fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်အင်္ဂါကောင်းစွာမတောင့်တင်းနိုင်ခြင်းအတွက် ကုထုံးများ ဆေးဝါးကုထုံး (သောက်ဆေးများ)

601
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

Sildenafil သည္လိင္အဂၤါေတာင့္တင္းေစရန္အတြက္ အေကာင္းဆုံးေဆးတစ္ခုဟု ဆိုႏိုင္ပါသည္။ Sildenafil ေဆး၏ေအာင္ျမင္မႈမွာ ၆၉ ရာခိုင္ႏႈန္းရွိပါသည္။ ကနဦးပိုင္းတြင္အက်ိဳးသက္ေရာက္မႈမွာ ၈၀ ရာခိုင္ ႏႈန္းအထိရွိေၾကာင္းေတြ႕ရ၏။ အထူးသျဖင့္ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈေၾကာင့္ လိင္အဂၤါမေတာင့္တင္းႏိုင္မႈအတြက္ Sildenafil ကပိုမို ေကာင္းမြန္ေစပါသည္။ ေသြးခ်ိဳဆီးခ်ိဳေရာဂါရွိသူမ်ားတြင္ Sildenafil ၏ေအာင္ျမင္မႈမွာ ၅၀ ရာခိုင္ႏႈန္းခန႔္သာရွိ ၏။
Sildenafil ေဆးကို ၂၅မီလီဂရမ္၊ ၅၀မီလီဂရမ္ႏွင့္ ၁၀၀မီလီဂရမ္ ေဆးလုံးမ်ားအျဖစ္ထုတ္လုပ္ေၾကာင္း သိရ၏။ ၁၀၀မီလီဂရမ္အထက္ ေဆးပမာဏပိုမိုသုံးစြဲျခင္းျဖင့္ အက်ိဳးထိေရာက္မႈပိုမလာႏိုင္ေၾကာင္း သတိျပဳ သင့္သည္။

Sildenafil ၏ေဘးထြက္ဆိုးက်ိဳး တခ်ိဳ႕မွာ
ေခါင္းကိုက္ျခင္း (၁၆ ရာခိုင္ႏႈန္း)၊ အေရျပားနီရဲျခင္း (၁၀ ရာခိုင္ႏႈန္း)၊ အစားအေသာက္ပ်က္ျခင္းႏွင့္ အစာမေၾကျခင္း (၇ ရာခိုင္ႏႈန္း)၊ ႏွာရည္ယိုျခင္း (၄ ရာခိုင္ႏႈန္း)၊ အျမင္အာ႐ုံျပႆနာ (၃ ရာခိုင္ႏႈန္း)တို႔ျဖစ္၏။ ႏွ လုံးေသြးေၾကာဆိုင္ရာေရာဂါမ်ားေၾကာင့္ ႏိုက္ထရိတ္ပါေသာေဆးဝါးမ်ားသုံးစြဲသူမ်ား Sildenafil သုံးစြဲရန္မသင့္ ပါ။ Sildenafil ကိုအစာစားၿပီး တစ္နာရီၾကာမွေသာက္သုံးသင့္၏။ လိင္ဆက္ဆံျခင္းမျပဳမီတစ္နာရီခန႔္ ႀကိဳတင္ ေသာက္ရမည္ျဖစ္၏။

Sildenafil ေဆးေသာက္ထားေသာ္လည္း လႈံ႕ေဆာ္မႈမရွိလွ်င္ အာနိသင္ရရွိမည္မဟုတ္ေပ။ လိင္အဂၤါ ေတာင့္တင္းရန္ႏႈိးဆြမႈရွိနရန္ လိုအပ္ပါသည္။ Yohimbine ေဆးကိုလည္းႏွစ္ေပါင္းမ်ားစြာကပင္ သုံးစြဲခဲ့ၾက ေၾကာင္းေတြ႕ရ၏။ ေဆးပမာဏကို ၅မီလီဂရမ္မွ ၁၅မီလီဂရမ္လိုအပ္သည္။ ကြၽမ္းက်င္သူမ်ားက Yohimbine ၏ အာနိသင္မွာစိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေပးမႈသာျဖစ္ေၾကာင္း ေျပာၾကားခဲ့၏။

ထိုးေဆးမ်ား
Alprostadil ေဆးမွာ ပေရာ့စဂလင္ဒင္ အီးဝမ္း Prostaglandin E1 ျဖစ္၏။ ၅ မိုက္ခ႐ိုဂရမ္၊ ၁၀ မိုက္ခ ႐ိုဂရမ္ႏွင့္ ၂၀ မိုက္ခ႐ိုဂရမ္ထိုးေဆးမ်ားအျဖစ္ ထုတ္လုပ္ထားေၾကာင္းေတြ႕ရ၏။ မိမိ၏ေနအိမ္တြင္ စိတ္လြတ္ ကိုယ္လြတ္ေနရာေဒသမ်ားအတြက္ ပိုမိုအက်ိဳးသက္ေရာက္မႈရွိသည္ဟု ဆိုပါသည္။ Papaverine ေဆးကိုလည္း ၁၉၈၀ျပည့္ႏွစ္ပိုင္းက အသုံးမ်ားခဲ့ေၾကာင္းေတြ႕ရ၏။ အာနိသင္အစြမ္းထက္ ျမက္ၿပီးကုန္က်စရိတ္ သက္သာေသာေဆးျဖစ္သည္။

Triple Theropy မွာေဆးသုံးမ်ိဳးကို တြဲစပ္အသုံးျပဳသည့္ကုထုံးျဖစ္၏။ Papaverine, Phentolamine ႏွင့္ Alprostadil တို႔ကိုေပါင္းစပ္ထားေသာေဆးျဖစ္၏။ Papaverine ၃၀ မီလီဂရမ္၊ Phentolamine ၁ မီလီဂရမ္ ႏွင့္ Alprostadil ၂၀ မီလီဂရမ္တို႔ကို ေပါင္းစပ္ထားပါသည္။

Vasoaclive Intestinal Polypeptide “VIP”
VIP မွာအစာလမ္းေၾကာင္း ေဟာ္မုန္းတစ္ခုျဖစ္သည္။ VIP ဝ.၀၂၅ မီလီဂရမ္ကို Phentolamine ၁ (သို႔) ၂ မီလီဂရမ္ႏွင့္တြဲစပ္အသုံးျပဳေလ့ရွိသည္။

ဆီးႁပြန္အတြင္းသြင္းေဆး
ဆီးႁပြန္အတြင္းသြင္းေဆး Medicated Urethral System for Erection MUSE သည္ ပေရာ့စဂလင္ဒင္ ေဆးလုံးငယ္မ်ားျဖစ္၏။ ၁၂၅/၂၅၀/၅၀၀/၁၀၀၀ မိုင္ခ႐ိုဂရမ္ပါဝင္ေသာ ေဆးလုံးငယ္ေလးမ်ားျဖစ္သည္။ ေဆး လုံးငယ္ေလးကိုဆီးႁပြန္ Urethra အတြင္းသြင္းၿပီး ၁၅ မိနစ္ခန႔္ၾကာလွ်င္ လိင္အဂၤါေတာင့္တင္းလာေၾကာင္းေတြ႕ ရသည္။ ထိုနည္းမွာ လူႀကိဳက္အမ်ားဆုံးနည္းျဖစ္သည္။ အသုံးျပဳရလြယ္ကူ ျခင္းေၾကာင့္ျဖစ္ႏိုင္သည္။

ေဟာ္မုန္းကုထုံး
ေသြး၌ေဟာ္မုန္းပမာဏ ပုံမွန္ရွိေနသူမ်ားအတြက္ေဟာ္မုန္းကုထုံးမွာ ထိေရာက္မႈမရွိေခ်။ ေဟာ္မုန္းခ်ိဳ႕ တဲ့မႈေၾကာင့္ လိင္အဂၤါမေတာင့္တင္းႏိုင္သူမ်ားအတြက္သာလွ်င္ ထိုနည္းမွာ အက်ိဳးရွိေၾကာင္းေတြ႕ရသည္။ ဆီး က်ိတ္ႀကီးေနသူမ်ား၊ ဆီးက်ိတ္ကင္ဆာျဖစ္ေနသူမ်ား လုံးဝမသုံးသင့္ပါ။

ေလဟာနယ္ျပဳၿပီး ကုသနည္း
Vaccum Devices ေခၚ ေလဟာနယ္ျဖစ္ေစႏိုင္သည့္ ပစၥည္းျဖင့္လိင္အဂၤါေတာင့္တင္းေအာင္ ျပဳ ေဆာင္ေပးႏိုင္ပါသည္။ လိင္အဂၤါကို ပလတ္စတစ္ႁပြန္၌ထည့္ၿပီး ပတ္ဝန္းက်င္ကိုေလဟာနယ္ျဖစ္ေစကာ လိင္ အဂၤါသို႔ေသြးစီးဆင္းမႈမ်ားေအာင္ ဖန္တီးျခင္းျဖစ္ပါသည္။ ေသြးစီးဆင္းမႈေၾကာင့္တင္းမာလာေသာ လိင္အဂၤါကို အရင္း၌ေရာ္ဘာကြင္းျဖင့္ စြပ္ညႇစ္ထားျခင္းျပဳေဆာင္ကာ ေတာင့္တင္းမႈကိုဆက္လက္ထိန္းထား ႏိုင္မည္ျဖစ္သည္။

ခြဲစိပ္ကုသျခင္းမ်ား
လိင္အဂၤါႀကီးထြားေစရန္ ပစၥည္းအတုထည့္ေပးျခင္းႏွင့္ ေသြးေၾကာမ်ားအားခြဲစိပ္ျပဳျပင္ျခင္းတို႔ျဖင့္ လိင္ အဂၤါမေတာင့္တင္းႏိုင္ျခင္းကို ကုသေပးႏိုင္သည္။

လိင္အဂၤါေတာင့္တင္းမႈျပႆနာအတြက္ စစ္ေဆးျခင္း
မလြဲမေသြျပဳလုပ္ရန္ –

ေသြးဖိအားတိုင္းျခင္း၊ ေသြးခ်ိန္ျခင္း။
ေသြးႏွင့္ဆီး၌ သၾကားဓာတ္ပါဝင္မႈစစ္ေဆးျခင္း။ (လိင္ဆႏၵေလ်ာ့နည္းမႈရွိလွ်င္ စစ္ေဆးရန္)
ေသြး၌ အင္ဒ႐ိုဂ်င္ (တက္စတိုစတီး႐ုန္း) ပါဝင္မႈ။
ေသြး၌ FSH (Follcular Stimulating Hormone) ပါဝင္မႈ။
ေသြး၌ LH (Luteinizing Hormone) ပါဝင္မႈ။
ေသြး၌ ပ႐ိုက္လက္တင္ပမာဏ။
အျခားစစ္ေဆးသင့္သည္မ်ား
ညပိုင္းလိင္အဂၤါတင္းမာမႈ။
ေသြးေၾကာမ်ား ေကာင္းမြန္ျခင္းရွိမရွိ စစ္ေဆးျခင္း။
လိင္အဂၤါၾကာရွည္ေတာင့္တင္းေနျခင္း (Priapism)
လိင္အဂၤါေတာင့္တင္းေအာင္ ကုထုံးအမ်ိဳးမ်ိဳးျဖင့္ ကုသႏိုင္ေၾကာင္းတင္ျပခဲ့ၿပီးျဖစ္သည္။ ျပင္ပအကူအ ညီျဖင့္ လိင္အဂၤါေတာင့္တင္းေအာင္ျပဳလုပ္ထားသူ အမ်ိဳးသားတစ္ဦး၌ လိင္အဂၤါသည္ေလးနာရီထက္ ပိုမိုၾကာ ျမင့္စြာေတာင့္တင္းေနပါလွ်င္ အေရးေပၚကုသမႈလိုအပ္မည္ျဖစ္ပါေၾကာင္း သိထားၾကေစလိုပါသည္။ အကယ္၍
ကုသမႈေနာက္က်ခဲ့လွ်င္ လိင္အဂၤါတစ္သွ်ဴးမ်ား လုံးဝပ်က္ယြင္းသြားႏိုင္သည္။

ကုသနည္း
အကယ္၍ လိင္အဂၤါေတာင့္တင္းမႈေလးနာရီထက္ ပိုမိုၾကာျမင့္ပါက ေဆးပညာရွင္မ်ား၏ အကူအညီကို ခ်က္ခ်င္းရယူရန္ျဖစ္ပါသည္။ ေဆးပညာရွင္မ်ားက လိုအပ္သလိုဆက္လက္ကုသေပးမည္ျဖစ္သည္။

Author – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)

(Unicode)

Sildenafil သည်လိင်အင်္ဂါတောင့်တင်းစေရန်အတွက် အကောင်းဆုံးဆေးတစ်ခုဟု ဆိုနိုင်ပါသည်။ Sildenafil ဆေး၏အောင်မြင်မှုမှာ ၆၉ ရာခိုင်နှုန်းရှိပါသည်။ ကနဦးပိုင်းတွင်အကျိုးသက်ရောက်မှုမှာ ၈၀ ရာခိုင် နှုန်းအထိရှိကြောင်းတွေ့ရ၏။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် လိင်အင်္ဂါမတောင့်တင်းနိုင်မှုအတွက် Sildenafil ကပိုမို ကောင်းမွန်စေပါသည်။ သွေးချိုဆီးချိုရောဂါရှိသူများတွင် Sildenafil ၏အောင်မြင်မှုမှာ ၅၀ ရာခိုင်နှုန်းခန့်သာရှိ ၏။ Sildenafil ဆေးကို ၂၅မီလီဂရမ်၊ ၅၀မီလီဂရမ်နှင့် ၁၀၀မီလီဂရမ် ဆေးလုံးများအဖြစ်ထုတ်လုပ်ကြောင်း သိရ၏။ ၁၀၀မီလီဂရမ်အထက် ဆေးပမာဏပိုမိုသုံးစွဲခြင်းဖြင့် အကျိုးထိရောက်မှုပိုမလာနိုင်ကြောင်း သတိပြု သင့်သည်။

Sildenafil ၏ဘေးထွက်ဆိုးကျိုးတချို့မှာ
ခေါင်းကိုက်ခြင်း (၁၆ ရာခိုင်နှုန်း)၊ အရေပြားနီရဲခြင်း (၁၀ ရာခိုင်နှုန်း)၊ အစားအသောက်ပျက်ခြင်းနှင့် အစာမကြေခြင်း (၇ ရာခိုင်နှုန်း)၊ နှာရည်ယိုခြင်း (၄ ရာခိုင်နှုန်း)၊ အမြင်အာရုံပြဿနာ (၃ ရာခိုင်နှုန်း)တို့ဖြစ်၏။ နှ လုံးသွေးကြောဆိုင်ရာရောဂါများကြောင့် နိုက်ထရိတ်ပါသောဆေးဝါးများသုံးစွဲသူများ Sildenafil သုံးစွဲရန်မသင့် ပါ။ Sildenafil ကိုအစာစားပြီး တစ်နာရီကြာမှသောက်သုံးသင့်၏။ လိင်ဆက်ဆံခြင်းမပြုမီတစ်နာရီခန့် ကြိုတင် သောက်ရမည်ဖြစ်၏။

Sildenafil ဆေးသောက်ထားသော်လည်း လှုံ့ဆော်မှုမရှိလျှင် အာနိသင်ရရှိမည်မဟုတ်ပေ။ လိင်အင်္ဂါ တောင့်တင်းရန်နှိုးဆွမှုရှိနရန် လိုအပ်ပါသည်။ Yohimbine ဆေးကိုလည်းနှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြ ကြောင်းတွေ့ရ၏။ ဆေးပမာဏကို ၅မီလီဂရမ်မှ ၁၅မီလီဂရမ်လိုအပ်သည်။ ကျွမ်းကျင်သူများက Yohimbine ၏ အာနိသင်မှာစိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုသာဖြစ်ကြောင်း ပြောကြားခဲ့၏။

ထိုးဆေးများ
Alprostadil ဆေးမှာ ပရော့စဂလင်ဒင် အီးဝမ်း Prostaglandin E1 ဖြစ်၏။ ၅ မိုက်ခရိုဂရမ်၊ ၁၀ မိုက်ခ ရိုဂရမ်နှင့် ၂၀ မိုက်ခရိုဂရမ်ထိုးဆေးများအဖြစ် ထုတ်လုပ်ထားကြောင်းတွေ့ရ၏။ မိမိ၏နေအိမ်တွင် စိတ်လွတ် ကိုယ်လွတ်နေရာဒေသများအတွက် ပိုမိုအကျိုးသက်ရောက်မှုရှိသည်ဟု ဆိုပါသည်။

Papaverine ဆေးကိုလည်း ၁၉၈၀ပြည့်နှစ်ပိုင်းက အသုံးများခဲ့ကြောင်းတွေ့ရ၏။ အာနိသင်အစွမ်းထက် မြက်ပြီးကုန်ကျစရိတ် သက်သာသောဆေးဖြစ်သည်။

Triple Theropy မှာဆေးသုံးမျိုးကို တွဲစပ်အသုံးပြုသည့်ကုထုံးဖြစ်၏။ Papaverine, Phentolamine နှင့် Alprostadil တို့ကိုပေါင်းစပ်ထားသောဆေးဖြစ်၏။ Papaverine ၃၀ မီလီဂရမ်၊ Phentolamine ၁ မီလီဂရမ် နှင့် Alprostadil ၂၀ မီလီဂရမ်တို့ကို ပေါင်းစပ်ထားပါသည်။

Vasoaclive Intestinal Polypeptide “VIP”
VIP မှာအစာလမ်းကြောင်း ဟော်မုန်းတစ်ခုဖြစ်သည်။ VIP ဝ.၀၂၅ မီလီဂရမ်ကို Phentolamine ၁ (သို့) ၂ မီလီဂရမ်နှင့်တွဲစပ်အသုံးပြုလေ့ရှိသည်။

ဆီးပြွန်အတွင်းသွင်းဆေး

ဆီးပြွန်အတွင်းသွင်းဆေး Medicated Urethral System for Erection MUSE သည် ပရော့စဂလင်ဒင် ဆေးလုံးငယ်များဖြစ်၏။ ၁၂၅/၂၅၀/၅၀၀/၁၀၀၀ မိုင်ခရိုဂရမ်ပါဝင်သော ဆေးလုံးငယ်လေးများဖြစ်သည်။ ဆေး လုံးငယ်လေးကိုဆီးပြွန် Urethra အတွင်းသွင်းပြီး ၁၅ မိနစ်ခန့်ကြာလျှင် လိင်အင်္ဂါတောင့်တင်းလာကြောင်းတွေ့ ရသည်။ ထိုနည်းမှာ လူကြိုက်အများဆုံးနည်းဖြစ်သည်။ အသုံးပြုရလွယ်ကူ ခြင်းကြောင့်ဖြစ်နိုင်သည်။

ဟော်မုန်းကုထုံး

သွေး၌ဟော်မုန်းပမာဏ ပုံမှန်ရှိနေသူများအတွက်ဟော်မုန်းကုထုံးမှာ ထိရောက်မှုမရှိချေ။ ဟော်မုန်းချို့ တဲ့မှုကြောင့် လိင်အင်္ဂါမတောင့်တင်းနိုင်သူများအတွက်သာလျှင် ထိုနည်းမှာ အကျိုးရှိကြောင်းတွေ့ရသည်။ ဆီး ကျိတ်ကြီးနေသူများ၊ ဆီးကျိတ်ကင်ဆာဖြစ်နေသူများ လုံးဝမသုံးသင့်ပါ။

လေဟာနယ်ပြုပြီး ကုသနည်း

Vaccum Devices ခေါ် လေဟာနယ်ဖြစ်စေနိုင်သည့် ပစ္စည်းဖြင့်လိင်အင်္ဂါတောင့်တင်းအောင် ပြု ဆောင်ပေးနိုင်ပါသည်။ လိင်အင်္ဂါကို ပလတ်စတစ်ပြွန်၌ထည့်ပြီး ပတ်ဝန်းကျင်ကိုလေဟာနယ်ဖြစ်စေကာ လိင် အင်္ဂါသို့သွေးစီးဆင်းမှုများအောင် ဖန်တီးခြင်းဖြစ်ပါသည်။ သွေးစီးဆင်းမှုကြောင့်တင်းမာလာသော လိင်အင်္ဂါကို အရင်း၌ရော်ဘာကွင်းဖြင့် စွပ်ညှစ်ထားခြင်းပြုဆောင်ကာ တောင့်တင်းမှုကိုဆက်လက်ထိန်းထား နိုင်မည်ဖြစ်သည်။

ခွဲစိပ်ကုသခြင်းများ

လိင်အင်္ဂါကြီးထွားစေရန် ပစ္စည်းအတုထည့်ပေးခြင်းနှင့် သွေးကြောများအားခွဲစိပ်ပြုပြင်ခြင်းတို့ဖြင့် လိင် အင်္ဂါမတောင့်တင်းနိုင်ခြင်းကို ကုသပေးနိုင်သည်။

လိင်အင်္ဂါတောင့်တင်းမှုပြဿနာအတွက် စစ်ဆေးခြင်း

မလွဲမသွေပြုလုပ်ရန် –

  • သွေးဖိအားတိုင်းခြင်း၊ သွေးချိန်ခြင်း။
  • သွေးနှင့်ဆီး၌ သကြားဓာတ်ပါဝင်မှုစစ်ဆေးခြင်း။ (လိင်ဆန္ဒလျော့နည်းမှုရှိလျှင် စစ်ဆေးရန်)
  • သွေး၌ အင်ဒရိုဂျင် (တက်စတိုစတီးရုန်း) ပါဝင်မှု။
  • သွေး၌ FSH (Follcular Stimulating Hormone) ပါဝင်မှု။
  • သွေး၌ LH (Luteinizing Hormone) ပါဝင်မှု။
  • သွေး၌ ပရိုက်လက်တင်ပမာဏ။
    အခြားစစ်ဆေးသင့်သည်များ
  • ညပိုင်းလိင်အင်္ဂါတင်းမာမှု။
  • သွေးကြောများ ကောင်းမွန်ခြင်းရှိမရှိ စစ်ဆေးခြင်း။
လိင်အင်္ဂါကြာရှည်တောင့်တင်းနေခြင်း (Priapism)

လိင်အင်္ဂါတောင့်တင်းအောင် ကုထုံးအမျိုးမျိုးဖြင့် ကုသနိုင်ကြောင်းတင်ပြခဲ့ပြီးဖြစ်သည်။ ပြင်ပအကူအ ညီဖြင့် လိင်အင်္ဂါတောင့်တင်းအောင်ပြုလုပ်ထားသူ အမျိုးသားတစ်ဦး၌ လိင်အင်္ဂါသည်လေးနာရီထက် ပိုမိုကြာ မြင့်စွာတောင့်တင်းနေပါလျှင် အရေးပေါ်ကုသမှုလိုအပ်မည်ဖြစ်ပါကြောင်း သိထားကြစေလိုပါသည်။ အကယ်၍
ကုသမှုနောက်ကျခဲ့လျှင် လိင်အင်္ဂါတစ်သျှူးများ လုံးဝပျက်ယွင်းသွားနိုင်သည်။

ကုသနည်း

အကယ်၍ လိင်အင်္ဂါတောင့်တင်းမှုလေးနာရီထက် ပိုမိုကြာမြင့်ပါက ဆေးပညာရှင်များ၏ အကူအညီကို ချက်ချင်းရယူရန်ဖြစ်ပါသည်။ ဆေးပညာရှင်များက လိုအပ်သလိုဆက်လက်ကုသပေးမည်ဖြစ်သည်။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

စိတ်ကျဝေဒနာကို သက်သာစေနိုင်သည်

Next Post

ကလေးမွေးခါနီးအသင့်ပြင်ဆင်ရမယ့်ကိစ္စများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးမွေးခါနီးအသင့်ပြင်ဆင်ရမယ့်ကိစ္စများ

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

အႏၲရာယ္ကင္းေသာ (လုံၿခဳံစိတ္ခ်ရေသာ) လိင္ဆက္ဆံမႈ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.