fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

စိတ်ချလက်ချ ချစ်ကြမယ်ဆိုရင်

219
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/10/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

စိတ်ချလက်ချ ချစ်ကြမယ်ဆိုရင်

ဒေါက်တာနှင်း အပြင်ဆေးခန်းစထိုင်တော့ လာကြတဲ့ လူနာတွေရဲ့ ၃ ပုံ ၁ ပုံ ဟာ depot ခေါ် ၃ လခံ သန္ဓေတားဆေး လာထိုးကြတဲ့ အမျိုးသမီးတွေရယ်ပါ။ အရွယ်စုံ ပါပဲ…

အိမ်ထောင်ကျတာ မကြာသေးလို့..   ကလေး မယူချင်သေးလို့… ကလေးတွေက များနေပြီမို့လို့… စီးပွားရေးအရ ကလေး ယူဖို့ မပြေလည်လို့… စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပေါ့လေ။ ကြပ်သည်ထက် ကြပ်လာတဲ့ ခေတ်ကြီးမှာ မျိုးဆက်ပွားကျန်းမာရေးထက် သားဆက်ခြားကျန်းမာရေးကို ပိုပြီးဦးစားပေးလာကြတာကို တွေ့နေရသည်လေ။

ဆေးကဒ်သောက်တယ် ဆိုတာ သူတို့ အနိမ့်ဆုံးလုပ်နိုင်တဲ့ ငွေကုန်ကြေးကျ အသက်သာဆုံး သားဆက်ခြားနည်းပဲ။ ဒါပေမဲ့ သောက်ရမှာမေ့တာနဲ့ မှတ်ရတာနဲ့ဆိုတော့ ၃ လခံဆေးဘက် လှည့်လာကြသည်။

ရာသီပေါ်ပြီး ၇ ရက်အတွင်းထိုးရင် ၃ လကတော့ အေးဆေးနေတော့ပဲ …. ရာသီမပေါ်ခင်ထိုးရင်တော့ ၇ ရက် တူတူနေတာရှောင်.. မရှောင်နိုင်ရင် အမျိုးသားကို ကွန်ဒုံးသုံးခိုင်း ဒါမှ မဟုတ် ကိုယ်က အရေးပေါ်တားဆေးသောက်ပေါ့။

စိတ်ချရလားဆိုတော့ ဆေးရဲ့ အရည်အသွေး၊ သိုလှောင်မှုစနစ၊် ထိုးတဲ့ရက် ၊ ထိုးပုံထိုးနည်း ၊ ကိုယ်နဲ့ သင့်မသင့် စတာတွေ အပေါ်မူတည်ပြီး ဆေးထိုးတဲ့လူတစ်ထောင်မှာ ၃ – ၅ ယောက်လောက်ထိ ဆေးမအောင်ဘဲ ကိုယ်ဝန်ရသွားနိုင်သည်။ ရာခိုင်နှုန်းအားဖြင့်တော့ အတော်နည်းတဲ့ အနေအထားပါ။

သို့သော် ထိုအနည်းအကျဉ်းထဲ ကံဆိုးစွာဖြင့် ကိုယ်ဝန်ရသွားတဲ့အခါ.. ” ဆရာမရယ် လွန်ခဲ့တဲ့လကမှ ဆေးထိုးထားတာ ဥစ္စာ … ဘယ်လို ကိုယ်ဝန်ရသွားတယ် မသိဘူး” ဆိုပီးမေးကြပါလေရော… ။

” ရော်…. တော်တို့ကို ရှင်းပြထားတယ်လေကွယ်… ဘယ်ဆေး ဘယ်နည်းလမ်းမှ ၁၀၀% ကိုယ်ဝန်တားပေးနိုင်တယ် အာမ မခံဘူးဆိုတာ” လို့ပြောတော့မှ မျက်နှာလေး မဲ့တဲ့တဲ့ နှင့် ကလေး မလိုချင်ပဲ ယူလိုက်ကြရတာမျိုး ရှိသေးသည်။

သည်ကြားထဲ ထိုးဆေး သောက်ဆေးတွေဆိုတာက အနည်းနဲ့ အများဘေးထွက်ဆိုးကျိုးတွေနှင့်… ဆေးသောက်ဆေးထိုးပြီး မူးလို့မော်လို့..တလှပ်လှပ်တုန်လို့…သွေးပေါင်တက်လို့..ဝ တက်လာလို့.. စတဲ့ ရောဂါလက္ခဏာပေါင်းစုံကြောင့် ဆေးရပ် လိုက်ရတဲ့သူတွေလည်း ရာခိုင်နှုန်းမနည်း။

ကဲ… ဘာလုပ်မလဲ?? လက်မောင်းထဲ ပိုက်ထည့် ဆိုတော့ ပိုက်ဖိုးက သူတို့ လခသုံးပုံတစ်ပုံစာလောက်ရှိသည်… မတတ်နိုင်ဘူးဆရာမရယ်တဲ့။ သားအိမ်ထဲ ပစ္စည်းထည့်ရင် သိပ်မကုန်ဘူး … ထည့်ချင်လားဆိုတော့လည်း တစ်ဝက်လောက်က ယောက်ျားသာယူထားတာ မကြားကောင်းတာကြားလိုက်ရသလို ကြောက်လိုက်သည်မှာ နေစရာမရှိ။

မနာပါဘူးလို့ ဘယ်လိုပင်စည်းရုံးသော်လည်း လက်မခံ… ကိုယ်ကလည်း သိပ်မစည်းရုံးရဲ… သည်နည်းက သွေးဆင်းများတာ မမှန်တာ ဆီးစပ်အောင့်တာတွေ ဖြစ်တတ်သေးသည်။

ကဲ… ဒါဖြင့်ကွန်ဒုံးသုံးကြဆိုတော့ မျက်နှာတော်တွေက မကြည်။ ကြားလေသွေးတောင် ဝေးတယ်ထင်တဲ့ ညားကာစလင်မယားကို ဒီဆရာမက ဘာတွေ လုပ်ခိုင်းမှန်း မသိဘူးဆိုတဲ့ မထုံတတ်တေးမျက်နှာပေးလေးတွေနှင့်။ တကယ်တော့ ကွန်ဒုံးက လွဲလို့ အပေါ်မှာပြောခဲ့တဲ့ သားဆက်ခြားနည်းတွေ အကုန်လုံးဟာ သဘာဝကို ဆန့်ကျင် တာမြစ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အလျောက် ဆိုင်ရာ ဆိုင်ရာ ဆိုးကျိူးတွေရှိသည်။

တားဆေး ကြာကြာ သောက်/ထိုးလျှင် ဆေးဖြတ်လိုက်သော်လည်း ရာသီ စက်ဝန်း ကမောက်ကမ ဖြစ်တာ.. ရာသီထိန်တာ… ကလေးလိုချင်ကာမှ မရတော့တာ… ဒါတွေက အတွေ့ရအများဆုံး နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့လေ။

ကျွန်မဆေးခန်းထိုင်လာတဲ့သက်တမ်းတလျှောက် ကလေးလိုချင်လို့ လာတိုင်ပင်တဲ့ ဇနီးမောင်နှံတွေကို မေးကြည့်တဲ့အခါ အဲ့ထဲက၁၀ယောက်မှာ ၉ယောက်က အပေါ်မှာပြောခဲ့တဲ့ တားဆေးတွေထဲက တနည်းမဟုတ်တနည်းကို နှစ်နဲ့ချီ သုံးစွဲထားတဲ့သူတွေဖြစ်နေတာတွေ့ရတယ်။

ဒီနိုင်ငံမှာလို စစ်တမ်းကောက်သုတေသနအချက်အလက်တွေ အားနည်းလို့သာ အပေါ်က သဘာဝဆန့်ကျင်တဲ့ နည်းတေနဲ့ ကိုယ်ဝန်တားခြင်းတွေကို ရေရှည်သုံးစွဲရင် တကယ်ကလေးလိုချင်တဲ့အခါ ကလေးမရနိုင်တော့တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိလည်း အတိအကျ မပြောနိုင်တာ။

နှစ်ရှည်လများ ရေရှည်သုံးစွဲရင် ကလေးမရနိုင်ချေအရမ်းမြင့်တယ်ဆိုတာ ကျွန်မအတွေ့အကြုံအရ သတိထားမိတာမို့ ဒါကို လေးလေးနက်နက် သတိချပ်စေလိုပါတယ်။

ဆိုတော့… ဆိုးကျိုးမရှိပဲ ၁၀၀% ထိရောက်တဲ့ နည်းလမ်း မရှိတော့ဘူးလား ဆရာမရယ်လို့ မေးရင် ရှိပါသည်။ သဘာဝတရားရဲ့ လက်ဆောင်ကို ဒေါက်တာနှင်းတို့ သတိမထားမိ ကြလို့သာပါ…

တကယ်တမ်းသေချာလိုက်လုပ်ရင် တေည်တော် ထိရောက်ပါသည်။ လိုတာကတော့ ပြက္ခဒိန် တစ်ခုနဲ့ ဂဏန်းသချာၤအပေါင်းအနှုတ် တတ်ရင် ဖြစ်ပြီဆိုပါတော့။ အလွယ် “ရက်ရှောင်နည်း” လို့ပဲခေါ်လိုက်ရအောင်ပါ။ ကြည့်လိုက်ရအောင်…

အမျိုး သမီးတစ်ဦးရဲ့ ရာသီစက်ဝန်းမှာ အဆင့် ၂ ခုရှိတယ်။ သားဥမကြွေမီအဆင့် (Follicular phase) နဲ့ သားဥကြွေပြီးအဆင့် (Luteal phase) ပေါ့။ အဲဒီမှာ ရှေ့ကအဆင့် သားဥ မကြွေမီအဆင့် (Follicular phase) ရဲ့ ကြာချိန်က ပုံသေ (၁၄) ရက်ပဲ။ နောက်က သားဥကြွေပြီးအဆင့်( luteal phase)ကသာ အချိန်ကာလ ရှည်တာ တိုတာ အပြောင်းအလဲ ရှိနိုင်သည်။

သည်တော့နောက်က သားဥကြွေပြီးအဆင့်ရဲ့ ကြာချိန်ပေါ်မူတည်ပြီး ၂၈ ကြာတို့… ၃၀ ကြာ.. ၃၂ ရက်ကြ ဓမ္မတာစက်ဝန်း ကာလတွေ ကွဲသွားတာအားလုံးက ဒီသားဥကြွေပြီးအဆင့်ရဲ့ ကြာချိန် အပြောင်းအလဲကြောင့်ပါပဲ။ ဒါဟာ သဘာဝကပေးတဲ့ ဇီဝကမ္မ ဖြစ်စဉ်ရဲ့ တိကျမှုပါပဲ။ ဒီဖြစ်စဉ်ပေါ် အမြတ်ထုတ်ပြီး ပြက္ခဒိန်နည်း (ဝါ) ရက်ရှောင်နည်းရယ်လို့ ဖြစ်လာတာပါ။

ကဲ အခု… အဓိက ပြောချင်တဲ့ အပိုင်းကိုရောက်ပြီ။ အမျိုးသမီးတစ်ဦး ဓမ္မတာလာလို့ နောက်ဆုံးရက် ပြီး နောက်တစ်ရက် ကို Day 1 (ပထမရက် ) လို့ သတ်မှတ်ပါမည်။ အဲဒီ ပထမရက်ကနေ အဌမရက်မြောက်နေ့ ( day 1 to day 7) အထိသည် ချစ်ခြင်းကာလ ( safe period) ပါ…

ဆိုလိုတာက စိတ်ချလက်ချ တူတူနေလို့ရပါသည်။ ကလေး မရနိုင်ပါ။ 8 ရက်မြောက်နေ့ကနေ 18 ရက်မြောက်နေ့ ( day 8 to day 18) သည် ချစ်ခြင်း၏ အန္တရာယ်ကာလပါ။ ကလေး ရနိုင်ချေ ရှိတဲ့ ကာလပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သန္ဓေတည်ဖို့ဆိုရင် မမျိုးဥ(သားဥ) နဲ့ သုတ်ကောင် ပေါင်းရပါမည်။ သည်လိုပေါင်းဖို့ရာ သားဥကြွေတဲ့ အချိန်နဲ့ သုတ်ကောင်ရောက်လာနိုင်တဲ့ အချိန်တိုက်ဆိုင်ဖို့ လိုပါသေးသည်။

သာဥဘယ်ချိန်ကြွေသလဲဆိုရင် ပထမအဆင့်ရဲ့ အဆုံးခါနီးမှာကြွေပါသည်။ ဒါဆို ရာသီရက်နှင့်တွက်လျှင် Day 13 (or Day 14) မြောက်နေ့ပတ်ဝန်းကျင်ဖြစ်ပါသည်။ သားဥသက်တမ်းက 3 ရက်။ ဆိုတော့ သည်ရက် အတွင်း သုတ်ကောင်ရောက်လာရမည်။ သုတ်ကောင်၏ သက်တမ်းက အများဆုံး ၅ ရက် ဆိုတော့ ဒီသားဥကြွေချိန် (Day 13 or Day 14) မတိုင်မီ ၅ ရက်အလိုအတွင်း သုတ်ကောင် သားအိမ်ထဲရှိမနေရင် မျိုးမအောင်နိုင်တော့ ကလေးမရနိုင်ပါဘူး။

ပြီးရင် သားဥကြွေချိန် (Day 13 or Day14) အဲဒီ့ကာလကုန်လို့ ၃ ရက် (အများဆုံး ၄ ရက်) နေရင် သားဥရဲ့ သက်တမ်းက ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် 19 ရက်မြောက်နေ့ (day 19 ) ကစပြီး ရာသီမလာမချင်းဟာ ချစ်ခြင်းကာလ ( safe period ) ပြန်ဖြစ်သွားပါပြီ!

ရာသီပြန်လာတာနဲ့ အစကအတိုင်းပြန်တွက်သွားရုံပါပဲ။ ဒီတော့ရှောင်ရမယ့်ရက်က တစ်လမှာ danger period လို့ခေါ်တဲ့ ဖြစ်နိုင်ချေအများဆုံးကို တွက်ချက်ထားတဲ့ ရာသီလာတာပြီးဆုံးပြီး ၈ ရင်မြောက်နေ့ကနေ ၁၈ ရက်မြောက်နေ့ထိ (Day 8 to Day18) 11 ရက်မျှသာရယ်ပါ။

ဒါဟာ သဘာဝရဲ့ သားဆက်ခြားနည်း အစစ်ပါပဲ။ ဘာလို့ မသုံးကြလဲ ဆိုတော့ မှတ်ရမှာပျင်းကြလို့ပါပဲ။ တွက်ရမှတ်ရမှာပျင်းပြီး အလွယ်လိုက်နေကြလို့ ဒီလို ထိရောက်ပြီး အသုံးဝင်တဲ့ နည်းကို မျက်စိမှောက်နေကြတာပါ…!

ရက်မမှန်ရင်သုံးလို့ မရလောက်တော့ဘူးဆိုတဲ့ အလွယ်ယူဆချက်တွေရှိနေပေမယ့် ခန္ဓာကိုယ်ရဲ့ သိပ်တိကျတဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် အခြေခံပြီးတွက်ထားတာမို့ ဘာဆေးမှ မသုံးချင်သူ… ဘာနဲ့မှမတည့်သူ ပျိုမေတွေ အတွက် ရာခိုင်နှုန်းအတော်များများ စိတ်ချရကြောင်းလည်း ထပ်လောင်းပြောချင်ပါရဲ့။

ခုခေတ် မိန်းကလေးတွေ ဗိုက်လာအပ်လို့ နောက်ဆုံးရာသီပေါ်တဲ့ရက်လို့ မေးရင် မျက်စိသူငယ် နဲ့ ပြန်ကြည့်ကြတာ အယောက်တိုင်းလိုလိုပါ။ အဲဒါ ဘယ်မှာ ပြဿနာသွားတတ်သလဲ ဆိုတော့ ကိုယ်ဝန်သက်တမ်း ( maturity by date ) နဲ့ ခန့်မှန်းမီးဖွားရက် ( estimated date of delivery) တွက်တဲ့ အခါ မှာ အလွဲအချော်ဖြစ်… prem ခေါ် လမစေ့လေးတွေမွေး… post date ခေါ် ရက်တွေကျော် နဲ့ တိုင်ပတ်ကြတောတာပါပဲ။ USG ရှိတဲ့နေရာဆိုရင် အဆင်ပြေနိုင်ပေမဲ့…နေရာတိုင်း USG ရနိုင်တာမှ မဟုတ်ပဲကို… မရှိတဲ့နေရာက ပိုများတာပါ့!

ဒီနည်းကောင်းလား မကောင်းလားဆိုတာကတော့ အနောက်နိုင်ငံတွေမှာ ဒီနည်း အသုံးပြုသူ ၃၀% အထိ ရှိပါတယ်။ ကျန်တာက သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ကြတာများပါတယ်။ သောက်ဆေးထိုးဆေးသုံးသူ အင်မတန်နည်းပါတယ်။ သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်တာနဲ့ ပတ်သတ်ပြီး အယူလွဲတွေ အကြောင်းကို လည်း ဒေါက်တာနှင်း ထပ်ရေးပါဦးမယ်။

Asia နိုင်ငံတွေကတော့ တခြား နည်းတွေ ပိုအသုံးများတယ်။ ထိုးဆေးသောက်ဆေးသုံးတာများတဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ ၂၀၁၆ က စစ်တမ်းတွေ အရ Asia ဘက် နိုင်ငံတွေမှာ fertality rate ခေါ် သန္ဓေအောင်မှုနှုန်း သိသိသာသာ ကျလာတာပဲ… မြုံကုန်တာကိုး။

လိုချင်တဲ့ အချိန် ကလေး မရတော့ဘူး။ ဓမ္မတာ မမှန်တော့ဘူး။ လင်စိတ်သားစိတ်ခမ်းလာမယ်။ ကြာလာရင် နောက်ဆက်တွဲ အနေနဲ့ နှလုံးထိနိုင်တယ်။ သွေးခဲပိတ်တာ လေဖြန်းတာတွေ ကစပြီး တချို့သော cancer အမျိုးအစားတွေကို ဖြစ်စေနိုင်တယ် လို့လည်း အချက်အလက်တွေ မှာတွေ့ရတယ်။ ဒါပေမဲ့ သိပ်ကြာမှပါ။ ဒီဆေးတွေက ရေတိုအတွက်ပဲကောင်းတယ်… လူတိုင်းနဲ့ မသင့်ဘူး ဆိုတာ သတိချပ်စေချင်ပါတယ်။ သဘာဝတရား ကို ဆန့်ကျင့်တဲ့ အခါ သဘာဝရဲ့ ဒဏ်ခတ်မှုဆိုတာက ရှိစမြဲကိုး။

ဒီစာဖတ်မိသူ အိမ်ထောင်ရှင်မမတို့လည်း ကိုယ့်ရဲ့ ရာသီစက်ဝန်းကိုသာ သေချာမှတ်နိုင်ရင် ဘာဆိုးကျိုးမှ မရှိတဲ့ သဘာဝနည်းလေးသုံးပြီး ကျန်းမာ လှပစွာဖြင့် ချစ်တိုက်ပွဲ ဝင်နိုင်ပါစေကြောင်း…..။

နှင်းနုအေး

Previous Post

အရမ်းဝလွန်းရင်  ကလေးရပါ့မလား

Next Post

တစ်ခါတည်း မှားယုံနှင့်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တစ်ခါတည်း မှားယုံနှင့်

အမျိုးသမီးတွေ သတိထားရမဲ့  သားဥအိမ်ကင်ဆာ(သို့မဟုတ်) မျိုးဥအိမ်ကင်ဆာ

ညဂျူတီဆင်းရတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများ           

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.