မေး – အေအိုင်ဒီအက်စ်ရောဂါကို ဘယ်အချိန်က စတွေ့တာလဲ။
ဖြေ – ပထမဦးဆုံး သတိပြုမိတာက ၁၉၈၁ခုနှစ်ကပါ။ လူသားများရဲ့ ခုခံအားစနစ် ချို့ယွင်းမှုကိုဖြစ်စေတဲ့ ဗိုင်း ရပ်စ်ပိုး အိပ်ချ်အိုင်ဗွီဆိုပြီး အမည်မှည့်ခေါ်လိုက်ပါတယ်။ အိပ်ချ်အိုင်ဗွီ (၁)နဲ့ အိပ်ချ်အိုင်ဗွီ(၂) ဆိုပြီးရှိပါတယ်။ အိပ်ချ်အိုင်ဗွီ(၂)ကသိပ်မပြင်းထန်ဘဲ အနောက်အာဖရိကမှာ အဓိကတွေ့ရပါတယ်။ အာဖရိကတိုက်မှာရှိတဲ့ လူ တွေရဲ့ အဓိကသေစေတဲ့ရောဂါက အေအိုင်ဒီအက်စ်ရောဂါဖြစ်ပါတယ်။ အေအာတီလို့ခေါ်တဲ့ ဆေးတွေကိုပေး နိုင်ရင်လူအတော်များများက သက်တမ်းစေ့နေနိုင်ပါတယ်။ အေအာတီဆိုတာကလည်း ဆေးသုံးမယ် (သို့) ဒီထက်ပိုပြီး ထည့်သုံးရတဲ့ဆေးတွေဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်ကမ္ဘာ့ကျန်းမာရေးမှတ်တမ်းအရ အိပ်ချ်အိုင်ဗွီ (သို့) အေအိုင်ဒီအက်စ်ဖြစ်နေတဲ့သူက ၃၃.၂သန်းရှိပြီး ရောဂါစဖြစ်နေတဲ့သူက ၂.၅သန်းနဲ့ သေပျောက်မှု ၂.၁သန်းရှိပါတယ်။
မေး– ဘယ်လိုနည်းနဲ့ကူးစက်ခံရသလဲ။
ဖြေ – လူရဲ့သွေး၊ သုက်ရည်နဲ့တခြားခန္ဓာကိုယ်ကထွက်တဲ့ အရည်ဖြစ်တဲ့ နို့နဲ့တံတွေးတွေမှာ ရောဂါပိုးရှိနေနိုင်ပါ တယ်။ သွေးကနေကူးစက်နိုင်မှု ၉၀ရာခိုင်နှုန်း၊ ဆေးထိုးအပ်မှကူးစက်နိုင်မှု ဝ.၅-၁ ရာခိုင်နှုန်း၊ လိင်မှကူးစက်နိုင် မှု ဝ.၂ မှ ဝ.၅ရာခိုင်နှုန်း၊ ၅-၁၀ ရာခိုင်နှုန်းက ရောဂါအသစ်ဖြစ်တာဟာ ကလေးတွေမှာဖြစ်တတ်ပြီး အဲဒီကလေး တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဆောင်စဉ် ကလေးမွေးစဉ်နဲ့နို့စို့မှုကြောင့် ကူးစက်ခံရပါတယ်။
မေး – သွေးထဲ ဗိုင်းရပ်စ်ပိုးကဘယ်လို လှည့်လည်နေသလဲ။
ဖြေ – လွတ်လွတ်လပ်လပ် ဗိုင်းရပ်စ်ကောင်တွေ သွားနေသလို ဆဲလ်ထဲမှာဝင်ရောက်ပြီးလည်း သွားနေပါတယ်။ ကိုယ်ခန္ဓာနံရံရဲ့ အတွင်းလွှာကိုဖောက်ထွင်းဝင်ရောက်ပြီး ရောဂါပိုးဟာ သားနံရည်ကျိတ်ဆီသို့လည်းကောင်း၊ စီဒီဖိုး တီလင်ဖိုဆိုဒ်ဆဲလ် (သို့) Langerhan ဆဲလ်ကနေတစ်ဆင့် သယ်ဆောင်သွားပါတယ်။ အဲဒီဗိုင်းရပ်စ်ကို စီဒီဖိုး ဖမ်းစားဆဲလ် စားလိုက်တယ်။ အဲဒီ ဖမ်းစားဆဲလ်ထဲမှာ ဗိုင်းရပ်စ်တွေအများကြီးထပ်ထွက်လာပါတယ်။ သွေးရည်ကြည်ထဲမှာ ဗိုင်းရပ်စ်ရဲ့သက်တမ်းတစ်ဝက်က ၁-၂ နာရီကြာပြီး ဖမ်းစားဆဲလ် ထဲမှာနေရင် ၁.၅ ရက် နေနိုင်တယ်။ တစ်နေ့တစ်နေ့ ဗိုင်းရပ်စ်ပိုးတစ်ဆယ်ဆယ်ထပ်ကိန်းပွားများပြီး စီဒီဖိုးဆဲလ်က တစ်ဆယ်ကိုးထပ် ကိန်းပျက်စီးကြပါတယ်။
မေး – ရောဂါကို ဘယ်လိုအုပ်စုခွဲသလဲ။
ဖြေ – လေးမျိုးခွဲခြားနိုင်ပါတယ်။ (၁) မူလရောဂါဝင်ခြင်း (၇၀-၈၀) ရာခိုင်နှုန်းသောလူနာတွေမှာ ရောဂါရှိသူနဲ့ တွေ့ထိဆက်ဆံပြီး ၂-၆ ပတ်ကြာမှာလက္ခဏာပြပါတယ်။ စီဒီဖိုး ပမာဏတက်မယ်။ ဗိုင်းရပ်စ်အကောင်ရေကျရင် လက္ခဏာတွေသက်သာလာမယ်။ လူနာအတော်များများ အနည်းငယ်နေထိုင်မကောင်းဖြစ်မယ်။ နောက်ပိုင်းပြန် စစ်တော့မှရောဂါရှိမှန်းသိကြတယ်။ အိပ်အိုင်ဗွီ – အာအန်အေကို သွေးရည်ကြည်ထဲမှာ စစ်ဆေးခြင်း ၃-၁၂ ပတ် ကြာမှာ ANTI-HIV Anti body စစ်ဆေးပြုလုပ်ရပါတယ်။ (၂) ရောဂါလက္ခဏာမပြတဲ့ အခြေအနေ (ခန္ဓာကိုယ် မှာအကျိတ်ထွက်ပြီး ဘာလက္ခဏာမှမပြတတ်ပါဘူး။ ဗိုင်းရပ်စ်က သားနံရည်ကျိတ်ထဲမှာ ပွားများတဲ့အဆင့်ဖြစ် ပါတယ်။ (၃) ရောဂါလက္ခဏာအပျော့စားပြခြင်း (လက္ခဏာပြဖို့ ၇-၁၀ နှစ်ကြာတတ်ပါတယ်)။ (၄) အေအိုင်ဒီ အက်စ်ရောဂါဖြစ်နေခြင်းဆိုပြီး လေးမျိုးရှိပါတယ်။
မေး – မူလရောဂါဝင်နေရင် ဘာလက္ခဏာပြတတ်လဲ။
ဖြေ – ပိန့်တွေထွက်ပြီး ဖျားမယ်။ လည်ချောင်းနာပြီးလည်ပင်းကျိတ်တွေထွက်မယ်။ ကြွက်သားနဲ့အရိုးတွေနာ မယ်။ ခေါင်းကိုက်မယ်။ ပါးစပ်နဲ့ယောနိမှာ အနာဖြစ်မယ်။
မေး – အိပ်အိုင်ဗွီ လက္ခဏာ (သို့) အိပ်အိုင်ဗွီဝင်နေတယ်ဆိုတဲ့ အချက်တွေကဘာလဲ။
ဖြေ – ပါးစပ်မှာအနာပေါက်မယ်။ လည်ချောင်းနဲ့ပါးစပ်မှာ ခဏခဏမှိုရောဂါဖြစ်မယ်။ မွေးလမ်းကြောင်းမှာ ရောင် ရမ်းရောဂါပြင်းပြင်းထန်ထန်ဖြစ်မယ်။ ယောနိမှာ ခဏခဏမှိုရောဂါဖြစ်မယ်။ ကိုယ်အလေးချိန်ကျမယ်။ နာတာ ရှည်ဝမ်းသွားမယ်။ ရေယုန်ပေါက်မယ်။ အဖျားငွေ့ငွေ့ဝင်မယ်။ ညဖက်ချွေးထွက်မယ်။ ခြေလက်ထုံကျင်မယ်။
မေး – အေ့စ်ရောဂါလို့သတ်မှတ်နိုင်တာကဘာလဲ။
ဖြေ – ခန္ဓာကိုယ်ထဲက သဘာဝအလျောက်ရှိနေတဲ့ပိုးတွေကနေ လူ့ခန္ဓာကိုယ်ကို ပြန်ဒုက္ခပေးတာ၊ ကင်ဆာဖြစ် တာ၊ အဆုတ်နဲ့ အဆုတ်ပြင်ပမှာ တီဘီရောဂါဝင်လာတာ၊ အိပ်အိုင်ဗွီနဲ့တွဲလျက် ခန္ဓာကိုယ်ပိန်ချုံးကျတာ။ အိပ် အိုင်ဗွီနဲ့တွဲလျက် ကယောင်ချောက်ချားဖြစ်တာ။ နာတာရှည်ပိုးစဝင်ပြီး ၇-၁၀ နှစ်လောက်ကြာတဲ့အခါမှာ လက္ခ ဏာတွေစတင်ပြပါတယ်။
မေး – စီဒီဖိုး ပမာဏနဲ့ အိပ်အိုင်ဗွီတွဲလျက်ဖြစ်သော ရောဂါဆက်နွယ်မှုကိုသိလိုပါတယ်။
ဖြေ – စီဒီဖိုးပမာဏ ၅၀၀ အထက်ဆိုရင် တစ်ကိုယ်လုံးပြန်ရည်ကျိတ်ရောင်ခြင်း၊ အမျိုးသမီးတွေမှာ မိန်းမကိုယ် မှိုခဏခဏဝင်ခြင်းဖြစ်တတ်ပါတယ်။ ၅၀၀ ထက်နည်းရင်အဆုတ်တီဘီ၊ နမိုးနီးယား၊ ရေယုန်၊ ပါးစပ်ထဲအနာ ပေါက်တာ၊ အရေပြားပေါ်တွင်ကင်ဆာဖြစ်ပြီး၊ ၂၀၀ ထက်နည်းရင် ပျံ့နှံ့အဆုတ်တီဘီ၊ အားအင်ချိနဲ့ခြင်း၊ ခြေ လက်ထုံကျင်ခြင်း၊ အစာရေမဝင်ခြင်း၊ နမိုးနီးယားရောဂါ စီဒီဖိုးပမာဏ ၁၀၀ လောက်ဆိုရင် ဦးနှောက်အမြှေး ရောင်ရောဂါ၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ သားနံရည်ကျိတ်ကင်ဆာစတာတွေ ဖြစ်တတ်ပါတယ်။ ဆေးဝါးနဲ့ ထိထိရောက်ရောက်ကုသရင် သုံးလမတိုင်ခင် ၈၅ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ပိုးလုံးဝဖိနှိမ်ထားနိုင်ခြင်း၊ စီဒီဖိုးပမာဏ တဖြည်းဖြည်းတက်လာခြင်းနှင့် နဂိုကျန်းမာရေးကောင်းတဲ့အနေအထား ပြန်ရောက်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူး တွေရပါတယ်။
Author – အေးကမ္ဘာဒေါက်တာချစ် (Vol-7 / No-41) Healthcare Journal