fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ရေလားမီးလား ရောဂါ

137
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

Stanford University မှ The Centre for Biochemical Eltics မှကျန်းမာခြင်းနှင့် ပြည့်စုံမှုဆိုခြင်းကို လေ့လာခဲ့ကြ၏။ ကျန်းမာခြင်းနှင့် ပြည့်စုံသည်ဟု ပြောဆိုရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရမည်၊ စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာရမည်၊ စိတ်ပျော်ရွှင်ချမ်းမြေ့မှုလည်း ရှိရမည်၊ လူမှုရေးကိစ္စရပ်များ၌လည်း ကောင်းမွန်အဆင်ပြေချောမွေ့ရမည်။ ထိုမျှသာမက လိင်ပိုင်းဆိုင်ရာကျန်းမာမှုနှင့်လည်း ပြည့်စုံရန်လိုအပ်သည်ဟု ဆိုပါသည်။ ကျန်းမာခြင်းနှင့် ပြည့်စုံမှုရှိရန်အတွက် မိမိက သူတစ်ပါးအား ချစ်တတ်ရမည်ဖြစ်သကဲ့သို့ မိမိကလည်း သူတစ်ပါး၏ ချစ်ခင်မှုကို ခံယူနိုင်ဖို့လည်း လိုအပ်ပါသည်။

လိင်ကိစ္စနှင့်ပတ်သတ်၍ ပူလောင်သော ဝေါဟာရများကို သုံးစွဲတတ်ကြသည်။ လိင်ကိစ္စသည် မီးနှင့်တူသည်ဟု ဆိုသည်။ လောင်ကျွမ်းစေသော အရာဟူ၍လည်း သုံးသပ်ကြသည်။ စနက်တံဖြစ်သည်။ စက်သေနတ်တို့အတွက် ခလုတ်မောင်းများနှင့်လည်း တူသည်ဟု ဆိုတတ်ကြသည်။ အမှန်စင်စစ် လိင်ကိစ္စ၏ အေးမြမှု၊ စိတ်ချမ်းမြေ့မှု၊ ကျေနပ်ဖွယ်ရာကောင်းမွန်မှု၊ ပျော်ရွှင်မှုများရှိနေသည်ကို သတိထားသင့်ကြပေသည်။ လိင်ကိစ္စကို “မီး” ဟုဆိုကြသကဲ့သို့ တချို့က “ရေ” ဟုဆိုသည်။ အေးမြသည်၊ ကြည်လင်သည်၊ မီးကို ငြိမ်းသတ်နိုင်သည်။ အမောပြေစေသည်၊ နှလုံးကို ကြည်နူးစေသည်၊ ရေသည် အသက်ရှင်သန်ရန် လိုအပ်သကဲ့သို့ လိင်ကိစ္စသည် လူတို့၏ ရပ်တည်မှုအတွက် လိုအပ်သည်ဖြစ်၏။

လိင်ဆက်ဆံမှုနှင့် ကျန်းမာရေး ဆက်နွှယ်ပတ်သတ်မှုရှိသည်မှာ ငြင်းပယ်၍ မရသော ကိစ္စတစ်ရပ်ဖြစ်သည်။ ခန္ဓာကိုယ်တွင် ဆေးပညာဘောအရ အာသာဆန္ဒဖြစ်ပေါ်မှုရှိသည်။ Appetite Behavior ဟု သုံးနှုန်းလေ့ရှိ၏။ ယင်းဖြစ်စဉ်မှာ ဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဟိုက်ပိုးသားလမတ် (Hypothalamus) နှင့် သက်ဆိုင်သည် ဆန္ဒ သုံးမျိုးမှာ-
(က) ဆာလောင်မှု၊ အစားအစာစားလိုမှုဆန္ဒ (Hunger Appetite)
(ခ) ရေဆာခြင်း၊ ရေငတ်ခြင်း၊ ရေသောက်လိုသောဆန္ဒ (Thirst Appetite) နှင့်
(ဂ) လိင်ဆက်ဆံမှု (Sex Appetite) တို့ဖြစ်၏။

ဆေးပညာရှင်များက အခြားဆန္ဒတစ်ခုကို ထည့်သွင်းဖော်ပြတတ်သေးသည်။ နာကျင်မှုဝေဒနာမှ ရှောင်လွှဲလိုသောဆန္ဒ (Avoiding Pain) ဖြစ်၏။

လိင်ဆက်ဆံလိုသော ဆန္ဒမှာ လူတို့၏ မွေးရာပါစွမ်းအင်တစ်မျိုးဖြစ်၏။ အခြားသက်ရှိသတ္တဝါများတွင်လည်း တွေ့ရနိုင်ပါသည်။ သဘာဝအရ မျိုးဆက်တည်တံ့ ပြန့်ပွားမှုအတွက် လိင်ဆက်ဆံမှုလိုအပ်သည်။ ယင်းလိုအပ်မှုကို လိင်ဆက်ဆံလိုသောဆန္ဒနှင့် လိင်ဆက်ဆံသောအပြုအမှုတို့က ဖြည့်ဆည်းပေးမည်ဖြစ်သည်။ လိင်ဆက်ဆံခြင်းသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို များစွာအထောက်အကူပြုကြောင်း တွေ့ရသည်။

လိင်ဆက်ဆံလိုသော ဆန္ဒမှာ လူတို့၏ မွေးပါရာစွမ်းအင်တစ်မျိုးဖြစ်၏။ အခြားသက်ရှိသတ္တဝါများတွင်လည်း တွေ့ရနိုင်ပါသည်။ သဘာဝအရ မျိုးဆက်တည်တံ့ ပြန့်ပွားမှုအတွက် လိင်ဆက်ဆံမှုလိုအပ်သည်။ ယင်းလိုအပ်မှုကို လိင်ဆက်ဆံလိုသောဆန္ဒနှင့် လိင်ဆက်ဆံသောအပြုအမှုတို့က ဖြည့်ဆည်းပေးမည်ဖြစ်သည်။ လိင်ဆက်ဆံခြင်းသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို များစွာအထောက်အကူပြုကြောင်း တွေ့ရပေသည်။

လိင်ဆိုင်ရာအပြုအမှု Sexual Behavior သည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေမည့် အပြုအမှုများမဖြစ်ဖို့ လိုအပ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စေမည့်အပြုအမှုများ ဆောင်ရွက်တတ်ကြဖို့ လိုအပ်သည်။ လိင်အပြုအမူ မှားယွင်းမှုကြောင့် ကျန်းမာရေးပြဿနာများသာမက၊ စိတ်ပိုင်းဆိုင်ရာပြဿနာများနှင့် လူမှုရေးပြဿနာပါ ဖြစ်ပေါ်လာနိုင်သည်။ မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ဆက်ဆံဖော်အတွက် ပြဿနာဖြစ်စေနိုင်သကဲ့သို့၊ ကျန်းမာမှုကို အထောက်အကူဖြစ်စေနိုင်သသည်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအားမှာလည်း အမျိုးသား၊ အမျိုးသမီနှစ်ဦးစလုံးအတွက် လိုအပ်သည်။ ပြည့်ဝသောစွမ်းဆောင်မှုအား ရှိရန်အရေးကြီးသည်။ သုတေသနပညာရှင်များက မိမိချစ်ခင်နှစ်သက်သူနှင့် လိင်ဆက်ဆံမှုပြုဆောင်ရပါလျှင် “ကျန်းမာရေးအတွက် ဆေးတစ်ခွက်” ဟုပင် ဆိုပါသည်။ အထီးကျန်ဆန်မှု၊ စိုးရိမ်ပူပန်မှု၊ စိုးရွံ့မှု၊ ဖိစီးမှုများခြင်း၊ စိတ်ကျဝေဒနာ၊ ကြောက်ရွံ့ထိတ်လန့်မှု၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှု၊ စိတ်တင်းကျပ်မှု၊ ခင်မင်မှုပျက်ယွင်းခြင်း စသည်တို့ကို လိင်ဆက်ဆံမှုဖြင့် ဖယ်ရှားနိုင်စွမ်းရှိသည်ဟု သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ကောင်းမွန်သော ဆက်ဆံခြင်းဆိုင်ရာ အပြုအမူမျာနှင့် လိင်ဆက်ဆံရာ၌ စွမ်းဆောင်နိုင်မှုအား ကောင်းခြင်းသည် လူတို့၏ အထွေထွေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဗဟုသုတအဖြစ် တင်ပြပေးလိုက်ရပါသည်။

Author – ဒေါက်တာအေးကျော်

Previous Post

သာမန် စိတ်ကြွရောဂါနှင့် အပြင်းစား စိတ်ကြွရောဂါ (Hypomania ၊ Mania)

Next Post

သားအိမ်အသားလုံး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်အသားလုံး

လက်သည်း ကိုက်တာ ဘယ်လိုလုပ်ရပါ့

ဝက်သက်ရောဂါနှင့် အယူအဆများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.