အာရှဒေသမှ နိုင်ငံတချို့တွင် လိင်ဆက်ဆံမှုနှင့်ပတ်သက်၍ လူတစ်ထောင်ကျော်အား လေ့လာသုတေသနပြုခဲ့ ရာ တစ်လင်တစ်မယားစနစ် အရေးကြီးပါသလားဟူသော မေးခွန်းကို အမျိုးသားများ၏ ၇၉ရာခိုင်နှုန်းနှင့် အမျိုး သမီးများ၏ ၈၀ရာခိုင်နှုန်းက အရေးကြီးပါသည်ဟု ဖြေကြသည်။
အကယ်၍ မြန်မာနိုင်ငံတွင် အဆိုပါမေးခွန်းကိုမေးမြန်း၍ စစ်တမ်းကောက်ယူမည်ဆိုလျှင်၊ အဖြေရာခိုင်နှုန်းမှာအ ထက်တွင်ဖော်ပြထားသော ရာခိုင်နှုန်းထက်များစွာပိုမည်ဟု ထင်ပါသည်။ ၉၀ရာခိုင်နှုန်းပင် ကျော်ပေလိမ့်မည်။
ဟောင်ကောင်အမျိုးသားများနှင့် အမျိုးသမီးများသည် တစ်လင်တစ်မယားစနစ်ကို ပို၍မြတ်နိုးတန်ဖိုးထားတတ် ကြသည်ဟုဆိုနိုင်သည်။ ဟောင်ကောင်အမျိုးသားများ၏ ၈၈ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ ၉၀ရာခိုင်နှုန်းတို့ သည်တစ်လင်တစ်မယားစနစ် အရေးကြီးသည်ဟုဖြေကြားခဲ့ကြသည်။
HIV ၊ AIDS ရောဂါအပါအဝင် လိင်ဆက်ဆံမှုမှတဆင့် ကူးစက်သောရောဂါများကို ကာကွယ်လိုလျှင်တစ်လင် တစ်မယားစနစ်ကို လိုက်နာကျင့်သုံးသင့်ကြပေသည်။ ဤသို့လိုက်နာဆောင်ရွက်ခြင်းသည် အိမ်ထောင်ရေးခိုင် မြဲမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုတို့အတွက် အထောက်အပံ့ကောင်းတစ်ခုလည်း ဖြစ်ပေလိမ့်မည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)