ကိုယ်ဝန်ဆောင်ခြင်းသည် အဆင့်တစ်ခုမှတစ်ခုသို့ ကူးပြောင်းခြင်းဖြစ်၏။ အထူးသဖြင့် ပထမအကြိမ်ကိုယ်ဝန် ဆောင်ခြင်းသည် ဇနီးမောင်နှံဘဝမှ မိသားစုဘဝသို့ ကူးပြောင်းတော့မည့် အဆင့်တစ်ခုဖြစ်ပေသည်။ ကိုယ်ဝန် ဆောင်ခြင်းသည် အစဉ်အမြဲပျော်ရွှင်မှုနှင့် ပြည့်စုံစေလိမ့်မည်မဟုတ်ပေ။ ကြိုတင်ကြံစည်၍ လိုလိုချင်ချင်ရယူခံ သော သန္ဓေဖြစ်စေကာမူ တစ်ခါတစ်ရံပြဿနာများ ရှိနေတတ်သည်။ သားသမီးရှိခြင်းသည်လည်းကောင်း၊ မရှိ ခြင်းသည်လည်းကောင်း ပြဿနာတစ်ရပ်ဖြစ်နိုင်၏။ ကိုယ်ဝန်ရှိခြင်းသည် ပျော်ရွှင်စရာဖြစ်နိုင်သကဲ့သို့ စိတ်ပျက် ကြေကွဲစရာလည်းဖြစ်တတ်၏။
ကိုယ်ဝန်ဆောင်ခြင်းနှင့် မွေးဖွားခြင်းတို့တွင် ရိုးရာဓလေ့စရိုက်အရဆောင်ရန် ရှောင်ရန်လိင်မှုကိစ္စများရှိနေပေ သည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် မွေးဖွားခြင်းတို့ကြောင့် ခန္ဓာကိုယ်ပိုင်းပြောင်းလဲမှုများသည် စိတ်မချမ်းမြေ့ဖွယ် ရာများဖြစ်စေတတ်ပြီး လိင်ဆက်ဆံဖော်အားဆွဲဆောင်နိုင်မှုအား လျော့နည်းကျဆင်းနိုင်သည်ဟု ယူဆမှုများရှိ နေခဲ့ကြ၏။
ကိုယ်ဝန်ဆောင်စဉ်လိင်ပိုင်းဆိုင်ရာ ပြဿနာများသည် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ရရှိခဲ့မှုသည်သန္ဓေရအောင်ကုသမှု ကြောင့်ရရှိခဲ့ခြင်း (သို့) ကိုယ်ဝန်ပျက်ခြင်း သန္ဓေသား၌မွေးရာပါ ချို့ယွင်းချက်ရှိနေခြင်း၊ မွေးဖွားပြီးရက်ပိုင်းအ တွင်းကလေးသေဆုံးခြင်းစသည့် ရာဇဝင်များရှိခဲ့ခြင်းတို့နှင့် ဆက်နွယ်မှုရှိပါက အမျိုးသမီးအဖို့စိုးရိမ်ပူပင်မှုအ ထွတ်အထိပ်၌ ရှိနေတတ်၏။
လူနာအား နှစ်သိမ့်အားပေးကူညီခြင်းနှင့် သေချာစွာစမ်းသပ်စစ်ဆေးခြင်းများ၊ ပြုလုပ်ရန်လိုအပ်ပါသည်။ ပူပင် သောက၏ အကျိုးအဆက်အဖြစ်မွေးဖွားခြင်း၊ မိခင်ဘဝရောက်ရှိခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ လိင်ပိုင်းဆိုင် ရာပြုမူဆက်ဆံမှုတို့၌ ပြဿနာများဆက်လက်ဖြစ်စေနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှုမပြုသင့်ဟု တချို့ကလက်ခံယုံကြည်ထားကြ၏။ လိင်ဆက်ဆံမှုကြောင့် သန္ဓေပျက်ခြင်း၊ လမစေ့မီမွေးဖွားခြင်း၊ မွေးလာမည့်ကလေး၌ ချို့ယွင်းချက်ပါလာတတ်ခြင်းစသည့် အန္တရာယ် များဖြစ်ပေါ်နိုင်သည်ဟု ထင်မြင်လျက်ရှိကြ၏။ အမှန်စင်စစ်ဖော်ပြပါ ပြဿနာမျာဖြစ်ပွားမှုမရှိကြောင်း တွေ့ရ သည်။
သို့သော်ဆေးပညာသဘောအရ ကိုယ်ဝန်ဆောင်အမျိုးသမီးများအောက်ပါ အခြေအနေများတွင် လိင်ဆက်ဆံ ခြင်းမပြုသင့်ပါ။
• သားမွေးလမ်းကြောင်းမှ သွေးဆင်းခြင်း။
• အချင်းရှေ့ရောက်နေခြင်း။
• သားအိမ်လည်တံ စောစွာပွင့်ကျယ်နေခြင်း။
• ရေမြွာအိမ်ပေါက်ပြဲနေခြင်း။
• လမစေ့မီ မွေးဖွားခဲ့သောရာဇဝင်ရှိခြင်း။
• အမြွာသန္ဓေတည်ခြင်းများ
ကိုယ်ဝန်ဆောင်စဉ် လိင်ပိုင်းဆိုင်ရာပြဿနာများကိုဖြစ်စေသော အကြောင်းအရာများ
• မောပန်းနွမ်းနယ်ခြင်း။
• ခါးနာခြင်း။
• လိင်ဆက်ဆံစဉ်နာကျင်ခြင်း။
• လိပ်ခေါင်းရောဂါဖြစ်ပေါ်ခြင်း။
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
• သားမွေးလမ်းကြောင်းအဝ၌ သွေးကြောထုံးခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာပြဿနာများ
• လိင်ဆန္ဒလျော့နည်းခြင်း။
• ဆန္ဒမပြီးမြောက်နိုင်ခြင်း။
• သားမွေးလမ်းကြောင်းကျုံ့ခြင်း။
ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ဆက်ဆံသော အမျိုးသားများ၌ဖြစ်သောပြဿနာများ
• လိင်ဆန္ဒလျော့နည်းခြင်း။
• လိင်အင်္ဂါတောင့်တင်းမှုမကောင်းခြင်း။
• သုက်လွှတ်စောခြင်း။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)