ဖြစ် တစ်ခုခုဖြစ်တဲ့အခါတိုင်း ဆေးခန်းပြပြီး ကိုယ်ဘာဆေးသောက်နေတယ်ဆိုတာကိုပါ သေချာပြောပြပြီး ဆေးကုသမှုခံယူပါ၊ ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှမသောက်သင့်ပါဘူး။

နောက်ဆုံးတစ်ခုပြောချင်တာကတော့ တားဆေးတိုင်းဟာ အနည်းနဲ့အများတော့ ဝလာတတ်ကြတယ်။ ဒါပေမယ့် ပိန်ချင်တဲ့သူလည်း ပိုပိန်သွားတာဘဲ၊ တစ်ယောက်ချင်းစီပေါ်ဘဲ မူတည်ပါတယ်။

တားဆေးတွေအားလုံးရဲ့ အကောင်းအဆိုး အကြမ်းဖျင်းကိုသိထားပြီးမှ အချင်းချင်းတိုင်ပင်ပါ၊ နီးစပ်ရာ ဆရာဝန်တွေနဲ့ ဆွေးနွေးကြပါ၊ ဒါဆို ဘယ်တားဆေးရွေးမယ်ဆိုတာ သိလာမှာပါ။

Author: Dr. CST

Previous Post

အသားတွေယားတာ ဘာလို့လဲ

Next Post

ကြွက်နို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြွက်နို့

ဖုန္း

သင့်ကလေးက ဝနေတာလား? ဖောနေတာလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.