fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ဆစ်ဖလစ်ရောဂါ

2.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/07/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ဆစ်ဖလစ်ရောဂါဆိုတာဟာ ကာလသားရောဂါ (သို့မဟုတ်) လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါအုပ်စုထဲမှာပါတဲ့ ရောဂါတမျိုးပါ။

ကာလသားရောဂါ (သို့မဟုတ်) လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါအုပ်စုမှာ ဆစ်ဖလစ်ရောဂါအပါအဝင် ဂနိုရီးယားရောဂါ၊ ကလာမိုင်ဒီယားရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ လိင်အင်္ဂါရေယုံ၊ ခုခံအားကျအေအိုင်ဒီအက်စ်ရောဂါ စသဖြင့် အများကြီးပါပါတယ်။ ဆစ်ဖလစ်ရောဂါဟာ Treponema pallidum လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ရာကနေဖြစ်ပွားပါတယ်။ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး ရောဂါပိုးကူးစက်ခံရနိုင်ပြီး ရောဂါဖြစ်နိုင်ခြေရှိပါတယ်။

အများအားဖြင့်တော့ ရောဂါပိုးရှိသူနဲ့ အကာကွယ်မဲ့လိင်ဆက်ဆံရာမှတဆင့်၊ မသန့်ရှင်းသောလိင်ဆက်ဆံမှု၊ အာသာဖြေမှုတွေကတဆင့် Treponema pallidum ရောဂါပိုးက ဝင်ရောက်ကူးစက်ပါတယ်။ ဒါတွေအပြင် ရောဂါပိုးရှိသူနဲ့ တကိုယ်ရေသုံးပစ္စည်းတွေ (ဥပမာမုတ်ဆိတ်ရိတ်ဓါး၊ သွားပွတ်တံ၊ ဆေးထိုးအပ်၊ အာသာဖြေပစ္စည်း) မျှဝေသုံးစွဲတာ၊ ပိုးပါတဲ့သွေးသွင်းမိတာတွေကနေလည်း ကူးတတ်သလို ပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်ကနေလည်း သန္ဓေသားဆီကို ရောဂါပိုးကူးစက်တတ်ပါသေးတယ်။ ဆစ်ဖလစ်ရောဂါမှာ ပထမအဆင့်(Primary Stage)၊ ဒုတိယအဆင့်(Secondary Stage)၊ တတိယအဆင့်(Tertiary Stage) ဆိုပြီး သုံးဆင့်ရှိပါတယ်။

ပထမအဆင့် (primary stage) ကတော့ ရောဂါပိုးကူးစက်ခံရပြီးနောက် ၁၀ရက်ကနေ ၃လအတွင်းမှာဖြစ်ပေါ်လေ့ရှိပါတယ်။ ဆစ်ဖလစ်ပထမအဆင့်မှာဆိုရင် ရောဂါလက္ခဏာအနေနဲ့ကတော့ အနာတွေပေါက်တာဖြစ်ပါတယ်။ အထူးသဖြင့် လိင်အင်္ဂါနားလေးတွေမှာပေါက်လေ့ရှိပါတယ်။ တခုတည်းလည်းဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်တခုရှိတာက အဲ့အနာတွေက အနာဆိုပေမယ့် နာကျင်မှုဝေဒနာမရှိပါဘူး။ နောက်ပြီး ဆေးမကုလဲ ၃ပတ်ကနေ ၆ပတ်လောက်အကြာမှာ အဲ့အနာတွေက သူ့ဘာသာသူပျောက်သွားလေ့ရှိပါတယ်။

သူ့ဘာသာသူပျောက်တယ်ဆိုတာ အနာပဲပျောက်တာပါ။ ရှိနေတဲ့ ဆစ်ဖလစ်ရောဂါပါပျောက်ကင်းသွားတာမဟုတ်ပါဘူး။ သွေးစစ်ကြည့်ပါက ရောဂါပိုးရှိကြောင်းတွေ့ရနိုင်ပါတယ်။ ဆေးကုသမှုမခံယူဘူးဆိုရင် ပထမအဆင့်လက္ခဏာဖြစ်တဲ့ အနာတွေပျောက်ပြီး နောက်သုံးလလောက်အကြာမှာ ရှိနေတဲ့ဆစ်ဖလစ်ရောဂါက ဒုတိယအဆင့် (Secondary stage) ကိုရောက်ပါတယ်။ ဒုတိယအဆင့်မှာဆိုရင် ခန္ဓာကိုယ်မှာ အနီကွက် အနီပြင်တွေပေါ်လာမယ်။ ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆိုပေါ်နိုင်ပါတယ်။

လက်ဖဝါးတွေ၊ ခြေဖဝါးတွေမှာဆိုရင်ပိုပြီးဖြစ်ပေါ်နိုင်ပါတယ်။ တခြားအကြောင်းကြောင့်ပေါ်တဲ့အနီကွက်နဲ့မတူတာက ဆစ်ဖလစ်ဒုတိယအဆင့်မှာပေါ်တဲ့အနီကွက်အနီပြင်တွေဟာ ဘယ်ညာတွဲရက်ပေါ်လေ့ရှိပြီး ယားယံခြင်းလုံးဝမရှိတာပါ။ လက်ဆိုလည်း ဘယ်ညာနှစ်ဖက်၊ ကျောဆိုရင်လည်း ဘယ်ညာနှစ်ဖက်ပေါ်လေ့ရှိပါတယ်။ အရေပြားပါးတဲ့နေရာတွေမှာဆိုရင် အနာတွေဖြစ်နိုင်တယ်။ အနီကွက်အနီပြင်ပေါ်တာအပြင် ဒုတိယအဆင့်ရဲ့တခြားလက္ခဏာတွေကတော့ ကိုယ်ပူတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ နုံးချိချိဖြစ်တာ၊ ကြွက်သားတွေနာတာ၊ အစားသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာ၊ တက်စေ့ခေါ်ပြန်ရည်ဂလင်းအကျိတ်တွေရောင်တာ၊ ဆံပင်တွေအကွက်လိုက်ကျွတ်တာ စသဖြင့်ပါ။

ဒီဒုတိယအဆင့်ရဲ့ ရောဂါလက္ခဏာတွေကလည်း ပထမအဆင့်ရောဂါလက္ခဏာလိုပဲ ဆေးမကုလဲ နောက်၂ပတ်ကနေ ၄ပတ်အကြာမှာ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ထပ်သတိပေးချင်တာက ရောဂါလက္ခဏာပဲပျောက်တာပါ။ ဆေးကုသမှုမခံယူဘဲနဲ့ ဆစ်ဖလစ်ရောဂါကြီးပျောက်သွားတာမဟုတ်ပါဘူး။ သွေးစစ်ကြည့်ပါက ပထမအဆင့်လိုပဲ ရောဂါပိုးရှိကြောင်းတွေ့နိုင်ပါတယ်။ နားလည်လွယ်အောင်ပြောရရင် အဆင့်တဆင့်ကနေတဆင့်ထပ်တက်တဲ့အခါမှာ အားယူဖို့လိုလို့ ကြားထဲကာလမှာရောဂါလက္ခဏာခဏပျောက်သွားတဲ့သဘောပါ။ ပိုးရှိတဲ့အတွကတော့ သူများကိုကူးစက်နိုင်ခြေရှိပါတယ်။ ဒုတိယအဆင့်နဲ့ တတိယအဆင့်ကြားထဲမှာတော့ ကြားကာလအနေနဲ့ နှစ်ချီပြီးကြာတတ်လေ့ရှိပါတယ်။

အဲ့ဒုတိယအဆင့်နဲ့တတိယအဆင့်ကြားထဲက ကြာတဲ့ ကြားကာလကိုတော့ Latent Stage လို့ခေါ်ပါတယ်။ ငုပ်နေတဲ့ဆစ်ဖလစ်လို့လည်းခေါ်ကြပါတယ်။ သွေးစစ်ကြည့်ပါက VDRL စစ်တဲ့အဖြေက positive ထွက်ပြီးလူကတော့ ဘာလက္ခဏာမှမရှိတတ်ပါဘူး။ ဘာရောဂါလက္ခဏာမှမရှိပေမယ့် ရှိနေတဲ့ဆစ်ဖလစ်ပိုးကို ကုသဖို့လိုပါတယ်။ ဒီငုပ်နေတဲ့အဆင့်မှာလည်း ကုသမှုမခံယူဘူးဆိုရင်တော့ နောက်ဆယ်နှစ်ကျော်ကြာတဲ့အခါမှာ ဆစ်ဖလစ်ရောဂါဖြစ်တဲ့သူတွေရဲ့ ၃၀ရာခိုင်နှုန်းလောက်ဟာ ဒုတိအဆင့်ကနေ တတိယအဆင့်ကိုရောက်ရှိသွားပြီး ဦးနှောက်၊မျက်စိ၊ နှလုံး၊ သွေးကြော၊ အသည်း၊ အရိုး-အဆစ်စတဲ့ အတွင်းအင်္ဂါတွေ၊ အာရုံကြောတွေထိခိုက်ပျက်စီးကာ အသက်သေဆုံးသည်အထိဖြစ်တတ်ပါတယ်။

အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ ဆစ်ဖလစ်ရဲ့ရောဂါလက္ခဏာတွေဟာ တတိယအဆင့် (ဆိုးရွားတဲ့အဆင့်) ရောက်မှသာ သိသာထင်ရှားလေ့ရှိပြီး ပထမအဆင့်၊ ဒုတိယအဆင့် နဲ့ကြားကာလတွေမှာဆိုရင် ဘာမှသိပ်ထွေထွေထူးထူးပြလေ့မရှိပါဘူး။ တတိယအဆင့်ရောက်ပါက ကုရခက်တဲ့အပြင် အသက်အန္တာရယ်လည်းရှိပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိသံသယဖြစ်စရာအကြောင်းလေးတွေရှိပါက စောစီးစွာသွေးစစ်ကြည့်ပါ။ သွေးစစ်ကြည့်လို့ရှိရင် ဆေးကုသမှုခံယူပါ။ ဆစ်ဖလစ်ရောဂါက ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ကြားကာလတွေမှာဆိုရင် ဆေးကုသမှုခံယူပါက လွယ်ကူစွာပျောက်ကင်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့်အမျိုးသမီးတွေဆိုရင်လည်း မဆောင်ခင်ကတည်းက သွေးစစ်ကြည့်ထားပြီး ရှိပါက စောစီးစွာကုသထားသင့်ပါတယ်။ အဲ့လိုမဟုတ်ပါက ကလေးပျက်ကျတာ၊ အသေမွေးတာ၊ မွေးနေစဉ်မှာအမေကနေ ကလေးဆီကို ပိုးဝင်ရောက်ကူးစက်တာ တွေဖြစ်လာနိုင်လို့ပါ။

Dr 528

Previous Post

ကလေးငယ်နှင့် ကစားစရာအရုပ်အန္တရာယ်

Next Post

အပေါင်းသွေး အနုတ်သွေးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
758
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပေါင်းသွေး အနုတ်သွေးအကြောင်း

ရာသီအကူးအပြောင်းမှာ မဖျားရအောင်

စတော်ဘယ်ရီသီးအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.