fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်တံထိပ်အရေပြားဆိုင်ရာပြဿနာများ  (သို့)   ရှေ့ တွန်းမရနောက်ဆွဲမရပြဿနာ

10.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/07/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

Dr.Z ဆီ အသက်၂၅ နှစ်ခန့်ရှိတဲ့ ယောကျာ်းလေးတစ်ယောက် အရင်အပတ်ကရောက်လာတယ်။
မဝံ့မရဲနဲ့ “ကျွန်တော် ဆရာနဲ့ဆွေးနွေးချင်လို့ပါ။
ကျွန်တော့် အင်္ဂါအရေပြားက နောက်ကိုဆွဲမရဘူး ဆရာ။ ဆွဲရင်လည်းနာတယ်။ ကျွန်တော် သိသလောက်တော့ အရေပြားရှည်ရင်လည်း နောက်ကို အင်္ဂါထိပ်ဖူး ပေါ်အောင်တော့ ဆွဲလို့ရကြပါတယ်။ ကျွန်တော်လည်းသူ့ဟာသူပဲပွင့်လာမယ်လို ထင်ထားတာ။ ချစ်တဲ့သူနဲ့ အတူနေရင်လည်း သာယာမှုမရဘူးဆရာရယ်။ နာပဲ နာနေတာ။အဲ့ဒါဆရာ့ကို လာပြတာပါ ”

ဒါနဲ့ပဲ Dr.Z လည်း ယောကျာ်းလေးတွေအတွက် လိင်တံထိပ်အရေပြား ပွင့်ခြင်း၊မပွင့်ခြင်း ကိစ္စနဲ့ ပတ်သတ်ပီး အကျယ်တဝင့်လေး ဆွေးနွေးဖို့ဖြစ်လာပါတော့တယ်။

တကယ်တော့ အရေပြားမဖြတ်ရသေးသူ ယောကျာ်းများအများစုဟာ အသက် ၁၀ ကျော်ရင် လိင်တံမှ အရေပြားကို ဖြည်းဖြည်းချင်း ဆွဲနိုင်လာကြပါပြီ။ အချိန်ကြာလာတာနဲ့အမျှ မှိုပွင့်ပုံစံ လိင်တံထိပ်လေးက တဖြည်းဖြည်းပိုမြင်လာရပီး အရေပြားက နောက်မှကပ်ရင်ကပ်၊ ရှေ့မှာစုရင်စု လွယ်လင့်တကူ ရွေ့လျားလာနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ အရေပြားက အရွယ်ရောက်ပြီး ( ၁၆၊၁၇ အထက် ) သည်အထိ အရေပြားနောက်သို့ဆွဲဖို့ အခက်အခဲရှိနေရင်တော့ အဲ့အခြေအနေကို Phimosis ( ပန်းထိပ်ပိုင်းငုံခြင်း ) လို့ ခေါ်ပါတယ်။

တကယ်လို့ အတင်းမရမက ဆွဲချပီး နောက်ပိုင်းရောက်မှ ရှေ့ကိုလည်း ပြန်တွန်းလို့မရဘူးဆိုရင်တော့ Paraphimosis ( ပန်းနောက်ပိုင်းငုံခြင်း ) လို့ခေါ်ပါတယ်။ဒီအခြေအနေက လိင်တံသို့ သွေးရောက်ရှိမှုကို ဖြတ်တောက်နိုင်သောကြောင့် အလွန်အမင်းနာကျင်နိုင်ပီး ဆေးရုံသို့ အမြန်ဆုံးသွားသင့်ပါတယ်။

အဲ့တော့ ဒီအခြေအနေကို သေချာလေး လေ့လာကြည့်ရအောင်။

Phimosis၊ Paraphimosis နှင့် ယောက်ျားလေးများ

ဘာလို့ဖြစ်တာလဲ ???

Scar Tissuse
လိင်တံကို ပိုးဝင်ခဲ့လျှင် ကျွန်တော်တို့ ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်တဲ့အခါ မျက်စိနဲ့ မမြင်ရတဲ့ အမာရွတ်လေးတွေ ဖြစ်လေ့ရှိပါတယ်။ အမာရွတ်လေးတွေ စုသွားတဲ့အခါ အရေပြားက အနည်းငယ်ပိုမာသွားတဲ့ အတွက်ကြောင့်မို့ နောက်သို့ဆွဲမရခြင်း ဖြစ်တတ်ပါတယ်။

Forced Pull and Stretch
အားအရမ်းသုံးပီး ဆွဲချတဲ့ အခါမှာလည်း အလားတူ သေးငယ်တဲ့ ဒဏ်ရာများကို ဖြစ်စေပီး အမာရွတ်တစ်ရှုးများကို ဖြစ်စေတတ်ပြန်တယ်။

Aging
အရေပြားဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အသက်ကြီးလာတာနဲ့အမျှ Elasticity(ကျုံ့နိုင်၊ချ့ဲနိင်အား) ကျဆင်းလာမှာဖြစ်ပီး ပန်းသေ၊ပန်းညှိုးရောဂါ ရှိတဲ့သူတွေမှာတော့ ပိုပြီး အဖြစ်များတတ်ပါတယ်။

Other Medical Conditions
အခြား ရောဂါများနဲ့ တွဲပီးလည်း ဖြစ်နိုင်ပါသေးတယ်။ဥပမာ ဆီးချိုသမား ( Diabetic Patients ) တွေဆိုရင် Balanitis ( လိင်အင်္ဂါထိပ် ပိုးဝင်၍ ယောင်ခြင်း ) ခဏခဏ ဖြစ်လေ့ရှိပြီး Scar Tissue တွေစုနေတတ်ပါတယ်။

During Sex
လိင်ဆက်ဆံတဲ့အခါမှာ နောက်ကိုအရေပြား အကြာကြီးဆွဲထားရင် ထိုနေရာက ယောင်တတ်လာတတ်ပါတယ်။့အဲ့အခါကျရင်တော့ အရေပြားကိုလုံးဝ ရှေ့ကိုပို့လို့မရဘဲ Paraphimosis ကို ဖြစ်စေနိုင်ပြန်တယ်။

ရောဂါလက္ခဏာတွေက ဘာတွေလည်း  ???

  • အင်္ဂါထိပ်တစ်ဝိုက်တွင် အပေါ့သွားလျှင် ထိပ်အရေပြားသည် ပူဖောင်းကဲ့သို့ ကြီးလာတတ်ခြင်း
  • အပေါ့သွားလျှင် နာကျင်ခြင်
  • အပေါ့ထဲတွင် သွေးစများတွေ့ရခြင်း
  • အပေါ့သွားတဲ့အခါ နဂိုထက်ပို၍ ဆီးပေါက်အား ကျသွားခြင်း
  • ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း
  • ဆီးသွားပြီးသောအခါ ပူလောင်သလို ခံစားရခြင်း
  • ဆီးသွားပြီးသည့်တိုင် ဆီးသွားချင်နေခြင်း
  • လိင်အင်္ဂါ တောင့်တင်းရာတွင် နာကျင်နေခြင်း
  • လိင်အင်္ဂါ ထိပ်အရေပြား နာကျင်နေခြင်း။အရေများထွက်နေခြင်း
  • အရေပြားထိပ်တွင် အမာရွတ်ကဲ့သို့သော အဖြူရောင်အကွင်းလေး ရှိခြင်း

ဘယ်လိုသိမလဲ ???

အပေါ်က လက္ခဏာတွေ တွေ့တယ်၊ နောက်ကိုလည်း အရေပြားဆွဲလှန်လို့မရတော့ဘူး ဆိုရင်တော့ ဆရာဝန်ကိုပြသင့်ပါပြီ။

အထူးတိုက်တွန်းချင်တာကတော့ ဒါက ရှက်စရာကိစ္စ မဟုတ်ပါဘူး။ အမြန်ဆုံးလိုအပ်တဲ့ကုသမှုကို ခံယူလိုက်ရင် ပျော်ရွှင်ချမ်းမြေ့ရမှာပါ။ ဆရာဝန်တွေကလည်း ဒီလိုအခြေနေ အများအပြားကိုတွေဖူးနေတာကြောင့် ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။

ဘယ်လိုကုလို့ရလဲ ???

Phimosis

☑️အချိန်ယူပြီး Steroid Cream လိမ်းပေးလို့ရတယ်။ အောင်မြင်နိုင်ချေကတော့ ၇၀% အထက်မှာရှိပြီး အနည်းဆုံး ၄ – ၆ ပတ်လောက်လိမ်းရပါတယ် ။ အရေပြားကို ဆွဲချလို့ရပီဆိုရင်တော့ ဆေးလိမ်းတာ ရပ်လို့ရပါပြီ။
☑️ဆေးလိမ်းလို့မှ မအောင်မြင်ရင်တော့ ထိပ်အရေပြားကို ဖြတ်တောက်တဲ့ အသေးစားခွဲစိတ်မှုလေး (Circumcision) လုပ်ရပါမယ်။

Paraphimosis

☑️သူကတော့ ပိုအရေးကြီးတယ်။ဆေးရုံရောက်ရင် ရောင်နေတာ သက်သာအောင် ရေခဲအုံရမယ်။
☑️အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးကို ပါးစပ်ကသောက်တာဖြစ်ဖြစ်၊ဆေးလိမ်းတာဖြစ်ဖြစ်၊ထုံဆေးထိုးတာဖြစ်ဖြစ် ပြုလုပ်ပေးရမယ်။ ☑️Hyaluronidase Injection ထိုးပီးတော့လည်း သက်သာအောင် လုပ်လို့ရတယ်။
☑️တကယ်လို့ ဆရာဝန်က အမြန်သက်သာဖို့ လိုအပ်တယ်လို့ထင်ရင်တော့ ဖောင်းနေတဲ့နေရာ
အနောက်မှာ အပေါက်သေးသေးလေး( Surgical Slit ) ဖောက်နိုင်ပါတယ်။
☑️သက်သာသွားပီဆိုရင်တော့ အရေပြားခွဲစိတ်မှု (Circumcision ) မလွဲမသွေပြုလုပ်ပီး နောက်မဖြစ်အောင် ကာကွယ်လို့ရပါတယ်။

မကုရင်ဘာဖြစ်မလဲ ???

?Phimosis ကို မကုရင်တော့ အရေပြားမှု ပိုးဝင်လေ့ရှိပီး လိင်တံကင်ဆာ ( Penile Cancer )ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
?Paraphimosis ကတော့ အင်္ဂါရဲ့ သွေးလည်ပတ်မှုကို ဖြတ်တောက်လိုက်သောကြောင့် နာမယ်၊ရောင်မယ်။ အဲ့ထက် ပိုဆိုးလာရင်တော့ ပုပ်တတ်ပီး အင်္ဂါတစ်ခုလုံး ဆုးံရှုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ???

ကာကွယ်ရတာတွေကတော့ လွယ်ပါတယ်။
အင်္ဂါထိပ်ဖူး (Glans Penis) ကိုသေချာဆေးမယ်။
အရေပြားနောက်ကိုလှန်ရင် ဖြည်းဖြည်းပဲ လုပ်ရပါမယ်။
Dr.Z အကြံပေးချင်တာကတော့ ဒါတွေအားလုံးမဖြစ်အောင် ဘေးထွက်ဆိုးလည်းအလွန်နည်းပီး လွယ်ကူရိုးရှင်းလှတဲ့ Circumcision (လိင်တံထိပ်အရေပြားဖြတ်ခြင်း) ကိုသာ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Dr. Z

Previous Post

ကခုန်ခြင်း နှင့် ကျန်းမာရေး

Next Post

လုံးဝမပေါ့လျော့သင့်တဲ့ လေဖြတ်ခါနီးပြတတ်တဲ့ လက္ခဏာ(၆)ချက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
766
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လုံးဝမပေါ့လျော့သင့်တဲ့ လေဖြတ်ခါနီးပြတတ်တဲ့ လက္ခဏာ(၆)ချက်

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

ကာလသားရောဂါ ခေါ် Syphillis ( ဆစ်ဖလစ်ရောဂါ ) အကြောင်း သိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.