fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသမီးများရဲ့ရင်သား (ဆန္ဒပြီးမြောက်ခြင်းမှ)

354
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/01/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

အမျိုးသမီးနှင့်အမျိုးသားဆက်ဆံကြရာမှ ဆန္ဒပြီးမြောက်မှု ) Orgasm ဆိုတာရှိပါတယ် ဆရာ။ ဆန္ဒပြီးမြောက်မှု တစ်နည်းပေါ့ ဆရာ။ ဆန္ဒမပြည့်ဝမှုမျိုးကြုံတွေ့ရတတ်ပါတယ်။ အဲဒီအကြောင်းလေး ဆွေးနွေးပေးပါလားခင်ဗျာ။

ဆန္ဒမပြီးမြောက်တဲ့ပြဿနာ Orgamic Disorder ပေါ့ဗျာ။ ဒီပြဿနာဟာ ဖြစ်ပွားမှုများတဲ့ပြဿနာ တစ်ခုဖြစ် တာကြောင့်အရွယ် ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးအားလုံးသိထားသင့်ကြပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ဆန္ဒမပြီးမြောက်တဲ့ ပြဿနာဟာ အမျိုးသမီးတွေမှာပိုပြီးဖြစ်တတ်တယ် ဆိုတာကောမှန်ပါသ လားဆရာ။
မှန်ပါတယ်။ အမျိုးသမီးများမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရေအ တွက်နည်းပါ တယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားတာတစ်ခုရှိပါတယ်။ အိမ်ထောင်သည်ဘ၀ တစ်လျှောက် လုံးတစ်ကြိမ်တစ်ခါမှ ဆန္ဒမပြီး မြောက်ခဲ့ခြင်းမရှိတဲ့ အမျိုးသမီးများလည်းရှိတယ်လို့ ဆိုပါတယ်။

အဖြစ်နည်းတယ်ဆိုပေမဲ့ ဆန္ဒမပြီးမြောက်နိုင်တဲ့ အမျိုးသားတွေလည်းရှိနေတာကြောင့် မေးပါရစေဦးဆရာ။ အမျိုးသားတွေ ဆန္ဒမပြီးမြောက်နိုင်တာ ဘာကြောင့်ပါလဲ။

ဆန္ဒပြည့်ဝမှုမရနိုင်တာတချို့ ဆေးဝါးများကြောင့်ဖြစ်နိုင်ပါတယ်။ ရောဂါတချို့ဟာလည်း ဆန္ဒပြီးမြောက်မှုအ တွက်အဟန့်အ တား ဖြစ်နိုင်တာတွေ့ရပါတယ်။ တချို့အရက်သောက်ခြင်းဟာ လိင်ဆန္ဒကိုလှုံ့ဆော်ပေးတယ်လို့ မှားယွင်းစွာ ယူဆထားတတ် ကြပါတယ်။ အရက်သောက်တာကြောင့် ဆန္ဒအပြီးမြောက်နိုင်ဘဲ ဖြစ်နေတတ်ပါ တယ်။

အမျိုးသမီးတွေမှာအဖြစ်များတဲ့ ပြဿနာဆိုတော့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပေးပါဦး ဆရာ။

အမျိုးသမီးတွေ ဆန္ဒမပြီးမြောက်နိုင်တာကို နှစ်မျိုးခွဲထားတယ်။ ပထမတစ်မျိုးက Primary Orgasmic Disorder လို့ခေါ်တယ်။ ရောဂါဝေဒနာတွေ ပြဿနာတွေကြောင့်မဟုတ်ဘဲ မူလသဘာဝကိုယ်တိုင်က ဆန္ဒပြီးမြောက်ဖို့ ခက်ခဲနေခြင်းပါ။

ဒုတိယအမျိုးအစားက Secondary Orgasmic Disorder လို့ခေါ်ပါတယ်။ ဒါကတော့ ရောဂါဒါမှမဟုတ် ပြဿနာတစ်စုံတစ် ရာအခြေခံပြီးဖြစ်တာ။ အမျိုးသားတွေလိုပါပဲ။ အရက်မူးယစ်ဆေးအပါအဝင် တချို့ဆေးဝါးတွေက လူကိုထုံထိုင်းစေပြီး ဆန္ဒပြီး မြောက်မှုကို နှောင့်နှေးကြန့်ကြာစေတာမျိုးဖြစ်စေတာပါ။ အာရုံကြောနဲ့ဆိုင်တာရော ဂါတွေရှိတယ်။ ဥပမာပေါ့ဗျာ Multiple Sclerosis သွေးချို၊ ဆီးချိုရောဂါ၊ ကြောရိုးနာဗ်ကြောမကြီး ထိခိုက်ဒဏ် ရာရခြင်းစတာတွေပေါ့။ အဲဒါမျိုးကြောင့်လည်း ဆန္ဒမပြီးမြောက်နိုင်တာမျိုးရှိနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်း ပြောင်းလဲမှုတွေရှိတဲ့အခါ ဆန္ဒမပြီးမြောက်နိုင် တာမျိုးဖြစ် တတ်တယ်။ တချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ မွေးဖွားပြီးကာစ၊ မီးယပ်သွေးဆုံးကာနီးအချိန်တွေမှာ ဆန္ဒမပြီးနိုင်ဘဲရှိ တတ်ကြတယ်။ နာတာရှည်ရောဂါများက လည်း ဆန္ဒပြီးမြောက်မှုအတွက် အတားအဆီးဖြစ်နိုင်ပါတယ်။

ကလေးဘဝမှာ လိင်ဆက်ဆံမှုနဲ့လိင်ကိစ္စအပေါ် အဆိုးမြင်ခဲ့တာမျိုးရှိရင်လည်း ဖြစ်တတ်ပါသေးတယ်။ အဓမ္မပြု ကျင့်ခံရတာမျိုး၊ အကြမ်းဖက်ခံရတာမျိုးစတာတွေက လိင်ဆက်ဆံမှုအပေါ်အဆိုးမြင်သွားစေနိုင်ပါတယ်။
အခြားပြဿနာတွေရှိရင်လည်း သိချင်ပါသေးတယ်။

အမျိုးသမီးနဲ့အမျိုးသားတို့ကြား ဆက်ဆံရေးမပြေလည်တာမျိုးနဲ့ ငြီးငွေ့မှုရှိတာမျိုးတွေကြောင့် ဆန္ဒအားနည်းပြီး မပြီးမြောက် နိုင်တာမျိုးတွေ့ရနိုင်ပါတယ်။ ဆက်ဆံဖော်အပေါ် ငြီးငွေ့မှုဟာ အဓိကပြဿနာတစ်ခုလို့ဆိုပါတယ်။ အမျိုးသမီးများရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကသူတို့ရဲ့ ဘဝတစ်လျှောက်လုံးတစ်ကြိမ်တစ်ခါမှ ဆန္ဒပြည့်၀ ခဲ့ခြင်းမရှိလို့ ဆိုခဲ့ပါတယ်။ ၃၃ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းခန့်ကတော့ မကြာခဏဆန္ဒပြီးမြောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်ဆံသည့်အခါတိုင်း ဆန္ဒပြီးမြောက်ဖို့ဆိုတာ အမျိုးသမီးများမှာအလွန်ရှားပါတယ်။

ဆရာဆွေးနွေးသွားတဲ့အထဲမှာ ဆန္ဒမပြီးမြောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာပြဿနာ များကြောင့်ဖြစ်နိုင်ကြောင်း ပါသွားခဲ့ပြီးပါပြီ။ အဲဒီနှစ်ခုအကြောင်း နည်းနည်းလောက်ဖြည့်စွက်ဆွေးနွေး ပေးစေချင်ပါတယ်။
ဟုတ်ပါတယ်။ ဆန္ဒမပြီးမြောက်နိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့်ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာအကြောင်းများ ကြောင့်ဖြစ်နိုင်ပါတယ်။ လေ့လာသုတေသနပြုလုပ်ချက်များအရ ပြောရရင် ဆန္ဒမပြီးမြောက်မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ စိတ် ကြောင့်ဖြစ်တာလို့ သိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့် ဖြစ်တာက ၁၀ ရာ ခိုင်နှုန်းလောက်ပဲရှိပါတယ်။
ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့ဆိုရင်ကော ဆရာ။

ဒါကတော့ ရုပ်ကြောင့်ဖြစ်တာဆိုရင်ရောဂါ သို့မဟုတ်ပြဿနာဇာစ်မြစ်ကို ဖယ်ရှားပစ်ဖို့ကအဓိကပါ။ ရောဂါပျောက်သွားရင် ပြဿနာမရှိတော့ဘူးဆိုရင် ဝေဒနာလည်းပျောက်သွားမှာပါ။ စိတ်ကြောင့်ဖြစ်တာက အဓိကဆို တော့ စိတ်ပိုင်းဆိုင်ရာကုထုံး Psychotheraphy ကပိုပြီးအရေးကြီး နေတာပေ့ါဗျာ။ ဒါကိုဆေးပညာရှင်ဆရာဝန်၊ စိတ်ကျန်းမာရေးအထူးကု စိတ်ပညာရှင် တစ်ဦးတစ်ယောက်က ကူညီပေးဖို့တော့လိုပါလိမ့်မယ်။ ဆန္ဒမပြီး မြောက်တာဟာ အသေးအဖွဲပြဿနာလို့ ခံယူထားလို့မရနိုင် ပါဘူး။ အဲဒီနောက်မှ လူမှုရေးပြဿနာတွေ ပူးကပ် ပါလာနိုင်ပါတယ်။ ဒါကြောင့် အလေးထားဖြေရှင်းရမှာပါ။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ တချို့ နိုင်ငံတွေမှာတော့ Sex Therapist လိင်ပိုင်းဆိုင်ရာကုထုံး ကျွမ်းကျင်ပညာရှိတွေ သီးသန့် ရှိနေကြပါတယ်။

ဆန္ဒမပြီးမြောက်နိုင်မှုဟာ အသေးအဖွဲပြဿနာမဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့် အံ့သြစရာကောင်းတာတစ်ခုရှိတယ်။ အဲဒါက အမျိုးသမီးတွေကို စစ်တမ်းကောက်ယူရာက တွေ့ခဲ့ရတာပါ။ အမျိုးသမီးဆန္ဒပြီးမြောက်မှု မရှိသော်လည်း ကျေနပ်မှုရှိတယ် လို့ပြောဆိုကြကြောင်း တွေ့ရတယ်ဗျာ။ ဒီအချက်ကတော့ အမျိုးသမီးတွေအပေါ် ချီးကျူးဂုဏ်ယူရမှာပါ။ ရောင့်ရဲနိုင်မှုမှာ အမျိုးသားတွေထက်သာတယ်လို့ ပြောရမှာပဲ။ ဒါကတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင်အတွေးအမြင်လေး ဖြည့်စွက်ဆွေးနွေးတာပါ။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ကလေးများတွင်ဖြစ်တတ်သော ဦးနှောက်အမြှေးရောင်ရောဂါ

Next Post

နှိပ်နယ်မှုကုထုံးနှင့် ဆန္ဒဖြစ်ပေါ်မှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှိပ်နယ်မှုကုထုံးနှင့် ဆန္ဒဖြစ်ပေါ်မှု

ထောင့် (ဒေါင့်) သန်းရောဂါ

၀က်ခြံကို တိုက်ဖျက်နိုင်မည့်နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.