`တားဆေးသုံးခြင်းသည် နောင်အခါကလေးရပါသလား´ ဟူသောမေးခွန်းသည် မှာအမေးအများဆုံးဖြစ်ပါတယ်။ကိုယ်ဝန်တားသောဆေးများသည်ဟော်မုန်းဆေးမျာဖြစ်သည့်အလျောက် ဆိုးကျိုးမျာရှိတတ်သော်လည်း ကလေးမရခြင်းပြဿနာသည်အဓိကလို့တော့ပြောမရပါ။
သုတေသနစာတမ်းပြုစုချက်များအရ တားဆေးမသုံးသူများနှင့်သုံးသူများ နိူင်းယှဉ်လျင် တားဆေးသုံးသူများသည်လည်း ကလေးရတတ်ပါတယ်။အကြီးမားဆုံးသုတေသနစာတမ်းတစ်ခုအရ တားဆေးခုနှစ်နှစ်သုံးစွဲခဲ့သောအမျိုသမီးများတွင် ၂၁.၁ရာခိုင်းနူန်းသည်အမြန်ရလွယ်ပြီး အခြားသောအကြောင်းရင်းမရှိပါက ၇၉.၄ရာခိုင်းနူန်းသည် တစ်နှစ်အတွင်းရတတ်ကြောင်းဖော်ပြထားပါတယ်။
ရေရှည်တားဆေးသုံးစွဲ ခြင်းအကျိုးရလဒ်ကို အချို့သောသုတေသနပြုချက်များအရသိရှိနိုင်ပါတယ်။တားဆေး၅နှစ်အထက်သုံးစွဲသူများအနေဖြင့် သားအိမ်နံရံတဖြေးဖြေးပါးလာတတ်ပါတယ်။သားအိမ်ဆိုသည်မှာ ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကပ်တွယ်ရသောနေရာဖြစ်ပါတယ်။
တားဆေးမကြာခဏသုံးသောအမျိုးသမီးနှင့်လုံးဝမသုံးသောအမျိုးသမီးများတွင်ရာသီလာချိန်၊မျိုးဥကြွေချိန်စည်တို့ကို သုတေသနပြုလေ့လာရာတွင် တားဆေးမကြာခဏသုံးသူများသည် မျိုးဥကြွေကာရာသီရက်မှန်သည်။ရာသီလာရက်ကြာတတ်ပါတယ်။ရာသီမမှန်သောအမျိုးသမီးများတွင်တားဆေးသောက်ခြင်းဖြင့်ရာသီမှန်အောင်ပြုလုပ်ရပါတယ်။
တားဆေးသောက်ပြီးနောက် ရာသီမလာတော့ခြင်း
တားဆေးသောက်နေစဉ်အတွင်း ၃လအတွင်းရာသီလာသင့်ပါတယ်။ဆေးဖြတ်ပြီးနောက်ရာသီမလာခဲ့လျှင်တော့ အရင်ဆုံးကိုယ်ဝန်ရှိမရှိစစ်ဆေးပါ။ကလေးရတတ်ပါတယ်။ကိုယ်ဝန်မရှိဘဲရာသီမလာခြင်း၆လဆက်တိုက်ဖြစ်ခဲ့လျှင်မမျိုးဥမကြွေသောကြောင့်ဖြစ်ပါတယ်။တားဆေးသည် ရာသီမှနိရန်ပြုလုပ်ပေးပါတယ်။မမျိုးဥလုံးဝမကြွေသောအမျိုးသမီးများသည်ပင် တားဆေးသုံးခြင်းဖြင့် ရာသီပုံမှနိဖြစ်စေပါတယ်။
တားဆေးသုံးလျှင်အမျိုးသမီးအချို့သည် ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ရင်သားတင်းခြင်း၊ခေါင်းကိုက်ခြင်း၊ပန်းသေပန်းညိူးခြင်း၊ကိုယ်အလေးချိန်တက်ခြင်းသောပြဿနာများချက်ချင်းခံစားရနိုင်ပါတယ်။ရေရှည်ပြဿနာများရှိနိုင်သော်လည်း ထိတ်လန့်ဖွယ်မရှိပါ။အဆိုပါဆိုးကျိုးများကို ကိုယ်ခန္ဓာမှပြန်လည်တည်ဆောက်ရျ်ရနိုင်သောနည်းလမ်းများရှိပါတယ်။
(1)ကိုယ်တွင်းလိုအပ်သောအာဟာရအချို့စုပ်ယူမူကိုတားဆေးမှ နှောက်ယှက်သောကြောင့်ကိုယ်ခန္ဓာဝခြင်း၊ဆံပင်ကျွတ်ခြင်း၊ကိုယ်ခံအားနည်းခြင်း၊လိင်စိတ်နည်းပါးခြင်းစသောအခြေအနေများဖြစ်နိုင်ပါတယ်။ထို့ကြောင့်ချို့တဲ့မူကိုပြန်လည်ဖြည့်တင်းရန်သံဓာတ်ပြည့်ဝသောအစားအစာများစားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။
(2)တားဆေးသည်အူတွင်းကာကွယ်ပေးသောသဘာဝပိုးများကို ဖျက်ဆီးပစ်တတ်ပါတယ်။သဘာဝပိုးသည်အစာချေဖျက်မူစနစ်၊ကိုယ်ခံအားစနစ်တွင်အလွန်အသုံးဝင်ပါတယ်။သဘာဝပိုးမရှိလျှင်အစာမကြေခြင်းနှင့်ဝမ်းလျောခြင်းစသောပြဿနာများရင်ဆိုင်ရနိုင်ပါတယ်။ထိုပြဿနာများကိုကာကွယ်ရန်အချဉ်ဖောက်ထားသော ဒိန်ချဉ်စသည်တို့ကိုစားသုံးပေးပါကကာကွယ်နိုင်ပါတယ်။
(3)တားဆေးရေရှည်သောက်လျှင် ကလေးမရခြင်းပဿနာများမိမိတွင်ရှိခဲ့ပါက သတိမပြုတတ်ပေ။တားဆေးကြောင့်ကလေးမရခြင်းသည်တိုက်ရိုက်သက်ရောက်မူမရှိပါ။အိမ်ထောင်စကျကတည်းက သုံးသူများအဖို့ မိမိတွင်ကလေးမရနိုင်သလား ရနိုင်သလားသေချာမသိဘဲ သုံးခဲ့သောကြောင့် တားဆေးကြောင့်မရသည်ဟုထင်နိုင်ချေရှိပါတယ်။ဆေးသောက်ခြင်းကြောင်ကိုယ်ဝန်ရနိုင်ချေကိုတားခြင်းမဟုတ်ဘဲရာသီစက်ဝန်းကိုသာပြောင်းလဲ ခြင်းဖြစ်ပါတယ်။အကယ်ရျ်သင်သာနှစ်ရှည်တားဆေးသောက်ခြင်းသည် ကိုယ်ဝန်ဆောင်နိုင်သောအသက်အရွယ်ကျော်လွန်သောကြောင့် ကလေးရမူကိုဟန့်တားနှေးကွေးစေပါတယ်။
တားဆေးတွင်ပါဝင်သောဟော်မုန်းများကြောင့် ဦးနှောက်မှဟော်မုန်းထွက်မူကိုရပ်စေပြီး ရာသီစက်ဝန်းကိုပြောင်းလဲစေပါတယ်။ထိုအခြေအနေကြောင့်ကိုယ်အလေးချိန်လျော့ခြင်းနှင့်စိတ်ဖိဆီးမူများခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်။
အချို့အမျိုးသမီးများအနေဖြင့် တားဆေးရေရှည်သောက်သော်လည်းရာသီမှန်ကာကလေးအလွယ်တကူရရှိနိုင်ပါတယ်။
အကောင်းဆုံးနည်းလမ်းအနေဖြင့် ကလေးယူရန်အစီအစဉ်ရှိခဲ့သော်တားဆေးသုံးစွဲ ခြင်းကိုတနှစ်ကြိုတင်ဖြတ်ခြင်းဖြင့် ကိုယ်ခန္ဓာဟော်မုန်းကိုပုံမှန်ပြောင်းရောက်ရန်အချိန်ယူသင့်ပါတယ်။
တားဆေးကြောင့်ဆိုးကျိုးအနည်ငယ်ရှိသော်ငြားလဲ တားဆေးများသုံးခြင်းသည်သာ အဆင်ပြေဆုံးနှင့်အလွယ်ကူဆုံးကိုယ်ဝန်တားနည်းတစ်ခုဖြစ်ပါတယ်။အခြားသောတားနည်းများလည်းရွေးချယ်နိုှု်င်ပါတယ်။မိသားစုသားဆက်ခြားခြင်းသည်မိသားစတစ်ခုရဲ့လူနေထိုင်မူအဆင့်အတန်း၊ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ထို့ကြောင့် တားဆေးရဲ့ကောင်းကျိုး၊ဆိုးကျိုးများသေချာနားလည်သဘောပေါက်သုံးစွဲလျှင်ရေရှည်အသုံးတည့်ပါတယ်။
Dr.ပြည့်ရှင်း