fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

 လိင်ဆက်ဆံခြင်းနှင့်ယုံတမ်းစကားများ                  

384
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/10/2018
in အမျိုးသားကျန်းမာရေး
A A

လိင်ဆက်ဆံခြင်းနှင့်ယုံတမ်းစကားများ

ဆယ်ကျော်သက်အရွယ်တွင် သစ်ပင်လူပ်တိုင်းရင်ခုန်တတ်သကဲ့သို့ လိင်ကျန်းမာရေးနှင့်ပတ်သတ်သည့်ကိစ္စတိုင်းကိုလည်း စိတ်ဝင်စားသည့်အရွယ်ဟုဆိုနိုင်ပေသည်။လိင်ဆက်ဆံခြင်းနှင့်ပတ်သတ်သောယုံတမ်းစကားများသည် လူရွယ်များမှ လူငယ်များဆီသို့ လက်ဆင့်ကမ်းသယ်ဆောင်ရင်း တချို့စကားများသည် အမှားမှ အမှန်ဖြစ်နေတတ်ပါတယ်။`အာသာဖြေရင် မျက်စိကန်းတတ်တယ် ´စသောယုံတမ်းစကားများသည် ဆယ်ကျော်သက်လူငယ်များအတွက် အထိတ်အလန့်အဟုတ်မှတ်နေတတ်ပါတယ်။ဒါကြောင့် အချို့သော မှားနေတဲ့ယုံတမ်းစကားများကို ဖော်ပြပေးလိုက်ပါတယ်။

(1)အပျိုစစ်မှသွေးထွက်တာလား?

ခေတ်ဟောင်းလူအချို့သည် အပျိုအမြှေးပါးရှိမှ အပျိုစစ်သည်။မရှိလျှင်အပျိုမစစ်ပါ။အပျိုစစ်မစစ်က အမြှေးပါးနှင့်ဆုံးဖြတ်တတ်ကြပါတယ်။ပထမအကြိမ်လိင်ဆက်ဆံစဉ် အပျိုအမြှေးပါးရှိမရှိ ရှာဖွေကြပါတယ်။အချို့လူမျိုးထုံထမ်းဓလေ့တွင် အပျိုအမြှေးပါးကို အပျိုနှင့်အအိုခွဲခြားရန်အမှတ်အသားတစ်ခုအဖြစ်လက်ခံယုံကြည်ထားသော်လည်း အမှန်တရားတစ်ခုမဟုတ်ပါ။အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံဖူးသလားဆိုသော ဖြစ်ရပ်ကို အဆိုပါအမြှေးပါးနဲ့ဆုံးဖြတ်မရပါ။အပျိုအမြှေးပါးအရွယ်အစားပုံစံကအစ ကွဲပြားခြားနားတတ်ပါတယ်။အချို့တွင်မွေးကတည်းကပင် အမြှေးပါးမပါလာတတ်ပါ။ပထမအကြိမ်လိင်ဆက်ဆံရာတွင်အမြှေးပါးမရှိရျ် သွေးမထွက်။မပြဲဟုတစ်ထစ်ချကောက်ချက်ဆွဲမရပါ။အပျိုစစ်မှ အမြှေးပါးပေါက် သွေးထွက်သည်ဆိုသော ယုံတမ်းစကားကို ဆေးပညာဖြင့် ပြန်လည်ရှင်းပြထားပါတယ်။

(2)ရာသီလာစဉ်ဆက်ဆံလျှင် ကလေးမရတတ်ပါ?

ရာသီလာစဉ် ဆက်ဆံလျှင်ကလေးမရတတ်ပါဟု လူအများယုံကြည်တတ်သော်လည်း ကိုယ်ဝန်ရနိုင်ချေ လုံးဝမရတတ်တာမျိုးတထစ်ချယုံကြည်မရပါ။ရာသီပြီးစ လိင်ဆက်ဆံလျှင် ကိုယ်ဝန်ရမရသည် ရာသီစက်ဝန်းရဲ့ကြာချိန်ပေါ်များစွာမူတည်ပါတယ်။အမျိုးသမီးအများစုသည် ၂၈ရက်တကြိမ်ရာသီစက်ဝန်းဖြစ်ပေါ်လေ့ရှိပါတယ်။ရာသီလာရက်သည် ၃ရက်မှ၅ရက်ထိကြာတတ်ပါတယ်။မမျိုးှုဥကြွေရက်သည် နောက်တကြိမ်ရာသီမလာခင် ၁၂ရက်မှ၁၆ရက်အတွင်းကြွေလေ့ရှိပါတယ်။အချို့အမျိုးသမီးများသည်ရာသီစက်ဝန်းတိုသောကြောင့် မမျိုးဥကြွေရက်စောလေ့ရှိပါတယ်။ရာသီလာစဉ်ဆက်ဆံသောအခါ အမျိုးသားသုတ်ပိုးသည် အမျိုးသမီးအင်္ဂါထဲတွင် ၅ရက်ထိနေနိုင်ပြီးမမျိုးဥကြွေချ်န်စောနှင့်တိုကိဆိုင်ခဲ့လျှင် မမျိုးဥနှင်ပေါင်းစပ်ကိုယ်ဝန်ဖြစ်စေပါတယ်။ထို့ကြောင့် ရာသီလာချိန်လည်းကွန်ဒုံးသုံးဆက်ဆံသင့်ပါတယ်။

(3)အာသာဖြေခြင်းသည် ကျန်းမာရေးဆိုးကျိုးဖြစ်စေသလား?

အာသာဖြေခြင်းသည် အမျိုးသားများအတွက် မျက်စိကန်းစေသည်။ပန်းသေပန်းညိူးဖြစ်စေသည်။အမျိုးသမီးနှင့်ဆက်ဆံရာတွင်အဆင်မပြေမူများစွာဖြင့်ကြုံတွေ့ရနိုင်ပါတယ်ဆိုသော စကားများကိုလက်ဆင့်ကမ်းမှတ်ယူထားတတ်ကြပါတယ်။အာသာဖြေခြင်းသည် မျက်စ်ကန်းစေသည်ဟူသောဆက်စပ်မူသည် လုံးဝမှားယွင်းမူတစ်ခုပင်ဖြစ်ပါတယ်။အလွန်အမင်းအာသာဖြေခြင်းမဟုတ်ခဲ့လျှင် အာသာဖြေခြင်းသည် ကျန်းမာရေးအတွက်ထိုက်သင့်သောအကျိုးဖြစ်စေပါတယ်။အာသာဖြေခြင်းကြောင့်အမျိုးသမီးနှင့်ဆက်ဆံရာတွင်အဆင်မပြေခြင်းတော့မဟုတ်ပါ။အာသာဖြေရာတွင်သုတ်လွှတ်မူသည် ခဏတာဖြသ်ခြင်းကိုကျေနပ်သော်လည်း အမျိုးသမီးများတွင်ထိုထက်ပိုကြာစေချင်သောကြောင့်သာဖြစ်ပါတယ်။

(4)အားကစားသမားများလိင်ဆက်ဆံခြင်းမပြုရဆိုသောစကား

မှားယွင်းသောအမှတ်မှားမူဖြစ်ပါတယ်။လိင်ဆက်ဆံပြီးနောက်အားကစားပြိုင်လျှင်ကြံ့ခိုင်မူအားနည်းသည်ဟု အမှတ်ထားလေ့ရှိသော်လည်းလေ့လာချက်များအရသိသာသောအကျိုးသက်ရောက်မူမရှိပါ။လိင်ဆက်ဆံခြင်းသည် ကိုယ်စိတ်အပန်းပြေခြင်းကိုဖြစ်စေနိုင်သောကြောင့် ပြိုင်ပွဲကို ပိုမိုအောင်နိုင်စေမူကို အကျိုးဖြစ်စေပါတယ်။ထို့ကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်များအဖို့ လိင်ကျန်းမာရေးနှင့်ပတ်သတ်သောယုံတမ်းစကားများကို အမှားအမှန်ခွဲခြားသိရှိရန်လိုအပ်ပါတယ်။

Previous Post

  နို့တိုက်မိခင်တွေ  ကော်ဖီသောက်လို့  ရလား

Next Post

စိုးရိမ်ပူပန်မှုတွေ နည်းနိုင်သမျှနည်း‌အောင် ဘယ်လိုနေမလဲ ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိုးရိမ်ပူပန်မှုတွေ နည်းနိုင်သမျှနည်း‌အောင် ဘယ်လိုနေမလဲ ?

နေ့လည်ဖက်တရေးတမောအိပ်တာ ကျန်းမာရေးအတွက် အကျိုးရှိသလား

" ဆံပင်ပျက်စီးစေတဲ့ သတိမပြုမိတဲ့အလေ့အကျင့်များ " 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.