fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကာလသားရောဂါ ခေါ် Syphillis ( ဆစ်ဖလစ်ရောဂါ ) အကြောင်း သိကောင်းစရာ

1.8k
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/07/2018
in အမျိုးသားကျန်းမာရေး
1 min read
A A



?ဆစ်ဖလစ်ဆိုတာ ဘာလဲ?










?ဘယ်လိုစစ်မလဲ?


?ဘယ်လိုကုရမလဲ?


?ဘယ်လိုကာကွယ်မလဲ?


Dr.Z

(Unicode)

ကာလသားရောဂါ ခေါ် Syphillis ( ဆစ်ဖလစ်ရောဂါ ) အကြောင်း သိကောင်းစရာ

Syphillis ( ဆစ်ဖလစ်ရောဂါ )
ဆစ်ဖလစ်ရောဂါ ဖြစ်ဖို့ကူးဖို့ အင်မတန်လွယ်ပါတယ်။ဒါကြောင့်မို့လို့ Dr.Z က ဒီရောဂါလေးအကြောင်းကို အကျယ်တစ်ဝင့် ဖော်ပြလိုက်ရပါတယ်။

?ဆစ်ဖလစ်ဆိုတာ ဘာလဲ?

?Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။အဲ့ ဘက်တီးရီးယားပိုးက Spirochetes အနွယ်ဝင်ဖြစ်ပီး ပါးစပ်နားနှင့်မျိုးပွားအင်္ဂါနားတစ်ဝိုက်ကို ဖောက်ထွင်း၍ ဝင်ရောက်နိုင်ပါတယ်။
?ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေလည်း သန္ဓေသားကို ကူးစက်နိုင်ပါတယ်။
?ရောဂါပိုးကို မကုပဲထားရင် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်နိုင်သောကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။

?ရောဂါလက္ခဏာတွေက ဘာတွေလဲ?

?ပထမအဆင့် (Primary Syphillis)
?ရောဂါကူးပြီး ၁၀ရက် ကနေ ရက်၉၀ အတွင်း၊အများအားဖြင့်တော့ ၃ပတ်လောက်မှာ လက္ခဏာတွေ ပြလေ့ရှိတယ်။
?ရှန်ကာ (Chancre) လို့ ခေါ်တဲ့ အနာလို အဖုလေးစပေါက်မယ်။သူကအနာဆိုပေမဲ့ မနာပါဘူး။ အနာပုံစံ လေးမျိုးပေါ့။ပုံမှန် အားဖြင့်တော့ ဝိုင်းဝိုင်းလေးပါပဲ။တစ်ခါတစ်လေ Chancre တွေအများကြီးလဲပေါက်နေတတ်တယ်။သူကရောဂါပိုးတွေအများကြီး သယ်ဆောင်ထားပီး ကူးစက်ဖို့ရာခိုင်နှုန်းအလွန်မြင့်ပါတယ်။ထိလိုက်တာနဲ့ ကူးပြီပဲ။တကယ်လို့ ကျားအင်္ဂါပေါက်ရင် ကွန်ဒုးံနဲ့ ကာကွယ်လိုက်ရင် အဆင်ပြေပေမဲ့ ကာကွယ်မရတဲ့နေရာတွေ (ဥပမာ ဆီးစပ်၊ပေါင်ခြံ၊ပါးစပ်) မှာဆိုရင်တော့ ကူးဖို့ ရာနှုန်းပြည့်သေချာပါတယ်။
?Chancre တွေက ၃ပတ် ကနေ ၆ပတ်လောက်အထိ ကြာမြင့်တတ်ပီး နောက်ပိုင်းအလိုလို ပျောက်သွားတတ်တယ်။

?ဒုတိယအဆင့် Secondary Syphillis

?ပထမအဆင့်ကိုမကုရင် ဒုတိယအဆင့်ကို လအနည်းငယ်ကြာရင် ပြောင်းသွားမယ်။ဒီအဆင့်မှာတော့ မယားတဲ့ အနီစက်တွေ(Rash)  တစ်ကိုယ်လုံးပေါက်မယ်။ပါးစက်ထဲ၊ဝအိုနားတစ်ဝိုက်လည်းပေါက်နိင်တယ်။တခြားရောဂါကြောင့်ဖြစ်တတ်တဲ့ အနီစက်တွေနဲ့ သိပ်မတူတာက လက်ဖဝါး၊ခြေဖဝါးတွေမှာပါ ပေါက်တာပဲ။ဒါတွေပေါ်လာရင်တော့ ဘက်တီးရီးယားက တစ်ကိုယ်လုံးကို ပျံ့သွားပြီဆိုတာ ဖော်ပြနေပါတယ်။
?အရောင်ဖျောဖျော့နဲ့ အရေပြားအဖတ်ကြီးတွေကို ပေါင်ကြား၊ဂျိုင်းကြားနဲ့ ပါးစပ်နားတစ်ဝိုက်မှာလည်းတွေနိုင်ပါသေးတယ်။အဲ့ဟာကိုတော့ Condyloma lata လို့ခေါ်တယ်။
?ဒုတိယအဆင့်မှာတော့ တစ်ကိုယ်လုံးကိုပြန့်နေပီဖြစ်လို့ အရေပြားပြဿနာတွေ အပြင် ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ နွယ်းနယ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊အကျိတ်များကြီးခြင်း တို့ပါ ဖြစ်နိုင်ပါတယ်။

?တတိယအဆင့်( Tertiary Syphillis )

?ဒုတိယဆင့်ရဲ လက္ခဏာတွေ သူ့အလိုလိုပျောက်သွားမှာဖြစ်ပီး မကုရင်တော့ ၁၅ရာခိုင်နုန်းက စကူးစက်တဲ့အချိန်ကနေစပီး ၁၀နှစ်မှ နှစ်၂၀အတွင်း တတိယအဆင့်ကို ထပ်ရောက်ပါတယ်။
?တတိယအဆင့်မှာတော့ ဦးဏှောက်၊ အာရုံကြော၊ မျက်လုံး၊ နှလုံး၊ သွေးကြောတွေ ၊အသည်း၊ အရိုး တွေကိုထိနိုင်ပါတယ်။ ရောဂါရင့်လာရင်တော့ ထုံခြင်း အကြောသေခြင်း၊ အမြင်အာရုံ၊အကြားအာရုံများ ပျောက်ကွယ်ခြင်း၊  ရူးခြင်း များ ဖြစ်နိုင်ပါတယ်။အာရုံကြောမကြီးပါ ထိခိုက်လာပီ ဆိုရင်တော့ စိတ်ကစဉ့်ကလျားဖြစ်စဉ်များကို တွေ့ရတတ်ပါတယ်။ဒါကိုတော့ Neurosyphillis လို့ခေါ်တယ်။

?မွေးကင်းစ နှင့် ဆစ်ဖလစ် ( Neonatal or Congenital Syphillis )

?ကူးစက်ခံထားရသော မိခင်ကနေ မွေးပီးပီးချင်း (သို့မဟုတ်) ကလေးအသေလေး မွေးဖို့ ရာခိုင်နှုန်း ၄၀ ရှိပါတယ်။ အကယ်၍ ကလေးရှင်ခဲ့ရင်တောင် အတက်ရောဂါ နှင့် ဉာဏ်ရည်ချို့တဲ့ နိုင်ပါသေးတယ်။ဒါကြောင့်မို့လို့ ကိုယ်ဝန်စအပ်ခါစ နှင့် မွေးခံနီးမှာ Syphillis ရောဂါပိုး စစ်ဖို့ မဖြစ်မနေလိုပါတယ်။

?ဘယ်လိုစစ်မလဲ?

?Venereal Disease Research Laboratory (VDRL)
?Rapid Plasminogen Reagent (RPR) တွေကတော့ ရောဂါပိုးရှိကြောင်း အကြမ်းဖျဉ်း စစ်ဆေးလို့ရပါတယ်။ ရှိတယ်လို့ အဖြေထွက်ရင်တော့
?Mircrohaemagglutination assay for T.pallidum( MHA-TP )
?Fluorescent Treponemal Antibody absorbed test ( FTA-ABS ) တွေနဲ့ သေချာအောင် စစ်လို့ရပါတယ်။

?ဘယ်လိုကုရမလဲ?

?အဆင့်တိုင်းမှာ အချိန်မှီ ကုသမှုခံယူနိုင်လျှင် ကု၍ရပါတယ်။
?ဒါပေမဲ့ ရောဂါကြောင့်ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကိုတော့ ပြန်ကုလို့ မရပါဘူး။
?Penicillin ကို Intramuscular (IM) ထိုးရမှာပါ။ သတ်မှတ်ထားတဲ့ ကုသမှု ပြီးဆုံးသွားရင်တော့ အရှင်းပျောက်ပါတယ်။
?ကိုယ်ဝန်ဆောင်နေတုန်း Penicillin ထိုးလို့ရပါတယ်။

?ဘယ်လိုကာကွယ်မလဲ?

?ကာကွယ်ဆေးတော့မရှိပါဘူး။
?တစ်ခါတစ်လေ Chancre က အမျိုးသမီး အင်္ဂါထဲမှာဖြစ်ဖြစ် စအိုနံရံမှာဖြစ်ဖြစ် ရှိနိုင်တဲ့ အတွက်ကြောင့် အမြဲတမ်းလည်း ဆက်ဆံဖော်က Syphillis ဖြစ်နေမှန်းမသိနိုင်ပါဘူး။
?အကောင်းဆုံးကတော့ လိင်ဆက်ဆံတိုင်း Condom သုံးဖို့ပါပဲ။
?ကိုယ်ဝန်ဆောင်စဉ်မှာတော့ မိခင်ကို ကုသမှုပေးပြီး ကလေးကို မကူးအောင် တားဆီးနိုင်ပါတယ်။

Dr.Z

Previous Post

ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ

Next Post

ကလေးမွေးပြီးနောက် ကိုယ်ခန္ဓာပြန်လည်ထိန်းသိမ်းချင်သော မေမေများအတွက်လေ့ကျင့်ခန်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
768
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးမွေးပြီးနောက် ကိုယ်ခန္ဓာပြန်လည်ထိန်းသိမ်းချင်သော မေမေများအတွက်လေ့ကျင့်ခန်းများ

ဆင်ရေယုံ (သို့မဟုတ်)ရေယုံခါးပတ်

အသံတွေကြားနေရတယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.