ဒီဆောင်းပါးမှာတော့ လုံမငယ်တို့ အသုံးများတဲ့ တားဆေး သောက်
ဆေးများထဲမှ အရေးပေါ်တားဆေး Emergency Oral Contraceptive Pills
အကြောင်း ပြောပြပါ့မယ်။
လုံမငယ်တို့ ကိုယ်ထဲမှာ ပင်ကိုယ် သဘာဝအရ ထွက်တဲ့ ဟိုမုန်းဓာတ် တွေဖြစ်တဲ့ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျပ်စတိုဂျင် (Progestogen) တို့နည်းတူ ပြင်ပမှ ဖော်စပ်ထားတဲ့ အလားတူ ဟိုမုန်းတွေ ပါဝင်တဲ့ တားဆေးသောက်ဆေး၊ဒါမှမဟုတ် ပရိုဂျပ်စတိုဂျင်သာ သီးသန့်ပါတဲ့ အရေးပေါ်တားဆေးရယ်လို့ အမျိုးမျိုးရှိပါတယ်။ တို့ မြန်မာနိုင်ငံမှာတော့ အီးစီ တူး Ecee 2 ဆေးကတ်ရယ်လို့ လူသိများတယ်။တခြား ဆေးနာမည် အမျိုးမျိုးနဲ့လည်း ဝယ်လို့ရပါတယ်။
ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ
တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင်တားပေးပါတယ် ။ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။သတိထားရမှာသည် ကိုယ်ဝန်ရှိပြီးသွားက မတားနိုင်တော့ပါ ။
ဘယ်လောက် အာနိသင် ရှိသလဲ
အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။အဓိက ကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ် ။ဘယ်အချိန်တွေမှာ အာနိသင် လျော့တတ်လဲ ဆိုရင် ဆေးသောက်ပုံမမှန်ရင်( ၇၂ နာရီ အတွင်း ဆေးမသောက်ဘဲ နောက်ကျခဲ့ရင်) ၊တားဆေး အာနိသင်ကျစေတဲ့ တခြားဆေးဝါးများနဲ့အတူ တွဲသောက်မိရင် ဖြစ်တတ်တယ် ။ ပုံမှန်အားဖြင့် ဆေးပုံမှန် စနစ်တကျ
သောက်ရင် တားဆေးသောက်တဲ့ ၁၀၀ သော လုံမပျိုတွေထဲမှာ ကိုယ်ဝန်ရနိုင်ခြေက ၁-၂ ေယာက်လောက်ပဲရှိပါတယ် ။ကျန်တဲ့ ၉၈-၉၉ ယောက်က ကိုယ်ဝန်မရဘူးပေါ့ ။
ဘေးထွက် အာနိသင်များ
-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ
ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
-ခေါင်းကိုက်တာ
-ခေါင်းမူးတာ
-ရင်သားတင်းရင်းတာ ၊နာတတ်တာ
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
ဆေးဘယ်လိုသောက်မလဲ
-Ecee 2 ကို အတူနေပြီး ၇၂ နာရီ အတွင်း ပထမဆေးတောင့်ကို သောက်ပါ ။
-နောက် ဒုတိယတစ်တောင့်ကို ၁၂ နာရီခြားပြီးမှ သောက်ပါ ။
-တချို့ အမျိုးအစားတွေသည် ၇၂ နာရီအတွင်း တစ်ကြိမ်တည်းသောက်ရတတ်
ပါသည် ။
တားဆေး သောက်ဆေးနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
-တားဆေး ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။
-ကိုယ်ဝန် မတော်တဆရခဲ့ရင်လည်း ပျက်ကျခြင်းကို မဖြစ်စေပါ ။
-ကလေး အမြွှာကိုလည်း မမွေးစေပါ ။
-အခန့်မသင့်လို့ ကိုယ်ဝန်ဆောင်နေစဉ် သောက်မိရင်လည်း လုံမတို့ ရင်သွေးကို
မထိခိုက်ပါ ။
-တားဆေးသောက်ဆေး သောက်လို့ မြုံသွားခြင်း မရှိပါ။ ဆေးမသောက်တော့တာ
နဲ့ ကလေးရနိုင်ပါတယ် ။
-အရေးပေါ်တားဆေးသည် အမြဲ စွဲသောက်ရသော ဆေးမဟုတ်ပါ ။
အရေးပေါ်မှသောက်ရတဲ့ တားဆေးပါ ။
ဆက်ပါဦးမည်…………..
Author – ခေတ်သစ် ဇီဝက