fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မစားကောင်းတဲ့အသီး

197
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/11/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

 

မစားကောင်းတဲ့အသီး(Why you should avoid oral sex)

အခုခေတ်ဟာ အရင်ခေတ်ကထက် အစစအရာရာမှာ လွတ်လပ်ပွင့်လင်းလာပြီး ဖုန်းတွေ အင်တာနက်တွေလည်း လူတိုင်းသုံးနိုင်လာကြပါတယ်။

ဒီအခါမှာ အင်တာနက်က အပြာ ဇာတ်ကားတွေကြည့်၊အပြာစာအုပ်တွေ ဖတ်ပြီး လိင်ဆက်ဆံရာမှာ အရင်ခေတ်ကလို ရိုးရိုးတန်းတန်း ဖိုအင်္ဂါ နဲ့ မအင်္ဂါဆက်ဆံတာမဟုတ်ဘဲ ပါးစပ်နဲ့ဆက်ဆံတာ၊စအိုနဲ့ဆက်ဆံတာမျိုးစတဲ့ပုံမှန်မဟုတ်တဲ့ဆက်ဆံနည်းတွေဟာ အခုနောက်ပိုင်းမှာ လူထုကြားမှာ တွင်ကျယ်လာပါတယ်။

ဒီတပတ်မှာ တော့ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။

ပါးစပ်ဖြင့်လိင်ဆက်ဆံတယ်ဆိုတာဟာ လူတဦးက သူရဲ့ပါးစပ်၊နှုတ်ခမ်း၊လျှာ စတဲ့ပါးစပ်အင်္ဂါစိတ်အပိုင်းတွေကိုသုံးပြီး တခြားသူတဦးရဲ့လိင်အင်္ဂါအစိတ်အပိုင်းတွေကို နှိုးဆွကာ လိင်စိတ်အထွတ်အထိပ်ရောက်စေပြီး ပြီးမြှောက်မှုဖြစ်စေတာဖြစ်ပါတယ်။

ဆေးပညာအရတော့ oral sex လို့ခေါ်ပါတယ်။

oral sex လုပ်ခြင်းဖြင့် ဖိုအင်္ဂါနဲ့မအင်္ဂါဆက်ဆံသလိုကလေးမရနိုင်ဘူး။စိတ်ကျေနပ်မှုလည်းရတယ်။အေအိုင်ဒီအက်စ်၊ကာလသားစတဲ့ရောဂါတွေလည်းမကူးနိုင်ဘူး လို့ ထင်ကြတဲ့အတွက် ယခုခေတ် လူငယ်လူရွယ်တွေကြားမှာ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဟာ ခေတ်စားနေပါတယ်။

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းဟာ ဖိုအင်္ဂါနဲ့မအင်္ဂါဆက်ဆံသလိုကလေးမရနိုင်ဘူး။စိတ်ကျေနပ်မှုလည်းရတယ် ဆိုတဲ့အချက်နှစ်ချက်ကတော့ မှန်ပေမယ့် အေအိုင်ဒီအက်စ်၊ကာလသားစတဲ့ရောဂါတွေမကူးစက်နိုင်ဘူးဆိုတာကတော့မဟုတ်ပါ။

Oral Sex ကနေ ကာလသားရောဂါကူးနိုင်သလို ဂနိုခေါ်ဆီးပူညောင်းကျရောဂါ၊လိင်အင်္ဂါရေယုန်၊လိင်အင်္ဂါကြွက်နို့ ရောဂါတွေကူးနိုင်ပါတယ်။

ဒါ့အပြင် အသည်းရောင်အသားဝါဘီပိုးစီပိုး လည်းကူးနိုင်ပါတယ်။

အေအိုင်ဒီအက်စ်ကူးနိုင်ခြေအနေနဲ့တော့ ကူးစက်နိုင်ခြေ ၁ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြတဲ့သုတေသနတွေလည်းရှိသလို ကူးစက်နိုင်ခြေ ၈ရာခိုင်နှုန်းအထိရှိတယ်လို့ ဖော်ပြတဲ့သုတေသနတွေလည်းရှိပါတယ်။

Oral Sex လုပ်တဲ့အခါ

လုပ်ပေးတဲ့သူက တကိုယ်ရေသန့်ရှင်းမှုမရှိရင်၊ပါးစပ်၊လည်ချောင်း၊လျှာ၊နှုတ်ခမ်းတွေမှာ အနာတွေရှိရင် အလုပ်ခံတဲ့သူကို လိင်မှတဆင့်ကူးစက်ရောဂါတွေကူးစက်နိုင်ခြေဟာပိုများသလို

အလုပ်ခံတဲ့သူကတကိုယ်ရေသန့်ရှင်းမှုမရှိရင်၊လိင်အင်္ဂါမှာအနာရှိရင်၊ရာသီလာနေရင်၊လုပ်ပေးတဲ့သူပါးစပ်ထဲမှာသုတ်လွှတ်ရင်လည်း လုပ်ပေးတဲ့သူကို လိင်မှတဆင့်ကူးစက်ရောဂါတွေကူးစက်နိုင်ခြေဟာ ပိုများပါတယ်။

ဒီလိုမျိုးကူးစက်ရောဂါတွေကိုကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးနိုင်ပေမယ့် ဖိုအင်္ဂါ မအင်္ဂါဆက်ဆံတာမဟုတ်ဘဲ ပါးစပ်နဲ့ဆက်ဆံတာဖြစ်တဲ့အတွက် ကွန်ဒုံးပေါက်တာပြဲတာဖြစ်နိုင်ခြေက များပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးရရင်တော့ ပါးစပ်ဖြင့်ဆက်ဆံခြင်းကို ရှောင်ပါ။မရှောင်နိုင်လို့ ဆက်ဆံမည်ဆိုပါက ကိုယ်နဲ့ဆက်ဆံဖက်က ကိုယ့်အပြင်တခြားဆက်ဆံဖက်များမများ၊ တကို်ယ်ရည်သန့်ရှင်းမှုရှိမရှိ၊ရောဂါရှိမရှိ၊အနာရှိမရှိ သေချာသိမှဆက်ဆံပါ။ကွန်ဒုံးသုံးပါ။ရာသီလာနေချိန်မှာမဆက်ဆံပါနဲ့။

Dr 528

Previous Post

လော်ကဓံ

Next Post

လည်ချောင်းနာလည်း သောက်လို့ရတဲ့အအေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လည်ချောင်းနာလည်း သောက်လို့ရတဲ့အအေး

ဘယ်လိုသွားတိုက်ဆေးမျိုး ရွေးရမလဲ

သတိကြီးကြီးထားဖို့လိုတဲ့ သည်းခြေအိတ်ရောင်ရမ်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.