ဇီဝကကို မေးကြသော ကိုရွှေယောက်ျားသားတို့၏ အမေးတွေကို အများပြည်သူတို့ ကျန်းမာရေး ဗဟုသုတရအောင် ဒီဆောင်းပါးလေးကို လိင်ပညာပေးဆောင်းပါးလေအဖြစ် ဖော်ပြလိုက်ပါတယ်။
ကျွန်တော့်ရဲ့ အမျိုးသား အင်္ဂါဟာ သာမန်အချိန်မှာ နှစ်လက်မလောက်ပဲရှိတာ၊
တောင့်တင်းလာမှ လေးလက်မလောက်သာသာရှိတာ ၊အဲတာ ကျွန်တော် အိမ်ထောင်ပြုရင် အဆင်ပြေပါ့မလား ၊ဆရာ။
အမျိုးသားအင်္ဂါဟာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်အရွယ်အစား
မတူနိုင်ပါ ။အနောက်နိုင်ငံတွေမှာ လေ့လာထားချက်အရ မွေးကင်းစ ကလေးရဲ့
အင်္ဂါ အရွယ်အစားဟာ တစ်လက်မသာသာပဲ ရှိတယ် ။လူပျိုဖော်ဝင်ရင် နှစ်လက်မ
စွန်းစွန်းသာရှိတယ် ။တောင့်တင်းလာမှ လေးလက်မကျော် ငါးလက်မရှိတာပါ ။
လုံးပတ်ဆိုရင် အရွယ်ရောက်ပြီးတဲ့ အနောက်တိုင်းသားတွေမှာ တစ်လက်မခွဲ ၊
နှစ်လက်မ သာသာ ရှိတာပါ။အာရှတိုက်သားတွေသည် အနည်းငယ်ပိုပြီး လုံးပတ်
သေး ၊အနည်းငယ် ပိုတိုနေတတ်ပါတယ် ။ဘာကြောင့်လဲဆိုရင် မျိုးရိုးဗီဇအရ ၊နေ
ထိုင်မှု စားသောက်ပုံစံ အရ ကွဲပြားလို့ပါ ။အာရှသားချင်းတူရင်တောင် တစ်ယောက်
နဲ့ တစ်ယောက်မတူနိုင်ပါ ။အထက်ပါ အကြောင်းတွေကြောင့်ပဲ ကွဲပြားနိုင်ပါတယ် ။
ခုအမေးကိုု ဖြေရရင် လိင်အင်္ဂါအရွယ်အစားသည် ပုံမှန်ပါပဲ ။
အရွယ်အစားသေးငယ်ရုံနဲ့ အိမ်ထောင်ပြုခြင်း ၊ဇနီးဖြစ်သူ စိတ်ကျေနပ်မှု
ရစေခြင်းမှာ ပြဿနာ မဖြစ်စေပါ ။အိမ်ထောင်ရေးသုခမှာ လိင်ကိစ္စတစ်ခုတည်း
သက်သက် မဟုတ်ဘူးဆိုတာ သတိချပ်ပါ ။တစ်ဦးနဲ့ တစ်ဦး ကြင်ကြင်နာနာ ၊
ဖေးဖေးမမ သစ္စာရှိဖို့ ၊သည်းခံဖို့က ပိုအရေးကြီးပါတယ် ။
လိင်အင်္ဂါကြီးအောင် လေ့ကျင့်ခန်း လုပ်လို့ရပါလား ၊ဆရာ ။
ဒီအမေးကို ဖြေရရင် မရပါ ။ဘာကြောင့်လဲဆိုရင် လိင်အင်္ဂါသည် ကြွက်
သားတွေနဲ့ ဖွဲ့စည်းထားခြင်းမဟုတ်လို့ပါ ။ရေမြုတ်ကဲ့သို့ ပွယောင်းတဲ့ တစ်သျှူး
တွေနဲ့ ဖွဲ့စည်းထားလို့ လေ့ကျင့်လို့ မရပါ ။စိတ်ပါတဲ့အချိန် လိင်အင်္ဂါတောင့်တင်း
ခြင်းမှာ လိင်အင်္ဂါမှာ သွေးများ ယာယီများလာခြင်းကြောင့် ဖြစ်တာပါ ။
လိင်အင်္ဂါကြီးအောင် ထိုးဆေး ထိုးလို့ ရပါသလား ၊ဆရာ ။
ဒါကို ဖြေရရင် လုံး၀ မထိုးသင့်ပါ ။လက်ငင်းချက်ချင်း အန္တရာယ်က
တန်ဆာမှာ အနာဖြစ်မယ် ။ကြောက်စရာပါ ။အစပထမမှာ ကြီးလာတယ်ထင်ရပေ
မယ့် နောက်ပိုင်းမှာ နဂိုရှိနေတဲ့ တစ်သျှူးတွေ နေရာမှာ အရွတ်တစ်သျှူးတွေ အစား
ထိုး ဝင်ရောက်လာပါတယ် ။အဲ့ဒီအခါ အမာရွတ်လို ဖြစ်သွားတယ် ။ပုံမှန်လို ကျုံ့နိုင်
ဆန့်နိုင်ခြင်း မရှိတော့ စိတ်ပါပေမယ့် မိမိ အင်္ဂါသည် စိတ်အလိုမလိုက်နိုင်ဘဲ
ကောင်းစွာ မတောင့်တင်းနိုင်တော့ ။ ထို့အခါ ခွဲစိတ်ပြုပြင်ရတဲ့အထိ ဖြစ်သွားနိုင်
တယ် ။ခွဲပြီးရင်လည်း ပိုပြီးတောင် တိုသွား နိုင်တယ်။
မိမိဘာသာ အာသာဖြေဖျောက်ခြင်း ဟာ ဘေးဖြစ်စေတတ်လား ၊ဆရာ ။
ဘေးမဖြစ်စေပါ ။ပုံမှန် ဇီ၀ ကမ္မသဘောတရားအရ စိတ်ဖြေဖျောက်ခြင်း
ဟာ သာမန်ကျန်းမာတဲ့လူတစ်ယောက် လုပ်ရိုးလုပ်စဉ်ပါ ။အရွယ်ရောက်ပြီးသူ ၊
လူပျိုဖော်ဝင်ကတည်းက စပြီး လုပ်တတ်ကြပါတယ် ။
တချို့ကျန်းမာရေး သုတေသနပြုချက်တွေက ဆီးကျိတ်ကင်ဆာတောင် အဖြစ်နည်းစေတယ် ဆိုပါတယ် ။ဒါ့အပြင်လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မကူးစက်နိုင်တော့ပါ ။စိတ်ကျန်းမာခြင်း ကိုယ်ကျန်းမာခြင်း အကျိုးတွေလည်း ရပါ
တယ်။
မကောင်းတဲ့အချက် ကတော့ အားသုံးရင် မိမိ တန်ဆာ အနာဖြစ်တာ ၊
ကျိုးတာ ဖြစ်နိုင်ပါတယ် ။ဘယ်အချိန်မှ မူမမှန် အာသာဖြေခြင်း လို့ခေါ်မလဲ ဆိုရင်
လူရှေ့သူရှေ့ အာသာဖြေခြင်း ၊မိမိ နဲ့ဆက်ဆံဖော် ရဲ့ ဆက်ဆံရေးကို ထိခိုက်လာ
က၊စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လောက်အောင် အာသာဖြေခြင်းမျိုးကို
မူမမှန် အာသာဖြေခြင်းလို့ ယေဘူယျ သတ်မှတ်နိုင်တယ်။
Author – ခေတ်သစ် ဇီဝက