fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် အမျိုးသားနှင့် အတူနေရန် သင့်/မသင့်

949
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်စဉ် အမျိုးသားနှင့် အတူနေရန် သင့်/မသင့်

အမျိုးသမီးတစ်ယောက်သည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အမျိုးသားနှင့် အတူတူနေလျှင် ဝမ်းဗိုက်ထဲက ကလေးငယ်ကို ထိခိုက်မိမှာ စိုးရိမ်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း စနစ်တကျနှင့် သန့်သန့်ရှင်းရှင်း အတူနေလျှင် ကလေးကို ထိခိုက်စရာမရှိပါဘူး။ ထို့ကြောင့်ကိုယ်ဝန်ဆောင်စဉ် အတူနေလျှင် လိုက်နာရမည့်အချက်များ၊ အတူမနေသင့်သည့်အခြေအနေများနဲ့ လုံခြုံစိတ်ချစွာ အတူနေနိုင်သည့် အနေအထားများကို ဆွေးနွေးပေးသွားပါ့မယ်။

အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရေးသုခပြည့်စုံဖို့အတွက် အချစ်တွေ တည်မြဲနေဖို့အတွက် အတူနေရတဲ့အချိန်တွေရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ ကလေးမွေးပြီးကလေးကို ပြုစုစောင့်ရှောက်ရတဲ့အချိန်တွေကို တွက်ကြည့်ရင် ၁နှစ်ခွဲဝန်းကျင်လောက် ရှိပါလိမ့်မယ်။ ဒီကာလအတွင်း လုံးဝအတူမနေဘူးဆိုရင်လည်း မိမိအမျိုးသားမှာ တခြားကို စိတ်ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း တစ်စုံတစ်ရာ ကျန်းမာရေးပြဿနာ မရှိပါက အတူနေနိုင်ပါတယ်။ အတူနေလို့ရမယ့် အခြေအနေတွေ ရှောင်ရမယ့် အခြေအနေတွေကို နောက်မှာဆွေးနွေးပေးသွားပါ့မယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သည် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကလေးကို ထိခိုက်မှာစိုးတဲ့အတွက် မိမိအမျိုးသားနဲ့ အတူမနေချင်တဲ့စိတ်ဆန္ဒတွေရှိပါလိမ့်မယ်။ ကိုယ်ဝန်အစောပိုင်းကာလတွေမှာ ဟော်မုန်းအပြောင်းအလဲများခြင်း၊ ပျို့အန်နေခြင်း၊ ရင်သားနာကျင်ခြင်း၊ မောပန်းလွယ်ခြင်းစသည့်အခြေအနေများကြောင့် အတူနေလိုစိတ်လျော့နည်းနေတာမျိုး ရှိတတ်ပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အခါမှာလည်း ကိုယ်အလေးချိန်တက်လာခြင်း၊ ခါးနာခြင်းတို့ကြောင့်လည်း စိတ်ဆန္ဒမရှိတတ်ပါဘူး။ ဒါကို နှစ်ဦးစလုံးက နားလည်ထားဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတူနေလိုက်လျှင် ဖေဖေ၊ မေမေတို့ အဓိကကြောက်တဲ့ပြဿနာက ကိုယ်ဝန်ပျက်ကျမှာစိုးတာပါ။ မိခင်လောင်းမှာ အရင်က ခဏခဏ ကိုယ်ဝန်ပျက်ကျဖူးပါက ကိုယ်ဝန်ဆောင်စဉ် အတူမနေသင့်ပါဘူး။ အတူနေလျှင် ကိုယ်ဝန်ပျက်ကျနိုင်တာမျိုးမရှိတတ်ပေမယ့် မိမိမှာ ကိုယ်ဝန်ခဏခဏ ပျက်ကျဖူးလျှင် အတူနေခြင်းကို ရှောင်သင့်ပါတယ်။ အတူနေတာကြောင့် ကလေးပျက်ကျနိုင်တာများလားလို့ သံသယဝင်လာနိုင်ပါတယ်။

ဒီလိုဆို ကိုယ်ဝန်ဆောင်စဉ် ကလေးကို တကယ်ထိခိုက်နိုင်သလားလို့ မေးစရာရှိလာပါတယ်။ သာမန်ကိုယ်ဝန်ဆိုလျှင် ထိခိုက်မှုမရှိပါဘူး။ ဝမ်းဗိုက်ထဲတွင် ကလေးကို ရေမွှာအိတ်ဖြင့် ကာကွယ်ထားသည့်အပြင် သားအိမ်ကြွက်သားများကလည်း သန်မာပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကလည်း မပွင့်သေးတဲ့အတွက် အန္တရာယ်မရှိပါဘူး။

ဆက်လက်ပြီး ကိုယ်ဝန်ဆောင်စဉ် အတူနေလျှင် နေသင့်သည့် အနေအထားလေးတွေအကြောင်း ဆက်လက်ဆွေးနွေးပေးသွားပါ့မယ်။ အတူတူနေတဲ့အချိန် နှစ်ဦးနှစ်ဖက် သေချာပွင့်လင်းစွာတိုင်ပင်ပါ။ အမျိုးသားများက မိမိ အမျိုးသမီး သက်သက်သာသာဖြစ်မယ့် အနေအထားကို ရွေးချယ်ပေးပါ။ ဥပမာအနေနဲ့ ပြောရလျှင်…

– ဘေးတစ်စောင်းအနေအထားနဲ့ အတူတူနေခြင်း

ဘေးတစ်စောင်းအနေအထားနှင့် အတူတူနေလျှင် ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ခံစားရသော နာကျင်မှုကို သက်သာစေပါတယ်။ ထို့အပြင် ဘေးတစ်စောင်းနေလျှင် သက်တောင့်သက်သာ ပိုရှိစေပြီး ကလေးအတွက်လည်း ကောင်းပါတယ်။ ဘယ်ဘက်ဘေးစောင်းလျှင် ပိုအဆင်ပြေပါတယ်။ အဘယ်ကြောင့်ဆိုသော် ဘယ်ဘက်စောင်းလျှင် ကလေးဆီသို့ သွေးလည်ပတ်စီးဆင်းမှုပိုရရှိပြီး အာဟာရဓာတ်တွေလည်း ပိုရရှိပါလိမ့်မယ်။

– ကိုယ်ဝန်ဆောင်အမျိုးသမီးမှ အပေါ်ကနေ၍ အတူနေခြင်း

ဒီလိုအနေအထားကလည်း အမျိုးသမီးအတွက် သက်တောင့်သက်သာဖြစ်စေပါတယ်။

– မိမိအမျိုးသားရှေ့မှနေပြီး အတူနေခြင်း စသည့် အနေအထားတွေထဲက မိမိတို့နှင့် အသင့်တော်ဆုံးဖြစ်မယ့် အနေအထားနဲ့ အတူနေဖို့ ပြင်ဆင်နိုင်ပါတယ်။

ဒီလိုအနေအထားတွေမဟုတ်ပဲ ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊ စအိုမှတစ်ဆင့် လိင်ဆက်ဆံတာ စသည့် နည်းလမ်းတွေကကော အန္တရာယ်ရှိနိုင်သလား သိချင်ကြပါလိမ့်မယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကိုတော့ ပြုလုပ်နိုင်ပါတယ်။ သို့သော် မွေးလမ်းကြောင်းထဲသို့ လေမဝင်စေရန် သတိပြုပါ။ လေဝင်သွားခဲ့သော် မွေးလမ်းကြောင်းအတွင်းရှိ သွေးကြောများသို့ လေများဖြင့် ပိတ်သွားနိုင်ပါတယ်။ ထိုအခါ မိခင်ကော ကလေးမှာပါ အန္တရာယ်ရှိပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးတွင် လိပ်ခေါင်းရောဂါ ရှိပါက စအိုကတစ်ဆင့် လိင်ဆက်ဆံတာမျိုး မလုပ်သင့်ပါဘူး။ ထို့အပြင် စအိုမှတစ်ဆင့်လိင်ဆက်ဆံပြီး ထပ်၍ မွေးလမ်းကြောင်းမှလိင်ဆက်ဆံပါကလည်း ဘက်တီးရီးယားပိုးတွေဝင်နိုင်တဲ့အတွက် သတိထားရပါမယ်။

နောက်ထပ်သတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်။ သင်၏အမျိုးသားတွင် ကာလသားရောဂါ၊ ဂနိုရောဂါ စသည့်လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါတစ်ခုခု အရင်က ရှိခဲ့ဖူးတာဖြစ်ဖြစ် လက်ရှိမှာ ရှိနေရင်ပဲဖြစ်ဖြစ် အတူနေလျှင် ကွန်ဒုံးကို မဖြစ်မနေအသုံးပြုပါ။

ကိုယ်ဝန်ဆောင်စဉ် အတူတူနေခြင်းကြောင့် လမစေ့ပဲ ကလေးမွေးလာနိုင်သလားဆိုတာလည်း သိချင်ကြပါလိမ့်မယ်။ အတူနေစဉ် ဆန္ဒပြီးမြောက်ခြင်း၊ အမျိုးသားရဲ့သုတ်ရည်ထဲရှိ prostaglandinဟုခေါ်သော ဟော်မုန်းရှိနေခြင်း စသည့်အခြေအနေများသည် သားအိမ်ကြွက်သားကို ညှစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်သာလျှင် လမစေ့ပဲ ကလေးမွေးနိုင်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်သည် အရင်က လမစေ့ပဲ ကလေးမွေးဖွားခဲ့ပါက ကိုယ်ဝန်ရင့်လာတဲ့ အခါ အတူမနေသင့်ပါဘူး။

ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်စဉ် မည်သည့်ပြဿနာမှမရှိလျှင် မိမိအမျိုးသားနှင့် အတူနေနိုင်သော်လည်း အစစအရာရာ သတိထားသင့်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းအပြုအမူများ မလုပ်မိစေရန် သတိထားပေးပါ။ အောက်ဖော်ပြပါ အကြောင်းအရာတစ်ခုခုရှိနေပါက မိမိအမျိုးသားနှင့် လုံးဝအတူမနေသင့်ပါဘူး။ ၎င်းတို့မှာ

– ကိုယ်ဝန်အစောပိုင်းကာလများနှင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးဆင်းခြင်း

– ရေမွှာရေဆင်းခြင်း

– အရင်ကိုယ်ဝန်များတုန်းက ပျက်ကျဖူးခြင်း

– အရင်ကိုယ်ဝန်တုန်းက လမစေ့ဘဲ ကလေးမွေးဖူးခြင်း

– အချင်းရှေ့ရောက်ခြင်း၊ အချင်းမှာ မွေးလမ်းကြောင်းကိုလုံးဝကာထားခြင်း

– နှစ်မြွှာပူး၊ သုံးမြွှာပူးကိုယ်ဝန်လွယ်ထားရခြင်း စသည့် အခြေအနေများဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် အတူနေနိုင်သည့် အချိန်တွေ ရှိသလိုမျိုး ကလေးမွေးဖွားပြီး မည်သည့် အချိန်လောက် အတူနေလို့ရနိုင်လဲဆိုတာ သိထားရပါမယ်။ ရိုးရိုးမွေးတာပဲဖြစ်ဖြစ်၊ ခွဲမွေးတာပဲဖြစ်ဖြစ် ကလေးမွေးပြီး အနာကျက်ဖို့၊ မွေးပြီး သွေးဆင်းတာရပ်ဖို့၊ သားအိမ်ခေါင်းပြန်ပိတ်ဖို့ လေးပတ်ကနေ ခြောက်ပတ်ကာလအထိ အချိန်ယူရပါတယ်။ ထိုအချိန်အတွင်းကို ရှောင်ပါ။ ခြောက်ပတ်ကျော်လာတဲ့အခါ မိခင်မှာ သားဆက်ခြားနည်းလမ်းတစ်ခုခုအသုံးပြုပြီးမှသာ အတူတူနေဖို့ ပြင်ဆင်ပါ။ ဒီအချက်ဟာ အရေးကြီးဆုံးအချက်ပါ။ အမြဲတမ်း အမှတ်ရနေဖို့လိုအပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်။

ကျန်းမာရေးဗဟုသုတများ အမြဲတိုးပွားကြပါစေ…

Dr.သီတာလှိုင် (ဆေး-၂)

Previous Post

အလှအပ ကို ဖျက်ဆီးတတ်တဲ့ ဝက်ခြံတွေ ကို ဘယ်လိုဖြေရှင်းကြမလဲ?

Next Post

ကိုယ်ဝန်ဆောင် ချိန်ှဗိုက် အကြောပြတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
807
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
649

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင် ချိန်ှဗိုက် အကြောပြတ်ခြင်း

ရင်ခဏခဏတုန်တဲ့အမျိုးသမီးတွေ ဘာဖြစ်တတ်လဲ

ကလေးတွေမှာ လည်ချောင်းနာပြီးနောက် ဖောရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ကျောက်ကပ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.