fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါအေၾကာင္း သိေကာင္းစရာ

111
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/02/2017
in အမျိုးသားကျန်းမာရေး
2 min read
A A

(Zawgyi ျဖင့္ ဖတ္ရန္)

ဒီေရာဂါကို ေအကိုက္တယ္တို႔၊ ေလးလုံးျဖစ္ေနတယ္တို႔ဆိုတဲ့ အတိုေကာက္ ဘန္းစကားေတြနဲ႔ ေျပာၾကတာကို ၾကားဖူးနားဝေတာ့ ရွိလိမ့္မယ္ထင္ပါတယ္။ အရင္ကေတာ့ “ကုရာနတၳိ၊ ေဆးမရွိ” ဆိုၿပီး ေျပာခဲ့ၾကေပမယ့္ အခုေတာ့ အဲ့ဒီ ေအ့ဒ္စ္ေရာဂါကို ပိုဆိုးမသြားေအာင္ ထိန္းေပးတဲ့ေဆးေတြလည္း ရွိေနသလို ကုသႏိုင္မယ့္ နည္းလမ္းေတြကိုလည္း ရွာေဖြေတြ႕ရွိေနၾကၿပီ ျဖစ္ပါတယ္။ ဒီေအ့ဒ္စ္ေရာဂါကို ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုး (Human Immunodeficiency Virus) ပဲျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္ပိုးရဲ႕ ပုံစံက လုံးဝိုင္းၿပီး အ႐ြယ္အစားက ၁၂၀ ညာအ႐ြယ္သာ ရွိတဲ့အတြက္ လူရဲ႕ ပုံမွန္ေသြးနီဥဆဲလ္ (Red Blood Cell, RBC) တစ္ခုရဲ႕ အပုံ ၆၀ ပုံ တစ္ပုံေလာက္သာ ရွိတာပါ။ အဲ့ဒီ HIV ဗိုင္းရပ္စ္ပိုးက Retroviridae မိသားစုဝင္ Lentivirus မ်ိဳးစိတ္ျဖစ္ပါတယ္။ HIV မွာမွ HIV 1 နဲ႔ HIV 2 ဆိုၿပီး ဗိုင္းရပ္စ္ပိုး အမ်ိဳးအစား ၂ မ်ိဳးရွိပါတယ္။ HIV 1 က HIV 2 ထက္အဆေပါင္းမ်ားစြာ ပိုၿပီးကူးစက္ႏိုင္တဲ့အတြက္ တစ္ကမာၻလုံးမွာ HIV 1 ကူးစက္ခံရတာက ပိုမ်ားပါတယ္။ HIV 2 ကေတာ့ ကူးစက္ႏိုင္မႈ အားနည္းတဲ့အတြက္ အေနာက္အာဖရိကလို ေနရာမ်ိဳးမွာတင္ ျဖစ္တာမ်ားပါတယ္။

သူတို႔က ဘယ္လိုနည္းလမ္းနဲ႔ ကူးစက္သလဲဆိုရင္ အဓိကအားျဖင့္ နည္းလမ္း ၃ ခုနဲ႔ ကူးစက္ပါတယ္။

(၁) ေရာဂါရွိသူရဲ႕ ေသြး၊ ေသြးနဲ႔ ထိေတြ႕ထားတဲ့ ပစၥည္းေတြကတစ္ဆင့္ ကူးစက္ခံရျခင္း

  • ေသြးသြင္းျခင္း (၉၀%)
  •  ေဆးထိုးအပ္ေမွ်၀ သုံးစြဲျခင္း(ဝ.၆၇%)
  • မေတာ္တဆ အပ္စူးျခင္း(ဝ.၃၀)

(၂) ေရာဂါပိုးရွိသူနဲ႔ အကာအကြယ္မဲ့လိင္ဆက္ဆံျခင္း

    • ေရာဂါရွိသူ၏ မိန္းမကိုယ္ (Vagina) အတြင္းသို႔ လိင္တံထိုးသြင္းျခင္း (ဝ.၀၁-ဝ.၃၈%)
    • ေရာဂါရွိသူ၏ လိင္တံကို မိန္းမကိုယ္အတြင္းသို႔ ထိုးသြင္းခံရျခင္း (ဝ.၀၅-ဝ.၃၀%)
    • ေရာဂါရွိသူ၏ စအို (Anus) အတြင္းသို႔ လိင္ဆက္ဆံျခင္း (ဝ.၀၃%)
    • ေရာဂါရွိသူ၏ လိင္တံျဖင့္ စအိုအတြင္းသို႔ ထိုးသြင္းခံရျခင္း (ဝ.၀၄-၃.ဝ%)
    • ေရာဂါရွိသူ၏ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္း (ဝ-၀.၀၀၅%)
    • ေရာဂါရွိသူမွ ပါးစပ္အတြင္းသို႔ လိင္ဆက္ဆံျခင္း (ဝ.၀၄%)

 

(၃) မိခင္မွ ကေလးသို႔ ကူးစက္ျခင္း (၂၅%) 

အဲ့ဒီနည္းလမ္းေတြကေန တစ္ဆင့္ကူးစက္တာျဖစ္ၿပီး ေရာဂါရွိတဲ့သူနဲ႔ တစ္ခန္းထဲ အတူေနတာ၊ အလုပ္အတူလုပ္တာ၊ ျခင္ကိုက္ခံရတာ၊ ေရာဂါရွိသူရဲ႕ ဆီး၊ မစင္၊ တံေတြး၊ သလိပ္၊ ႏွာရည္၊ မ်က္ရည္၊ ေခြၽး၊ အန္ဖတ္နဲ႔ ထိေတြ႕မိတာ၊ သာမန္နမ္းရႈံ႕မိတာ၊ ေရာဂါရွိသူေသာက္ထားတဲ့ ေရခြက္၊ စားထားတဲ့ ထမင္းပန္းကန္၊ ဇြန္းေတြနဲ႔ စားေသာက္တာေတြကေနတဆင့္ ေရာဂါမကူးစက္ႏိုင္ပါဘူး။

ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔ပုံအေၾကာင္း မေျပာခင္ က်ေနာ္တို႔ ကိုယ္ခႏၶာထဲကို ေရာဂါပိုးမႊားေတြ ဝင္လာတဲ့အခါ အဲ့ဒီေရာဂါပိုးမႊားေတြကို ခုခံကာကြယ္တဲ့ ကိုယ္ခံအားစနစ္အေၾကာင္းကို အၾကမ္းဖ်ဥ္းေျပာျပပါမယ္။ ပုံမွန္အားျဖင့္ က်ေနာ္တို႔ ကိုယ္ခႏၶာထဲကို ေရာဂါပိုးမႊားာေတြ က်ဴးေက်ာ္ ဝင္ေရာက္လာၿပီဆိုတာနဲ႔ ကိုယ္ခံအားစနစ္က စၿပီး အလုပ္လုပ္ပါတယ္။ အဲ့လို ေရာဂါပိုးေတြ ဝင္ေရာက္လာတဲ့အခါ ေသြးျဖဴဥ အမ်ိဳးအစားတစ္ခုျဖစ္တဲ့ အကူအညီေပး ေသြးျဖဴဥ “တီ” (Helper T lymphocytes or helper T Cells or CD4+ T Cells) က သူ႔လုပ္ငန္းတာဝန္ႏွစ္ခုထဲက တစ္ခုကို အရင္ဆုံးလုပ္ေဆာင္ပါတယ္။ ဒီတီဆဲလ္ကို ျမန္မာျပည္က လူေတြက စီဒီဖိုးဆဲလ္ (CD4+ T Cells) လို႔ သိၾကပါတယ္။

သူ႔ ပထမတာဝန္က ဘာလဲဆိုရင္ ေရာဂါပိုးကို ေတြ႕ေတြ႕ခ်င္း တျခား ကိုယ္ခံအားဆဲလ္ေတြကို အကူအညီေတာင္းတဲ့ အေနနဲ႔ ဓာတုပစၥည္းေတြ လႊတ္ၿပီး သူ႔ဆီကို စုၿပဳံလာဖို႔ အခ်က္ျပရတာပါ။ သူ႔ရဲ႕ အခ်က္ျပကိုရလို႔ ေရာက္လာတဲ့ ေသြးျဖဴဥကိုယ္ခံအားဆဲလ္ေတြက က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးမႊားေတြကို တိုက္ခိုက္ေခ်မႈန္းၾကပါတယ္။

ဒုတိယ တာဝန္အေနနဲ႔ အကူအညီေပးေသြးျဖဴဥ “တီ” ဟာ ဓာတုပစၥည္းေတြ ထပ္လႊတ္ေပးၿပီး ေရာက္လာတဲ့ ေသြးျဖဴဥေတြကို ပြားမ်ားေအာင္ လုပ္ေပးပါတယ္။ အသစ္ထပ္ပြားလာတဲ့ ေသြးျဖဴဥေတြက ကိုယ္ခံအား ပဋၬိပစၥည္းေတြက တစ္ကိုယ္လုံးမွာရွိတဲ့ အခုနက က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးရဲ႕ ကိုယ္ခႏၶာမွာတြယ္ကပ္ၿပီး ရန္သူျဖစ္ေၾကာင္း ခြဲျခားသတ္မွတ္ေပးပါတယ္။ အဲဒီလို ကိုယ္ခံအား ပဋၬိပစၥည္းေတြက ေရာဂါပိုးကို တြယ္ကပ္ၿပီးရန္သူျဖစ္ေၾကာင္း သတ္မွတ္ၿပီးတာနဲ႔ က်န္တဲ့ကိုယ္ခံအားဆဲလ္ေတြက အဲ့ဒီ မွတ္သားထားတဲ့ ရန္သူေရာဂါပိုးေတြကို အျမစ္ျပတ္ေခ်မႈန္းပါေတာ့တယ္။ ဒီလိုနည္းနဲ႔ က်ေနာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္က အလုပ္လုပ္ပါတယ္။

အဲ့ဒီလိုပဲ HIV ကူးစက္ခံရၿပီဆိုရင္ ဗိုင္းရပ္စ္ပိုးေတြဟာ ကူးစက္ခံရသူရ႕ဲ ေသြးေတြ၊ တျခားအရည္ေတြထဲကို ကူးစက္ပ်ံ႕ႏွံ႔သြားပါတယ္။ ဒါေပမယ့္ ဒီေကာင္က ဉာဏ္မ်ားၿပီး ေရာဂါပိုးျဖစ္ေလေတာ့ သူ႔ကို ကိုယ္ခံအားစနစ္က မရိပ္မိေအာင္ ဦးစားေပးအေနနဲ႔ အကူအညီေပးေသြးျဖဴဥ “တီ” ရဲ႕ ဆဲလ္ခႏၶာထဲကို ခိုးဝင္လိုက္ပါတယ္။ သူက ဆဲလ္ထဲကို ခိုးမဝင္ခင္မွာ RNA (Ribo-nucleic Acid) သဘာဝရွိေပမယ့္ ဆဲလ္ထဲကို ေရာက္သြားတဲ့အခါမွာ သူ႔ကိုယ္သူ DMA (Deoxyribonucleic Acid) သဘာဝအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။ အစက ဘဂၤါလီ၊ ျမန္မာထဲကို ခိုးဝင္ၿပီးမွ ႐ို ဆိုၿပီး လုပ္သလိုမ်ိဳးေပ့ါ။ သေဘာေျပာျပတာပါ။

အဲ့လို DNA သဘာဝကို ေျပာင္းၿပီးတဲ့အခါ တီဆဲလ္ရဲ႕ အတြင္းပိုင္းဗဟိုဌာနခ်ဳပ္ျဖစ္တဲ့ န်ဴကလိယ (Nucleus) ထဲကို အေယာင္ေဆာင္ဝင္ေရာက္ၿပီး အဲ့အထဲမွာ HIV ပိုးအေျမာက္အမ်ားကို မ်ိဳးပြားထုတ္ပါေတ့ာတယ္။ အဲ့ဒီ အသစ္ထုတ္လိုက္တဲ့ HIV ဗိုင္းရပ္စ္ပိုးေတြက သူတို႔မ်ိဳးပြားတိုက္ခိုက္ခဲ့လို႔ ခ်ိဳ႕ယြင္းသြားတဲ့ အကူအညီေပးေသြးျဖဴဥ “တီ” ကို စြန႔္ခြာၿပီး ေနာက္ထပ္ “တီ” ဆဲလ္ (စီဒီဖိုးဆဲလ္၊ CD4+T cells) ေတြကို ထပ္ၿပီး ကူးစက္ပြားမ်ားၾကပါတယ္။ ကူးစက္ခံခဲ့ရလို႔ ခ်ိဳ႕ယြင္းသြားတဲ့ တီဆဲလ္ေတြကို ခ်ိဳ႕ယြင္းဆဲလ္ဖ်က္သိမ္းေရး ကိုယ္ခံအားဆဲလ္ျဖစ္တဲ့ စီဒီအိတ္ဒ္ (CD 8 Cytotoxic lymphocytes) ေတြက ဖ်က္သိမ္းသုတ္သင္ပစ္ပါတယ္။

ဒါေၾကာင့္ အကူအညီေပးေသြးျဖဴဥ “တီ” ေတြဟာ သူတို႔ရဲ႕ လုပ္ငန္းတာဝန္ေတြကို မထမ္းေဆာင္ႏိုင္ေတာ့ဘဲ ေသဆုံးပ်က္စိးသြားၾကတာေၾကာင့္ ကိုယ္ခႏၶာထဲကို ေနာက္ထပ္ဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို ခုခံတိုက္ထုတ္ရာမွာ ပါဝင္ကူညီဖို႔ မလုပ္ေဆာင္ေပးႏိုင္ေတာ့ပါဘူး။ အဲ့ဒီလို အကူအညီေပး ေသြးျဖဴဥ “တီ” ေတြ ေသဆုံးကုန္တာေၾကာင့္ ကိုယ္ခံအာစနစ္ခ်ိဳ႕ယြင္းမႈ၊ အားနည္းမႈေတြ ျဖစ္လာပါေတာ့တယ္။

အဲ့လို ကိုယ္ခံအားစနစ္ ခ်ိဳ႕ယြင္းလာတဲ့အခါ (စစ္တပ္အင္အားနည္းသြားတဲ့အခါ) ေတာမီးေလာင္ ေတာေၾကာင္လက္ခေမာင္းခတ္ ဆိုသလိုပဲ တီဘီတို႔၊ အဆုတ္ေရာင္တို႔၊ ေရယုန္စတဲ့ တျခားေရာဂါပိုးေတြလည္း အလြယ္တကူ ဝင္ေရာက္လာပါတယ္။ ဒီလိုဝင္ေရာက္လာတဲ့ ကူးစက္ေရာဂါေတြကို အေခ်ာင္ပိုးမႊားကူးစက္မႈ (Opportu-nistic Infections) ေတြလို႔ေခၚပါတယ္။ အဲ့ဒါေတြအျပင္ ဦးေဏွာက္အေျမႇးေရာင္၊ ဦးေႏွာက္ေရာင္၊ ကင္ဆာေရာဂါ စတာေတြပါ ျဖစ္လာပါတယ္။ အဲ့ဒီလို အေခ်ာင္ပိုးမႊားကူးစက္မႈ တစ္ခုနဲ႔အထက္ ရွိလာၿပီဆိုရင္ေတာ့ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) အဆင့္ထိ ျဖစ္သြားၿပီလို႔ ေျပာလို႔ရပါတယ္။
HIV ပိုးကူးစက္ခံရၿပီဆိုရင္ ကူးစက္ခံရတဲ့သူရဲ႕ ၄၀-၉၀ ရာခိုင္ႏႈန္းမွာ ၂ပတ္၊ ၃ပတ္ေလာက္ တုပ္ေကြးမိသလို ဖ်ားတာ၊ ျပန္လည္က်ိတ္ေတြေရာင္တာ၊ လည္ေခ်ာင္းနာတာ၊ အင္ျပင္ေတြထြက္တာ၊ ေခါင္းကိုက္တာ၊ ပါးစပ္နဲ႔ လိင္အဂၤါေတြမွာ အနာေတြေပါက္တာမ်ိဳး ခံစားရပါတယ္။ တခ်ိဳ႕လူေတြမွာေတာ့ ဘာလကၡဏာမွ မခံစားရတာမ်ိဳးလည္း ရွိပါတယ္။

စၿပီးကူးစက္ခံရတဲ့အခ်ိန္ကေန HIV ေရာဂါပိုးရွိေၾကာင္း စမ္းသပ္ေတြ႕ရွိဖို႔အတြက္ ၾကာခ်ိန္ (Window Pe-riod) က ၁၀ ရက္ကေန ၃ လအထိ ရွိႏိုင္ပါတယ္။ ဒါေပမဲ့ အဲ့လိုေတြ႕ရွိဖို႔ အတြက္က လူတစ္ဦးခ်င္းစီနဲ႔ မူတည္ၿပီး ၾကာတာမို႔ အခုေနာက္ပိုင္း နည္းစနစ္အသစ္အသစ္ေတြ ေပၚလာတဲ့အခ်ိန္မွာေတာ့ ရက္ပိုင္းအတြင္းမွာ ပိုးရွိမရွိ၊ သိႏိုင္လာၾကပါၿပီ။

စမ္းသပ္တဲ့နည္းစနစ္ေတြကေတာ့ Rapis Antibody Test နဲ႔စစ္ရင္ ေရာဂါကူးစက္ၿပီး ၃ လအၾကာမွာ ရွိမရွိသိႏိုင္မယ္။ ကိုယ္ခံအားပဋိပစၥည္း (Anti-body) ေတြက အဲ့ေလာက္ၾကာမွ ထြက္လာတမို႔ပါ။ Rapid Antibody/ Antigen Combination Test နဲ႔စစ္ရင္ ေရာဂါစၿပီး ကူးစက္ခံရတဲ့အခ်ိန္ကေန ၁၂ ရက္ကေန ၄၅ ရက္အတြင္း ေရာဂါပိုး ရွိမရွိ သိႏိုင္မယ္။ RNA Test နဲ႔စစ္ရင္ ၁၀ ရက္ကေန ၁၄ ရက္အတြင္း သိႏိုင္မယ္။ Home testing kits နဲ႔စစ္ရင္ ၃ လအၾကာမွာ သိႏိုင္မယ္။ PCR tests (Polymerase Chain Reaction Tests) နဲ႔စစ္ရင္ ၂ ပတ္ကေန ၃ ပတ္အၾကာမွာ သိႏိုင္ၿပီး ဗိုင္းရပ္စ္ ပိုးေကာင္ေရ (Viral load) ပါစစ္လို႔ရပါတယ္။

HIV ကူးစက္ခံရတာနဲ႔ တန္းၿပီးခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) တန္းမျဖစ္ပါဘူး။ က်ေနာ္တို႔ရဲ႕ ပုံမွန္ စီဒီဖိုး “တီ” ဆဲလ္အေရအတြက္ 500-1400 cells/cubic millimeter uae 200 cells/cubic millimeter အထိက်သြားၿပီဆိုမွ က်န္တဲ့အေခ်ာင္ပိုးမႊား ကူးစက္ခံရမႈ (Opportunistic Infec-tion) ေတြဝင္လာၿပီးေတာ့ ခုခံအား က်ဆင္းမႈကူးစက္ေရာဂါစု (AIDS) အျဖစ္ ေရာက္သြားတာပါ။

ေဆးဝါးကုသမႈ မခံယူဘဲ ေနမယ္ဆိုရင္ ဒီလို HIV ေရာဂါေဝဒနာရွင္ေတြဟာ အာဏာကုန္ ၁၀
ႏွစ္၊ ၁၁ ႏွစ္ပဲ ရွင္သန္ခြင့္ရပါလိမ့္မယ္။ ေဆးဝါးကုသမႈ ခံယူမယ္ဆိုရင္ေတာ့ ပုံမွန္သက္တမ္းေစ့ နီးပါရွင္သန္ခြင့္ ရပါလိမ့္မယ္။ “တီ” ဆဲလ္အေရအတြက္ ၂၀၀ ေအာက္ေရာက္သြားၿပီဆိုရင္ က်ေနာ္တို႔ရဲ႕ ကိုယ္ခံအားစနစ္က လြယ္လြယ္ေလး ကာကြယ္ခဲ့တဲ့ မႈိပိုး၊ ဗိုင္းရပ္စ္ပိုး၊ ဘက္တီးရီးယားပိုး (အက်ိဳးျပဳ ဘတ္တီးရီးယား ပိုးေတြအပါအဝင္)၊ ကပ္ပါးပိုးေတြက အလြယ္တကူ ဒုကၡေပးလို႔ရသြားပါတယ္။

ဒါ့အျပင္ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တဲ့ ကာပိုစီ ကင္ဆာ (Kaposi’s sarcoma)၊ ဘာ့ခ္ကစ္ ျပန္ရည္ႀကိတ္ကင္ဆာ (Burkitt’s lymphoma)၊ ဗဟိုအာ႐ုံေၾကာစနစ္ ျပန္လည္ႀကိတ္ကင္ဆာ (Pri-mary central nervous system lym-phoma)၊ သားအိမ္ေခါင္းကင္ဆာ (Cervical Cancer) ေတြပါ ျဖစ္လာၾကပါတယ္။ လွ်ာနဲ႔ ခံတြင္းမွာ မွကၡ႐ုစြဲတာ၊ မ်က္သားကင္ဆာ (Conjuncti-val Cancer) ျဖစ္တာေတြလည္း ေအ့ဒ္စ္ ျဖစ္ၿပီဆိုရင္ အျဖစ္မ်ားပါတယ္။ အဲ့လိုထပ္ျဖစ္တဲ့ အေခ်ာင္ပိုးမႊားကူးစက္မႈေတြကိုေတာ့ျဖစ္တဲ့ ေရာဂါအလိုက္ သင့္ေတာ္တဲ့ ေဆးဝါးေတြကို တိုက္ေကြၽးေပးရမွာပါ။

HIV မကူးစက္ေအာင္ ကာကြယ္ဖို႔အတြက္ကေတာ့ အထက္ကေျပာခဲ့တဲ့ ကူးစက္ႏိုင္တဲ့ နည္းလမ္ေတြကို သိရွိၿပီး သတိထားလိုက္နာ ေရွာင္ၾကဥ္ၾကရမွာပါ။ ဒါ့အျပင္ ကြန္ဒုံးကို စနစ္တက်သုံးတာ၊ တစ္လင္တစ္မယားစနစ္က်င့္သုံးတာ၊ တစ္ကိုယ္ေရသုံးပစၥည္းေတြကို မွ်ေဝသုံးစြဲတာမ်ိဳးမလုပ္တာ၊ ေသြးနဲ႔ ထိေတြ႕ထားတဲ့ ပစၥည္းေတြကို စနစ္တက် စြန႔္ပစ္တာ၊ ျပန္သုံးရမယ္ဆိုရင္လည္း စနစ္တက် ပိုးသန႔္စင္ၿပီးမွ ျပန္သုံးတာမ်ိဳးလုပ္ရင္ HIV ပိုးကူးစက္ခံရတဲ့ အႏၲရာယ္ကေန ကာကြယ္ႏိုင္ပါလိမ့္မယ္။

HIV ပိုးကူးစက္ခံရၿပီဆိုရင္လည္း စိတ္ဓာတ္မက်ဘဲ အာဟာရျပည့္ေအာင္စားတာ၊ အိပ္ေရး၀၀အိပ္တာ၊ စိတ္ဖိစီးမႈကင္းေအာင္ တရားထိုင္ တရားမွတ္တာ၊ ေသြးပုံမွန္စစ္ေဆးၿပီး လိုအပ္တဲ့ ေဆးဝါးကုသမႈခံတာမ်ိဳးေတြကို လုပ္ရပါမယ္။ HIV ရွိမွန္းသိတဲ့သူေတြက ေရွာင္ဖယ္ေရွာင္ဖယ္ မလုပ္ဘဲ အားေပးတာ၊ ကူညီတာ၊ စိတ္ဓာတ္ျမႇင့္တင္ေပးတာေတြကို လူသားခ်င္းစာနာမႈ အေနနဲ႔ လုပ္ေပးရပါမယ္။ အားနည္းသူ ဝါးကူထိုးတဲ့ အျဖစ္မ်ိဳးမျဖစ္ေအာင္ေတာ့ လူတိုင္းကိုယ့္ပင္ကိုယ္ အသိစိတ္နဲ႔ ထိန္းသိမ္းေပးၾကရမွာပါ။

နိဂုံးခ်ဳပ္အေနနဲ႔ ေျပာရရင္ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါစု (AIDS) ဆိုတာက HIV ကူးစက္ခံရတိုင္း ေနာက္ဆုံးအဆင့္အေနနဲ႔ ႀကဳံေတြ႕ၾကရမွာ ျဖစ္ေပမယ့္ အဲ့လိုႀကဳံရမွာပဲဆိုၿပီး စိတ္ဓာတ္မက်ဘဲ က်ေနာ္ေျပာခဲ့တဲ့ နည္းလမ္းေလးေတြအတိုင္း လိုက္နာေဆာင္႐ြက္မယ္ဆိုရင္ လူ႔သက္တမ္းေစ့နီးပါး ပုံမွန္လူတစ္ေယာက္လို ရွင္သန္ေနထိုင္ခြင့္ ရပါလိမ့္မယ္။ ဒီလိုကူးစက္ခံရသူေတြကိုလည္း က်န္တဲ့လူေတြက ဝိုင္းဝန္းေဖးမကူညီ အားေပးေပးရပါမယ္။

HIV/AIDS ေရာဂါေဝဒနာရွင္ေတြအတြက္ ဒီဇင္ဘာလ ၁ ရက္ေန႔ကို ကမာၻ႔ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါေန႔ World AIDS Day အျဖစ္သတ္မွတ္ေပးၿပီး ဖဲႀကိဳးအနီေရာင္နဲ႔ သေကၤတျပဳေပးထားပါတယ္။ အဲ့လိုပဲ က်ေနာ္တု႔ိ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ စိတ္ႏွလုံးႏူးညံ့သူေတြပီပီ ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါေဝဒနာရွင္ေတြကို ေႏြးေႏြးေထြးေထြးဆက္ဆံၿပီး ေဖးေဖးမမ ကူညီေပးၾကပါလု႔ိ ေျပာရင္ က်ေနာ့္ရဲ႕ “ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါအေၾကာင္း သိေကာင္းစရာ” ဆိုတဲ့ ေဆာင္းပါးကို နိဂုံးခ်ဳပ္လိုက္ပါရေစဗ်ာ။

Author – ေဒါက္တာေနလင္းေအာင္ (ေပ်ာ္ဘြယ္) Healthcare Journal (Vol:7/no:46/pg:22)

(Unicode)

ဒီရောဂါကို အေကိုက်တယ်တို့၊ လေးလုံးဖြစ်နေတယ်တို့ဆိုတဲ့ အတိုကောက် ဘန်းစကားတွေနဲ့ ပြောကြတာကို ကြားဖူးနားဝတော့ ရှိလိမ့်မယ်ထင်ပါတယ်။ အရင်ကတော့ “ကုရာနတ္ထိ၊ ဆေးမရှိ” ဆိုပြီး ပြောခဲ့ကြပေမယ့် အခုတော့ အဲ့ဒီ အေ့ဒ်စ်ရောဂါကို ပိုဆိုးမသွားအောင် ထိန်းပေးတဲ့ဆေးတွေလည်း ရှိနေသလို ကုသနိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေတွေ့ရှိနေကြပြီ ဖြစ်ပါတယ်။ ဒီအေ့ဒ်စ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး (Human Immunodeficiency Virus) ပဲဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ပိုးရဲ့ ပုံစံက လုံးဝိုင်းပြီး အရွယ်အစားက ၁၂၀ ညာအရွယ်သာ ရှိတဲ့အတွက် လူရဲ့ ပုံမှန်သွေးနီဥဆဲလ် (Red Blood Cell, RBC) တစ်ခုရဲ့ အပုံ ၆၀ ပုံ တစ်ပုံလောက်သာ ရှိတာပါ။ အဲ့ဒီ HIV ဗိုင်းရပ်စ်ပိုးက Retroviridae မိသားစုဝင် Lentivirus မျိုးစိတ်ဖြစ်ပါတယ်။ HIV မှာမှ HIV 1 နဲ့ HIV 2 ဆိုပြီး ဗိုင်းရပ်စ်ပိုး အမျိုးအစား ၂ မျိုးရှိပါတယ်။ HIV 1 က HIV 2 ထက်အဆပေါင်းများစွာ ပိုပြီးကူးစက်နိုင်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ HIV 1 ကူးစက်ခံရတာက ပိုများပါတယ်။ HIV 2 ကတော့ ကူးစက်နိုင်မှု အားနည်းတဲ့အတွက် အနောက်အာဖရိကလို နေရာမျိုးမှာတင် ဖြစ်တာများပါတယ်။

သူတို့က ဘယ်လိုနည်းလမ်းနဲ့ ကူးစက်သလဲဆိုရင် အဓိကအားဖြင့် နည်းလမ်း ၃ ခုနဲ့ ကူးစက်ပါတယ်။

  1. ရောဂါရှိသူရဲ့ သွေး၊ သွေးနဲ့ ထိတွေ့ထားတဲ့ ပစ္စည်းတွေကတစ်ဆင့် ကူးစက်ခံရခြင်း – သွေးသွင်းခြင်း
    (၉၀%) – ဆေးထိုးအပ်မျှေ၀ သုံးစွဲခြင်း
    (ဝ.၆၇%) – မတော်တဆ အပ်စူးခြင်း(ဝ.၃၀)
  2. ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း- ရောဂါရှိသူ၏ မိန်းမကိုယ် (Vagina) အတွင်းသို့ လိင်တံထိုးသွင်းခြင်း (ဝ.၀၁-ဝ.၃၈%) – ရောဂါရှိသူ၏ လိင်တံကို မိန်းမကိုယ်အတွင်းသို့ ထိုးသွင်းခံရခြင်း (ဝ.၀၅-ဝ.၃၀%) -ရောဂါရှိသူ၏ စအို (Anus) အတွင်းသို့ လိင်ဆက်ဆံခြင်း (ဝ.၀၃%) – ရောဂါရှိသူ၏ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းခံရခြင်း (ဝ.၀၄-၃.ဝ%) -ရောဂါရှိသူ၏ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (ဝ-၀.၀၀၅%) – ရောဂါရှိသူမှ ပါးစပ်အတွင်းသို့ လိင်ဆက်ဆံခြင်း (ဝ.၀၄%)
  3. မိခင်မှ ကလေးသို့ ကူးစက်ခြင်း (၂၅%)

အဲ့ဒီနည်းလမ်းတွေကနေ တစ်ဆင့်ကူးစက်တာဖြစ်ပြီး ရောဂါရှိတဲ့သူနဲ့ တစ်ခန်းထဲ အတူနေတာ၊ အလုပ်အတူလုပ်တာ၊ ခြင်ကိုက်ခံရတာ၊ ရောဂါရှိသူရဲ့ ဆီး၊ မစင်၊ တံတွေး၊ သလိပ်၊ နှာရည်၊ မျက်ရည်၊ ချွေး၊ အန်ဖတ်နဲ့ ထိတွေ့မိတာ၊ သာမန်နမ်းရှုံ့မိတာ၊ ရောဂါရှိသူသောက်ထားတဲ့ ရေခွက်၊ စားထားတဲ့ ထမင်းပန်းကန်၊ ဇွန်းတွေနဲ့ စားသောက်တာတွေကနေတဆင့် ရောဂါမကူးစက်နိုင်ပါဘူး။
ရောဂါပိုး ကူးစက်ပျံ့နှံ့ပုံအကြောင်း မပြောခင် ကျနော်တို့ ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားတွေ ဝင်လာတဲ့အခါ အဲ့ဒီရောဂါပိုးမွှားတွေကို ခုခံကာကွယ်တဲ့ ကိုယ်ခံအားစနစ်အကြောင်းကို အကြမ်းဖျဉ်းပြောပြပါမယ်။ ပုံမှန်အားဖြင့် ကျနော်တို့ ကိုယ်ခန္ဓာထဲကို ရောဂါပိုးမွှားာတွေ ကျူးကျော် ဝင်ရောက်လာပြီဆိုတာနဲ့ ကိုယ်ခံအားစနစ်က စပြီး အလုပ်လုပ်ပါတယ်။ အဲ့လို ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ သွေးဖြူဥ အမျိုးအစားတစ်ခုဖြစ်တဲ့ အကူအညီပေး သွေးဖြူဥ “တီ” (Helper T lymphocytes or helper T Cells or CD4+ T Cells) က သူ့လုပ်ငန်းတာဝန်နှစ်ခုထဲက တစ်ခုကို အရင်ဆုံးလုပ်ဆောင်ပါတယ်။ ဒီတီဆဲလ်ကို မြန်မာပြည်က လူတွေက စီဒီဖိုးဆဲလ် (CD4+ T Cells) လို့ သိကြပါတယ်။

သူ့ ပထမတာဝန်က ဘာလဲဆိုရင် ရောဂါပိုးကို တွေ့တွေ့ချင်း တခြား ကိုယ်ခံအားဆဲလ်တွေကို အကူအညီတောင်းတဲ့ အနေနဲ့ ဓာတုပစ္စည်းတွေ လွှတ်ပြီး သူ့ဆီကို စုပြုံလာဖို့ အချက်ပြရတာပါ။ သူ့ရဲ့ အချက်ပြကိုရလို့ ရောက်လာတဲ့ သွေးဖြူဥကိုယ်ခံအားဆဲလ်တွေက ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ခိုက်ချေမှုန်းကြပါတယ်။

ဒုတိယ တာဝန်အနေနဲ့ အကူအညီပေးသွေးဖြူဥ “တီ” ဟာ ဓာတုပစ္စည်းတွေ ထပ်လွှတ်ပေးပြီး ရောက်လာတဲ့ သွေးဖြူဥတွေကို ပွားများအောင် လုပ်ပေးပါတယ်။ အသစ်ထပ်ပွားလာတဲ့ သွေးဖြူဥတွေက ကိုယ်ခံအား ပဋ္ဋိပစ္စည်းတွေက တစ်ကိုယ်လုံးမှာရှိတဲ့ အခုနက ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးရဲ့ ကိုယ်ခန္ဓာမှာတွယ်ကပ်ပြီး ရန်သူဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပေးပါတယ်။ အဲဒီလို ကိုယ်ခံအား ပဋ္ဋိပစ္စည်းတွေက ရောဂါပိုးကို တွယ်ကပ်ပြီးရန်သူဖြစ်ကြောင်း သတ်မှတ်ပြီးတာနဲ့ ကျန်တဲ့ကိုယ်ခံအားဆဲလ်တွေက အဲ့ဒီ မှတ်သားထားတဲ့ ရန်သူရောဂါပိုးတွေကို အမြစ်ပြတ်ချေမှုန်းပါတော့တယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ရဲ့ ကိုယ်ခံအားစနစ်က အလုပ်လုပ်ပါတယ်။

အဲ့ဒီလိုပဲ HIV ကူးစက်ခံရပြီဆိုရင် ဗိုင်းရပ်စ်ပိုးတွေဟာ ကူးစက်ခံရသူရ့ဲ သွေးတွေ၊ တခြားအရည်တွေထဲကို ကူးစက်ပျံ့နှံ့သွားပါတယ်။ ဒါပေမယ့် ဒီကောင်က ဉာဏ်များပြီး ရောဂါပိုးဖြစ်လေတော့ သူ့ကို ကိုယ်ခံအားစနစ်က မရိပ်မိအောင် ဦးစားပေးအနေနဲ့ အကူအညီပေးသွေးဖြူဥ “တီ” ရဲ့ ဆဲလ်ခန္ဓာထဲကို ခိုးဝင်လိုက်ပါတယ်။ သူက ဆဲလ်ထဲကို ခိုးမဝင်ခင်မှာ RNA (Ribo-nucleic Acid) သဘာဝရှိပေမယ့် ဆဲလ်ထဲကို ရောက်သွားတဲ့အခါမှာ သူ့ကိုယ်သူ DMA (Deoxyribonucleic Acid) သဘာဝအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အစက ဘင်္ဂါလီ၊ မြန်မာထဲကို ခိုးဝင်ပြီးမှ ရို ဆိုပြီး လုပ်သလိုမျိုးပေ့ါ။ သဘောပြောပြတာပါ။

အဲ့လို DNA သဘာဝကို ပြောင်းပြီးတဲ့အခါ တီဆဲလ်ရဲ့ အတွင်းပိုင်းဗဟိုဌာနချုပ်ဖြစ်တဲ့ နျူကလိယ (Nucleus) ထဲကို အယောင်ဆောင်ဝင်ရောက်ပြီး အဲ့အထဲမှာ HIV ပိုးအမြောက်အများကို မျိုးပွားထုတ်ပါတေ့ာတယ်။ အဲ့ဒီ အသစ်ထုတ်လိုက်တဲ့ HIV ဗိုင်းရပ်စ်ပိုးတွေက သူတို့မျိုးပွားတိုက်ခိုက်ခဲ့လို့ ချို့ယွင်းသွားတဲ့ အကူအညီပေးသွေးဖြူဥ “တီ” ကို စွန့်ခွာပြီး နောက်ထပ် “တီ” ဆဲလ် (စီဒီဖိုးဆဲလ်၊ CD4+T cells) တွေကို ထပ်ပြီး ကူးစက်ပွားများကြပါတယ်။ ကူးစက်ခံခဲ့ရလို့ ချို့ယွင်းသွားတဲ့ တီဆဲလ်တွေကို ချို့ယွင်းဆဲလ်ဖျက်သိမ်းရေး ကိုယ်ခံအားဆဲလ်ဖြစ်တဲ့ စီဒီအိတ်ဒ် (CD 8 Cytotoxic lymphocytes) တွေက ဖျက်သိမ်းသုတ်သင်ပစ်ပါတယ်။

ဒါကြောင့် အကူအညီပေးသွေးဖြူဥ “တီ” တွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘဲ သေဆုံးပျက်စိးသွားကြတာကြောင့် ကိုယ်ခန္ဓာထဲကို နောက်ထပ်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ရာမှာ ပါဝင်ကူညီဖို့ မလုပ်ဆောင်ပေးနိုင်တော့ပါဘူး။ အဲ့ဒီလို အကူအညီပေး သွေးဖြူဥ “တီ” တွေ သေဆုံးကုန်တာကြောင့် ကိုယ်ခံအာစနစ်ချို့ယွင်းမှု၊ အားနည်းမှုတွေ ဖြစ်လာပါတော့တယ်။

အဲ့လို ကိုယ်ခံအားစနစ် ချို့ယွင်းလာတဲ့အခါ (စစ်တပ်အင်အားနည်းသွားတဲ့အခါ) တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလိုပဲ တီဘီတို့၊ အဆုတ်ရောင်တို့၊ ရေယုန်စတဲ့ တခြားရောဂါပိုးတွေလည်း အလွယ်တကူ ဝင်ရောက်လာပါတယ်။ ဒီလိုဝင်ရောက်လာတဲ့ ကူးစက်ရောဂါတွေကို အချောင်ပိုးမွှားကူးစက်မှု (Opportu-nistic Infections) တွေလို့ခေါ်ပါတယ်။ အဲ့ဒါတွေအပြင် ဦးဏှောက်အမြှေးရောင်၊ ဦးနှောက်ရောင်၊ ကင်ဆာရောဂါ စတာတွေပါ ဖြစ်လာပါတယ်။ အဲ့ဒီလို အချောင်ပိုးမွှားကူးစက်မှု တစ်ခုနဲ့အထက် ရှိလာပြီဆိုရင်တော့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) အဆင့်ထိ ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။
HIV ပိုးကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့သူရဲ့ ၄၀-၉၀ ရာခိုင်နှုန်းမှာ ၂ပတ်၊ ၃ပတ်လောက် တုပ်ကွေးမိသလို ဖျားတာ၊ ပြန်လည်ကျိတ်တွေရောင်တာ၊ လည်ချောင်းနာတာ၊ အင်ပြင်တွေထွက်တာ၊ ခေါင်းကိုက်တာ၊ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေပေါက်တာမျိုး ခံစားရပါတယ်။ တချို့လူတွေမှာတော့ ဘာလက္ခဏာမှ မခံစားရတာမျိုးလည်း ရှိပါတယ်။

စပြီးကူးစက်ခံရတဲ့အချိန်ကနေ HIV ရောဂါပိုးရှိကြောင်း စမ်းသပ်တွေ့ရှိဖို့အတွက် ကြာချိန် (Window Pe-riod) က ၁၀ ရက်ကနေ ၃ လအထိ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့လိုတွေ့ရှိဖို့ အတွက်က လူတစ်ဦးချင်းစီနဲ့ မူတည်ပြီး ကြာတာမို့ အခုနောက်ပိုင်း နည်းစနစ်အသစ်အသစ်တွေ ပေါ်လာတဲ့အချိန်မှာတော့ ရက်ပိုင်းအတွင်းမှာ ပိုးရှိမရှိ၊ သိနိုင်လာကြပါပြီ။

စမ်းသပ်တဲ့နည်းစနစ်တွေကတော့ Rapis Antibody Test နဲ့စစ်ရင် ရောဂါကူးစက်ပြီး ၃ လအကြာမှာ ရှိမရှိသိနိုင်မယ်။ ကိုယ်ခံအားပဋိပစ္စည်း (Anti-body) တွေက အဲ့လောက်ကြာမှ ထွက်လာတမို့ပါ။ Rapid Antibody/ Antigen Combination Test နဲ့စစ်ရင် ရောဂါစပြီး ကူးစက်ခံရတဲ့အချိန်ကနေ ၁၂ ရက်ကနေ ၄၅ ရက်အတွင်း ရောဂါပိုး ရှိမရှိ သိနိုင်မယ်။ RNA Test နဲ့စစ်ရင် ၁၀ ရက်ကနေ ၁၄ ရက်အတွင်း သိနိုင်မယ်။ Home testing kits နဲ့စစ်ရင် ၃ လအကြာမှာ သိနိုင်မယ်။ PCR tests (Polymerase Chain Reaction Tests) နဲ့စစ်ရင် ၂ ပတ်ကနေ ၃ ပတ်အကြာမှာ သိနိုင်ပြီး ဗိုင်းရပ်စ် ပိုးကောင်ရေ (Viral load) ပါစစ်လို့ရပါတယ်။

HIV ကူးစက်ခံရတာနဲ့ တန်းပြီးခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) တန်းမဖြစ်ပါဘူး။ ကျနော်တို့ရဲ့ ပုံမှန် စီဒီဖိုး “တီ” ဆဲလ်အရေအတွက် 500-1400 cells/cubic millimeter uae 200 cells/cubic millimeter အထိကျသွားပြီဆိုမှ ကျန်တဲ့အချောင်ပိုးမွှား ကူးစက်ခံရမှု (Opportunistic Infec-tion) တွေဝင်လာပြီးတော့ ခုခံအား ကျဆင်းမှုကူးစက်ရောဂါစု (AIDS) အဖြစ် ရောက်သွားတာပါ။

ဆေးဝါးကုသမှု မခံယူဘဲ နေမယ်ဆိုရင် ဒီလို HIV ရောဂါဝေဒနာရှင်တွေဟာ အာဏာကုန် ၁၀
နှစ်၊ ၁၁ နှစ်ပဲ ရှင်သန်ခွင့်ရပါလိမ့်မယ်။ ဆေးဝါးကုသမှု ခံယူမယ်ဆိုရင်တော့ ပုံမှန်သက်တမ်းစေ့ နီးပါရှင်သန်ခွင့် ရပါလိမ့်မယ်။ “တီ” ဆဲလ်အရေအတွက် ၂၀၀ အောက်ရောက်သွားပြီဆိုရင် ကျနော်တို့ရဲ့ ကိုယ်ခံအားစနစ်က လွယ်လွယ်လေး ကာကွယ်ခဲ့တဲ့ မှိုပိုး၊ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး (အကျိုးပြု ဘတ်တီးရီးယား ပိုးတွေအပါအဝင်)၊ ကပ်ပါးပိုးတွေက အလွယ်တကူ ဒုက္ခပေးလို့ရသွားပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကာပိုစီ ကင်ဆာ (Kaposi’s sarcoma)၊ ဘာ့ခ်ကစ် ပြန်ရည်ကြိတ်ကင်ဆာ (Burkitt’s lymphoma)၊ ဗဟိုအာရုံကြောစနစ် ပြန်လည်ကြိတ်ကင်ဆာ (Pri-mary central nervous system lym-phoma)၊ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) တွေပါ ဖြစ်လာကြပါတယ်။ လျှာနဲ့ ခံတွင်းမှာ မှက္ခရုစွဲတာ၊ မျက်သားကင်ဆာ (Conjuncti-val Cancer) ဖြစ်တာတွေလည်း အေ့ဒ်စ် ဖြစ်ပြီဆိုရင် အဖြစ်များပါတယ်။ အဲ့လိုထပ်ဖြစ်တဲ့ အချောင်ပိုးမွှားကူးစက်မှုတွေကိုတော့ဖြစ်တဲ့ ရောဂါအလိုက် သင့်တော်တဲ့ ဆေးဝါးတွေကို တိုက်ကျွေးပေးရမှာပါ။

HIV မကူးစက်အောင် ကာကွယ်ဖို့အတွက်ကတော့ အထက်ကပြောခဲ့တဲ့ ကူးစက်နိုင်တဲ့ နည်းလမ်တွေကို သိရှိပြီး သတိထားလိုက်နာ ရှောင်ကြဉ်ကြရမှာပါ။ ဒါ့အပြင် ကွန်ဒုံးကို စနစ်တကျသုံးတာ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးတာ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်တာ၊ သွေးနဲ့ ထိတွေ့ထားတဲ့ ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်တာ၊ ပြန်သုံးရမယ်ဆိုရင်လည်း စနစ်တကျ ပိုးသန့်စင်ပြီးမှ ပြန်သုံးတာမျိုးလုပ်ရင် HIV ပိုးကူးစက်ခံရတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

HIV ပိုးကူးစက်ခံရပြီဆိုရင်လည်း စိတ်ဓာတ်မကျဘဲ အာဟာရပြည့်အောင်စားတာ၊ အိပ်ရေး၀၀အိပ်တာ၊ စိတ်ဖိစီးမှုကင်းအောင် တရားထိုင် တရားမှတ်တာ၊ သွေးပုံမှန်စစ်ဆေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုခံတာမျိုးတွေကို လုပ်ရပါမယ်။ HIV ရှိမှန်းသိတဲ့သူတွေက ရှောင်ဖယ်ရှောင်ဖယ် မလုပ်ဘဲ အားပေးတာ၊ ကူညီတာ၊ စိတ်ဓာတ်မြှင့်တင်ပေးတာတွေကို လူသားချင်းစာနာမှု အနေနဲ့ လုပ်ပေးရပါမယ်။ အားနည်းသူ ဝါးကူထိုးတဲ့ အဖြစ်မျိုးမဖြစ်အောင်တော့ လူတိုင်းကိုယ့်ပင်ကိုယ် အသိစိတ်နဲ့ ထိန်းသိမ်းပေးကြရမှာပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) ဆိုတာက HIV ကူးစက်ခံရတိုင်း နောက်ဆုံးအဆင့်အနေနဲ့ ကြုံတွေ့ကြရမှာ ဖြစ်ပေမယ့် အဲ့လိုကြုံရမှာပဲဆိုပြီး စိတ်ဓာတ်မကျဘဲ ကျနော်ပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် လူ့သက်တမ်းစေ့နီးပါး ပုံမှန်လူတစ်ယောက်လို ရှင်သန်နေထိုင်ခွင့် ရပါလိမ့်မယ်။ ဒီလိုကူးစက်ခံရသူတွေကိုလည်း ကျန်တဲ့လူတွေက ဝိုင်းဝန်းဖေးမကူညီ အားပေးပေးရပါမယ်။

HIV/AIDS ရောဂါဝေဒနာရှင်တွေအတွက် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ World AIDS Day အဖြစ်သတ်မှတ်ပေးပြီး ဖဲကြိုးအနီရောင်နဲ့ သင်္ကေတပြုပေးထားပါတယ်။ အဲ့လိုပဲ ကျနော်တု့ိ မြန်မာနိုင်ငံသားတွေအနေနဲ့ စိတ်နှလုံးနူးညံ့သူတွေပီပီ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင်တွေကို နွေးနွေးထွေးထွေးဆက်ဆံပြီး ဖေးဖေးမမ ကူညီပေးကြပါလု့ိ ပြောရင် ကျနော့်ရဲ့ “ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်း သိကောင်းစရာ” ဆိုတဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေဗျာ။

Author – ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်) Healthcare Journal (Vol:7/no:46/pg:22) 

Previous Post

ကိုယ်ဝန်ဆောင်နဲ့ မွေးစကလေးကျန်းမာရေး

Next Post

ကျောက်ကပ်အားနည်းရောဂါ (Renal Failure)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျောက်ကပ်အားနည်းရောဂါ (Renal Failure)

မိန်းကလေးများ ငွေမကုန်ဘဲ အလှအပနည်းလမ်းကောင်းများ

လေယာဉ်စီးခြင်းကြောင့် မမျှော်လင့်ပဲ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.