fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားကော အမျိုးသမီးကောဖြစ်တတ်တဲ့ ဂနိုရောဂါ (ခေါ် ) ဆီးပူညောင်းကျရောဂါ ( Gonorrhea )

452
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/07/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အမ်ိဳးသားေကာ အမ်ိဳးသမီးေကာျဖစ္တတ္တဲ့ ဂႏိုေရာဂါ (ေခၚ ) ဆီးပူေညာင္းက်ေရာဂါ ( Gonorrhea )

ဂႏိုေရာဂါကလည္း လိင္ဆက္ဆံျခင္းကတစ္ဆင့္ လြယ္ကူစြာ ကူးဆက္ႏိုင္ပါတယ္။ အျဖစ္မ်ားလြန္းလွတာေၾကာင့္ ေဖာ္ျပေပးလိုက္ရပါတယ္။

?ဂႏိုဆိုတာ ဘာလဲ?

?Neisseria gonorrhoeae ဆိုတဲ့ ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ ဆီးပူေညာင္းက်ေရာဂါပါ။ ဆီးေပါက္လွ်င္နာက်င္ပီး ပူသလိုခံစားရေလ့ရွိတယ္။
ပူေႏြးပီးအၿမဲစြတ္စိုေနတဲ့ေနရာေတြမွာ ျဖစ္ေလ့ရွိတယ္။
?မ်က္လုံး၊ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားတို႔ရဲ႕ ဆီးလမ္းေၾကာင္းတစ္ေလွ်ာက္၊ လည္ေခ်ာင္း၊ စအို တို႔မွာ အဓိကျဖစ္ႏိုင္တယ္။
?သူကလည္း ထိတာနဲ႔ကို ကူးစက္ႏိုင္တယ္။ ေလထဲမွာၾကာၾကာအသက္မရွင္ႏိုင္တဲ့အတြက္ေၾကာင့္ အမ်ားသုံးအိမ္သာ တို႔ကေတာ့မကူးႏိုင္ဘူး။
?ကိုယ္ဝန္ေဆာင္မိခင္ကေနေတာ့ ကေလးကို ကူးစက္ႏိုင္တာ သတိျပဳရမယ္။

?ေရာဂါလကၡဏာေတြက ဘာလဲ?

?အမ်ားအားျဖင့္ေတာ့ ေရာဂါပိုးဝင္ၿပီး ၂ရက္ကေန ၁၄ရက္အတြင္း လကၡဏာေတြစျပတတ္တယ္။ ဒါေပမဲ့
တစ္ခါတစ္ေလေရာဂါပိုးရွိၿပီး လကၡဏာေတြ မျပတာမ်ိဳးလည္းရွိတယ္။ သူတို႔ကို Non symptomatic carrier လို႔ ေခၚၿပီး သူတို႔ဆီကေနလည္း ကူးစက္နိင္တာမို႔လို႔ အထူးသတိထားဖို႔လိုတယ္။

?အမ်ိဳးသားမ်ား

?တစ္ခါတစ္ေလ ရက္သတၱပတ္မ်ားစြာတိုင္ေအာင္ ဘာလကၡဏာမွ မျပတာမ်ိဳးလည္းေတြ႕ရတတ္တယ္။ပုံမွန္အားျဖင့္ေတာ့ အကူးခံရပီး တစ္ပတ္အတြင္းလကၡဏာေတြ စေတြ႕ရတာပဲ။
?ပထမဆုံးနဲ႔ အသိသာဆုံးလကၡဏာကေတာ့ ဆီးသြားရင္ ပူျခင္း၊ ေအာင့္ျခင္း၊ နာက်င္ျခင္းတို႔ကို ခံစားရတာပဲ။ေရာဂါရင့္လာတာနဲ႔အမွ်
▪️ခဏခဏဆီးသြားျခင္း။
▪️ဆီးသြားခ်င္လွ်င္ မေအာင့္ႏိုင္ျခင္း၊ ထြက္က်ျခင္း။
▪️လိင္တံထိပ္ေတြ ေရာင္ေနျခင္း၊ နီရဲေနျခင္း။
▪️ေဝွးေစ့ ေရာင္ရမ္းနာက်င္ျခင္း။
▪️ကာလရွည္ၾကာစြာ လည္ပင္းနာျခင္း တို႔ျဖစ္တတ္ပါတယ္။
?တခ်ိဳ႕ရွားပါးတဲ့ အေျခအေနေတြမွာေတာ့ ေရာဂါေပ်ာက္သည့္တိုင္ေအာင္ ေဝွးေစ့နဲ႔ ဆီးလမ္းေၾကာင္းေတြ နာက်င္ႏိုင္ပါေသးတယ္။ တစ္ခါတစ္ေလလည္း စအိုနားတစ္ဝိုက္အထိပါ နာက်င္ႏိုင္ပါတယ္။

?အမ်ိဳးသမီးမ်ား

?မိန္းကေလးအမ်ားစုမွာေတာ့ လကၡဏာသိပ္ျပေလ့မရွိဘူး။ လကၡဏာေပၚလာလွ်င္လည္း တျခား မႈိႏွင့္ပတ္သတ္တဲ့ မိန္းမကိုယ္ေရာဂါေတြနဲ႔ ျဖစ္ပုံခ်င္းတူလို႔ အလြန္အမင္းခြဲရခက္ေလ့ရွိပါတယ္။
?လကၡဏာေတြကေတာ့
▪️မိန္းမကိုယ္မွ အရည္ၾကည္ / ခြၽဲျပစ္ေသာ / အစိမ္းေရာင္ရွိေသာ အရည္မ်ားဆင္းျခင္း။
▪️ဆီးသြားလွ်င္နာက်င္ျခင္း။
▪️ခဏခဏဆီးသြားျခင္း။
▪️ကာလရွည္ၾကာစြာ လည္ပင္းနာျခင္း။
▪️ရာသီလာလွ်င္ပမာဏမ်ားျခင္း။
▪️ခဏခဏရာသီလာျခင္း။
▪️လိင္ဆက္ဆံလွ်င္ နာက်င္ျခင္း။
▪️ဖ်ားနာျခင္း။
▪️ဝမ္းဗိုက္ေအာက္ပိုင္းမွ စူးပီးေအာင့္ျခင္း တို႔ျဖစ္ေလ့ရွိတယ္။

?ဘယ္လိုစစ္မလဲ?

?မိန္းမကိုယ္ လိင္တံ စအို လည္ပင္း တို႔ကထြက္တဲ့ အရည္ကို ဂြမ္းေလးနဲ႔ယူပီး စစ္လို႔ရတယ္။
?တကယ္လို႔ ေသြးထဲမွာ ရွိတယ္လို႔ဆရာဝန္က ယူဆရင္ေတာ့ ေသြးေဖာက္ၿပီး စစ္ၾကည့္လို႔ရတယ္။
?ေနာက္တစ္မ်ိဳးကေတာ့ ပိုးေမြးတာပါ။ ယူလာတဲ့ အရည္ၾကည္ေလးေတြကို အထူးျပဳလုပ္ထားတဲ့ မွန္ျပားေပၚမွာ ရက္အနည္းငယ္ထားလိုက္ရင္ အေကာင္ေပါက္လာရင္ေတာ့ ေရာဂါပိုးရွိတယ္လို႔ သတ္မွတ္လို႔ရပါတယ္။

?ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

?အမ်ိဳုးသမီးေတြမွာ ပိုဆိုးေလ့ရွိပါတယ္။ မကုဘူးဆိုရင္ ေရာဂါပိုးက အဂၤါလမ္းေၾကာင္းတစ္ေလွ်ာက္ဝင္သြားပီး သားအိမ္တစ္တစ္ခုလုံးႏွင့္ မမ်ိဳုးဥေတြကိုပါ ထိခိုက္ေစပါတယ္။ အဲ့ဒါကိုေတာ့ Pelvic Inflammatory Disease လို႔ေခၚၿပီး အျပင္းအထန္ ကာလၾကာရွည္စြာ နာက်င္ကိုက္ခဲျခင္းကို ျဖစ္ေစပါတယ္။ အက်ိဳုးဆက္အေနျဖင့္ သားသမီးမထြန္းကားႏိုင္ေတာ့ျခင္း/ၿမဳံျခင္း၊ ေနရာမွား၍သေႏၶသားကပ္ျခင္း ( Ectopic Pregnancy ) အထိပါျဖစ္ႏိုင္ပါတယ္။

?အမ်ိဳးသားမ်ား အမ်ိဳုးသမီးမ်ားနည္းတူ ဆီလမ္းေၾကာင္း ဒဏ္ရာရႏိုင္သည့္အတြက္ ၿမဳံျခင္း ႏွင့္ လိင္တံ အတြင္း အျပင္းအထန္နာက်င္ကိုက္ခဲျခင္းမ်ား ျဖစ္ေပၚႏိုင္ပါတယ္။

?ေရာဂါပိုးက ေသြးထဲပါေရာက္သြားပီဆိုရင္ေတာ့ အဆစ္မ်ားေရာင္ရမ္းျခင္း၊ ႏွလုံးအဆို႔မ်ားကို ဒဏ္ျဖစ္ေစျခင္း၊ ပင္မအာ႐ုံေၾကာေရာင္ရမ္းျခင္းမ်ား ျဖစ္ေပၚႏိုင္ပါတယ္။ ဒါေတြကေတာ့ ရွားေပမဲ့ ျဖစ္လာလွ်င္လည္း အလြန္ပဲ အေရးႀကီးလွပါတယ္။

?ဘယ္လိုကုမလဲ?

?ကာကြယ္ေဆးကေတာ့ အခုခ်ိန္အထိမရွိေသးပါဘူး။
?ေရာဂါျဖစ္လာလွ်င္ Ceftrixone , Azithromycin , Doxycline တို႔နဲ႔ ကုလို႔ရပါတယ္။ ပဋီဇီဝေဆးယဥ္ပါးလာျခင္းေၾကာင့္ ပိုပီးေတာ့ ဂ႐ုစိုက္ပီးကုလာၾကတယ္။
?ဂႏိုေရာဂါျဖစ္လွ်င္ အထူးသတိထားရမွာက ဆက္ဆံသူေရာ ဆက္ဆံေဖာ္ပါကုရပါမယ္။ ဒါမွသာေရာဂါျပန႔္ပြားမွႈကို အခ်ိန္မွီတားဆီးႏိုင္မွာပါ။

?ဘယ္လိုကာကြယ္မလဲ?

?အေကာင္းဆုံးနည္းကေတာ့ ေရာဂါပိုးရွိရင္ လိင္ဆက္ဆံတာကို လုံးဝ ေရွာင္ရပါမယ္။
?မေရွာင္ႏိုင္လွ်င္ ကြန္ဒုံးသုံးရပါမယ္။
?ဆက္ဆံေဖာ္မ်ားစြာထားျခင္းထက္ တစ္ေယာက္တည္းထားတာ ပိုအႏၲရာယ္ကင္းပါတယ္။
?ဆက္ဆံေဖာ္ကို ေရာဂါပိုးရွိတယ္လို႔ သံသယရွိရင္လည္း အျမန္ဆုံးကုသဖို႔တိုက္တြန္းရပါမယ္။
?ေဆးေသာက္လွ်င္လည္း ေဆးယဥ္ပါးျခင္းကို ကာကြယ္ဖို႔ သတ္မွတ္ထားတဲ့ အၫႊန္းအတိုင္းေသခ်ာေသာက္ရပါမယ္။
?ဆရာဝန္ရက္ခ်ိန္းအတိုင္း ပုံမွန္သြားပီး ဆက္ဆံသူေရာ ဆက္ဆံေဖာ္ပါ ေရာဂါပိုးမရွိေၾကာင္း စစ္ေဆးၿပီးသြားရင္ေတာ့ ပုံမွန္အတိုင္း ဆက္ဆံႏိုင္ပါၿပီ။

Dr.Z

(Unicode)

အမျိုးသားကော အမျိုးသမီးကောဖြစ်တတ်တဲ့ ဂနိုရောဂါ (ခေါ် ) ဆီးပူညောင်းကျရောဂါ ( Gonorrhea )

ဂနိုရောဂါကလည်း လိင်ဆက်ဆံခြင်းကတစ်ဆင့် လွယ်ကူစွာ ကူးဆက်နိုင်ပါတယ်။ အဖြစ်များလွန်းလှတာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

?ဂနိုဆိုတာ ဘာလဲ?

?Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆီးပူညောင်းကျရောဂါပါ။ ဆီးပေါက်လျှင်နာကျင်ပီး ပူသလိုခံစားရလေ့ရှိတယ်။
ပူနွေးပီးအမြဲစွတ်စိုနေတဲ့နေရာတွေမှာ ဖြစ်လေ့ရှိတယ်။
?မျက်လုံး၊ အမျိုးသမီးနဲ့ အမျိုးသားတို့ရဲ့ ဆီးလမ်းကြောင်းတစ်လျှောက်၊ လည်ချောင်း၊ စအို တို့မှာ အဓိကဖြစ်နိုင်တယ်။
?သူကလည်း ထိတာနဲ့ကို ကူးစက်နိုင်တယ်။ လေထဲမှာကြာကြာအသက်မရှင်နိုင်တဲ့အတွက်ကြောင့် အများသုံးအိမ်သာ တို့ကတော့မကူးနိုင်ဘူး။
?ကိုယ်ဝန်ဆောင်မိခင်ကနေတော့ ကလေးကို ကူးစက်နိုင်တာ သတိပြုရမယ်။

?ရောဂါလက္ခဏာတွေက ဘာလဲ?

?အများအားဖြင့်တော့ ရောဂါပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း လက္ခဏာတွေစပြတတ်တယ်။ ဒါပေမဲ့
တစ်ခါတစ်လေရောဂါပိုးရှိပြီး လက္ခဏာတွေ မပြတာမျိုးလည်းရှိတယ်။ သူတို့ကို Non symptomatic carrier လို့ ခေါ်ပြီး သူတို့ဆီကနေလည်း ကူးစက်နိင်တာမို့လို့ အထူးသတိထားဖို့လိုတယ်။

?အမျိုးသားများ

?တစ်ခါတစ်လေ ရက်သတ္တပတ်များစွာတိုင်အောင် ဘာလက္ခဏာမှ မပြတာမျိုးလည်းတွေ့ရတတ်တယ်။ပုံမှန်အားဖြင့်တော့ အကူးခံရပီး တစ်ပတ်အတွင်းလက္ခဏာတွေ စတွေ့ရတာပဲ။
?ပထမဆုံးနဲ့ အသိသာဆုံးလက္ခဏာကတော့ ဆီးသွားရင် ပူခြင်း၊ အောင့်ခြင်း၊ နာကျင်ခြင်းတို့ကို ခံစားရတာပဲ။ရောဂါရင့်လာတာနဲ့အမျှ
▪️ခဏခဏဆီးသွားခြင်း။
▪️ဆီးသွားချင်လျှင် မအောင့်နိုင်ခြင်း၊ ထွက်ကျခြင်း။
▪️လိင်တံထိပ်တွေ ရောင်နေခြင်း၊ နီရဲနေခြင်း။
▪️ဝှေးစေ့ ရောင်ရမ်းနာကျင်ခြင်း။
▪️ကာလရှည်ကြာစွာ လည်ပင်းနာခြင်း တို့ဖြစ်တတ်ပါတယ်။
?တချို့ရှားပါးတဲ့ အခြေအနေတွေမှာတော့ ရောဂါပျောက်သည့်တိုင်အောင် ဝှေးစေ့နဲ့ ဆီးလမ်းကြောင်းတွေ နာကျင်နိုင်ပါသေးတယ်။ တစ်ခါတစ်လေလည်း စအိုနားတစ်ဝိုက်အထိပါ နာကျင်နိုင်ပါတယ်။

?အမျိုးသမီးများ

?မိန်းကလေးအများစုမှာတော့ လက္ခဏာသိပ်ပြလေ့မရှိဘူး။ လက္ခဏာပေါ်လာလျှင်လည်း တခြား မှိုနှင့်ပတ်သတ်တဲ့ မိန်းမကိုယ်ရောဂါတွေနဲ့ ဖြစ်ပုံချင်းတူလို့ အလွန်အမင်းခွဲရခက်လေ့ရှိပါတယ်။
?လက္ခဏာတွေကတော့
▪️မိန်းမကိုယ်မှ အရည်ကြည် / ချွဲပြစ်သော / အစိမ်းရောင်ရှိသော အရည်များဆင်းခြင်း။
▪️ဆီးသွားလျှင်နာကျင်ခြင်း။
▪️ခဏခဏဆီးသွားခြင်း။
▪️ကာလရှည်ကြာစွာ လည်ပင်းနာခြင်း။
▪️ရာသီလာလျှင်ပမာဏများခြင်း။
▪️ခဏခဏရာသီလာခြင်း။
▪️လိင်ဆက်ဆံလျှင် နာကျင်ခြင်း။
▪️ဖျားနာခြင်း။
▪️ဝမ်းဗိုက်အောက်ပိုင်းမှ စူးပီးအောင့်ခြင်း တို့ဖြစ်လေ့ရှိတယ်။

?ဘယ်လိုစစ်မလဲ?

?မိန်းမကိုယ် လိင်တံ စအို လည်ပင်း တို့ကထွက်တဲ့ အရည်ကို ဂွမ်းလေးနဲ့ယူပီး စစ်လို့ရတယ်။
?တကယ်လို့ သွေးထဲမှာ ရှိတယ်လို့ဆရာဝန်က ယူဆရင်တော့ သွေးဖောက်ပြီး စစ်ကြည့်လို့ရတယ်။
?နောက်တစ်မျိုးကတော့ ပိုးမွေးတာပါ။ ယူလာတဲ့ အရည်ကြည်လေးတွေကို အထူးပြုလုပ်ထားတဲ့ မှန်ပြားပေါ်မှာ ရက်အနည်းငယ်ထားလိုက်ရင် အကောင်ပေါက်လာရင်တော့ ရောဂါပိုးရှိတယ်လို့ သတ်မှတ်လို့ရပါတယ်။

?နောက်ဆက်တွဲဆိုးကျိုးများ

?အမျိုုးသမီးတွေမှာ ပိုဆိုးလေ့ရှိပါတယ်။ မကုဘူးဆိုရင် ရောဂါပိုးက အင်္ဂါလမ်းကြောင်းတစ်လျှောက်ဝင်သွားပီး သားအိမ်တစ်တစ်ခုလုံးနှင့် မမျိုုးဥတွေကိုပါ ထိခိုက်စေပါတယ်။ အဲ့ဒါကိုတော့ Pelvic Inflammatory Disease လို့ခေါ်ပြီး အပြင်းအထန် ကာလကြာရှည်စွာ နာကျင်ကိုက်ခဲခြင်းကို ဖြစ်စေပါတယ်။ အကျိုုးဆက်အနေဖြင့် သားသမီးမထွန်းကားနိုင်တော့ခြင်း/မြုံခြင်း၊ နေရာမှား၍သန္ဓေသားကပ်ခြင်း ( Ectopic Pregnancy ) အထိပါဖြစ်နိုင်ပါတယ်။

?အမျိုးသားများ အမျိုုးသမီးများနည်းတူ ဆီလမ်းကြောင်း ဒဏ်ရာရနိုင်သည့်အတွက် မြုံခြင်း နှင့် လိင်တံ အတွင်း အပြင်းအထန်နာကျင်ကိုက်ခဲခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

?ရောဂါပိုးက သွေးထဲပါရောက်သွားပီဆိုရင်တော့ အဆစ်များရောင်ရမ်းခြင်း၊ နှလုံးအဆို့များကို ဒဏ်ဖြစ်စေခြင်း၊ ပင်မအာရုံကြောရောင်ရမ်းခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါတွေကတော့ ရှားပေမဲ့ ဖြစ်လာလျှင်လည်း အလွန်ပဲ အရေးကြီးလှပါတယ်။

?ဘယ်လိုကုမလဲ?

?ကာကွယ်ဆေးကတော့ အခုချိန်အထိမရှိသေးပါဘူး။
?ရောဂါဖြစ်လာလျှင် Ceftrixone , Azithromycin , Doxycline တို့နဲ့ ကုလို့ရပါတယ်။ ပဋီဇီဝဆေးယဉ်ပါးလာခြင်းကြောင့် ပိုပီးတော့ ဂရုစိုက်ပီးကုလာကြတယ်။
?ဂနိုရောဂါဖြစ်လျှင် အထူးသတိထားရမှာက ဆက်ဆံသူရော ဆက်ဆံဖော်ပါကုရပါမယ်။ ဒါမှသာရောဂါပြန့်ပွားမှှုကို အချိန်မှီတားဆီးနိုင်မှာပါ။

?ဘယ်လိုကာကွယ်မလဲ?

?အကောင်းဆုံးနည်းကတော့ ရောဂါပိုးရှိရင် လိင်ဆက်ဆံတာကို လုံးဝ ရှောင်ရပါမယ်။
?မရှောင်နိုင်လျှင် ကွန်ဒုံးသုံးရပါမယ်။
?ဆက်ဆံဖော်များစွာထားခြင်းထက် တစ်ယောက်တည်းထားတာ ပိုအန္တရာယ်ကင်းပါတယ်။
?ဆက်ဆံဖော်ကို ရောဂါပိုးရှိတယ်လို့ သံသယရှိရင်လည်း အမြန်ဆုံးကုသဖို့တိုက်တွန်းရပါမယ်။
?ဆေးသောက်လျှင်လည်း ဆေးယဉ်ပါးခြင်းကို ကာကွယ်ဖို့ သတ်မှတ်ထားတဲ့ အညွှန်းအတိုင်းသေချာသောက်ရပါမယ်။
?ဆရာဝန်ရက်ချိန်းအတိုင်း ပုံမှန်သွားပီး ဆက်ဆံသူရော ဆက်ဆံဖော်ပါ ရောဂါပိုးမရှိကြောင်း စစ်ဆေးပြီးသွားရင်တော့ ပုံမှန်အတိုင်း ဆက်ဆံနိုင်ပါပြီ။

Dr.Z

Previous Post

တခူးခူးတခေါခေါနဲ့ဟောက်နေသော်လည်း နိုးလာရင်အိပ်ရေးမဝမလန်းဆန်းခြင်း

Next Post

မိတ်ကပ်တွေလိမ်းပြီး မဖျက်တဲ့အခါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိတ်ကပ်တွေလိမ်းပြီး မဖျက်တဲ့အခါ

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?

အသည်းကျန်းမာရေးအတွက် အစားအသောက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.