fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မင်္ဂလာမဆောင်ခင်

115
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/01/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ေအးခ်မ္း၏ ေဆးခန္းထဲသို႔ မိန္းကေလးတစ္ေယာက္ ဝင္လာသည္။

သူက “ကြၽန္မတို႔မဂၤလာေဆာင္ေတာ့မွာမိုု႔လို႔ ေဆာင္ၿပီးၿပီးခ်င္း ကိုယ္ဝန္မရေအာင္ ဘယ္လိုလုပ္ရမလဲ အစ္မ” ယဥ္ယဥ္ေက်းေက်းေလးေျပာရွာသည္။

“ကိုယ္ဝန္မရေအာင္လုပ္တဲ့နည္းေတြကအမ်ားႀကီးရွိတယ္ ညီမေလးရဲ႕။ ဘယ္ေန႔မဂၤလာေဆာင္မွာလဲ”
“လာမယ့္ စေနေန႔ပါ”
“ဒီေန႔ဗုဒၶဟူးေနာ္”
“ဟုတ္ကဲ့”

“သုံးရက္ပဲလိုေတာ့တာပဲ”
ေတာ္ေတာ္ကပ္ေနၿပီ။
“ဟုတ္ပါတယ္။အဲဒါေၾကာင့္ႀကိဳၿပီးလာတာပါ”
ႀကိဳလာၿပီးတိုင္ပင္သည္ဆိုသည္မ်ိဳးက တစ္လေလာက္ႀကိဳလာရသည္။

“ရာသီဘယ္တုန္းကလာသြားတာလဲ”
“ရာသီလာၿပီးတာ(၁၅)ရက္ေလာက္ရွိပါၿပီ။”
“သေႏၶတားေဆးေတြ အမ်ိဳးမ်ိဳးရွိတယ္။ သုံးလခံထိုးေဆးဆိုတာရွိတယ္။ ေသာက္ေဆးဆိုတာလည္းရွိတယ္”
“ဟုတ္ကဲ့ညီမသိပါတယ္။ ေဆးေတာ့ မထိုးခ်င္ဘူး။ ေသာက္ေဆးေလးပဲေသာက္ခ်င္တာပါ။ ေဆးထိုးရင္ ရာသီလုံးဝမလာဘူးဆိုလို႔။ မႀကိဳက္လို႔ပါ။ ေသာက္ေဆးပဲေသာက္ခ်င္တာပါ ”
အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက ရာသီလာသည္ကို သေဘာက်ပုံရ၏။ ရာသီမလာရင္ သူတို႔ ဝမ္းဗိုက္ထဲတြင္ အပူအပုပ္ေတြမ်ားေနသည္ဟု ထင္တတ္ၾကသည္။ အမွန္က ရာသီမလာလည္း အမ်ိဳးသမီး၏ က်န္းမာေရးကိုမထိခိုက္ပါ။

“ေသာက္ေဆးက ကိုယ္ႀကိဳက္တဲ့ေန႔ စေသာက္ရတာမဟုတ္ဘူး။ ရာသီလာတဲ့ ေန႔မွာပဲ စေသာက္ရတာ။ ညီမက ရာသီလာၿပီးတာ ၁၅ ရက္ရွိၿပီဆိုေတာ့ အခုေတာ့ ေသာက္ေဆးေသာက္လို႔မရေတာ့ဘူး။ ”
“ဟင္ ဟုတ္လို႔လား။ ဒါဆိုရင္ ဘယ္လိုလုပ္ရမလဲ။”
စိတ္ညစ္သြားပုံရသည္။
“ထိုးေဆးထိုးမလား”
“ထိုးေဆးမထိုးခ်င္ဘူး။ ထိုးေဆးက ရာသီမလာဘူး။ ညီမ ရာသီမလာတာ မႀကိဳက္ဘူး။ ထိုးေဆးထိုးလိုက္ရင္ေနာက္ကို ကေလးရဖို႔ခက္တယ္တဲ့။ ”

ထိုးေဆးက ေဆးဖ်က္ၿပီးခ်င္းခ်င္း ကိုယ္ဝန္မရႏိုင္ပါ။ တစ္ခ်ိဳ႕ သုံးေလးလ ေစာင့္ရ၍ တစ္ခ်ိဳ႕ တစ္ႏွစ္ေက်ာ္ေလာက္ေစာင့္ၿပီးမွ ကေလးရတတ္သည္။ ေသာက္ေဆးကေတာ့ ေဆးဖ်က္လိုက္သည္ႏွင့္ ကေလးတန္းရတတ္သည္။
“ေသာက္ေဆးကေတာ့ေသာက္လို႔မရေတာ့ဘူး။ လက္ေမာင္းထဲထည့္တဲ့ ပစၥည္းတို႔ သားအိမ္ထဲထည့္ထားတဲ့ ပစၥည္းတို႔ေတာ့ရွိတယ္။ အမ ဆီမွာေတာ့ ဒါေတြမလုပ္ေပးဘူး။ သားဖြားမီးယပ္ဆရာဝန္နဲ႔သြားျပရမယ္”
“ညီမက ေသာက္ေဆးပဲေသာက္ခ်င္တာ။ ဘယ္လိုလုပ္ရမလဲ။”
တစ္ခ်ိဳ႕လူနာေတြ ရွင္းျပရတာ သိပ္ခက္သည္။

“ရာသီလာတာကို ထပ္ေစာင့္ရမယ္။ ရာသီမလာခင္ေတာ့ အမ်ိဳးသားနဲ႔အတူေနတဲ့အခ်ိန္ condom သုံးရမယ္”
“ေယာက်ၤားေတြကcondomသုံးတာႀကိဳက္ပမလားအစ္မ”
“ႀကိဳက္တာ မႀကိဳက္တာကေတာ့ သူတို႔ အပိုင္းပဲ။ ညႇိၾကည့္ရမွာညီမ အပိုင္းပဲေလ။ ေနာက္တစ္နည္းကေတာ့ ေဆးထိုးေပါ့။ ေဆးထိုးရင္ေတာ့ရာသီမလာဘူး။ ရာသီမလာလည္း မိန္းကေလးက်န္းမာေရးကိုမထိခိုက္ဘူး ညီမေလး”
“ေသာက္ေဆးကအခုေသာက္လို႔မရဘူးေပါ့ေနာ္”

“ေသာက္ေဆးက ေန႔တိုင္းေသာက္ရတာ။ အခုမွေသာက္လို႔မရေတာ့ဘူး”
“အဲဒါဆိုဘယ္လိုလုပ္ရမလဲဟင္”
“မဂၤလာေဆာင္မဲ့သတို႔သမီးေတြက မဂၤလာေဆာင္ခါနီးမွာ သေႏၶတားခ်င္လို႔ဆိုၿပီး လာလာေျပာၾကတယ္။ ေျပာရင္လည္း ႏွစ္ရက္သုံးရက္ ကပ္ကပ္ေျပာၾကတယ္။ တကယ္က ကိုယ္ဝန္မေဆာင္ခင္ တစ္လေလာက္ အလိုကတည္းက ကေလးမယူခ်င္ေသးရင္ ဆရာဝန္နဲ႔လာတိုင္ပင္ရမယ္”

“ညီမ အလုပ္ေတြမ်ားေနတာနဲ႔ ဒီကိစၥကို ေမ့ေနလို႔ပါ”
မဂၤလာေဆာင္ခါနီး သတို႔သမီးတစ္ေလာက္ အလုပ္မ်ားေနသည္ဆိုသည္မွာ ဟုတ္မွာပါ။
“အခုကေတာ့ အမေျပာသလိုပဲ condom သုံးပါညီမ။ တျခားနည္းလမ္းေတြကို လုပ္ခ်င္ရင္ သားဖြားမီးယပ္ဆရာဝန္ဆီကိုသြားပါ။ ”
ေသေသခ်ာခ်ာ ရွင္းျပလိုက္သည္။
“ပိုက္ဆံေတြလည္းအမ်ားႀကီးမကုန္ႏိုင္လို႔ ေသာက္ေဆးေလးပဲေသာက္ခ်င္တာပါ”
“ေသာက္ေဆးကို ေသာက္ခ်င္ရင္ေတာ့ ေစာင့္ရမွာပဲ ညီမ။ စိတ္ရွည္ရွည္နဲ႔ေစာင့္ပါ”
“ဟုတ္ကဲ့ပါ”
စိတ္ဓာတ္က်သြားပုံရသည္။
“ဒီၾကားထဲ ဆက္ဆံရင္ေတာ့ အမေျပာသလို condom သုံးႏိုင္ေအာင္ပဲ စည္း႐ုံးၾကည့္ပါ။”
“ဟုတ္ကဲ့ပါ”

“ရာသီလာရင္ေတာ့ ေသာက္ရမဲ့ေဆးလာယူေနာ္။”
“ဟုတ္ကဲ့ပါ။”
ထြက္သြားေသာ ညီမငယ္အားၾကည့္၍ ေဒါက္တာေအးခ်မ္းတစ္ေယာက္စိတ္ညစ္ရသည္။ ျမန္မာမိန္းကေလးမ်ားသည္ လိင္ကိစၥႏွင့္ ပတ္သတ္လွ်င္ အသိပညာ အားနည္းပုံရသည္။ အေမ အေဒၚမ်ားကလည္း ဒီကိစၥကို ကိုယ့္သမီးပ်ိဳအား ႀကိဳတင္ေျပာျပထားရမည္ကို မသိၾက။ ဒီလိုကိစၥမ်ိဳးကို အေတြ႕အႀကဴံရွိေသာ သူမ်ားတြင္ ေမးျမန္းတိုင္ပင္ ေဆြးေႏြးထားရမည္ကို မသိေသာ ျမန္မာ အမ်ိဳးသမီးငယ္ေလးမ်ား အသိပညာေပးဖို႔ လိုအပ္ေနေပသည္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

အေးချမ်း၏ ဆေးခန်းထဲသို့ မိန်းကလေးတစ်ယောက် ဝင်လာသည်။

သူက “ကျွန်မတို့မင်္ဂလာဆောင်တော့မှာမိုု့လို့ ဆောင်ပြီးပြီးချင်း ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရမလဲ အစ်မ” ယဉ်ယဉ်ကျေးကျေးလေးပြောရှာသည်။

“ကိုယ်ဝန်မရအောင်လုပ်တဲ့နည်းတွေကအများကြီးရှိတယ် ညီမလေးရဲ့။ ဘယ်နေ့မင်္ဂလာဆောင်မှာလဲ”
“လာမယ့် စနေနေ့ပါ”
“ဒီနေ့ဗုဒ္ဓဟူးနော်”
“ဟုတ်ကဲ့”

“သုံးရက်ပဲလိုတော့တာပဲ”
တော်တော်ကပ်နေပြီ။
“ဟုတ်ပါတယ်။အဲဒါကြောင့်ကြိုပြီးလာတာပါ”
ကြိုလာပြီးတိုင်ပင်သည်ဆိုသည်မျိုးက တစ်လလောက်ကြိုလာရသည်။

“ရာသီဘယ်တုန်းကလာသွားတာလဲ”
“ရာသီလာပြီးတာ(၁၅)ရက်လောက်ရှိပါပြီ။”
“သန္ဓေတားဆေးတွေ အမျိုးမျိုးရှိတယ်။ သုံးလခံထိုးဆေးဆိုတာရှိတယ်။ သောက်ဆေးဆိုတာလည်းရှိတယ်”
“ဟုတ်ကဲ့ညီမသိပါတယ်။ ဆေးတော့ မထိုးချင်ဘူး။ သောက်ဆေးလေးပဲသောက်ချင်တာပါ။ ဆေးထိုးရင် ရာသီလုံးဝမလာဘူးဆိုလို့။ မကြိုက်လို့ပါ။ သောက်ဆေးပဲသောက်ချင်တာပါ ”
အမျိုးသမီးတော်တော်များများက ရာသီလာသည်ကို သဘောကျပုံရ၏။ ရာသီမလာရင် သူတို့ ဝမ်းဗိုက်ထဲတွင် အပူအပုပ်တွေများနေသည်ဟု ထင်တတ်ကြသည်။ အမှန်က ရာသီမလာလည်း အမျိုးသမီး၏ ကျန်းမာရေးကိုမထိခိုက်ပါ။

“သောက်ဆေးက ကိုယ်ကြိုက်တဲ့နေ့ စသောက်ရတာမဟုတ်ဘူး။ ရာသီလာတဲ့ နေ့မှာပဲ စသောက်ရတာ။ ညီမက ရာသီလာပြီးတာ ၁၅ ရက်ရှိပြီဆိုတော့ အခုတော့ သောက်ဆေးသောက်လို့မရတော့ဘူး။ ”
“ဟင် ဟုတ်လို့လား။ ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။”
စိတ်ညစ်သွားပုံရသည်။
“ထိုးဆေးထိုးမလား”
“ထိုးဆေးမထိုးချင်ဘူး။ ထိုးဆေးက ရာသီမလာဘူး။ ညီမ ရာသီမလာတာ မကြိုက်ဘူး။ ထိုးဆေးထိုးလိုက်ရင်နောက်ကို ကလေးရဖို့ခက်တယ်တဲ့။ ”

ထိုးဆေးက ဆေးဖျက်ပြီးချင်းချင်း ကိုယ်ဝန်မရနိုင်ပါ။ တစ်ချို့ သုံးလေးလ စောင့်ရ၍ တစ်ချို့ တစ်နှစ်ကျော်လောက်စောင့်ပြီးမှ ကလေးရတတ်သည်။ သောက်ဆေးကတော့ ဆေးဖျက်လိုက်သည်နှင့် ကလေးတန်းရတတ်သည်။
“သောက်ဆေးကတော့သောက်လို့မရတော့ဘူး။ လက်မောင်းထဲထည့်တဲ့ ပစ္စည်းတို့ သားအိမ်ထဲထည့်ထားတဲ့ ပစ္စည်းတို့တော့ရှိတယ်။ အမ ဆီမှာတော့ ဒါတွေမလုပ်ပေးဘူး။ သားဖွားမီးယပ်ဆရာဝန်နဲ့သွားပြရမယ်”
“ညီမက သောက်ဆေးပဲသောက်ချင်တာ။ ဘယ်လိုလုပ်ရမလဲ။”
တစ်ချို့လူနာတွေ ရှင်းပြရတာ သိပ်ခက်သည်။

“ရာသီလာတာကို ထပ်စောင့်ရမယ်။ ရာသီမလာခင်တော့ အမျိုးသားနဲ့အတူနေတဲ့အချိန် condom သုံးရမယ်”
“ယောကျၤားတွေကcondomသုံးတာကြိုက်ပမလားအစ်မ”
“ကြိုက်တာ မကြိုက်တာကတော့ သူတို့ အပိုင်းပဲ။ ညှိကြည့်ရမှာညီမ အပိုင်းပဲလေ။ နောက်တစ်နည်းကတော့ ဆေးထိုးပေါ့။ ဆေးထိုးရင်တော့ရာသီမလာဘူး။ ရာသီမလာလည်း မိန်းကလေးကျန်းမာရေးကိုမထိခိုက်ဘူး ညီမလေး”
“သောက်ဆေးကအခုသောက်လို့မရဘူးပေါ့နော်”

“သောက်ဆေးက နေ့တိုင်းသောက်ရတာ။ အခုမှသောက်လို့မရတော့ဘူး”
“အဲဒါဆိုဘယ်လိုလုပ်ရမလဲဟင်”
“မင်္ဂလာဆောင်မဲ့သတို့သမီးတွေက မင်္ဂလာဆောင်ခါနီးမှာ သန္ဓေတားချင်လို့ဆိုပြီး လာလာပြောကြတယ်။ ပြောရင်လည်း နှစ်ရက်သုံးရက် ကပ်ကပ်ပြောကြတယ်။ တကယ်က ကိုယ်ဝန်မဆောင်ခင် တစ်လလောက် အလိုကတည်းက ကလေးမယူချင်သေးရင် ဆရာဝန်နဲ့လာတိုင်ပင်ရမယ်”

“ညီမ အလုပ်တွေများနေတာနဲ့ ဒီကိစ္စကို မေ့နေလို့ပါ”
မင်္ဂလာဆောင်ခါနီး သတို့သမီးတစ်လောက် အလုပ်များနေသည်ဆိုသည်မှာ ဟုတ်မှာပါ။
“အခုကတော့ အမပြောသလိုပဲ condom သုံးပါညီမ။ တခြားနည်းလမ်းတွေကို လုပ်ချင်ရင် သားဖွားမီးယပ်ဆရာဝန်ဆီကိုသွားပါ။ ”
သေသေချာချာ ရှင်းပြလိုက်သည်။
“ပိုက်ဆံတွေလည်းအများကြီးမကုန်နိုင်လို့ သောက်ဆေးလေးပဲသောက်ချင်တာပါ”
“သောက်ဆေးကို သောက်ချင်ရင်တော့ စောင့်ရမှာပဲ ညီမ။ စိတ်ရှည်ရှည်နဲ့စောင့်ပါ”
“ဟုတ်ကဲ့ပါ”
စိတ်ဓာတ်ကျသွားပုံရသည်။
“ဒီကြားထဲ ဆက်ဆံရင်တော့ အမပြောသလို condom သုံးနိုင်အောင်ပဲ စည်းရုံးကြည့်ပါ။”
“ဟုတ်ကဲ့ပါ”

“ရာသီလာရင်တော့ သောက်ရမဲ့ဆေးလာယူနော်။”
“ဟုတ်ကဲ့ပါ။”
ထွက်သွားသော ညီမငယ်အားကြည့်၍ ဒေါက်တာအေးချမ်းတစ်ယောက်စိတ်ညစ်ရသည်။ မြန်မာမိန်းကလေးများသည် လိင်ကိစ္စနှင့် ပတ်သတ်လျှင် အသိပညာ အားနည်းပုံရသည်။ အမေ အဒေါ်များကလည်း ဒီကိစ္စကို ကိုယ့်သမီးပျိုအား ကြိုတင်ပြောပြထားရမည်ကို မသိကြ။ ဒီလိုကိစ္စမျိုးကို အတွေ့အကြူံရှိသော သူများတွင် မေးမြန်းတိုင်ပင် ဆွေးနွေးထားရမည်ကို မသိသော မြန်မာ အမျိုးသမီးငယ်လေးများ အသိပညာပေးဖို့ လိုအပ်နေပေသည်။

Author – ဒေါက်တာအေးချမ်းမိုး

Previous Post

ခါးနာခါးကိုက်ရောဂါ (Low Back Pain)

Next Post

ဗီတာမင်ဒီ၏ ကျန်းမာရေးကောင်းကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗီတာမင်ဒီ၏ ကျန်းမာရေးကောင်းကျိုးများ

ကလေးနှင့်အအေး

သဘာဝကပေးတဲ့အလှလက်ဆောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.