ရွှေပန်းရဲ့ လျှို့ဝှက်ချက် ၃ ခု
၁။ ရွှေပန်း စတင်တောင်မတ်ချိန်
လူအများစုအနေနဲ့ကတော့ ယောကျ်ားလေးတွေရဲ့ ရွှေပန်းဟာ လူပျိုဖော်ဝင်ချိန်ရောက်မှပဲ တောင်မတ်တယ်လို့ ထင်ကြမှာပါ။
တကယ်တော့ ရွှေပန်းဟာ သင်လူ့လောကကို မရောက်သေးခင် မိခင်ရဲ့ ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားဘဝမှာကတည်းက တောင်မတ်ပါတယ်လို့ သုတေသနပညာရှင်များက လေ့လာမှုတွေအရ ပြောထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များကို အခုနောက်ပိုင်း အာထရာဆောင်းနဲ့ မှတ်တမ်းတင်ပြီး လေ့လာရာမှာ သန္ဓေသားလေးရဲ့ ရွှေပန်းတောင်မတ်တာမျိုးတွေကို တွေ့ရှိခဲ့ရပါတယ်။
သန္ဓေသားလေးတွေရဲ့ ရွှေပန်း တောင်မတ်တာဟာ
အများအားဖြင့် မနက်အစောပိုင်းအချိန် (အာရုဏ်တက်ချိန်) တွေမှာ ပိုဖြစ်လေ့ရှိပါတယ်လို့ သုတေသနပညာရှင်တွေက ပြောထားပါတယ်။
၂။ သင့်ရွှေပန်းနဲ့ သင့်လက်ချောင်းတို့ကြားက ဆက်နွယ်မှု
အမျိုးသားတွေရဲ့ လက်ချောင်းနဲ့ သူတို့ရဲ့ ရွှေပန်းတို့ကြားမှာ ဆက်နွယ်မှုတခုရှိပါတယ်။
တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တခုကနေ အမျိုးသားတွေကိုပြုလုပ်တဲ့ လေ့လာချက်တခုအရ လက်ညိုးက လက်သူကြွယ်ထက်တိုနေတဲ့ အမျိုးသားတွေ သို့မဟုတ် လက်သူကြွယ်က လက်ညိုးထက်ရှည်နေတဲ့အမျိုးသားတွေမှာ သူတို့လိင်တံတွေဟာ ပိုရှည်နေတတ်တယ်လို့ ပြောထားပါတယ်။
ပြုလုပ်ခဲ့တဲ့လေ့လာချက်မှာ အမျိုးသား အယောက်ပေါင်း ၁၅၀ နီးပါးကို စမ်းသပ်လေ့လာထားတာဖြစ်ပါတယ်။
သူတို့တဦးချင်းစီရဲ့ လက်ညိုးအတိုင်းအတာကို တည်ပြီး လက်သူကြွယ်အတိုင်းအတာနဲ့ စားလို့ရတဲ့ရလဒ်ဟာ နည်းလေလေ သက်ဆိုင်သူရဲ့လိင်တံဟာ အတိုင်းအတာ တိုလေလေဖြစ်ကြောင်းတွေ့ရတယ်လို့ လေ့လာသူတွေကဆိုပါတယ်။
အဲဒီလိုတိုင်းတာလို့ရတဲ့ရလဒ်ဟာ နောင်အခါ ဆေးပညာသုတေသနနဲ့ ကုသရေးလုပ်ငန်းတွေမှာလည်း အသုံးဝင်လာနိုင်လို့ သုတေသနပညာရှင်တွေက ထပ်မံပြောကြားထားပါသေးတယ်။
ကင်ဆာဝေဒနာသည်တချို့ကို လေ့လာချက်တွေအရတော့ လက်သူကြွယ်ထက် လက်ညိုးပိုရှည်နေသူတွေဟာ ကင်ဆာရောဂါရနိုင်ခြေ သုံးပုံတပုံလျော့နည်းနိုင်တယ်လို့ သိရပါတယ်။
၃။ သင်သေသွားသော်လည်း သင့်ရွှေပန်းဟာ တောင်မတ်နိုင်
သင်သေသွားပြီးတဲ့နောက် သိပ်မကြာခင်အချိန်မှာပဲ သင့်ရွှေပန်းဟာ သူ့ဘာသာသူ တောင်မတ်ခြင်း တကြိမ်ဖြစ်နိုင်ပါတယ်။
ဆေးပညာအခေါ်အရတော့ angel lust သို့မဟုတ် terminal erection လို့ခေါ်ပါတယ်။
အထူးသဖြင့် ကြိုးဆွဲချသေတဲ့သူတွေ၊ ကြိုးကွင်းစွပ်အသတ်ခံရတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကြိုကွင်းရဲ့ဖိအားဟာ ဦးနှောက်ငယ် (cerebellum) ကို သွားသက်ရောက်တာကြောင့် ကြိုးဆွဲချသေတဲ့သူတွေ၊ ကြိုးကွင်းစွပ်အသတ်ခံရတဲ့သူတွေ သေပြီးတဲ့နောက်မှာ သူတို့ရဲ့ ရွှေပန်းဟာ နောက်ဆုံးတကြိမ်တောင်မတ်ရခြင်း ဖြစ်တယ်လို့ ပြောထားပါတယ်။
သို့သော် ရင်ခွဲရုံက အစီရင်ခံစာတွေအရ ခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့သူတွေ၊ သွေးကြောမကြီးတွေ ထိခိုက်ပျက်စီးပြီးသေတဲ့ သူတွေ၊ အဆိပ်သင့်ပြီး သေတဲ့ သူတွေမှာလည်း သေပြီးတဲ့နောက် သိပ်မကြာခင်မှာ သူတို့ရဲ့ ရွှေပန်းဟာ နောက်ဆုံးတကြိမ်တောင်မတ်ကြောင်း သိရပါတယ်။
Dr 528