မိမိလိင်အင်္ဂါ သေးငယ်သည်။ အမျိုးသမီးအတွက် စိတ်ချမ်းသာမူမပေးနိုင်သည်ဟု ထင်သူများနှင့်မိမိအင်္ဂါကြီးမှ ယောကျ်ားပိုပီသသည်ဟုထင်သူများအတွက် OnDoctor မှာဆေးနည်းမျိုးစုံလာတောင်းကြပါတယ်။ မလုပ်သင့်ပါဟုအဖြေကိုလည်းကျေနပ်ပုံမရကြပါ။ ဒါဆိုကြီးအောင်ကြိုးစားသူများရဲ့နောက်ဆက်တွဲဒုက္ခရင်ဆိုင်ရနိုင်သောပြဿနာများကို ရှင်းလင်းစွာရေးသားရန်တာဝန်ရှိပါတယ်။
လိင်အင်္ဂါအရေပြားအောက်သို့ အလှဆီ၊ သတ္တုဆီ၊ ဆီလီကွန်စသည့်တို့ကို အထဲသို့နာကျင်မူအနည်းဆုံးဖြင့် ထိုးသွင်းတတ်ကြပါတယ်။ ကိုယ်တိုင်လည်းထိုးသွင်းတတ်ကြပါတယ်။ ဂေါ်လီလုံးကဲ့သို့အမာများလည်းထိုးသွင်းတတ်ကြပါတယ်။ ကုန်ကျစရိတ်နည်းပြီး အချိန်ယူစရာမလိုသောကြောင့်အလွယ်တကူပြုလုပ်ကြပါတယ်။ အစပထမပိုင်းတွင်မိမိကိုယ်ကို လိင်အင်္ဂါကြီးလာ၍ ကျေနပ်မူရရှိနိုင်သော်လည်း နောင်အခါတွင်ဖြစ်ပေါ်လာသည့်ဆိုးကျိုးမလွဲမသွေကြုံတွေ့ရနိူင်သောကြောင့် မည်ကဲ့သို့ပြန်ထုတ်ရမည်နည်းက ကြောက်ရွံ့စွာမေးလာကြပါတယ်။
(1)ပထမဦးဆုံးအနေဖြင့် ချက်ချင်းကြုံတွေ့ရသောဆိုးကျိုးများအနေဖြင့်
-ပိုးဝင်ခြင်းသောကြောင့် လိင်တံပြည်ကျခြင်း
-ထိုးသွင်းသောအရာဖြင့်ဓာတ်မတည့်မူဖြစ်ခြင်း
-အရေပြားအနာဖြစ်ခြင်း
-နေရာလွဲ၍ဆီးလမ်းကြောင်းထိနိုင်ခြင်း
-ထိုးသွင်းရာတွင်သွေးကြောထဲတိုက်ရိုက်ဝင်၍ အသက်သေသည်အထိ အန္တရာယ် ဖြစ်စေနိုင်စသည်တို့ဖြစ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အမျိုးမျိုးသောလက္ခဏာများဖြစ်လာတတ်ပြီး လိင်အင်္ဂါပုံစံလည်းပြောင်းလဲလာပါလိမ့်မယ်။
-ဆီးသွားရခက်ခြင်း
-မကြာခဏဖျားခြင်း
-ဆက်ဆံရာတွင်ခက်ခဲခြင်း
-သုတ်လွှတ်ပြသနာများခံစားရခြင်းစသည်တို့အပြင် ကလေးရရန်ခက်ခဲတတ်ပါတယ်။
ထိုးသွင်းလိုက်သောအဆီရည်သည် စုခဲလာပြီး အထဲတွင် အကျိတ်ကဲ့သို့ဖြစ်လာနိုင်ပြီး အင်္ဂါရဲ့ပုံစံပျောက်လာနိုင်ပါတယ်။
ပန်းသေပန်းညှိုးရောဂါခံစားရပြီး အရေပြားပေါ်တွင်အနာများဖြစ်လာနိုင်ပါတယ်။ အဆိုးရွားဆုံးအနေဖြင့် လိင်အင်္ဂါကင်ဆာအဖြစ်သို့ရောက်ရှိနိုင်ပါတယ်။
(2)အဆိုပါ လက္ခဏာများဖြစ်လာပါက ဆေးမြီတိုဖြင့်ကုသပါက ပိုမိုဆိုးရွားသောအခြေအနေသို့ရောက်ရှိနိုင်သောကြောင့် သေချာနားလည်တတ်ကျွမ်းသောဆရာဝန်နှင်ပြသရန်ဝန်မလေးသင့်ပါ။
(3) ကုသနည်းကတော့ ဖြစ်ပေါ်နေသောရောဂါအခြေအနေပေါ်မူတည်ရျ် ကုသမူခံယူရပါမယ်။
-ပိုးသတ်ဆေးဖြင့်ကုသခြင်းအပြင် ပိုမိုဆိုးရွားလာပါက ခွဲစိတ်ကုသခြင်းပြုလုပ်ရပါလိမ့်မယ်။
-အဆိုပါ မာခဲနေသောအရာများကိုခြစ်ထုတ်ခြင်း
-လိင်တံ တစ်ဝက်ဖြတ်ထုတ်ခြင်း
-လိင်တံတခုလုံးဖြတ်ထုတ်ရခြင်းစသော ပိုမိုဆိုးရွားသောအဆင့်သို့ရောက်ရှိနိုင်ပါတယ်။
ထို့ကြောင့် လိင်အင်္ဂါကြီးချင်၍ ဆေးလိမ်း၊ ဆေးထိုးချင်၊ ပစ္စည်းထည့်ချင်သူများအတွက် နောက်ဆုံးဆိုးကျိုးသည် လူဖြစ်ရှုံးသည်အထိဆိုးရွားပြီး အသက်ငယ်ငယ်နှင့်ပန်းသေပန်းညှိုးသည့်ဘဝရောက်ရှိနိုင်ကြောင်း အသိပညာပေးရေးသားလိုက်ပါတယ်။
Dr.ကျော်