(Zawgyi)
ဆီးလမ္းေၾကာင္း ပိုးမႊားဝင္ေရာက္ခံရျခင္းမွာ အမ်ားအားျဖင့္ ဆီးအိမ္ႏွင့္ ဆီးအိမ္မွျပင္ပသို႔ထြက္ေသာ ဆီးႁပႊန္တို႔၌ ပိုးမႊားဝင္ေရာက္ၿပီး ေရာင္ရမ္းမႈျဖစ္သည့္ေရာဂါ ျဖစ္သည္။ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္သကဲ့သို႔ အျခားေသာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္လည္း ေရာဂါ ဝင္ေရာက္လာႏိုင္ပါသည္။ ဆီး လမ္းေၾကာင္း ပိုးမႊားဝင္ေရာက္ခံရပါက လိင္ဆက္ဆံၿပီး ၂၄နာရီမွ ၄၈ နာရီၾကားတြင္ ဝင္ေရာက္ခံရပါက ေရာဂါလကၡဏာမ်ား စတင္ျဖစ္ေပၚတတ္သည္။ ဆီးသြားစဥ္ ပူေလာင္နာက်င္မႈေဝဒနာကို အဓိက ခံစားရေလ့ရွိသည္။
ဆက္ဆံရာတြင္ Diaphragm အသုံုးျပဳျခင္းႏွင့္ သုတ္ပိုးေသေစရန္ အသုံးျပဳျခင္းတို႔သည္ ဆီးလမ္းေၾကာင္း ပိုးဝင္မႈကို အခြင့္အလမ္းပိုေစႏိုင္သည္။ ထို႔ေၾကာင့္ သေႏၶတားလိုလွ်င္ အျခားနည္းလမ္းေ႐ြးခ်ယ္ အသုံးျပဳသင့္သည္။
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းမွာ ပထမဦးဆုံးအႀကိမ္ ဆက္ဆံျခင္း၊ အခ်ိန္ကာလၾကာျမင့္ၿပီးမွ တစ္ေက်ာ့ျပန္ဆက္ဆံျခင္း၊ အခ်ိန္ၾကာျမင့္စြာ အားစိုက္ဆက္ဆံ ျခင္း စသည္တို႔ေၾကာင့္လည္း ပိုမိုျဖစ္ေစႏိုင္ေၾကာင္း ေတြ႕ရသည္။
ဆီးလမ္းေၾကာင္း ပိုးမႊားဝင္ေရာက္မႈကို ေလ်ာ့နည္းေစရန္ လိင္ဆက္ဆံမႈမျပဳမီႏွင့္ ျပဳၿပီးအခ်ိန္တို႔၌ ဆီးသြားရန္ျဖစ္ပါသည္။ ညအိပ္ရာမဝင္မီ အမ်ိဳးသမီးအဂၤါမ်ားကို ေကာင္းစြာေဆးေၾကာသန႔္စင္ရန္ လိုအပ္သည္။ေရ သို႔မဟုတ္ အရည္မ်ားမ်ား ေသာက္ေပးရပါသည္။ ဆီးသြားလိုေသာဆႏၵျဖစ္လွ်င္ ၾကာရွည္ေအာင့္မထားဘဲ ခ်က္ခ်င္း ဆီးသြားသင့္သည္။ Cranberry သစ္သီးအရည္ ေသာက္သင့္သည္။ မၾကာခဏ ဆီးလမ္းေၾကာင္း ပိုးဝင္ေရာက္မႈျဖစ္ခဲ့ပါက ေဆးပညာရွင္မ်ားႏွင့္ ျပသ၍ ပဋိဇီဝေဆး လိုအပ္ပါက မွီဝဲသုံးစြဲရမည္ ျဖစ္ပါသည္။
ဆီးလမ္းေၾကာင္း ပိုးဝင္မႈကို ေသခ်ာစြာ စစ္ေဆး၍ အျမစ္ျပတ္ေပ်ာက္ကင္းေအာင္ ကုသရန္ အေရးႀကီးပါသည္။
Author – ေဒါက္တာေအးေက်ာ္
(unicode)
ဆီးလမ်းကြောင်း ပိုးမွှားဝင်ရောက်ခံရခြင်းမှာ အများအားဖြင့် ဆီးအိမ်နှင့် ဆီးအိမ်မှပြင်ပသို့ထွက်သော ဆီးပြွှန်တို့၌ ပိုးမွှားဝင်ရောက်ပြီး ရောင်ရမ်းမှုဖြစ်သည့်ရောဂါ ဖြစ်သည်။ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သကဲ့သို့ အခြားသောအကြောင်းအမျိုးမျိုးကြောင့်လည်း ရောဂါ ဝင်ရောက်လာနိုင်ပါသည်။ ဆီး လမ်းကြောင်း ပိုးမွှားဝင်ရောက်ခံရပါက လိင်ဆက်ဆံပြီး ၂၄နာရီမှ ၄၈ နာရီကြားတွင် ဝင်ရောက်ခံရပါက ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်တတ်သည်။ ဆီးသွားစဉ် ပူလောင်နာကျင်မှုဝေဒနာကို အဓိက ခံစားရလေ့ရှိသည်။
ဆက်ဆံရာတွင် Diaphragm အသုံးပြုခြင်းနှင့် သုတ်ပိုးသေစေရန် အသုံးပြုခြင်းတို့သည် ဆီးလမ်းကြောင်း ပိုးဝင်မှုကို အခွင့်အလမ်းပိုစေနိုင်သည်။ ထို့ကြောင့် သန္ဓေတားလိုလျှင် အခြားနည်းလမ်းရွေးချယ် အသုံးပြုသင့်သည်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာ ပထမဦးဆုံးအကြိမ် ဆက်ဆံခြင်း၊ အချိန်ကာလကြာမြင့်ပြီးမှ တစ်ကျော့ပြန်ဆက်ဆံခြင်း၊ အချိန်ကြာမြင့်စွာ အားစိုက်ဆက်ဆံ ခြင်း စသည်တို့ကြောင့်လည်း ပိုမိုဖြစ်စေနိုင်ကြောင်း တွေ့ရသည်။
ဆီးလမ်းကြောင်း ပိုးမွှားဝင်ရောက်မှုကို လျော့နည်းစေရန် လိင်ဆက်ဆံမှုမပြုမီနှင့် ပြုပြီးအချိန်တို့၌ ဆီးသွားရန်ဖြစ်ပါသည်။ ညအိပ်ရာမဝင်မီ အမျိုးသမီးအင်္ဂါများကို ကောင်းစွာဆေးကြောသန့်စင်ရန် လိုအပ်သည်။ရေ သို့မဟုတ် အရည်များများ သောက်ပေးရပါသည်။ ဆီးသွားလိုသောဆန္ဒဖြစ်လျှင် ကြာရှည်အောင့်မထားဘဲ ချက်ချင်း ဆီးသွားသင့်သည်။ Cranberry သစ်သီးအရည် သောက်သင့်သည်။ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ရောက်မှုဖြစ်ခဲ့ပါက ဆေးပညာရှင်များနှင့် ပြသ၍ ပဋိဇီဝဆေး လိုအပ်ပါက မှီဝဲသုံးစွဲရမည် ဖြစ်ပါသည်။
ဆီးလမ်းကြောင်း ပိုးဝင်မှုကို သေချာစွာ စစ်ဆေး၍ အမြစ်ပြတ်ပျောက်ကင်းအောင် ကုသရန် အရေးကြီးပါသည်။
Author – ဒေါက်တာအေးကျော်