fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ယောက ျာ်းတွေမှာ  ဒုတိယအဖြစ်များဆုံး  ကင်ဆာ

45
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/10/2018
in ရောဂါကြီးများ, အမျိုးသားကျန်းမာရေး
1 min read
A A

 

ယောက ျာ်းတွေမှာ  ဒုတိယအဖြစ်များဆုံး  ကင်ဆာ

ဆီးကျိတ်ကို ဆေးပညာအရ Prostate gland လို့ခေါ်ပါတယ်။ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ဆီးအိမ်အောက်နားမှာကပ်လျက်ရှိပါတယ် ဆီးကျိတ်ထဲကနေ ဆီးထွက်ပြွန်ကဖြတ်သွားတယ်။အမျိုးသားတွေ သုက်လွှတ်တဲ့အချိန်မှာ ဆီးကျိတ်ကနေ အယ်ကာလီဓါတ်ကဲပြီး အဖြူနှစ်ရောင် သို့မဟုတ် အကြည်ရောင်ရှိတဲ့အရည်တွေကို ဆီးထွက်ပြွန်ထဲသို့ ထုတ်ပေးပါတယ်။ထိုအရည်တွေက သုက်ကောင်တွေအတွက်အာဟာရဖြစ်စေပြီး သုက်ကောင်တွေရဲ့သက်တမ်းကိုကြာရှည်အောင်ကူညီပေးပါတယ်။

ဆီးကျိတ်ကင်ဆာကို Ca prostate လို့ခေါ်ပါတယ်။အမျိုးသားတွေမှာပဲဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာဟာ အဆုတ်ကင်ဆာပြီးရင် အမျိုးသားတွေမှာ ဒုတိယမြောက် အဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။အများအားဖြင့် အသက်၆၅ အထက် အမျိုးသားတွေမှာ ဖြစ်လေ့ရှိပါတယ်။အသက်၆၀ကျော်လာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေဟာ တဖြည်းဖြည်းပိုမြင့်တက်လာပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ သေချာမသိသေးပါဘူး။မျိုးရိုးရှိသူတွေ၊ ဆီးပိုးဝင်ပြီး ဆီးကျိတ်ခဏခဏရောင်တဲ့သူတွေ၊အဆီတွေ၊အသားတွေအစားများပြီးဟင်းသီးဟင်းရွက် သစ်သီးဝလံအစားနည်းတဲ့သူတွေ မှာဆိုရင်တော့ ဖြစ်နိုင်ခြေပိုများတတ်ကြောင်း သုတေသနပညာရှင်များက ပြောထားပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အစပိုင်းမှာဘာမှထွေထွေထူးထူးပြလေ့မရှိပါ။ဒါကြောင့်ရောဂါကိုစောစောစီးစီးသိဖို့က ခက်ခဲပြီး သိတဲ့အခါမှာလည်းနောက်ကျနေတာမျိုးဖြစ်တာများတဲ့အတွက် ကုရခက်တတ်ပါတယ်။တချို့တလေမှာတော့ဆီးသွားရခက်တာ ဆီးသွားရင်ဆီးတန်းသေးတာ ဆီးသွားတာဆန့်တငင်ငင်ဖြစ်တာ ဆီမထိန်းနိုင်တာ ညဘက်ဆီးခဏခဏသွားချင်တာ ဆီးသွားပီးရင်လည်း တစက်စက်ကျနေတာ တွေဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေက ကင်ဆာမဟုတ်ဘဲ အသက်ကြီးလို့ရိုရိုးဆီးကျိတ်ကြီး(Beingn prostatic hypertrophy-BPH)တာမှာ ဖြစ်တဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။ဒါကြောင့် ဒီလက္ခဏာတွေခံစားရပြီဆိုရင် ကင်ဆာလား၊ရိုးရိုးဆီးကျိတ်ကြီးတာလည်းသိအောင် ဆရာဝန်နဲ့ပြသပြီးစမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။

လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့  စအိုပေါက်ကနေလက်နှိုက်ပြီး ဆီးကျိတ်ကိုစမ်းသပ်တာ(Digital Rectal Examination) ဆီးကျိတ်မှအသားစနမူနာယူပြီးစစ်တာ ၊သွေးထဲက Prostate specific antigen ပမာဏာကိုစစ်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ(MRI Scan)စသဖြင့်ပါ။စမ်းသပ်စစ်ဆေးကြည့်လို့ ဆီးကျိတ်ကင်ဆာဖြစ်ပြီဆိုရင်တော့ တခြားဘယ်နေရာတွေပျံ့နေပြီလဲဆိုတာသိဖို့နဲ့ ကင်ဆာအဆင့်သတ်မှတ်ဖို့အတွက် အာထရာဆောင်းရိုက်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အရိုးဓါတ်မှန်ရိုက်တာ စသဖြင့် စစ်ဆေးမှုတွေထပ်လုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့  ခွဲစိတ်ကုသတာ(Surgery)၊ကင်ဆာဆေးသွင်းကုသတာ(Chemotherapy)၊ဓါတ်ရောင်ခြည်နဲ့ကုသတာ(Radiotherapy)၊ဟော်မုန်းနည်းဖြင့်ကုသတာ(Hormonal therapy) စသဖြင့်အမျိုးမျိုးရှိပါတယ်။ရောဂါအဆင့်နဲ့လူနာအခြေအနေပေါ်မှုတည်ကာ နှစ်နည်း၊သုံးနည်း ပေါင်းကုတာမျိုးလည်းရှိပါတယ်။ဆီးကျိတ်ကင်ဆာလုံးဝမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတော့မရှိသေးပါဘူး။ဒါပေမယ့် ဆီးပိုးခဏခဏမဝင်နိုင်ရန် လိင်အင်္ဂါသန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်တာ၊အဆီများတဲ့အစားအစာတွေကိုလျှော့စားတာ၊လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကိုများများစားပေးတာ၊ကိုယ်အလေးချိန်တက်မလာအောင်ထိန်းတာ တွေလုပ်ခြင်းဖြင့် မိမိမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

Dr 528

 

Previous Post

” ဆံပင်ပျက်စီးစေတဲ့ သတိမပြုမိတဲ့အလေ့အကျင့်များ ” 

Next Post

အိပ်နေတုန်း ဖြစ်တဲ့ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်နေတုန်း ဖြစ်တဲ့ရောဂါ

လိင်အင်္ဂ ါ မှာ   ကြွက်နို့ပေါက်တတ်သလား။

စိတ်ဖိစီးမှုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.