(Zawgyi)
HIV ပိုးေပၚေပါက္စဥ္က ကုသစရာ ေဆးဝါးမရွိတဲ့အျပင္ ကုထုံးေကာင္းမ်ား မရွိသည့္အတြက္ ဆက္စပ္ေရာဂါမ်ား၏ ႏွိပ္စက္မႈေၾကာင့္ လူမ်ားစြာ ေသဆုံးခဲ့ရပါသည္။ ထို႔ေၾကာင့္လည္း ထိုစဥ္အခ်ိန္တုန္းက HIV ပိုးမကူးစက္ေစရန္ နည္းမ်ိဳးစုံျဖင့္ သတိေပးခဲ့ၾကသလို HIV ကူးစက္လွ်င္ျဖင့္ ေသမိန႔္က်ၿပီးသား လူမ်ားဟု အမ်ားမွ လက္ခံထားၾကေပသည္။ သို႔ေသာ္ အစြဲမ်ားသည္ ယေန႔ HIV ပိုးကို ART ေဆးဝါးမ်ားႏွင့္ ကုထုံုးေကာင္းအစြမ္းတို႔ေၾကာင့္ လူ႔သက္တမ္းေစ့ ေပးစြမ္းႏိုင္သည့္ ေခတ္ကာလကို ေရာက္ရွိေနေသာ္လည္း အစြဲေဟာင္းမ်ား မေပ်ာက္ပ်က္ေသးေပ။ ကူးစက္ခံရသူ ကိုယ္တိုင္မွေရာ တစ္ပါးသူမ်ားမွေရာ မသိၾကေသးမႈမ်ားႏွင့္ ထင္မွတ္ေျပာဆိုေနၾကတုန္းပင္ျဖစ္ပါသည္။ ေနာက္ခံ အေၾကာင္းအရင္းမ်ားကို အေျချပဳရန္လည္း HIV ကူးစက္ခံရသူမ်ားကို သက္တမ္းတိုစြာသာ ေနရေတာ့မည္ဟု ေျပာဆိုေနရၾကမႈမ်ားလည္း ရွိၾကသည္ကို ကြၽန္ေတာ့္ကိုယ္ေတြ႕ပင္ ျဖစ္ပါသည္။ ကြၽန္ေတာ့္ကိုလည္း အလုပ္ရွင္ကိုယ္တိုင္က အလုပ္မွထုတ္ပယ္လိုေသာေၾကာင့္ လူ႔ဘဝတြင္ တစ္ႏွစ္သာ ေနရေတာ့မည္ဟု နိမ့္ခ်ေျပာဆိုၿပီး အလုပ္မွ ထုတ္ပယ္ခဲ့ေသာ္လည္း ယေန႔ထိဆိုလွ်င္ ဆယ္ႏွစ္တာကာလ တစ္ခုကို ျဖတ္သန္းၿပီး အသက္ရွင္ေနထိုင္ႏိုင္ခဲ့ပါသည္။ ကြၽန္ေတာ့္ထက္ အခ်ိန္ပိုေစာၿပီး HIV ကူးစက္ခံရသူမ်ားသည္ပင္လွ်င္ စနစ္တက် ကုသခံယူေနၾကသျဖင့္ အႏွစ္ ၂၀ တိုင္တိုင္မေသေသးဘဲ ရွင္သန္လွ်က္ရွိေနသူမ်ားပင္ ရွိေနသည္ကို ေတြ႕ေနရပါသည္။
ယေန႔ေခတ္တြင္ HIV ကို ထိန္းခ်ဳပ္ၿပီး လူသက္တမ္းေစ့ ေနႏိုင္ေအာင္ ေပးစြမ္းသည့္ ART ေဆးစြမ္းေကာင္းမ်ားသည္ တစ္ႏွစ္ထက္တစ္ႏွစ္ အရည္အေသြးေကာင္းမြန္ေသာ ေဘးထြက္ဆိုးက်ိဳးနည္းပါးေသာ ေဆးမ်ားလည္း ႏွစ္စဥ္ေပၚထြက္လာေနၿပီလည္း ျဖစ္ပါသည္။ မၾကာေသာ အခ်ိန္ကာလတစ္ခုတြင္ HIV ကို လုံးဝေပ်ာက္ကင္းႏိုင္ေအာင္ ကုသႏိုင္မည့္ ေဆးဝါးမ်ား ေပၚထြက္လာမည္ကို ေတြ႕ျမင္ရခ်ိန္ နီးလာၿပီျဖစ္ပါသည္။ သို႔ေသာ္ မကူးစက္ေအာင္ႀကိဳတင္ကာကြယ္ၾကဖို႔ႏွင့္ ေဆးရွိသားပဲဆိုၿပီး အတင့္မရဲဖို႔ေတာ့ အထူးလိုအပ္လွပါသည္။ ထို႔အျပင္ HIV ပိုးရွိေနမႈေၾကာင့္ ခုခံအားမ်ား က်ဆင္းေနသည့္အခ်ိန္တြင္ အခြင့္အေရးယူဝင္ေရာက္လာတတ္သည့္ ေရာဂါမ်ားကိုကုသရသည့္ ေဆးဝါးမ်ားလည္း ပိုမိုအစြမ္းထက္ေသာ ေဆးမ်ားေပၚေပါက္လာသျဖင့္ AIDS အဆင့္သို႔ ေရာက္မသြားေအာင္ ထိန္းခ်ဳပ္ကုသႏိုင္ၿပီလည္း ျဖစ္ပါသည္။ သို႔ေသာ္ အခ်ိန္မေႏွာင္းဖို႔ေတာ့ လိုအပ္ပါသည္။ ယေန႔လက္ရွိ HIV ကူးစက္ခံရသူမ်ားတြင္လည္း ဗဟုသုတႏွင့္ သတင္းအခ်က္အလက္ လွမ္းမမီသည့္ ေတာနယ္မ်ားပင္ မဆိုထားႏွင့္ ရန္ကုန္ၿမိဳ႕ႀကီးမ်ား၌ ကူးစက္ခံရသည့္ ကာယကံရွင္ႏွင့္ မိသားစုဝင္မ်ား ဗဟုသုတ အလွမ္းေဝးေနသည္ကို ျမင္ေတြ႕ေနရပါသည္။ မိမိတို႔ႏွင့္ မသက္ဆိုင္လာႏိုင္ပါဘူးဟု ယူဆထား၍လည္းေကာင္း ေလ့လာလွ်င္လည္း တစ္ပါးသူကဲ့ရဲ႕ခံရမွာစိုးရိမ္၍ လည္းေကာင္း သတင္းအခ်က္အလက္မ်ားႏွင့္ ကင္းကြာေနရျခင္းလည္း ျဖစ္ပါသည္။
ထိုအေၾကာင္းအရာႏွင့္ ပတ္သတ္ၿပီး မၾကာေသးမီကပင္ HIV ကူးစက္ခံရသူ ရန္ကုန္ၿမိဳ႕ေန အမ်ိဳးသမီးတစ္ဦးက ေမးျမန္းလာေသာ ေမးခြန္းမွာ သူမလည္း လူ႔ဘဝတြင္ ဆယ္ႏွစ္သာေနရေတာ့မည္လားဟု ေမးျမန္းလာပါသည္။ အေၾကာင္းအရင္းကို ဆန္းစစ္ေသာအခါ သူမတြင္ HIV ပိုးရွိေနသည္ကို လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ခန႔္က သိရွိထားၿပီးျဖစ္သလို သူမ၏ ခ်စ္သူတြင္လည္း HIV ပိုးရွိေနသည္ကို သတိထားသူတစ္ဦးပင္ျဖစ္သည္။ သူမ၏ ခ်စ္သူသည္ မူးယစ္ေဆးဝါးသုံးစြဲသူတစ္ဦးျဖစ္ၿပီး မၾကာေသးခင္ကာလကပင္ လက္ထပ္လိုက္ၾကၿပီး ယခုသူမတြင္ ကိုယ္ဝန္ေလးလခြဲခန႔္ ရွိေနသည္ကိုလည္း ေမးျမန္းသိရွိရပါသည္။ သူမသည္ ေလာကႀကီးတြင္ ဆယ္ႏွစ္သာ ေနရေတာ့မည္ျဖစ္ေၾကာင္း ထို႔ေၾကာင့္ ေမြးလာေသာ သားသမီးကို မည္သူေစာင့္ေရွာက္မည္လဲ ျဖစ္ေၾကာင္းႏွင့္ ထို႔အတြက္ေၾကာင့္ သူမ၏ ကိုယ္ဝန္ကို ယခုကတည္းမွပင္ ဖ်က္ခ်ရန္ ေယာင္းမျဖစ္သူႏွင့္ ခဲအိုျဖစ္သူတို႔မွ တြန္းအားေပးေနသျဖင့္ မည္ကဲ့သို႔ ျပဳလုပ္သင့္ေၾကာင္း ေမးျမန္းလာပါသည္။
ထို႔အတြက္ေၾကာင့္ သူမ၏ သိလိုေသာ ေမးခြန္းကို ျပန္ေျဖရာတြင္ ယခု အေျခအေနတြင္ မိခင္မွသားသမီးသို႔ မကူးစက္ရန္ PMCT နည္းလမ္းျဖင့္ ေမြးဖြားလို႔ရပါေၾကာင္းႏွင့္ မိခင္သည္လည္း စနစ္တက် ကုသမႈခံယူၿပီး လူ႔သက္တမ္းေစ့ ေနထိုင္လွ်က္ သားသမီးမ်ားကို ျပဳစုလို႔ရပါေၾကာင္းသာ ေျဖေပးလိုက္ပါသည္။ ထို႔အျပင္ ကိုယ္ဝန္မဖ်က္စီးသင့္ေၾကာင္းသာ ေျပာလိုက္ရပါသည္။ ထို႔အျပင္ သူမ၏ ခုခံအား စနစ္ကို စစ္ေဆးရာတြင္လည္း အေတာ္ပင္နည္းပါးလွ်က္ရွိၿပီး ကိုယ္ဝန္ဖ်က္ခ်ေပးမည့္ ဆရာဝန္မရွိေၾကာင္းႏွင့္ မိမိအစီအစဥ္ျဖင့္ ဖ်က္ခ်ပါက အသက္အႏၲရာယ္ ရွိလာႏိုင္ေၾကာင္းပါ ထည့္သြင္းေဆြးေႏြးေပးခဲ့ရပါသည္။
ထို႔အျပင္ HIV ကုသသည့္ ဆရာဝန္ဆီ ေခၚသြားၿပီး ေဆးကုသမႈ ခံယူေစေသာအခါ၌လည္း ဆရာဝန္မွ ကိုယ္ဝန္ဖ်က္ခ်သည့္ ကိစၥအား လုံးဝတားျမစ္သည့္အျပင္ ေရာဂါကင္းစင္ေသာ သားသမီးေမြးဖြားႏိုင္ေရးကိုသာ ဦးတည္ကုသေပးလိုက္ပါသည္။ သု႔ိေသာ္ ေယာင္းမႏွင့္ ခဲအိုျဖစ္သူတို႔မွ ကိုယ္ဝန္ဖ်က္ခ်လိုက္ျခင္းကို ဖိအားေပးေနျပန္ေသာေၾကာင့္ အေျခအေန အလုံးစုံကို သုံးသပ္လိုက္ေသာအခါ ေနာက္ကြယ္တြင္ အေမြကိစၥအရႈပ္အရွင္း လင္းခ်င္သည့္ လုပ္ရပ္ ဆက္ႏြယ္ေနသည္ကိုလည္း သုံးသပ္ရပါသည္။
ထိုသို႔ HIV ပိုးရွိေနသည့္ မိခင္ေလာင္းအေပၚ အမ်ိဳးသမီးခ်င္း ကိုယ္ခ်င္းစာနာမႈ ကင္းမဲ့ေသာ လုပ္ရပ္သည္ လူမဆန္ေသာ လုပ္ရပ္စိတ္ကူးမ်ားျဖစ္သည္ဟုသာ ကြၽန္ေတာ္ သုံးသပ္မိပါေတာ့သည္။ ထိုကဲ့သို႔ လူမဆန္ေသာ လုပ္ရပ္မ်ားစြာ ထပ္မံရွိေနဦးမည္ဟုလည္း ဆက္စပ္ေတြးမိပါေသးသည္။ သို႔အတြက္ေၾကာင့္ ထိုကဲ့သို႔ ဆိုး႐ြားေသာ ျဖစ္စဥ္မ်ားကို ရင္ဆိုင္ႀကဳံေတြ႕ေနရသူမ်ားသည္ တတ္ႂကြမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ ေဆးကုသမႈ ခံယူျခင္းေဆြးေႏြး တိုင္ပင္မႈမ်ား ျပဳလုပ္သင့္သည့္အျပင္ မိမိတို႔၏ မိဘမ်ားကိုပါ ဖြင့္ေျပာအႀကံဉာဏ္ရယူသင့္ပါသည္။ ေနာက္ဆုံုးတြင္ မိမိ၏ ရင္ေသြးအတြက္ ဆုံးျဖတ္ခ်က္မွန္ကန္မႈကို ေ႐ြးခ်ယ္ရာ၌ မိခင္စိတ္ျဖင့္ မိမိတြင္သာ တာဝန္ရွိပါေၾကာင္း ေရးသားမွ်ေဝလိုက္ရပါသည္။
Author – လႈိင္ (PEER) (Healthcare Journal)
(Unicode)
HIV ပိုးပေါ်ပေါက်စဉ်က ကုသစရာ ဆေးဝါးမရှိတဲ့အပြင် ကုထုံးကောင်းများ မရှိသည့်အတွက် ဆက်စပ်ရောဂါများ၏ နှိပ်စက်မှုကြောင့် လူများစွာ သေဆုံးခဲ့ရပါသည်။ ထို့ကြောင့်လည်း ထိုစဉ်အချိန်တုန်းက HIV ပိုးမကူးစက်စေရန် နည်းမျိုးစုံဖြင့် သတိပေးခဲ့ကြသလို HIV ကူးစက်လျှင်ဖြင့် သေမိန့်ကျပြီးသား လူများဟု အများမှ လက်ခံထားကြပေသည်။ သို့သော် အစွဲများသည် ယနေ့ HIV ပိုးကို ART ဆေးဝါးများနှင့် ကုထုံုးကောင်းအစွမ်းတို့ကြောင့် လူ့သက်တမ်းစေ့ ပေးစွမ်းနိုင်သည့် ခေတ်ကာလကို ရောက်ရှိနေသော်လည်း အစွဲဟောင်းများ မပျောက်ပျက်သေးပေ။ ကူးစက်ခံရသူ ကိုယ်တိုင်မှရော တစ်ပါးသူများမှရော မသိကြသေးမှုများနှင့် ထင်မှတ်ပြောဆိုနေကြတုန်းပင်ဖြစ်ပါသည်။ နောက်ခံ အကြောင်းအရင်းများကို အခြေပြုရန်လည်း HIV ကူးစက်ခံရသူများကို သက်တမ်းတိုစွာသာ နေရတော့မည်ဟု ပြောဆိုနေရကြမှုများလည်း ရှိကြသည်ကို ကျွန်တော့်ကိုယ်တွေ့ပင် ဖြစ်ပါသည်။ ကျွန်တော့်ကိုလည်း အလုပ်ရှင်ကိုယ်တိုင်က အလုပ်မှထုတ်ပယ်လိုသောကြောင့် လူ့ဘဝတွင် တစ်နှစ်သာ နေရတော့မည်ဟု နိမ့်ချပြောဆိုပြီး အလုပ်မှ ထုတ်ပယ်ခဲ့သော်လည်း ယနေ့ထိဆိုလျှင် ဆယ်နှစ်တာကာလ တစ်ခုကို ဖြတ်သန်းပြီး အသက်ရှင်နေထိုင်နိုင်ခဲ့ပါသည်။ ကျွန်တော့်ထက် အချိန်ပိုစောပြီး HIV ကူးစက်ခံရသူများသည်ပင်လျှင် စနစ်တကျ ကုသခံယူနေကြသဖြင့် အနှစ် ၂၀ တိုင်တိုင်မသေသေးဘဲ ရှင်သန်လျှက်ရှိနေသူများပင် ရှိနေသည်ကို တွေ့နေရပါသည်။
ယနေ့ခေတ်တွင် HIV ကို ထိန်းချုပ်ပြီး လူသက်တမ်းစေ့ နေနိုင်အောင် ပေးစွမ်းသည့် ART ဆေးစွမ်းကောင်းများသည် တစ်နှစ်ထက်တစ်နှစ် အရည်အသွေးကောင်းမွန်သော ဘေးထွက်ဆိုးကျိုးနည်းပါးသော ဆေးများလည်း နှစ်စဉ်ပေါ်ထွက်လာနေပြီလည်း ဖြစ်ပါသည်။ မကြာသော အချိန်ကာလတစ်ခုတွင် HIV ကို လုံးဝပျောက်ကင်းနိုင်အောင် ကုသနိုင်မည့် ဆေးဝါးများ ပေါ်ထွက်လာမည်ကို တွေ့မြင်ရချိန် နီးလာပြီဖြစ်ပါသည်။ သို့သော် မကူးစက်အောင်ကြိုတင်ကာကွယ်ကြဖို့နှင့် ဆေးရှိသားပဲဆိုပြီး အတင့်မရဲဖို့တော့ အထူးလိုအပ်လှပါသည်။ ထို့အပြင် HIV ပိုးရှိနေမှုကြောင့် ခုခံအားများ ကျဆင်းနေသည့်အချိန်တွင် အခွင့်အရေးယူဝင်ရောက်လာတတ်သည့် ရောဂါများကိုကုသရသည့် ဆေးဝါးများလည်း ပိုမိုအစွမ်းထက်သော ဆေးများပေါ်ပေါက်လာသဖြင့် AIDS အဆင့်သို့ ရောက်မသွားအောင် ထိန်းချုပ်ကုသနိုင်ပြီလည်း ဖြစ်ပါသည်။ သို့သော် အချိန်မနှောင်းဖို့တော့ လိုအပ်ပါသည်။ ယနေ့လက်ရှိ HIV ကူးစက်ခံရသူများတွင်လည်း ဗဟုသုတနှင့် သတင်းအချက်အလက် လှမ်းမမီသည့် တောနယ်များပင် မဆိုထားနှင့် ရန်ကုန်မြို့ကြီးများ၌ ကူးစက်ခံရသည့် ကာယကံရှင်နှင့် မိသားစုဝင်များ ဗဟုသုတ အလှမ်းဝေးနေသည်ကို မြင်တွေ့နေရပါသည်။ မိမိတို့နှင့် မသက်ဆိုင်လာနိုင်ပါဘူးဟု ယူဆထား၍လည်းကောင်း လေ့လာလျှင်လည်း တစ်ပါးသူကဲ့ရဲ့ခံရမှာစိုးရိမ်၍ လည်းကောင်း သတင်းအချက်အလက်များနှင့် ကင်းကွာနေရခြင်းလည်း ဖြစ်ပါသည်။
ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး မကြာသေးမီကပင် HIV ကူးစက်ခံရသူ ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက မေးမြန်းလာသော မေးခွန်းမှာ သူမလည်း လူ့ဘဝတွင် ဆယ်နှစ်သာနေရတော့မည်လားဟု မေးမြန်းလာပါသည်။ အကြောင်းအရင်းကို ဆန်းစစ်သောအခါ သူမတွင် HIV ပိုးရှိနေသည်ကို လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က သိရှိထားပြီးဖြစ်သလို သူမ၏ ချစ်သူတွင်လည်း HIV ပိုးရှိနေသည်ကို သတိထားသူတစ်ဦးပင်ဖြစ်သည်။ သူမ၏ ချစ်သူသည် မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးဖြစ်ပြီး မကြာသေးခင်ကာလကပင် လက်ထပ်လိုက်ကြပြီး ယခုသူမတွင် ကိုယ်ဝန်လေးလခွဲခန့် ရှိနေသည်ကိုလည်း မေးမြန်းသိရှိရပါသည်။ သူမသည် လောကကြီးတွင် ဆယ်နှစ်သာ နေရတော့မည်ဖြစ်ကြောင်း ထို့ကြောင့် မွေးလာသော သားသမီးကို မည်သူစောင့်ရှောက်မည်လဲ ဖြစ်ကြောင်းနှင့် ထို့အတွက်ကြောင့် သူမ၏ ကိုယ်ဝန်ကို ယခုကတည်းမှပင် ဖျက်ချရန် ယောင်းမဖြစ်သူနှင့် ခဲအိုဖြစ်သူတို့မှ တွန်းအားပေးနေသဖြင့် မည်ကဲ့သို့ ပြုလုပ်သင့်ကြောင်း မေးမြန်းလာပါသည်။
ထို့အတွက်ကြောင့် သူမ၏ သိလိုသော မေးခွန်းကို ပြန်ဖြေရာတွင် ယခု အခြေအနေတွင် မိခင်မှသားသမီးသို့ မကူးစက်ရန် PMCT နည်းလမ်းဖြင့် မွေးဖွားလို့ရပါကြောင်းနှင့် မိခင်သည်လည်း စနစ်တကျ ကုသမှုခံယူပြီး လူ့သက်တမ်းစေ့ နေထိုင်လျှက် သားသမီးများကို ပြုစုလို့ရပါကြောင်းသာ ဖြေပေးလိုက်ပါသည်။ ထို့အပြင် ကိုယ်ဝန်မဖျက်စီးသင့်ကြောင်းသာ ပြောလိုက်ရပါသည်။ ထို့အပြင် သူမ၏ ခုခံအား စနစ်ကို စစ်ဆေးရာတွင်လည်း အတော်ပင်နည်းပါးလျှက်ရှိပြီး ကိုယ်ဝန်ဖျက်ချပေးမည့် ဆရာဝန်မရှိကြောင်းနှင့် မိမိအစီအစဉ်ဖြင့် ဖျက်ချပါက အသက်အန္တရာယ် ရှိလာနိုင်ကြောင်းပါ ထည့်သွင်းဆွေးနွေးပေးခဲ့ရပါသည်။
ထို့အပြင် HIV ကုသသည့် ဆရာဝန်ဆီ ခေါ်သွားပြီး ဆေးကုသမှု ခံယူစေသောအခါ၌လည်း ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချသည့် ကိစ္စအား လုံးဝတားမြစ်သည့်အပြင် ရောဂါကင်းစင်သော သားသမီးမွေးဖွားနိုင်ရေးကိုသာ ဦးတည်ကုသပေးလိုက်ပါသည်။ သု့ိသော် ယောင်းမနှင့် ခဲအိုဖြစ်သူတို့မှ ကိုယ်ဝန်ဖျက်ချလိုက်ခြင်းကို ဖိအားပေးနေပြန်သောကြောင့် အခြေအနေ အလုံးစုံကို သုံးသပ်လိုက်သောအခါ နောက်ကွယ်တွင် အမွေကိစ္စအရှုပ်အရှင်း လင်းချင်သည့် လုပ်ရပ် ဆက်နွယ်နေသည်ကိုလည်း သုံးသပ်ရပါသည်။
ထိုသို့ HIV ပိုးရှိနေသည့် မိခင်လောင်းအပေါ် အမျိုးသမီးချင်း ကိုယ်ချင်းစာနာမှု ကင်းမဲ့သော လုပ်ရပ်သည် လူမဆန်သော လုပ်ရပ်စိတ်ကူးများဖြစ်သည်ဟုသာ ကျွန်တော် သုံးသပ်မိပါတော့သည်။ ထိုကဲ့သို့ လူမဆန်သော လုပ်ရပ်များစွာ ထပ်မံရှိနေဦးမည်ဟုလည်း ဆက်စပ်တွေးမိပါသေးသည်။ သို့အတွက်ကြောင့် ထိုကဲ့သို့ ဆိုးရွားသော ဖြစ်စဉ်များကို ရင်ဆိုင်ကြုံတွေ့နေရသူများသည် တတ်ကြွမ်းနားလည်သော ဆရာဝန်များနှင့် ဆေးကုသမှု ခံယူခြင်းဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်သင့်သည့်အပြင် မိမိတို့၏ မိဘများကိုပါ ဖွင့်ပြောအကြံဉာဏ်ရယူသင့်ပါသည်။ နောက်ဆုံုးတွင် မိမိ၏ ရင်သွေးအတွက် ဆုံးဖြတ်ချက်မှန်ကန်မှုကို ရွေးချယ်ရာ၌ မိခင်စိတ်ဖြင့် မိမိတွင်သာ တာဝန်ရှိပါကြောင်း ရေးသားမျှဝေလိုက်ရပါသည်။
Author – လှိုင် (PEER) (Healthcare Journal)