fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အနာ

34
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

သူရတစ္ေယာက္ သူငယ္ခ်င္းမ်ားႏွင့္ New Year မွာ ေလွ်ာက္လည္ခြင့္ရခဲ့သည္။ ျပည့္သူ႔ဥယ်ာဥ္ထဲမွ IC show ပြဲႀကီးကလည္း ၿခိမ့္ၿခိမ့္သဲ။ လူငယ္သဘာ၀ အရက္ေလးျမည္းလိုက္ သီခ်င္းေလးဆိုလိုက္သည္ႏွင့္ ေပ်ာ္႐ႊင္ေနသည္။ ညသန္းေခါင္ေက်ာ္ေတာ့ သူငယ္ခ်င္းေတြ စုေနသည့္ အခန္းသို႔လိုက္သြားလိုက္သည္။ ကိုယ္ေတြ တင္မဟုတ္ပဲ ညဖက္အေဖာ္အျဖစ္ ေကာင္မေလးေတြပါ ေခၚေဆာင္လာခဲ့သည္။ သူရအတြက္ ေတာ့ New Year ညသည္ အမွတ္တရေတြႏွင့္ ျပည့္ႏွက္ေနေတာ့မည္။ အေတြ႕အႀကဳံ အသစ္တစ္ခုကို ခံစားရေတာ့မည္ဆိုေတာ့ စိတ္လႈပ္ရွားမိသည္ေတာ့ အမွန္။ ဘယ္လိုက ဘယ္လို အခ်ိန္ေတြကုန္သြားမွန္းကို မသိေတာ့။
ေနာက္တစ္ေန႔ အိမ္ကို ျပန္ခဲ့ေပမဲ့ New Year Night ကိုေတာ့ သတိရ၍ အမွတ္ရေနေတာ့သည္။ တစ္လေလာက္ၾကာေတာ့ သူရ ရဲ႕ အမ်ိဳးသား အဂၤါမွာ အနာေလးတစ္ခုကို သတိထားမိသည္။ အမွတ္တမဲ့သာ ျဖစ္သည္။ ေလးေလးနက္နက္မရွိလွပါ။ ညေနဖက္ သူငယ္ခ်င္းတစ္ေယာက္ႏွင့္ ေတြ႕ေတာ့ သူရကိုေမးသည္။

“ငါေတာ့ ေဆးခန္းသြားေနရတယ္။ မင္းေရာ ဘာမွမျဖစ္ဖူးလား”
ဘာကိုေမးမွန္း အစက သေဘာမေပါက္။ သေဘာ႐ိုးႏွင့္သာ ျပန္ေမးလိုက္သည္။
“ငါက ဘာကိုျဖစ္ရမွာလဲ။”

“မင္းမွာ အနာေတြဘာေတြမ်ားေပါက္ေနလားလို႔ေမးတာ။ ငါကေတာ့ ေဆးခန္းျပၿပီး ေဆးထိုးေနရတယ္။ မင္းေရာ ဘာျဖစ္ေသးလဲလို႔ေမးေနတာ”
ဒီလိုမ်ိဳး တဲ့တိုးေျပာမွ သူရက သေဘာေပါက္သည္။ ကိုယ္ေတြက အရိပ္ျပလို႔ အေကာင္မျမင္ပါ။

“ငါ အနာတစ္ခုေတာ့ ျဖစ္ေနတယ္။ ငါ အေရးမႀကီးဘူးထင္လို႔ ေဆးခန္းလည္း သြားမျပျဖစ္ဘူး”
“ေဆးခန္းေတာ့ သြားျပသူငယ္ခ်င္း။ ငါတို႔ေတြ ကာလသားေရာဂါကူးစက္ခံလာရၿပီ။ ငါေတာင္ကုေနတာ။ မင္းလည္းကုသင့္တယ္”
သူရတစ္ေယာက္ New Year Night ေလးကိုသတိရမိသည္။

“ငါတို႔ေတြ ဟိုတစ္ေန႔ည က ကူးလာတာလား။ ငါအဲဒီေန႔ က condom သုံးခဲ့တာပဲေလ။ ဘာျဖစ္လို႔ အဲဒီလိုျဖစ္ရတာလဲ မသိဘူး။”
သူရတစ္ေယာက္ condom သုံးခဲ့သည့္အတြက္ သူ႔တြင္ ကာလသားေရာဂါမရႏိုင္လို႔ ထည့္တြက္ထားျခင္းျဖစ္သည္။
“မင္းမူးေနတာေလ။ မင္း condom သုံးခဲ့ပါတယ္လို႔ မင္းေသခ်ာလို႔လား။”

မင္းမင္းက ဒီလိုမ်ိဳးေျပာေတာ့ သူရတစ္ေယာက္ေတြေဝသြားသည္။ သူcondom သုံးခဲ့သည္လို႔ေတာ့ ထင္သည္။ မင္းမင္းေျပာသလိုမ်ိဳး ကာလသားေရာဂါဆိုလွ်င္ေတာ့ သူရတစ္ေယာက္ေၾကာက္ပါသည္။ ေဆးခန္းသို႔သြားျပ၍ ျမန္ျမန္သြားကုရမည္။ မင္းမင္းကိုလည္း လွမ္းေမးလိုက္သည္။

“ေပ်ာက္ပါတယ္ေနာ္”
“ေအး ဆရာဝန္ကေတာ့ ငါ့ကိုေျပာလိုက္တယ္။ ေဆးသာမွန္မွန္ေသာက္ရင္ ေပ်ာက္တယ္တဲ့။ ေအး…ခက္ေနတာ ေနာက္တစ္ခုရွိေသးတယ္။ ဆရာဝန္က HIV ပိုးရွိမရွိလည္း စစ္ၾကည့္ရမယ္တဲ့။ အခုေတာ့ စစ္လို႔မရေသးဘူးတဲ့။ သုံးလေက်ာ္မွ စစ္လို႔ရမယ္တဲ့”
႐ိုး႐ိုးတန္းတန္း အနာလို႔ထင္ေနေသာ သူရတစ္ေယာက္ ကာလသားေရာဂါလို႔ေျပာလိုက္၍ ေဆးခန္းသို႔အျမန္သုတ္ေျခတင္လာေတာ့သည္။ HIV ပိုးလို႔ ေျပာလိုက္၍လည္း လန႔္သြားသည္။ ဘဝတြင္ ရည္မွန္းခ်က္ေတြ ရည္႐ြယ္ခ်က္ေတြႏွင့္ျပည့္ေနေသာ လူငယ္တစ္ေယာက္အတြက္ ဒီလိုမ်ိဳးေရာဂါမ်ိဳးကို မရခ်င္ပါ။ ဘဝတြင္ ေကာင္းေကာင္းမြန္မြန္ႏွင့္ အခ်ိန္အၾကာႀကီးေနသြားခ်င္ပါသည္။ ေနာင္တ ေတြ ပူပန္မႈေတြႏွင့္ အခ်ိန္အတိုင္းအတာ တစ္ခုအထိ ျဖတ္သန္းရဦးမည္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

သူရတစ်ယောက် သူငယ်ချင်းများနှင့် New Year မှာ လျှောက်လည်ခွင့်ရခဲ့သည်။ ပြည့်သူ့ဥယျာဉ်ထဲမှ IC show ပွဲကြီးကလည်း ခြိမ့်ခြိမ့်သဲ။ လူငယ်သဘာ၀ အရက်လေးမြည်းလိုက် သီချင်းလေးဆိုလိုက်သည်နှင့် ပျော်ရွှင်နေသည်။ ညသန်းခေါင်ကျော်တော့ သူငယ်ချင်းတွေ စုနေသည့် အခန်းသို့လိုက်သွားလိုက်သည်။ ကိုယ်တွေ တင်မဟုတ်ပဲ ညဖက်အဖော်အဖြစ် ကောင်မလေးတွေပါ ခေါ်ဆောင်လာခဲ့သည်။ သူရအတွက် တော့ New Year ညသည် အမှတ်တရတွေနှင့် ပြည့်နှက်နေတော့မည်။ အတွေ့အကြုံ အသစ်တစ်ခုကို ခံစားရတော့မည်ဆိုတော့ စိတ်လှုပ်ရှားမိသည်တော့ အမှန်။ ဘယ်လိုက ဘယ်လို အချိန်တွေကုန်သွားမှန်းကို မသိတော့။
နောက်တစ်နေ့ အိမ်ကို ပြန်ခဲ့ပေမဲ့ New Year Night ကိုတော့ သတိရ၍ အမှတ်ရနေတော့သည်။ တစ်လလောက်ကြာတော့ သူရ ရဲ့ အမျိုးသား အင်္ဂါမှာ အနာလေးတစ်ခုကို သတိထားမိသည်။ အမှတ်တမဲ့သာ ဖြစ်သည်။ လေးလေးနက်နက်မရှိလှပါ။ ညနေဖက် သူငယ်ချင်းတစ်ယောက်နှင့် တွေ့တော့ သူရကိုမေးသည်။

“ငါတော့ ဆေးခန်းသွားနေရတယ်။ မင်းရော ဘာမှမဖြစ်ဖူးလား”
ဘာကိုမေးမှန်း အစက သဘောမပေါက်။ သဘောရိုးနှင့်သာ ပြန်မေးလိုက်သည်။
“ငါက ဘာကိုဖြစ်ရမှာလဲ။”

“မင်းမှာ အနာတွေဘာတွေများပေါက်နေလားလို့မေးတာ။ ငါကတော့ ဆေးခန်းပြပြီး ဆေးထိုးနေရတယ်။ မင်းရော ဘာဖြစ်သေးလဲလို့မေးနေတာ”
ဒီလိုမျိုး တဲ့တိုးပြောမှ သူရက သဘောပေါက်သည်။ ကိုယ်တွေက အရိပ်ပြလို့ အကောင်မမြင်ပါ။

“ငါ အနာတစ်ခုတော့ ဖြစ်နေတယ်။ ငါ အရေးမကြီးဘူးထင်လို့ ဆေးခန်းလည်း သွားမပြဖြစ်ဘူး”
“ဆေးခန်းတော့ သွားပြသူငယ်ချင်း။ ငါတို့တွေ ကာလသားရောဂါကူးစက်ခံလာရပြီ။ ငါတောင်ကုနေတာ။ မင်းလည်းကုသင့်တယ်”
သူရတစ်ယောက် New Year Night လေးကိုသတိရမိသည်။

“ငါတို့တွေ ဟိုတစ်နေ့ည က ကူးလာတာလား။ ငါအဲဒီနေ့ က condom သုံးခဲ့တာပဲလေ။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ မသိဘူး။”
သူရတစ်ယောက် condom သုံးခဲ့သည့်အတွက် သူ့တွင် ကာလသားရောဂါမရနိုင်လို့ ထည့်တွက်ထားခြင်းဖြစ်သည်။
“မင်းမူးနေတာလေ။ မင်း condom သုံးခဲ့ပါတယ်လို့ မင်းသေချာလို့လား။”

မင်းမင်းက ဒီလိုမျိုးပြောတော့ သူရတစ်ယောက်တွေဝေသွားသည်။ သူcondom သုံးခဲ့သည်လို့တော့ ထင်သည်။ မင်းမင်းပြောသလိုမျိုး ကာလသားရောဂါဆိုလျှင်တော့ သူရတစ်ယောက်ကြောက်ပါသည်။ ဆေးခန်းသို့သွားပြ၍ မြန်မြန်သွားကုရမည်။ မင်းမင်းကိုလည်း လှမ်းမေးလိုက်သည်။

“ပျောက်ပါတယ်နော်”
“အေး ဆရာဝန်ကတော့ ငါ့ကိုပြောလိုက်တယ်။ ဆေးသာမှန်မှန်သောက်ရင် ပျောက်တယ်တဲ့။ အေး…ခက်နေတာ နောက်တစ်ခုရှိသေးတယ်။ ဆရာဝန်က HIV ပိုးရှိမရှိလည်း စစ်ကြည့်ရမယ်တဲ့။ အခုတော့ စစ်လို့မရသေးဘူးတဲ့။ သုံးလကျော်မှ စစ်လို့ရမယ်တဲ့”
ရိုးရိုးတန်းတန်း အနာလို့ထင်နေသော သူရတစ်ယောက် ကာလသားရောဂါလို့ပြောလိုက်၍ ဆေးခန်းသို့အမြန်သုတ်ခြေတင်လာတော့သည်။ HIV ပိုးလို့ ပြောလိုက်၍လည်း လန့်သွားသည်။ ဘဝတွင် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနှင့်ပြည့်နေသော လူငယ်တစ်ယောက်အတွက် ဒီလိုမျိုးရောဂါမျိုးကို မရချင်ပါ။ ဘဝတွင် ကောင်းကောင်းမွန်မွန်နှင့် အချိန်အကြာကြီးနေသွားချင်ပါသည်။ နောင်တ တွေ ပူပန်မှုတွေနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ဖြတ်သန်းရဦးမည်။

Author – ဒေါက်တာအေးချမ်းမိုး

Previous Post

ဆံပင်ကျန်းမာရေးအတွက် လိုအပ်ချက်များ

Next Post

ကလေးများအရိုးကျိုးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများအရိုးကျိုးခြင်း

ကိုယ်ဝန်ဆောင်ခြင်းနှင့်လိင်ပြဿနာများ

နားဖာချေး ပြဿနာ အဖြေရှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.