fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ခဏလေးအတွက် လဲလိုက်ရတဲ့ ဘဝလေးများ

155
VIEWS
28/11/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
ခဏလေးအတွက် လဲလိုက်ရတဲ့ ဘဝလေးများ

ယနေ့ခေတ် အမျိုးသမီးငယ်လေးတွေမှာ အများဆုံးကြုံတွေနေရတဲ့ ဖြစ်တတ်တဲ့ သဘောလေးတွေနဲ့ ပက်သက်ပြီး ပြောချင်ပါတယ် ။အမျိုးသမီးတွေမှာ စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့ အကျင့်က အရမ်းဆိုးပါတယ်။ တစ်ခဏတာအချိန်မှာ ခံစားမှုနောက်လိုက်ပြီးမှ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ ဖြစ်နေတတ်ပါတယ်။ အသက်ပိုင်းခြားမှာ အပျိုဖော်ဝင်စကနေ နှစ်ဆယ်ကျော်အထိ ပိုဆိုးတတ်ပါတယ် ။အဓိကပြောချင်တဲ့ အကြောင်းကတော့ သမီးရည်းစားတွေမှာ လက်မထပ်ခင် အတူတူနေတာတွေ အကြောင်းပါ။ အမျိုးသားဘက်ရော အမျိုးသမီးဘက်ရော အတွက် ပြောမှာပါ ။

အမျိုးသားရော အမျိုးသမီးတွေရော လူပျို အပျို ဖြစ်ကာစတွေ တက္ကသိုလ်တက်ခါစတွေမှာ စိတ်တွေ တက်ကြွတတ်တယ်။ သမီးရည်းစားလေးရှိလာရင် ဟိုသွားချင်ဒီသွားချင်တွေ ဖြစ်တတ်တယ်။ ရည်းစားဖြစ်ပြီးတဲ့အခါ လက်ကလေးကိုင် ပခုံးဖက် ခါးဖက် ပါးလေးနမ်းတာကနေ တစ်ဆင့်ပြီးတစ်ဆင့်တက်လာတတ်ကြတယ်။ အထိအတွေ့ကိုလည်း သာယာလာတတ်ကြတယ်။ ဒီကြားထဲ အပေါင်းအသင်းက မြှောက်ပင့်ပြောဆိုတာ အကြံပေးတာတွေပါလာရင် အတူတူနေဖို့ ကြိုးစားလာတတ်တယ် ။တစ်ချို့တွေ ပြောကြတယ်။ လက်မထပ်ခင်အတူတူနေတာဆိုပေမယ့် တကယ်ချစ်လို့ သူ့ကိုပဲ ယူမှာမို့လို့ ဆိုပြီး ပြောတတ်ကြတယ်။ ဒီနေရာမှာ တကယ်ချစ်တာမချစ်တာ အသာထားပြီး သေချာစဉ်းစားကြည့်စေချင်တယ် ။အမျိုးသားတွေ အနေနဲ့ အရမ်းချစ်တဲ့ မိန်းကလေးမို့ အတူနေမိတယ်ဆိုရင် အတူနေပြီးနောက်မှာ ကောင်မလေးအနေနဲ့ ဘယ်လိုခံစားရမလဲ။ တွေးမိဖူးလား ချစ်သူကောင်မလေးမှာ စိုးရိမ်ပူပန်စရာတွေ အများကြီးပါ ။

အရေးကြီးဆုံးပြဿနာက ကိုယ်ဝန် ပါ။ အတူနေပြီး အရေးပေါ်တားဆေးသောက်တယ် တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံကြရတယ်။ သွေးမပေါ်သေးရင် သွေးပေါ်တာများနေရင် သွေးခဏခဏပြန်ပေါ်နေတယ် စသဖြင့် တစ်ခုခုဖြစ်လာရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြတယ်။ တစ်ချို့တွေ တားဆေးသောက်တယ်ဆိုရင်တောင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရတတ်ကြတယ်။ ကိုယ်ဝန်ရလာရင် အမျိုးသမီးတွေတင် ကြောက်တာမဟုတ်ဘဲ အမျိုးသားတွေပါ ကြောက်တတ်ကြပြီး ကိုယ်ဝန်ဖျက်ချဖို့ နေရာစုံမှာ တိုင်ပင်ဆွေးနွေးကြတယ်။ အဲဒီအခါ သေချာစဉ်းစားကြည့်ပါ။ ဖျက်ချတယ်ဆိုတာ အမျိုးသမီးတွေရဲ့ ဗိုက်ထဲက ကလေးကို ဖျက်ချတာ။ ဆေးနဲ့ဖြစ်ဖြစ် ပစ္စည်းတွေနဲ့ဖြစ်ဖြစ် လုပ်ပေးတဲ့နေရာတွေမှာ ငွေကုန်ကြေးကျခံပြီးကို လုပ်ကြတာ။ အမျိုးသားတွေက ဘေးက ထိုင်ကြည့်ရုံပါ။ တကယ် အပြောခံအလုပ်ခံရတော့ အမျိုးသမီးတွေပါ။ ကိုယ်ဝန်ဖျက်ချတာက ကလေးရော အမေရော ဒုက္ခရောက်နိုင်တတ်တာပါ။

ကိုယ်ဝန်ရလာလို့ ကောင်လေးကောင်မလေး လက်ထပ်ဖြစ်တယ်ဆိုရင်တော့ ပြဿနာတစ်ပိုင်းအေးပါတယ်။ အတူစနေတည်းက ကိုယ်ဝန်ရလာရင် ဘယ်လိုစီစဉ်မလဲ ဆိုတာ ကြိုစဉ်းစားရတယ်။ ဒီနေရာမှာ ကောင်လေးက ကောင်မလေးကို တကယ်ချစ်လားမချစ်လား။ ရှေ့ရေးဘယ်လောက်ထိတွေးထားလဲ အရမ်းလိုပါတယ်။ ကောင်မလေးကို ချစ်ပါရဲ့ သူ့ကိုပဲ လက်ထပ်မှာပါ ဒါပေမယ့် အခုက ကိုယ်ဝန်ယူဖို့ မဖြစ်နိုင်သေးလို့ပါဆိုတာတွေက သူရဲဘောကြောင်တဲ့ အမျိုးသားတွေရဲ့ လက်သုံးစကားပါ။ တစ်ချို့တွေကတော့ ကိုယ်ဝန်ရလည်း ယူမယ်ဆိုတဲ့ အသိတော့ရှိပါရဲ့ ။အသက် မပြည့်သေးတာတွေ အလုပ်အကိုင်ရှိဖို့တောင်ထားဦး။ ကျောင်းတောင်မပြီးသေးတာတွေ ဖြစ်တတ်တယ်။ တစ်ချို့တွေကျတော့ အတူနေတာမှာ ကလေးမရအောင်ဆိုပြီး ကွန်ဒုံးသုံးပြီး နေကြတယ်။ ဒါလည်း သေချာစဉ်းစားကြည့်ပါ။ ကိုယ်ချစ်တဲ့ ကောင်မလေးက လက်မထပ်ခင်တည်းက အပျိုရည် ပျက်နေပြီ။ ကိုယ့်နှမသားချင်းသာ ဒီလိုဖြစ်ရင် အစ်ကိုတွေမောင်တွေ ကျေနပ်ကြပါ့မလား။ ကိုယ့်ကောင်မလေးကို ချစ်တယ် တကယ်သူ့ကိုပဲ လက်ထပ်မယ်ဆိုရင် လက်မထပ်ခင်မှာ စည်းစောင့်ထိန်းစေချင်တယ်။ လက်မထပ်ခင်နှစ်ယောက်တစ်ဘဝအတွက် သေချာပြင်ဆင်စေချင်တယ် ။

မြန်မာစကားပုံတစ်ခုရှိပါတယ်။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် တဲ့။ အရင်ခေတ်အခါက အမျိုးသမီးတွေ ရည်းစားတွေ အများကြီးထားပြီးမှ သင့်တော်သူကိုရွေးပြီး အိမ်ထောင်ပြုတာပါ။ အရင်ခေတ်အခါက လက်မထပ်ခင်အတူနေတာမျိုး မရှိတတ်ဘူး ။နှစ်ဖက်လုံးစည်းစောင့်ကြတယ်။ ဒီခေတ်အခါနဲ့ ဒီစကားပုံနဲ့ဆို အမျိုးသမီးတွေ ဘယ်လွယ်ပါ့မလဲ။ အမျိုးသမီးတွေကိုယ်တိုင်ကလည်း အမျိုးသားတွေကို မလိုအပ်တဲ့နေရာမှာ အလိုမလိုက်ပါနဲ့ ။ကိုယ့်ကိုတကယ်ချစ်တဲ့သူက လက်ထပ်တဲ့ အချိန်ထိ သစ္စာစောင့်မှာပါ ။အခုနောက်ပိုင်း တစ်ခါတစ်လေ ကြားရတဲ့ ပြဿနာလေးတွေမှာ ကျွန်တော့မိန်းမအပျိုစစ်လား ဘာလားစသဖြင့် မေးခွန်းတွေ ပါလာတတ်တယ်။ တစ်ယောက်ချင်းစီနဲ့ ပြောလို့မရပါဘူး။ခြုံပြီးပြောရရင် အမျိုးသားတွေဘက်ကလည်း စည်းစောင့်ပါမှ လက်ထပ်တဲ့အခါ အပျိုစစ်တဲ့သူကို ရမှာပါ ။ရည်းစားနဲ့ အိမ်ထောင်ပြုတဲ့သူ တစ်ယောက်တည်းဖြစ်မယ်လို့ တစ်သတ်မတ်တည်း မတွေးထားပါနဲ့ ။

သမီးရည်းစားဘဝမှာ နှစ်ဘက်စလုံးက စည်းမစောင့်ထိန်းဘဲ အိမ်ထောင်ပြုမှ အပျိုလူပျိုစစ်ဖို့တော့ မမှန်းစေချင်ဘူး။ ဒီခေတ်ဒီအခါက လူတစ်ဦးတစ်ယောက်ချင်းစီက သေချာပြင်ဆင်ပါမှ အဆင်ပြေမှာပါ။ နောင်ဖြစ်လာမယ့် မျိုးဆက်သစ်တွေကို အတုယူမမှားစေချင်ဘူး ။
ဒါကြောင့် ကိုယ့်ချစ်သူကိုချစ်တယ် ဆိုရင် စည်းစောင့်ပါ။ လက်မထပ်ခင်အတူမနေပါနဲ့။ စိတ်ကိုအလိုမလိုက်ပါနဲ့ ။သူငယ်ချင်းအပေါင်းအသင်း မြှောက်တိုင်းမမြောက်ပါနဲ့။ ပြောတိုင်းမလုပ်ပါနဲ့ ။တကယ်လက်တွေ့ကြုံရမှာက ကိုယ်တိုင်ပါ။ သူငယ်ချင်းတွေမဟုတ်ပါဘူး။ စိတ်စေရာ ခဏလေးကို အလိုမလိုက်မပါစေနဲ့ ။

Dr. CST

Previous Post

ဆောင်းရာသီခရီးသွားတော့မယ်ဆိုရင်  မမေ့သင့်တဲ့အချက် ၃ ချက်

Next Post

အသည်းကောင်းမှ ပွဲတောင်းနိုင်မှာနော်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
631

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
985

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းကောင်းမှ ပွဲတောင်းနိုင်မှာနော်

Healthy Q 1.4

ရေမွှာရည်နည်းခြင်း (Oligohydramnios)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.