fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အႏၲရာယ္ကင္းေသာ (လုံၿခဳံစိတ္ခ်ရေသာ) လိင္ဆက္ဆံမႈ

133
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

အႏၲရာယ္ကင္းေသာ သို႔မဟုတ္ လုံၿခဳံစိတ္ခ်ရေသာ လိင္ဆက္ဆံမႈသည္ က်န္းမာေရးအတြက္ အထူးအေရႀကီးေသာ ကိစၥတစ္ရပ္ျဖစ္သည္။ အဓိက ဦးတည္ခ်က္မွာ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားကို ကာကြယ္ရန္ျဖစ္သည္။ HIV/ AIDS ေရာဂါ အပါအဝင္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားစြာရွိသည္။ အဆိုပါ ေရာဂါမ်ားေၾကာင့္ သားသမီး မထြန္းကားႏိုင္ျခင္းမွ ေနာက္ဆုံး ေသသည္အထိ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား ျဖစ္လာႏိုင္ပါသည္။

လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ေလ့ရွိေသာ ေရာဂါမ်ားမွာ…..

(က) ရွန္ခ႐ြိဳစ္ (Chancroid)
(ခ) ကလာမိုက္ဒီးယား (Chlamydia)
(ဂ) ဂႏိုဆီးပူ ေညာင္းက်ေရာဂါ (Gonorrhoea)
(ဃ) အသည္းေရာင္ေရာဂါ ဘီ (Hepatitis B)
(င) အသည္းေရာင္ေရာဂါ စီ (Hepatitis C)
(စ) ေရယုန္ (Herpes)
(ဆ) ခုခံအားက်ဆင္းမႈ ကူးစက္ေရာဂါ (HIV/ AIDS)
စသည္တို႔ျဖစ္သည္။

အႏၲရာယ္ကင္းေသာ သို႔မဟုတ္ လုံၿခဳံစိတ္ခ်ရေသာ လိင္ဆက္ဆံမႈအတြက္ ေအာက္ပါအခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ၾကရန္ အႀကံေပး တိုက္တြန္းလိုပါသည္။

(က) တစ္လင္တစ္မယားစနစ္ကို လိုက္နာက်င့္သုံးပါ။ လိင္ဆက္ေဖာ္ တစ္ဦးတစ္ေယာက္သာ ထားပါ။
(ခ) မည္သည့္အမ်ိဳးအစားျဖင့္ လိင္ဆက္ဆံသည္ျဖစ္ေစ၊ လိင္ဆက္ဆံသည့္အခါတိုင္း ကြန္ဒုံး Condom သုံးစြဲရပါမည္။
(ဂ) မိမိႏွင့္ ဆက္ဆံေဖာ္ႏွစ္ဦးစလုံး လိင္ဆက္ဆံျခင္းမျပဳမီ လိင္ဆက္ဆံမႈမွ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားအတြက္ ေဆးစစ္မႈ ေဆာင္႐ြက္ၾကရန္ လိုအပ္ပါသည္။
(ဃ) လိင္ဆက္ဆံစဥ္ အရက္အလြန္အကြၽံေသာက္ျခင္းမွ ေရွာင္ၾကဥ္သင့္ပါသည္။ အရက္ေသာက္ထားျခင္းေၾကာင့္ ဆုံးျဖတ္ခ်က္မွားယြင္းတတ္ၿပီး မဆင္မျခင္ ျပဳလုပ္မႈမ်ား ရွိႏိုင္သျဖင့္ ေရာဂါကူးစက္ရန္ အခြင့္သာႏိုင္ပါသည္။
(င) မိမိ၏ ဆက္ဆံေဖာ္ႏွင့္ မိမိကိုယ္တိုင္ စစ္ေဆးမႈ ခံယူၿပီး ေရာဂါကင္းရွင္းသည့္တိုင္ ေျခာက္လၾကာၿပီးခ်ိန္တြင္ ေနာက္တစ္ႀကိမ္ ထပ္မံစစ္ေဆးသင့္သည္။ အကယ္၍ ဒုတိယအႀကိမ္၌လည္း ေရာဂါကင္းစင္ၾကလွ်င္ ကြန္ဒုံးမပါဘဲ လိင္ဆက္ဆံမႈ ျပဳႏိုင္မည္ျဖစ္သည္။
(စ) မိမိကိုယ္တိုင္ႏွင့္ မိမိ၏ ဆက္ဆံေဖာ္တို႔အား သာမန္ျမင္ေတြ႕ႏိုင္သည့္ ေဝဒနာလကၡဏာမ်ား ရွိမရွိ အျပန္အလွန္ ၾကည့္ရႈ စစ္ေဆးၾကသင့္သည္။

အထက္ေဖာ္ျပပါ လိုက္နာရန္မ်ားကို ဂ႐ုစိုက္ေဆာင္႐ြက္ၾကျခင္းအားျဖင့္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားကို ကာကြယ္သြားႏိုင္ၾကမည္ ျဖစ္သည္။

လိင္ဆက္ဆံမႈျပဳရာတြင္ က်န္းမာေရးအတြက္ အေရးအႀကီးဆုံး ကိစၥရပ္မွာ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားကို ကာကြယ္ရန္ျဖစ္သည္။ ထိုသို႔ ကာကြယ္ရာတြင္ နည္းလမ္းမ်ားစြာ ရွိသည္။ နည္းလမ္းမ်ားစြာအနက္ မိမိတို႔ႏွင့္ အဆင္ေျပမည့္ နည္းလမ္းမ်ားကို ေ႐ြးခ်ယ္အသုံးျပဳသင့္သည္။

အမ်ိဳးသားကြန္ဒုံး (Male Condoms)
အမ်ိဳးသားကြန္ဒုံး အသုံးျပဳျခင္းသည္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားကို ကာကြယ္ႏိုင္မည္ျဖစ္ေသာ္လည္း ရာႏႈန္းျပည့္ ကာကြယ္ႏိုင္မည္ဟု မယူဆသင့္ေပ။ အတိုင္းအတာတစ္ခုအထိသာ ကာကြယ္ႏိုင္သည္ဆိုျခင္းကို နားလည္သေဘာေပါက္ထားသင့္သည္။ ကြန္ဒုံးအမ်ိဳးအစားမ်ားစြာ ရွိသည့္အနက္ Latex Condom အသုံးျပဳျခင္းသည္ အေကာင္းဆုံးျဖစ္သည္ဟု ဆိုပါသည္။ ကြန္ဒုံးကို နည္းစနစ္ မွန္ကန္စြာ သုံးစြဲတတ္ဖို႔ လိုအပ္မည္ျဖစ္ပါသည္။ Latex, Polyurethane ႏွင့္ Tac-tylon တို႔ႏွင့္ ျပဳလုပ္ထားေသာ ကြန္ဒုံးမ်ားသည္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားကို ကာကြယ္ရာ၌ ထိေရာက္မႈရွိေၾကာင္း ေတြ႕ရသည္။ အမ်ိဳးသား လိင္အဂၤါ၏ အရင္း၌ ေရယုန္ သို႔မဟုတ္ ႂကြက္ႏို႔ေရာဂါ ရွိပါက ကြန္ဒုံးသုံးစြဲေသာ္လည္း ေရာဂါကူးစက္ႏိုင္သည္ကို သတိျပဳရန္ လိုအပ္သည္။ ကြန္ဒုံးသည္ ေရာဂါကို ကာကြယ္မႈေပး႐ုံသာမက မလိုခ်င္ဘဲ ကိုယ္ဝန္ရရွိမႈကိုလည္း ကာကြယ္ေပးႏိုင္မည္ျဖစ္သည္။

အမ်ိဳးသမီးကြန္ဒုံး (Female Condoms)
အမ်ိဳးသမီး ကြန္ဒုံးသည္ အမ်ိဳးသမီးမ်ားအား ေရာဂါကူးစက္မႈကို ကာကြယ္ရာ၌ အမ်ိဳးသာကြန္ဒုံးထက္ပင္ ပိုမိုထိေရာက္မႈရွိသည္။ Latex သစ္ေစးႏွင့္ ဓာတ္မတည့္သူမ်ားအဖို႔ ေပၚလီယူရီသိင္း Polyurethane ကိုသုံးစြဲႏိုင္သည့္ သားေမြးလမ္းေၾကာင္းကိုသာမက အမ်ိဳးသမီး၏ အဂၤါႏႈတ္ခမ္းမ်ားကိုလည္း ဖုံးလႊမ္းေပးထားႏိုင္သည္။ ပိုမိုေကာင္းသည္ဟု ဆိုႏိုင္သည္။ အမ်ိဳးသမီး ကြန္ဒုံးသုံးစြဲမႈကို ႏွစ္သက္သူမ်ားရွိသကဲ့သို႔ မႏွစ္သက္သူမ်ားလည္း ရွိၾကသည္။

Dental Dams and Plastic Wrap
သြားဆရာဝန္မ်ား သုံးစြဲခဲ့ေသာ ေသးငယ္သည့္ သစ္ေစးျဖဴျဖင့္ ျပဳလုပ္ထားေသာ ေလးေထာင့္သ႑ာန္ ပစၥည္းျဖစ္သည္။ အမ်ိဳးသမီး အဂၤါ သို႔မဟုတ္ စအိုအား ဖုံးအုပ္ထားႏိုင္သည္။ အဆိုပါ Dental Darms သည္ သားေမြးလမ္းေၾကာင္းႏွင့္ စအိုတို႔မွ အရည္မ်ားႏွင့္ ထိေတြ႕မႈမရွိေအာင္ ကာကြယ္ေပးထားႏိုင္သည္။

Diaphragms, Cervical Caps and Sponges
သေႏၶတားသည့္ အတားအဆီးနည္း Barrier andethod သည္ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္တတ္ေသာ ဂႏိုဆီးပူေညာင္းက်ေရာဂါႏွင့္ ကလာမိုက္ဒီယားေရာဂါတို႔ကို ကာကြယ္မႈေပးႏိုင္ၾကသည္။ HIV/AIDS ေရာဂါကိုမႈ ကာကြယ္ႏိုင္စြမ္းမရွိဟု ဆိုပါသည္။

Latex Gloves သစ္ေစးျဖဴလက္အိတ္
Latex Gloves ကို သုံးစြဲျခင္းျဖင့္ ထိခိုက္ပြန္းပဲ့ဒဏ္ရာမ်ားမွတစ္ဆင့္ ေရာဂါပိုးဝင္ေရာက္ကူးစက္ျခင္းကို ကာကြယ္ႏိုင္မည္ျဖစ္သည္။

Author – ေဒါက္တာေအးေက်ာ္

(Unicode)

အန္တရာယ်ကင်းသော သို့မဟုတ် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုသည် ကျန်းမာရေးအတွက် အထူးအရေကြီးသော ကိစ္စတစ်ရပ်ဖြစ်သည်။ အဓိက ဦးတည်ချက်မှာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန်ဖြစ်သည်။ HIV/ AIDS ရောဂါ အပါအဝင် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများစွာရှိသည်။ အဆိုပါ ရောဂါများကြောင့် သားသမီး မထွန်းကားနိုင်ခြင်းမှ နောက်ဆုံး သေသည်အထိ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်ပါသည်။

လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်လေ့ရှိသော ရောဂါများမှာ…..

(က) ရှန်ခရွိုစ် (Chancroid)
(ခ) ကလာမိုက်ဒီးယား (Chlamydia)
(ဂ) ဂနိုဆီးပူ ညောင်းကျရောဂါ (Gonorrhoea)
(ဃ) အသည်းရောင်ရောဂါ ဘီ (Hepatitis B)
(င) အသည်းရောင်ရောဂါ စီ (Hepatitis C)
(စ) ရေယုန် (Herpes)
(ဆ) ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV/ AIDS)
စသည်တို့ဖြစ်သည်။

အန္တရာယ်ကင်းသော သို့မဟုတ် လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြရန် အကြံပေး တိုက်တွန်းလိုပါသည်။

(က) တစ်လင်တစ်မယားစနစ်ကို လိုက်နာကျင့်သုံးပါ။ လိင်ဆက်ဖော် တစ်ဦးတစ်ယောက်သာ ထားပါ။
(ခ) မည်သည့်အမျိုးအစားဖြင့် လိင်ဆက်ဆံသည်ဖြစ်စေ၊ လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံး Condom သုံးစွဲရပါမည်။
(ဂ) မိမိနှင့် ဆက်ဆံဖော်နှစ်ဦးစလုံး လိင်ဆက်ဆံခြင်းမပြုမီ လိင်ဆက်ဆံမှုမှ ကူးစက်နိုင်သော ရောဂါများအတွက် ဆေးစစ်မှု ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
(ဃ) လိင်ဆက်ဆံစဉ် အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ အရက်သောက်ထားခြင်းကြောင့် ဆုံးဖြတ်ချက်မှားယွင်းတတ်ပြီး မဆင်မခြင် ပြုလုပ်မှုများ ရှိနိုင်သဖြင့် ရောဂါကူးစက်ရန် အခွင့်သာနိုင်ပါသည်။
(င) မိမိ၏ ဆက်ဆံဖော်နှင့် မိမိကိုယ်တိုင် စစ်ဆေးမှု ခံယူပြီး ရောဂါကင်းရှင်းသည့်တိုင် ခြောက်လကြာပြီးချိန်တွင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးသင့်သည်။ အကယ်၍ ဒုတိယအကြိမ်၌လည်း ရောဂါကင်းစင်ကြလျှင် ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံမှု ပြုနိုင်မည်ဖြစ်သည်။
(စ) မိမိကိုယ်တိုင်နှင့် မိမိ၏ ဆက်ဆံဖော်တို့အား သာမန်မြင်တွေ့နိုင်သည့် ဝေဒနာလက္ခဏာများ ရှိမရှိ အပြန်အလှန် ကြည့်ရှု စစ်ဆေးကြသင့်သည်။

အထက်ဖော်ပြပါ လိုက်နာရန်များကို ဂရုစိုက်ဆောင်ရွက်ကြခြင်းအားဖြင့် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်သွားနိုင်ကြမည် ဖြစ်သည်။

လိင်ဆက်ဆံမှုပြုရာတွင် ကျန်းမာရေးအတွက် အရေးအကြီးဆုံး ကိစ္စရပ်မှာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန်ဖြစ်သည်။ ထိုသို့ ကာကွယ်ရာတွင် နည်းလမ်းများစွာ ရှိသည်။ နည်းလမ်းများစွာအနက် မိမိတို့နှင့် အဆင်ပြေမည့် နည်းလမ်းများကို ရွေးချယ်အသုံးပြုသင့်သည်။

အမျိုးသားကွန်ဒုံး (Male Condoms)

အမျိုးသားကွန်ဒုံး အသုံးပြုခြင်းသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သော်လည်း ရာနှုန်းပြည့် ကာကွယ်နိုင်မည်ဟု မယူဆသင့်ပေ။ အတိုင်းအတာတစ်ခုအထိသာ ကာကွယ်နိုင်သည်ဆိုခြင်းကို နားလည်သဘောပေါက်ထားသင့်သည်။ ကွန်ဒုံးအမျိုးအစားများစွာ ရှိသည့်အနက် Latex Condom အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ဆိုပါသည်။ ကွန်ဒုံးကို နည်းစနစ် မှန်ကန်စွာ သုံးစွဲတတ်ဖို့ လိုအပ်မည်ဖြစ်ပါသည်။ Latex, Polyurethane နှင့် Tac-tylon တို့နှင့် ပြုလုပ်ထားသော ကွန်ဒုံးများသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာ၌ ထိရောက်မှုရှိကြောင်း တွေ့ရသည်။ အမျိုးသား လိင်အင်္ဂါ၏ အရင်း၌ ရေယုန် သို့မဟုတ် ကြွက်နို့ရောဂါ ရှိပါက ကွန်ဒုံးသုံးစွဲသော်လည်း ရောဂါကူးစက်နိုင်သည်ကို သတိပြုရန် လိုအပ်သည်။ ကွန်ဒုံးသည် ရောဂါကို ကာကွယ်မှုပေးရုံသာမက မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှုကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

အမျိုးသမီးကွန်ဒုံး (Female Condoms)

အမျိုးသမီး ကွန်ဒုံးသည် အမျိုးသမီးများအား ရောဂါကူးစက်မှုကို ကာကွယ်ရာ၌ အမျိုးသာကွန်ဒုံးထက်ပင် ပိုမိုထိရောက်မှုရှိသည်။ Latex သစ်စေးနှင့် ဓာတ်မတည့်သူများအဖို့ ပေါ်လီယူရီသိင်း Polyurethane ကိုသုံးစွဲနိုင်သည့် သားမွေးလမ်းကြောင်းကိုသာမက အမျိုးသမီး၏ အင်္ဂါနှုတ်ခမ်းများကိုလည်း ဖုံးလွှမ်းပေးထားနိုင်သည်။ ပိုမိုကောင်းသည်ဟု ဆိုနိုင်သည်။ အမျိုးသမီး ကွန်ဒုံးသုံးစွဲမှုကို နှစ်သက်သူများရှိသကဲ့သို့ မနှစ်သက်သူများလည်း ရှိကြသည်။

Dental Dams and Plastic Wrap

သွားဆရာဝန်များ သုံးစွဲခဲ့သော သေးငယ်သည့် သစ်စေးဖြူဖြင့် ပြုလုပ်ထားသော လေးထောင့်သဏ္ဍာန် ပစ္စည်းဖြစ်သည်။ အမျိုးသမီး အင်္ဂါ သို့မဟုတ် စအိုအား ဖုံးအုပ်ထားနိုင်သည်။ အဆိုပါ Dental Darms သည် သားမွေးလမ်းကြောင်းနှင့် စအိုတို့မှ အရည်များနှင့် ထိတွေ့မှုမရှိအောင် ကာကွယ်ပေးထားနိုင်သည်။

Diaphragms, Cervical Caps and Sponges

သန္ဓေတားသည့် အတားအဆီးနည်း Barrier andethod သည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ဂနိုဆီးပူညောင်းကျရောဂါနှင့် ကလာမိုက်ဒီယားရောဂါတို့ကို ကာကွယ်မှုပေးနိုင်ကြသည်။ HIV/AIDS ရောဂါကိုမှု ကာကွယ်နိုင်စွမ်းမရှိဟု ဆိုပါသည်။

Latex Gloves သစ်စေးဖြူလက်အိတ်

Latex Gloves ကို သုံးစွဲခြင်းဖြင့် ထိခိုက်ပွန်းပဲ့ဒဏ်ရာများမှတစ်ဆင့် ရောဂါပိုးဝင်ရောက်ကူးစက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

Author – ဒေါက်တာအေးကျော်

Previous Post

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

Next Post

ခံတွင်း အနံ့ ဆိုးခြင်း Bad Breath

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခံတွင်း အနံ့ ဆိုးခြင်း Bad Breath

နေ့ခင်းဘက်တွင် အလွန်အကြူးအိပ်ငိုက်ခြင်း

Stanford University ရဲ့ Diploma in Emergency Medicine ဘွဲ့ပေးအပ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.