fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မှိုစွဲနာကုဆေး

2.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

သည်တစ်ပတ် မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ မှိုစွဲနာကုဆေးအကြောင်း ဆွေးနွေးထားပါတယ်။
မောင်- မှိုစွဲနာလို့ ပြောလို့ရတဲ့ မက်ခရုတို့၊ အမျိုးသမီးယောနိမှိုစွဲခြင်းတို့ ဆိုလိုတာလားဆရာ။

ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ ကင်ဒီဒါ မှိုစွဲတာ၊ မက်ခရုနဲ့ အမျိုးသမီးယောနိမှိုစွဲခြင်းတို့ ပါဝင်တယ်။
မယ် – ဖလူကိုနဇောက မှိုရောဂါကုသဆေးလားဆရာ။

ဒေါက်တာမင်္ဂလာ – ဖလူကိုနဇောက မှိုအမျိုးမျိုးမှာ အသုံးပြုတဲ့ ဆေးပဲဖြစ်တယ်။ တီနီယာ၊ ကန်ဒီဒါတဲ့ မှိုမျိုးအပြင် ဦးနှောက်အမြှေရောင်ရောဂါ ဖြစ်စေတဲ့ ရှားပါးပြီး အလွန်ပြင်းထန်တဲ့ ကရစ်ကော့ကိုးစစ်မှိုစွဲနာကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
မောင်- ဖလူကိုနဇောရဲ့ ဆေးအသုံးကို ရှင်းပြပါဦးဆရာ။

ဒေါက်တာမင်္ဂလာ – အာခေါင်မှာ ဖြစ်တဲ့ ကင်ဒီဒါမှိုစွဲနာ၊ မက်ခရု၊ အမျိုးသမီးယောနိမှာဖြစ်တဲ့ ကင်ဒီဒါမှိုစွဲနာကုသဖို့နှင့် ကာကွယ်ရန် အသုံးပြုပါတယ်။ နောက်ပြီး ဗောက်၊ ညှင်း၊ ပွေး၊ ဂျွတ်၊ သဲဝဲ၊ ခြေသည်း၊ လက်သည်း၊ ပွေးစတဲ့ တီနီယာမှိုစွဲနာမှာ အသုံးပြုတယ်။

မယ် – ဆေးအညွှန်ပြောပြပါဦး ဆရာ၊ အမျိုးသမီးကေယာနိမှိုအတွက်ပေါ့။
ဒေါက်တာမင်္ဂလာ – အမျိုးသမီး ကင်ဒီဒါမှိုစွဲနာနှင့် အမျိုးသားလိင်အင်္ဂါထိပ် ကင်ဒီဒါ မှိုစွဲနာအတွက် ၁၅၀ မီလီဂရမ် တစ်ကြိမ်သောက်ရုံနဲ့ လုံလောက်ပါတယ်။

ဒေါက်တာမင်္ဂလာ – အမျိုးသမီး ကင်ဒီဒါမှိုစွဲနာနှင့် အမျိုးသားလိင်အင်္ဂါထိပ် ကင်ဒီဒါမှိုစွဲနာအတွက် ၁၅၀ မီလီဂရမ်တစ်ကြိမ်သောက်ရုံနဲ့ လုံလောက်ပါတယ်။

မောင်- ပါးစပ်မက်ခရုအတွက် ဆေးညွှန်းကရောဆရာ။

ဒေါက်တာမင်္ဂလာ – ပါးစပ်မှ မက်ခရု မှိုစွဲနာအတွက် စားဆေး ၅၀ မီလီဂရမ်တစ်နေ့တစ်ကြိမ်၊ တစ်ပတ်မှ နှစ်ပတ်သောက်နိုင်ပါတယ်။ အထူးသဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS တွေမှာပေါ့။

မယ် – အစာရေမျိုရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ ကင်ဒီဒါမှိုစွဲနာ အတွက်ကရောဆရာ။

ဒေါက်တာမင်္ဂလာ – အစာရေမျို၊ လေပြွန်၊ ဆီးလမ်းကြောင်းနဲ့ အဆုတ်ရောင်ခြင်း စတဲ့ ကင်ဒီဒါမှိုစွဲနာများအတွက် တစ်နေ့ ၅၀ မီလီဂရမ်နဲ့ တစ်လအထိ သောက်ရတတ်တယ်။

မောင် – ပြင်းထန်တဲ့ ကရစ်တိုကော့ကိုးစစ် ကုသရင်ရောဆရာ။

ဒေါက်တာမင်္ဂလာ – ပြင်းထန်တဲ့ ကန်ဒီဒါမှိုစွဲနာများနဲ့ ကရစ်တိုကော့ကို ဆစ်မှိုစွဲနာအတွက် စားဆေး (သို့) အကြေားထိုးဆေးအဖြစ် ၄၀၀ မီလီဂရမ် စပေးပြီး နောက်ပိုင်း တစ်နေ့ ၂၀၀ မီလီဂရမ်ပေးရတယ်။

မယ် – ဗောက်၊ ညှင်း၊ ပွေး၊ ဂျွတ်၊ သဲဝဲ၊ ခြေသည်းလက်သည်း၊ ပွေး စတဲ့ တီနီယာမှိုစွဲနေသူများအတွက် ၅၀ မီလီဂရမ်နှစ်ပတ်မှ လေးပတ်အထိ ပေးရပါတယ်။ ခြေသည်းလက်သည်းများအတွက် ခြောက်ပတ်အထိ ပေးရတတ်ပါတယ်။ ခြောက်ပတ်ထက်တော့ ပိုမပေးသင့်ပါဘူး။

မောင် – အေ့ဒ်စရောဂါ၊ ဓာတ်ရောင်ခြည်၊ ကင်ဆာဆေးသွင်းကုသ နေရတဲ့ လူနာများအတွက် မှိုရောဂါကရော ဆရာ။

ဒေါက်တာမင်္ဂလာ- အေ့ဒ်စရောဂါနှင့် ဓာတ်ရောင်ခြည် (သို့) ကင်ဆာဆေးသွင်းပြီး ကုသမှု ခံယူနေတဲ့ ကင်ဆာဝေဒနာရှင်များမှာ ကိုယ်ခံအားကျဆင်းနေလို့ မှိုရောဂါများ စွဲကပ်လွယ်တယ်။ ယင်းကို ကာကွယ်ဖို့၊ ဖလူကိုနဇော ၅၀- ၃၀၀ မီလီဂရမ်စားဆေးအပြင် အကြောထိုးဆေးအဖြစ် ပေးရပါတယ်။

မယ်- ဖလူကိုနဇောနဲ့ သတိပြုရမယ့် အချက်ကရောဆရာ။

ဒေါက်တာမင်္ဂလာ – ဖလူကိုနာဇောရဲ့ သတိပြုရမယ့်် အချက်တွေက ကျောက်ကပ်အားနည်းရင် ဆေးပျော့သုံးရမယ်။ အသည်းပုံမှန်အတိုင်း အလုပ်လုပ်ခြင်းရှိမရှိ စောင့်ကြည့်ရမယ်။ အသည်းထိခိုက်နိုင်လို့ အသည်းရောဂါ လက္ခဏာများ ပြသလာရင် ဆေးကိုရပ်ထားရမယ်။

မောင်- ဆေးအပြစ်တွေကရောဆရာ။

ဒေါက်တာမင်္ဂလာ- ဖလူကိုနာကောရဲ့ ဘေးထွက်ဆိုးကျိုးတွေက ပျို့ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ လေပွခြင်း၊ ခေါင်းကိုက်ခြင်း အဖုအပိမ့်ထွက်ခြင်း ဖြစ်တတ်ပါတယ်။

မယ် – အခြားအပြစ်တွေကရောဆရာ။

ဒေါက်တာမင်္ဂလာ – အစာမကြေခြင်း၊ ယားယံခြင်း၊ သွေးအဆီများခြင်း၊ သွေးဖြူဥနည်းခြင်း၊ သွေးဥမွှာနည်းခြင်း၊ သွေးပိုတက်စီယမ်နည်းခြင်းတို့လည်း တစ်ခါတစ်ရံ ဖြစ်နိုင်ပါတယ်။

မောင်- ဘယ်သူတွေ ရှောင်ခိုင်းသင့်သလဲဆရာ။

ဒေါက်တာမင်္ဂလာ- ကိုယ်ဝန်ဆောင်များ၊ နို့ိုတိုက်မိခင်များ၊ ကလေးငယ်များ မသုံးသင့်ပါဘူး။

မယ် – ဝယ်ယူနိုင်တဲ့ ဆေးအမည်တွေကရော ဆရာ။

ဒေါက်တာမင်္ဂလာ – ကင်ဇော၊ ကင်ဒီကန်၊ အိတ်တေမက်၊ ဖန်ဂီဂွန်၊ လိုဂီဂွန်၊ လူကွန်၊ ဇီကွန်၊ ဇွန်စတင်ဆိုပြီး ရရှိနိုင်ပါတယ်။

မောင် – လိမ်းဆေးလည်း ရှိသလားဆရာ။

ဒေါက်တာမင်္ဂလာ – လိမ်းဆေးလည်းရှိပါတယ်။ ဖလူကို နဇော၊ ကီတိုကိုနဇော လိမ်ဆေးတို့အပြင် ဆံပင်ဗောက်သတ်ရှန်ပူမှာ ကီတိုကိုနစ်ဇော ပါဝင်ထားကြတယ်။

မယ်- သီးခြား ညွှန်ကြားပေးပါဦးဆရာ။

ဒေါက်တာမင်္ဂလာ – အရေပြားမှိုစွဲတာက မျိုးရိုးလိုက်တတ်တယ်။ မိသားစုထဲ တစ်ယောက်ဖြစ်ရင် ကူးစက်တတ်လို့ ဖြစ်နိုင်ရင် ပျောက်ကင်းအောင် ကုသရမယ်။ ဆိုခဲ့သလို ခုခံအားနည်း ရောဂါများကင်ဆာဆေးသောက်နေရတဲ့၊ ထိုးနှံနေရတဲ့အတွက် ဆရာဝန်နဲ့ မှတ်ချက်နဲ့ ကုသမှုပေးသင့်ပါတယ်။ အရက်နဲ့ မတည့်လို့ အရက်သောက်ပြီး ဆေးမသောက်သင့်ပါဘူး။

Author – ဒေါက်တာမင်္ဂလာ – Healthcare Journal (VOL: 8/ NO:2/ PG : 17)

Previous Post

သွေးဆုံးလက္ခဏာတွေက ဘယ်လောက်ထိကြာနိုင်သလဲ

Next Post

အဆုတ်ရေဝိုင်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်ရေဝိုင်းခြင်း

လိင်ကျန်းမာရေး ပညာပေး စာစုများ

မျက်စိက ကျိန်းစပ်စပ် မျက်စိနာနေပြီလား ဆရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.