fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ပန်းသေတဲ့ ပြဿနာ အမျိုးသမီးတစ်ယောက်ရဲ့ သဘောထား

109
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

( Zawgyi )

တခ်ိဳ႕အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ ခင္ပြန္းေတြ သက္လတ္ပိုင္းေရာက္လာတဲ့အခါ ပန္းေသတဲ့ ျပႆနာနဲ႔ ႀကဳံရတာမ်ိဳးရွိၾကရာ ဒီကိစၥကို ဘယ္လိုနည္းနဲ႔ ေျဖရွင္းႏိုင္မလဲဆိုတာ သိခ်င္ၾကတယ္။ အမ်ိဳးသမီးတစ္ဦးက ဉာဏ္စြမ္းရွိရွိနဲ႔ ဆရာဝန္တစ္ေယာက္ဆီသို႔ စာတစ္ေစာင္ေရးသားေပးပို႔ခဲ့တယ္။ သူ႔စာထဲမွာ ပါတဲ့ အခ်က္အလက္အခ်ိဳ႕ကို ေကာက္ႏႈတ္ခ်က္ ေဖာ္ျပထားပါတယ္။

“ ကြၽန္မ သူစိမ္တစ္ေယာက္နဲ႔ အိပ္ေနသလို ခံစားရပါတယ္။ အိပ္ရာဝင္ခါနီးသူရဲ႕ အနမ္းကို ေတာင္းရဖို႔ေတာင္ အေတာ္ကေလး မလြယ္လွပါ။ ေယာက်ာၤးတစ္ေယာက္ဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ သဘာဝကို နားလည္ဖို႔ေတာင္ ဉာဏ္မထက္ဘူးဆိုရင္ တရား႐ုံးမွာ လင္မယားကြာရွင္းျပတ္စဲမႈေတြ ဘယ္ေလာက္မ်ားမလဲဆိုတာ စဥ္းစားသာၾကည့္လိုက္ပါ”
အသက္ ၄၀-၅၀ ဝန္းက်င္ရွိၾကတဲ့ အခ်ိဳ႕အမ်ိဳးသမီးေတြဆိုရင္ လိင္စိတ္ရွိေနရက္နဲ႔ လိင္ဆက္ဆံမႈဘဝကို မရၾကရွာဘူး။ တခ်ိဳ႕ကလည္း လိင္ကိစၥမရွိေတာ့တာကို ေနႏိုင္ေသးေပမယ့္ သူတို႔ခင္ပြန္းေတြရဲ႕    ခ်စ္ခင္မႈမရတာကို ပိုၿပီး ခံစားရတယ္လို႔ ဆိုၾကတယ္။ မ်ားေသာအားျဖင့္ ပန္းေသေနတဲ့ ေယာက်ာၤးတစ္ေယာက္ဟာ သူ႔ဇနီးကို နမ္းရႈတ္တာ၊ ၾကင္နာစြာ ပြတ္သတ္တာမ်ိဳးကို ဥေပကၡာျပဳထားၾကတယ္။ အခ်ိန္ေရာက္လာရင္ ခင္ပြန္းျဖစ္သူဟာ သူ႔အခန္း (သို႔) သူ႔ကုတင္ဆီသြားကာ အိပ္လိုက္ေတာ့တာပဲ။

သူတို႔ႏွစ္ေယာက္ဟာ လင္မယားလို မေနၾကဘဲ ေမာင္ႏွမလိုျဖစ္ေနၾကတယ္။
အမ်ိဳးသမီးတစ္ေယာက္ဟာ ဒီလိုေျပာလာျပန္တယ္။ “ ကြၽန္မခ်စ္တဲ့ ေယာက်ာၤးအတြက္ အိမ္ထိန္းသိမ္းသူ တစ္ေယာက္အျဖစ္နဲ႔သာ ေနရတာကို အလြန္ပဲ မုန္းတီးတယ္။ ပန္းေသတာဟာ ပုံမွန္မဟုတ္သလို ကြၽန္မတို႔အေနနဲ႔လည္း ဘယ္ေလာက္ပဲ ခင္ပြန္းေတြကို ခ်စ္ပါေစ။ အတင္းလက္ခံရမယ္ဆိုတာမ်ိဳးကလည္း ပုံမွန္မဟုတ္ဘူး။ ေယာက်ာၤးတစ္ေယာက္ဟာ သူ႔ရဲ႕ပုံမွန္ဝတၱရားေတြနဲ႔ ပတ္သတ္လို႔ အျမင္မွန္ရရွိဖို႔လိုကာ သူ႔ဇနီးရဲ႕ အခ်စ္ကို မဆုံးရႈံးခင္ ထိန္းထား ဖို႔လိုတယ္” လို႔ေျပာခဲ့တယ္။

ဒီလိုကိစၥမ်ိဳးနဲ႔ ႀကဳံလာတဲ့အခါ ဇနီးျဖစ္သူက ခင္ပြန္းကို ဆရာဝန္ထံ သြားေဆြးေႏြးဖို႔ အႏူးအၫြတ္ေျပာဆိုၾကရတယ္။ အမ်ားအားျဖင့္ ေယာက်ာၤးဟာ ဆရာဝန္ဆီသြားဖို႔ အသာထား၊   နားမေထာင္တဲ့အျပင္ ေဆြးေႏြးတာကိုေတာင္ မလုပ္ၾကဘူး။ ဒီလိုေယာက်ာၤးေတြရဲ႕ အျပဳအမူဟာ မမွ်တတဲ့အျပင္ ဉာဏ္အေျမာ္အျမင္ မရွိရာေရာက္တယ္။ ဒီလိုကိစၥ အေတာ္မ်ားမ်ားမွာလည္း ဆရာဝန္က မကူညီႏိုင္ဘူး။ သူလုပ္ႏိုင္တာကေတာ့၊ စိတ္ပိုင္းဆိုင္ရာ အေၾကာင္းေတြကို ေဆြးေႏြးမယ္။ ေယာက်ာၤးတစ္ေယာက္ရဲ႕ ပန္းေသတာဟာ စိတ္ပိုင္းကေန အစျပဳတယ္။ အမ်ားအားျဖင့္ ဒီလိုမ်ိဳးျဖစ္တယ္။ အဲဒီလူနာမွာလည္း ေယာက်ာၤးေဟာ္မုန္းအျပည့္အ၀ ရွိေနတယ္ဆိုရင္ ပိုယူလို႔ကေတာ့ ဘာမွထူးျခားမွာ မဟုတ္ဘူး။

တခ်ိ႕ုကိစၥေတြမွာလည္း ဇနီးျဖစ္သူဟာ သူ႔ပုံသ႑ာန္ကို ဂ႐ုမစိုက္တာ၊ ဆြဲေဆာင္မႈမရွိေအာင္ေနတာ (သို႔) သူကိုယ္တိုင္ကလည္း ခ်စ္ခင္ယုယတာမ်ိဳး ကင္းမဲ့ေနတာလည္း ျဖစ္တတ္တယ္။ အမ်ိဳးသမီးအေနနဲ႔ တစ္လမွာ ခ်စ္ခင္ယုယမႈတစ္ႀကိမ္၊ ႏွစ္ႀကိမ္သာ ျပတာမ်ိဳးလည္း ျဖစ္တတ္တယ္။ ဒီလိုမ်ိဳးျဖစ္လာရင္ သူ႔အမ်ိဳးသားကလည္း သူ႔အေပၚအျမင္ၾကည္မွာ မဟုတ္ဘူး။ ဒီလိုကိစၥမ်ိဳးမွာ အမ်ိဳးသားရဲ႕ လိင္စိတ္ထက္သန္မႈဟာ သိပ္မျပင္းလွတာကို ေတြ႕ရတယ္။ သူ႔မွာ က်န္ရွိေသးတဲ့ လိင္စိတ္ဟာလည္း အသက္ ၄၅ ႏွစ္မွာ ကုန္သြားဖို႔ မ်ားတယ္။

ဒီလို ပန္းေသတဲ့ ကိစၥေတာ္ေတာ္မ်ားမ်ားဟာ ေယာက်ာၤးျဖစ္သူဟာ ျပင္းထန္တဲ့ စိတ္ေဝဒနာဖိစီးတဲ့ ဘိုးေဘးဘီဘင္ထံမွ စိတ္ဆိုးမာန္ဆိုး ျဖစ္တတ္တဲ့ စိတ္ထားမ်ိဳး၊ အလြန္အမင္း ရွက္တတ္တာနဲ႔ အတၱစိတ္ေတြ အေမြဆက္ခံလာတတ္တယ္။ မာဂ်က္နာေရာဂါမ်ိဳးရွိေနတတ္လို႔ အၿမဲစိတ္စြဲလန္းေနရင္လည္း လိင္ကိစၥအတြက္ အားက်န္မွာ မဟုတ္ေတာ့ဘူး။ ဒီလို ေယာက်ာၤးအမ်ိဳးအစားေတြဟာ သူတို႔ငယ္စဥ္တုန္းကလည္း မိန္းကေလးေတြအေပၚ စိတ္ဝင္စားမႈ ကုန္ခန္းသြားတတ္ၾကတယ္။ ဒါဟာ ပန္းေသေတာ့မယ့္ ေရွ႕ေျပးနိမိတ္ျဖစ္ၿပီး ဒီလို ေယာက်ာၤးမ်ိဳးကိုရတဲ့ အမ်ိဳးသမီးဆိုရင္ေတာ့ လင္ကံဆိုးတယ္လို႔ ေျပာရမလား မသိေတာ့ဘူး။

Author – Healthcare Journal (VOL:8/ NO:4/PG:11) ေမာင္ခ်မ္းသာ

( Unicode )

( Zawgyi )

တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ခင်ပွန်းတွေ သက်လတ်ပိုင်းရောက်လာတဲ့အခါ ပန်းသေတဲ့ ပြဿနာနဲ့ ကြုံရတာမျိုးရှိကြရာ ဒီကိစ္စကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနိုင်မလဲဆိုတာ သိချင်ကြတယ်။ အမျိုးသမီးတစ်ဦးက ဉာဏ်စွမ်းရှိရှိနဲ့ ဆရာဝန်တစ်ယောက်ဆီသို့ စာတစ်စောင်ရေးသားပေးပို့ခဲ့တယ်။ သူ့စာထဲမှာ ပါတဲ့ အချက်အလက်အချို့ကို ကောက်နှုတ်ချက် ဖော်ပြထားပါတယ်။

“ ကျွန်မ သူစိမ်တစ်ယောက်နဲ့ အိပ်နေသလို ခံစားရပါတယ်။ အိပ်ရာဝင်ခါနီးသူရဲ့ အနမ်းကို တောင်းရဖို့တောင် အတော်ကလေး မလွယ်လှပါ။ ယောကျာၤးတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ သဘာဝကို နားလည်ဖို့တောင် ဉာဏ်မထက်ဘူးဆိုရင် တရားရုံးမှာ လင်မယားကွာရှင်းပြတ်စဲမှုတွေ ဘယ်လောက်များမလဲဆိုတာ စဉ်းစားသာကြည့်လိုက်ပါ”
အသက် ၄၀-၅၀ ဝန်းကျင်ရှိကြတဲ့ အချို့အမျိုးသမီးတွေဆိုရင် လိင်စိတ်ရှိနေရက်နဲ့ လိင်ဆက်ဆံမှုဘဝကို မရကြရှာဘူး။ တချို့ကလည်း လိင်ကိစ္စမရှိတော့တာကို နေနိုင်သေးပေမယ့် သူတို့ခင်ပွန်းတွေရဲ့    ချစ်ခင်မှုမရတာကို ပိုပြီး ခံစားရတယ်လို့ ဆိုကြတယ်။ များသောအားဖြင့် ပန်းသေနေတဲ့ ယောကျာၤးတစ်ယောက်ဟာ သူ့ဇနီးကို နမ်းရှုတ်တာ၊ ကြင်နာစွာ ပွတ်သတ်တာမျိုးကို ဥပေက္ခာပြုထားကြတယ်။ အချိန်ရောက်လာရင် ခင်ပွန်းဖြစ်သူဟာ သူ့အခန်း (သို့) သူ့ကုတင်ဆီသွားကာ အိပ်လိုက်တော့တာပဲ။

သူတို့နှစ်ယောက်ဟာ လင်မယားလို မနေကြဘဲ မောင်နှမလိုဖြစ်နေကြတယ်။
အမျိုးသမီးတစ်ယောက်ဟာ ဒီလိုပြောလာပြန်တယ်။ “ ကျွန်မချစ်တဲ့ ယောကျာၤးအတွက် အိမ်ထိန်းသိမ်းသူ တစ်ယောက်အဖြစ်နဲ့သာ နေရတာကို အလွန်ပဲ မုန်းတီးတယ်။ ပန်းသေတာဟာ ပုံမှန်မဟုတ်သလို ကျွန်မတို့အနေနဲ့လည်း ဘယ်လောက်ပဲ ခင်ပွန်းတွေကို ချစ်ပါစေ။ အတင်းလက်ခံရမယ်ဆိုတာမျိုးကလည်း ပုံမှန်မဟုတ်ဘူး။ ယောကျာၤးတစ်ယောက်ဟာ သူ့ရဲ့ပုံမှန်ဝတ္တရားတွေနဲ့ ပတ်သတ်လို့ အမြင်မှန်ရရှိဖို့လိုကာ သူ့ဇနီးရဲ့ အချစ်ကို မဆုံးရှုံးခင် ထိန်းထား ဖို့လိုတယ်” လို့ပြောခဲ့တယ်။

ဒီလိုကိစ္စမျိုးနဲ့ ကြုံလာတဲ့အခါ ဇနီးဖြစ်သူက ခင်ပွန်းကို ဆရာဝန်ထံ သွားဆွေးနွေးဖို့ အနူးအညွတ်ပြောဆိုကြရတယ်။ အများအားဖြင့် ယောကျာၤးဟာ ဆရာဝန်ဆီသွားဖို့ အသာထား၊   နားမထောင်တဲ့အပြင် ဆွေးနွေးတာကိုတောင် မလုပ်ကြဘူး။ ဒီလိုယောကျာၤးတွေရဲ့ အပြုအမူဟာ မမျှတတဲ့အပြင် ဉာဏ်အမြော်အမြင် မရှိရာရောက်တယ်။ ဒီလိုကိစ္စ အတော်များများမှာလည်း ဆရာဝန်က မကူညီနိုင်ဘူး။ သူလုပ်နိုင်တာကတော့၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးမယ်။ ယောကျာၤးတစ်ယောက်ရဲ့ ပန်းသေတာဟာ စိတ်ပိုင်းကနေ အစပြုတယ်။ အများအားဖြင့် ဒီလိုမျိုးဖြစ်တယ်။ အဲဒီလူနာမှာလည်း ယောကျာၤးဟော်မုန်းအပြည့်အ၀ ရှိနေတယ်ဆိုရင် ပိုယူလို့ကတော့ ဘာမှထူးခြားမှာ မဟုတ်ဘူး။

တချိ့ုကိစ္စတွေမှာလည်း ဇနီးဖြစ်သူဟာ သူ့ပုံသဏ္ဍာန်ကို ဂရုမစိုက်တာ၊ ဆွဲဆောင်မှုမရှိအောင်နေတာ (သို့) သူကိုယ်တိုင်ကလည်း ချစ်ခင်ယုယတာမျိုး ကင်းမဲ့နေတာလည်း ဖြစ်တတ်တယ်။ အမျိုးသမီးအနေနဲ့ တစ်လမှာ ချစ်ခင်ယုယမှုတစ်ကြိမ်၊ နှစ်ကြိမ်သာ ပြတာမျိုးလည်း ဖြစ်တတ်တယ်။ ဒီလိုမျိုးဖြစ်လာရင် သူ့အမျိုးသားကလည်း သူ့အပေါ်အမြင်ကြည်မှာ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးမှာ အမျိုးသားရဲ့ လိင်စိတ်ထက်သန်မှုဟာ သိပ်မပြင်းလှတာကို တွေ့ရတယ်။ သူ့မှာ ကျန်ရှိသေးတဲ့ လိင်စိတ်ဟာလည်း အသက် ၄၅ နှစ်မှာ ကုန်သွားဖို့ များတယ်။

ဒီလို ပန်းသေတဲ့ ကိစ္စတော်တော်များများဟာ ယောကျာၤးဖြစ်သူဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာဖိစီးတဲ့ ဘိုးဘေးဘီဘင်ထံမှ စိတ်ဆိုးမာန်ဆိုး ဖြစ်တတ်တဲ့ စိတ်ထားမျိုး၊ အလွန်အမင်း ရှက်တတ်တာနဲ့ အတ္တစိတ်တွေ အမွေဆက်ခံလာတတ်တယ်။ မာဂျက်နာရောဂါမျိုးရှိနေတတ်လို့ အမြဲစိတ်စွဲလန်းနေရင်လည်း လိင်ကိစ္စအတွက် အားကျန်မှာ မဟုတ်တော့ဘူး။ ဒီလို ယောကျာၤးအမျိုးအစားတွေဟာ သူတို့ငယ်စဉ်တုန်းကလည်း မိန်းကလေးတွေအပေါ် စိတ်ဝင်စားမှု ကုန်ခန်းသွားတတ်ကြတယ်။ ဒါဟာ ပန်းသေတော့မယ့် ရှေ့ပြေးနိမိတ်ဖြစ်ပြီး ဒီလို ယောကျာၤးမျိုးကိုရတဲ့ အမျိုးသမီးဆိုရင်တော့ လင်ကံဆိုးတယ်လို့ ပြောရမလား မသိတော့ဘူး။

Author – Healthcare Journal (VOL:8/ NO:4/PG:11) မောင်ချမ်းသာ

Previous Post

ကလေးငယ်များဖွံ့ဖြိုးမှု

Next Post

ဘယ်အချိန်မှာ ဘာတွေစစ်သင့်သလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
828
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
657

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1.1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘယ်အချိန်မှာ ဘာတွေစစ်သင့်သလဲ

ပင်ကိုယ်အလှနဲ့ မိတ်ကပ်( Natural Beauty and Make-up)

အဝလွန်ခြင်း( Obesity)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.