ဒီဇင်ဘာလ(၁) ရက်နေ့ဟာ “ကမ္ဘာ့အေအိုင်ဒီအက်စ် ကူးစက်ရောဂါ” နေ့ဖြစ်တယ်။ မြန်မာနိုင်ငံမှာ တစ်နေ့လူဦးရေ (၃၀) ဦး ခန့် အိပ်ချ်အိုင်ဗီ ကူးစက်မှုရှိနေပြီး မူးယစ်ဆေးစွဲနေသူတို့ကြား ရောဂါကူးစက်မှုနှုန်း (၂၉%) နဲ့ အမြင့်ဆုံးဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရတယ်။
ခန့်မှန်းတွက်ချက်မှုတွေအရ (၂၀၁၆) ခုနှစ်အတွင်း အိပ်ချ်အိုင်ဗီ ကူးစက်ခံရသူ (၁၀၁၄၉) ဦးခန့်ရှိပြီး နေ့စဉ် လူဦးရေ (၃၀) ဦးခန့်ရောဂါ ကူးစက်ခံနေရကြောင်း၊ ယင်းတို့အနက် မူးယစ်ဆေးအကြောထဲ ထိုးသွင်သူတွေမှာ(၂၉%) အမျိုးသမီး လိင်လုပ်သားတွေမှာ (၇%) အမျိုးသားချင်း လိင်တူဆက်ဆံသူများမှာ (၁၃%)၊ လိင်လုပ်သားတို့ရဲ့ အမျိုးသားလိင်ဆက်ဆံဖော် (ယော်ကျာၤး) တွေမှာ (၂၃%) ထိရှိပြီး၊ ရောဂါပိုးကူးစက်သူများရဲ့ ရာခိုင်နှုန်း (၇၀%) အောက်ရှိနေကြောင်း၊ (၂၀၁၆) ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းရောဂါ တိုက်ဖျက်ရေးနေ့ ဗဟိုအဆင့် အခန်းအနားမှာ ပြောကြားမှုများအရ သိရသည်။
မူယစ်ဆေးသုံးစွဲသူများကြား အိပ်ချ်အိုင်ဗီ ကူးစက်မှုနှုန်းမှာ (၂၉%) ထိမြင့်မားလျက်ရှိပြီး ကချင်ပြည်နယ်ရဲ့ အိပ်ချ်အိုင်ဗီ ဖြစ်ပွားမှုနှုန်းဟာ နိုင်ငံမှာဖြစ်ပွားမှုနှုန်းထက် ပိုမိုမြင့်မားနေကြောင်း၊ မြန်မာနိုင်ငံမှာ ဘိန်းထွက်မှုအများဆုံးဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ အိပ်ချ်အိုင်ဗီ ဖြစ်ပွားမှုနှုန်းဟာ အမြင့်ဆုံးဖြစ်လို့ မူးယစ်ဆေးဝါး သုံးစွဲမှုကို စက်ဆုတ်ဖွယ်အဖြစ် ရှုမြင်ကာ ဒေသခံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကိုယ်ထူကိုယ်ထ ဖြေရှင်းလျက်ရှိကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာရှမှာ အိပ်ချ်အိုင်ဗီ အပြင်းအထန်ခံစားရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှစလို့ အိပ်ချ်အိုင်ဗီ ကူးစက်ရောဂါဟာ လူများစွာကို ခြိမ်းခြောက်တဲ့ အဓိက ရောဂါအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
အိပ်ချ်အိုင်ဗီပိုးဟာ အသေအပျောက် များခဲ့၊ ဆိုးရွားခဲ့ပြီး၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါလို့ နားလည်ထားကြတယ်။ ရောဂါရှိသူနဲ့ လိင်တူလိင်ကွဲဆက်ဆံခြင်း၊ ရောဂါပိုးပါရှိတဲ့ သွေးသွင်းမိခြင်း၊ ရောဂါဖြစ်သူနဲ့ ဆေးထိုးအပ်၊ လက်သည်းညှပ်၊ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓါး၊မျှဝေသုံးစွဲမိခြင်း၊ ရောဂါရှိတဲ့ မိခင်မှ ရင်သွေးကို ကူးစက်ခြင်းတို့ကနေ ကူးစက်လွယ်ပါတယ်။
အဓိက လက္ခဏာ ငါးရပ်မှာ တစ်လအတွင်း ကိုယ်အလေးချိန် (၁၀) ပေါင်ကျခြင်း၊ (၁၀) ရက်ပိုတဲ့ အဖျား၊ (၁၀) ရက်ပိုတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဆယ်ရက်ထက်ပိုတဲ့ ချောင်းဆိုးခြင်း၊ လင့်အကျိတ်များရောင်ခြင်းနဲ့ သာမန်လက္ခဏာတွေက အရေပြားယားနာပေါက်ခြင်း၊ ရေယုန် (Herpes simple) ပေါက်ခြင်း၊ ပါးစပ်တွင်း မှက္ခရု (Oral thrush) ပေါက်ခြင်း၊ အရေပြား မွဲခြောက်သွားခြင်း၊ ရောဂါတစ်ခုခုဖြစ်ပါက တော်ရုံနဲ့ မကောင်းခြင်း၊ အလိုလို အားအင်ကုန်ခမ်းနွမ်းလျခြင်း၊ အိပ်မပျော်ခြင်း တို့ဖြစ်ပွားနိုင်ပါတယ်။ အေအိုင်ဒီအက်စ် အဖြစ်အဓိက လက္ခဏာ (၂)ခု၊ သာမန်လက္ခဏာ (၁) ခုနဲ့ သာမန်လက္ခဏာ (၁)ခုနဲ့ သွေးစစ်ကြည့်ပါက အပ်ချ်အိုင်ဗီပိုးတွေ့ရှိရင် ရောဂါရှိသူဖြစ်တယ်။
အိပ်ချ်အိုင်ဗီပိုးရှိမရှိ သွေးစစ်ခြင်း (Rapid test) နဲ့ချက်ချင်း ကျဆန်းစစ်နိုင်ပြီး (၂၀၁၅) ခုနှစ်မှာ (၂၆၀၀၀) ကျော် (၂၀၁၆) ခုနှစ် ပထမနှစ်ဝက် (၁၆၀၀၀) ကျော် စစ်ဆေးပေးနိုင်ခဲ့ကြောင်း အောက်ခြေအထိ တိုးချဲ့စစ်ဆေးသွားမှာ ဖြစ်ကြောင်း၊ ယခုနှစ်မှာ အိပ်ချ်အိုင်ဗီပိုးရှိသူ (၂၂၅၀၀) ကျော်အနက် တစ်သက်တာ ဆောက်ရမယ့် အေအာတီဆေး ကုသမှုမှာ အောက်တိုဘာလကုန်အထိ လူနာ(၁၂၀၀၀) ကျော် ကုသပေးနိုင်ကြောင်း သိရပါတယ်။
အစိုးရကျန်းမာရေးဌာနာမှာ ကုသမှုခံယူရသူ ခုနှစ်သောင်းခန့်ကို ကုသမှုပေးလျက်ရှိပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများရဲ့ ဆေးခန်းများမှာ ကုသမှုခံယူနေသူတို့လွဲှပြောင်း လက်ခံကုသပေးနိုင်းကြောင်းဆိုတယ်။ နောက်ဆုံးတွေ့ရှိချက်အရ အေအိုင်ဒီအက်စ် အလွန်ပြင်းထန် ကူးစက်လွယ်တဲ့ မျိုးကွဲကို တရုတ်မြန်မာနယ်စပ်၊ ကုန်ကာယဉ်မောင်းမှာ တွေ့ရှိခဲ့ရတယ်။ အိပ်ချ်အိုင်ဗီပိုး ကူးစက်ပြီး အေအိုင်ဒီအက်စ် အမြန်ဆုံးရောက်စေတဲ့ အကြောင်းရင်းတွေက (၁) အိပ်ချ်အိုင်ဗီပိုး ထပ်မံကူးစက်ခြင်း (၂) အခြားကူးစက်ရောဂါများ အဆုတ်တီဗီရောဂါ ယှဉ်တွဲဖြစ်လာခြင်း (၃) မူးယစ်ဆေးဝါးသုံးစွဲခြင်း (၄) အရက်၊ ဆေးလိပ်သောက်သုံးခြင်း (၅) အာဟာရချို့တဲ့ခြင်း (၆) စိတ်ဓတ်ကျဆင်းခြင်း (၇) အထီးကျန်နေထိုင်ရခြင်းတို့က ရောဂါမြန်မြန် ပေါ်ပေါက်စေတယ်။
အိပ်ချ်အိုင်ဗွီအဆင့်မှ အေအိုင်ဒီအက်စ် ဘဝမရောက်အောင် ကာကွယ်နိုင်မယ့် အကြောင်းရင်းတွေက (၁) အေအာဗီ (ARV-Anti Retroviral Drug) ဆေးသုံးခြင်း၊ (၂) နမိုးနီးယား (pneumonia cystic carimi) မဖြစ်အောင် ကာကွယ်ဆေးသောက်ခြင်း၊ (၃) တိုဆိုပလက်ပိုးဆစ် (Toxoplasmosis) မဖြစ်အောင် ကာကွယ်ဆေးသောက်သုံးခြင်း (၃) တိုဆိုပလက်ပိုးဆစ် (Toxoplasmosis) မဖြစ်အောင် ကာကွယ်ဆေးသောက်သုံးခြင်း (၄) တီဘီ (Mycobacterium Tuberculosis) မကူးစက်အောင် ရှောင်ရမယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုရှောင်ရမယ်။ (၅) အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် အတွေ့အကြုံနှင့် ကျွမ်းကျင်သူဆရာဝန်နဲ့ ကုသမှုခံယူပါ။ (၆) အိပ်ချ်အိုင်ဗွီ ထပ်မံကူးစက်မခံရဖို့ ရှောင်ရမယ်။ မူးယစ်ဆေးဝါး သုံးစွဲမှု ဆေးလိပ်၊အရက် သောက်သုံးမှုရှောင်ရမယ်။ အာဟာရပြည့်ပြည့်၀၀ စားရမယ်။ စိတ်ဓာတ်ကျပြီး၊ စိတ်ယုတ်စိတ်ညံ့များ လျော့နည်းအောင် ပြုလုပ်ရမယ်။ အိပ်မပျော်ရင် အိပ်ဆေးပေးရမယ်။ အထီးကျန် မဖြစ်စေဘဲ ဆွေမျိုးသူငယ်ချင်းနဲ့ ဆက်ဆံပေါင်းသင်း နေထိုင်တတ်ရမယ်။ နှစ်သိမ့်ဆွေးနွေးမှုတွေ မပြတ်လုပ်ပေးရမယ်။ ဘာသာတရား လိုက်စားရမယ်။
ပိုလီယို၊ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျာမန်ဝက်သက်၊ ရေကျောက်နှင့် ခါးပတ်ရေယုန်ကာကွယ်ဆေး ထိုးနှံခြင်းတွေ ရှောင်ကြဉ်ရမယ်။ အဝါရောင်အဖျား( Yellow Fever)၊ အဆုတ်ရောဂါ B(9)၊ တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေး ထိုးဆေးတွေ ရှောင်ကြဉ်ရမယ်။
ယင်းကာကွယ်ဆေးတွေက သေအောင်သတ်ခြင်းမဟုတ်ပဲ၊ အားနည်းအောင် ပြုလုပ်ထားတဲ့ ဗိုင်းရပ်စ်ပိုးတွေနဲ့ ပြုလုပ်ထားလို့ ခုခံအားကျဆင်းမှုရောဂါရှင်များအတွက် ယင်းဗိုင်းရပ်စ် ကာကွယ်ဆေးက ရောဂါဖြစ်လာစေနိုင်ပါတယ်။
အိပ်ချ်အိုင်ဗီ ကူးစက်သူတို့ဟာ အိပ်ရေး၀၀အိပ်ရမယ်။ အာဟာရပြည့်ဝအောင် စားသုံးရမယ်။ ဘာသာတရားကျင့်ခန်းတွေ လုပ်ကိုင်တတ်ရမယ်။ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်သောကဖြစ်ခြင်း တို့တတ်နိုင်သလောက် လျော့ချရမယ်။ စိတ်တည်ငြိမ်မှု ရှိရပါမယ်။
လိင်တံမှ အခြားသူတွေ (AIDS) မကူးစက်စေရေးအတွက် လိင်ဆက်ဆံတိုင်း (Condom) သုံးဖို့လိုအပ်သလို၊ သွေးနဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ လှူဒါန်းခြင်း မပြုသင့်ပါဘူး။ ဆေးထိုးဖို့ လိုအပ်ရင်တစ်ခါသုံးအပ် သုံးရမယ်။ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ် သီးခြားထားရမယ်။ မိမိကြောင့် အခြားသူတွေရောဂါ မကူးစက်စေဖို့ ဆင်ခြင်နေထိုင်သင့်ပါသည်။ အေအာတီ ဆေးဝါးသောက်သုံးရင်၊ ခုခံမှုစွမ်းအား ပြန်လည်ဖြည့်စွမ်းပေးနိုင်လို့ သက်တမ်းစေ့နေနိုင်တယ်။
မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ သူနာပြု (၂၁၄
၀၇) ဦးခန့်အပ်ဖို့ ခွင့်ပြုထားပေမယ့် လက်ရှိအချိန်ထိ (၁၀၁၉၅) ဦး (၄၇ ဒသမ ၆၂%) သာ ခန့်ထား
နိုင်ခြင်း (၂၀၁၆) ခုနှစ် နိုဝင်ဘာအထိ ကုသရေး ဦးစီးဌာနမှာ ခန့်ထားသူ (၈၅၀၉) ရှိခဲ့ပြီး၊ ဒီဇင်ဘာ (၂) ရက်က သူနာပြု ဒီပလိုမာ ရရှိပြီးသူ သစ်လွင်သူနာပြု (၁၂၉၀) ခန့်အပ်ခဲ့ကြောင်း၊ ယင်းသူနာပြုများကို ဗဟိုအဆင့်တိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ကြောင်း၊ ယင်းသူနာပြုများကို ဗဟိုအဆင့်တိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်စေမှာဖြစ်ကြောင်း၊ သူနာပြုသိပ္ပံဘွဲ့ (BNSC) ရရှိသူများ ခန့်အပ်သွားမှာဖြစ်ကြောင်း၊ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာန သူနာပြုဦးရေပြည့်မီဖို့ (၂၀၁၆-၁၇) ပညာသင်နှစ်က သူနာပြုတွေ တိုးမြှင့်ခေါ်ယူခဲ့ကြောင်း၊ ကျေးရွာတိုင်းလေ့ကျင့်သင်ကြားပေးတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးနှုန်းထားနိုင်ဖို့ အရန်သားဖွားများကို တိုးမြှင့်သင်ကြားပေးလျှက်ရှိကြောင်း သိရတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ သားဖွားဆရာမ တစ်ဦးမှာ ကျေးရွာငါးရွာထိ စောင့်ရှောက်နေရလို့၊ ကျေးရွာတစ်ရွာမှ သားဖွားဆရာမ တစ်ဦးစီထားရှိဖို့ နိုင်ငံတော်မှ အစီအစဉ်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လူဦးရေ (၁၀၀၀) မှ ကျန်းမာရေးပြုစုစောင့်ရှောက်တဲ့ သားဖွားဆရာမ (၂၃) ဦးထိ စောင့်ရှောက်ဖို့ သတ်မှတ်ထားပေမဲ့၊ သားဖွားဆရာမတစ်ဦးမှ ကျေးရွာပေါင်းငါးရွာထိ စောင့်ရှောက်ပေးရလို့ သတ်မှတ်တဲ့ ပမာဏအောက်ကျဆင်းနေကြောင်း မြန်မာနိုင်ငံသူနာပြုနဲ့ သားဖွားအသင်းမှ သိရပါတယ်။
မြန်မာနိုင်ငံ သားဖွားသင်တန်းကျောင်း (၂၄) ကျောင်းခန့်ရှိပြီး ယင်းသင်တန်းကျောင်းမှ သားဖွားဆရာမတွေ နှစ်စဉ်မွေးထုတ်ပေးနေပေမယ့် လိုအပ်ချက်ပြည့်မီဖို့ အများအပြား လိုအပ်နေလို့ လက်ရှိသင်တန်းကျောင်းတွေရဲ့ အရည်အသွေးပြည့်မီဖို့ တိုးတက်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။
မူူးယစ်ဆေးစွဲသူတွေကြား အေအိုင်ဒီအက်စ် ရောဂါ ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေရာ၊ မူးယစ်ဆေးဖြတ်ဌာနများ တိုးခဲျ့ပေးဖို့ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ဆရာဝန်နဲ့ သူနာပြု မွေးထုတ်ပေးဖို့လိုအပ်နေပေရာ မူးယစ်ဆေးဝါး မှတ်ပုံတင်ပြီး ဖြတ်ပေးမယ့် စင်တာများ၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်နေပါသေးတယ်။
Author – ဒေါက်တာလွင်သန့်