(Zawgyi)
အမ်ိဳးသားမ်ားတြင္ျဖစ္ပြားေသာ ကင္ဆာေရာဂါမ်ားအနက္ ေဝွးေစ့ကင္ဆာမွာ တစ္ရာခိုင္ႏႈန္းမွ်သာရွိသည္။ ေဝွးေစ့ကင္ဆာျဖစ္သူမ်ား၏ ေသဆုံးမႈမ်ားမွာ လည္း ၅ ရာခိုင္ႏႈန္းျဖစ္၏။ ဆီးက်ိတ္ကင္ဆာေရာဂါသည္ေရာဂါ ျဖစ္သူမ်ား၏ ၁၆ ရာခိုင္ႏႈန္းခန႔္ကို ေသေစႏိုင္သည္။
ေဝွးေစ့ကင္ဆာမွာ အျခားကင္ဆာမ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္ပါကထူးျခားမႈ တစ္ရပ္ေတြ႕ရမည္ျဖစ္၏။ ကင္ဆာေရာ ဂါအမ်ားစုမွာ အသက္အ႐ြယ္ႀကီးသူမ်ား တြင္ ျဖစ္ေလ့ရွိေသာ္လည္း ေဝွးေစ့ကင္ဆာမွာ အသက္ ၁၅ ႏွစ္ႏွင့္ ၃၄ ႏွစ္ၾကားအ႐ြယ္တြင္ အမ်ားဆုံးျဖစ္ပြားေလ့ရွိသည္။ ေဝွးေစ့ကင္ဆာမွာ ကပ္ပယ္ အိတ္အတြင္းသို႔ သက္ဆင္းမႈမ ရွိေသာေဝွးေစ့တြင္ျဖစ္ပြားမႈႏႈန္း ပိုမ်ားသည္။
ေဝွးေစ့ကင္ဆာမွာ ကုသရာ၌ေအာင္ျမင္မႈအေကာင္းဆုံး ရရွိႏိုင္သည္။ အေျခအေနဆိုးဝါးေနေသာ ေဝွးေစ့ကင္ ဆာမ်ားကိုပင္ ၇၀ ရာခိုင္ႏႈန္းအထိ ေပ်ာက္ကင္းေအာင္ကုသႏိုင္သည္။ သို႔ေသာ္ေရာဂါႏုစဥ္အခ်ိန္မီသိၿပီး ေစာ စြာကုသႏိုင္ပါက ပိုမိုေကာင္းမြန္မည္ျဖစ္ပါသည္။
ေဝွးေစ့ကင္ဆာကို စတင္သတိျပဳမိသူမွာ လူနာမ်ားကိုယ္တိုင္ပင္ျဖစ္ၾကသည္။ ေဝွးေစ့အ႐ြယ္အစားႀကီးလာျခင္း ကို သတိျပဳမိတတ္ၾကသည္။ နာက်င္မႈမရွိေသာ အဖုအက်ိတ္အလုံးကိုစမ္းမိသျဖင့္ စတင္ေတြ႕ရွိႏိုင္ခဲ့ၾကျခင္းျဖစ္ သည္။ ေဝွးေစ့ကင္ဆာသည္ အမ်ားအားျဖင့္နာက်င္မႈမရွိေသာ္လည္း တခ်ိဳ႕လူနာမ်ားတြင္နာက်င္တတ္ေၾကာင္း ေတြ႕ရသည္။
ေဝွးေစ့အက်ိတ္မွာပဲေစ့ခန႔္သာ ရွိတတ္သည္။ သို႔ေသာ္ တခ်ိဳ႕လူနာမ်ားတြင္ၾကက္ဥတစ္လုံး အ႐ြယ္အစားအထိ ရွိတတ္သည္။ ကပ္ပယ္အိတ္ႀကီးလာျခင္း၊ ကပ္ပယ္အိတ္ေအာင့္ျခင္း၊ ဝမ္းဗိုက္ေအာက္ပိုင္း (သို႔) ေပါင္ၿခံ၌မအီမ သာခံစားရျခင္းတို႔ရွိပါက ေဆးပညာရွင္ဆရာဝန္ထံ သြားေရာက္ျပသသင့္ပါသည္။
ေဝွးေစ့ကင္ဆာမွာ ေရာဂါေဗဒသေဘာအရ Seminomas ႏွင့္ Non-seminomas ႏွစ္မ်ိဳးရွိပါသည္။ ရွားရွားပါးပါး ေတြ႕ရတတ္သည္မွာ ဆာကိုမား Sarcoma ႏွင့္ လင္ဖိုးမား Lymphoma တို႔ျဖစ္၏။ ေဝွးေစ့ကင္ဆာမ်ား၏ ၄၀ ရာခိုင္ႏႈန္းမွာ ဆီမီႏိုးမား Seminomas ျဖစ္ေၾကာင္းေတြ႕ရသည္။
ေဝွးေစ့ကင္ဆာကိုကုသရာတြင္ ကင္ဆာအမ်ိဳးအစားႏွင့္ ေရာဂါအဆင့္သတ္မွတ္ခ်က္တို႔ေပၚတြင္ မူတည္ပါ သည္။ ခြဲစိပ္ကုသျခင္း၊ ဓာတ္ေရာင္ျခည္ျဖင့္ကုသျခင္း၊ ကင္ဆာေဆးဝါးမ်ားႏွင့္ ကုသျခင္းတို႔ကိုတစ္မ်ိဳးတည္း ျဖစ္ေစ၊ တြဲစပ္ၿပီးျဖစ္ေစ အသုံးျပဳႏိုင္ပါသည္။
Author – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
အမျိုးသားများတွင်ဖြစ်ပွားသော ကင်ဆာရောဂါများအနက် ဝှေးစေ့ကင်ဆာမှာ တစ်ရာခိုင်နှုန်းမျှသာရှိသည်။ ဝှေးစေ့ကင်ဆာဖြစ်သူများ၏ သေဆုံးမှုများမှာ လည်း ၅ ရာခိုင်နှုန်းဖြစ်၏။ ဆီးကျိတ်ကင်ဆာရောဂါသည်ရောဂါ ဖြစ်သူများ၏ ၁၆ ရာခိုင်နှုန်းခန့်ကို သေစေနိုင်သည်။
ဝှေးစေ့ကင်ဆာမှာ အခြားကင်ဆာများနှင့် နှိုင်းယှဉ်ကြည့်ပါကထူးခြားမှု တစ်ရပ်တွေ့ရမည်ဖြစ်၏။ ကင်ဆာရော ဂါအများစုမှာ အသက်အရွယ်ကြီးသူများ တွင် ဖြစ်လေ့ရှိသော်လည်း ဝှေးစေ့ကင်ဆာမှာ အသက် ၁၅ နှစ်နှင့် ၃၄ နှစ်ကြားအရွယ်တွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ ဝှေးစေ့ကင်ဆာမှာ ကပ်ပယ် အိတ်အတွင်းသို့ သက်ဆင်းမှုမ ရှိသောဝှေးစေ့တွင်ဖြစ်ပွားမှုနှုန်း ပိုများသည်။
ဝှေးစေ့ကင်ဆာမှာ ကုသရာ၌အောင်မြင်မှုအကောင်းဆုံး ရရှိနိုင်သည်။ အခြေအနေဆိုးဝါးနေသော ဝှေးစေ့ကင် ဆာများကိုပင် ၇၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းအောင်ကုသနိုင်သည်။ သို့သော်ရောဂါနုစဉ်အချိန်မီသိပြီး စော စွာကုသနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။
ဝှေးစေ့ကင်ဆာကို စတင်သတိပြုမိသူမှာ လူနာများကိုယ်တိုင်ပင်ဖြစ်ကြသည်။ ဝှေးစေ့အရွယ်အစားကြီးလာခြင်း ကို သတိပြုမိတတ်ကြသည်။ နာကျင်မှုမရှိသော အဖုအကျိတ်အလုံးကိုစမ်းမိသဖြင့် စတင်တွေ့ရှိနိုင်ခဲ့ကြခြင်းဖြစ် သည်။ ဝှေးစေ့ကင်ဆာသည် အများအားဖြင့်နာကျင်မှုမရှိသော်လည်း တချို့လူနာများတွင်နာကျင်တတ်ကြောင်း တွေ့ရသည်။
ဝှေးစေ့အကျိတ်မှာပဲစေ့ခန့်သာ ရှိတတ်သည်။ သို့သော် တချို့လူနာများတွင်ကြက်ဥတစ်လုံး အရွယ်အစားအထိ ရှိတတ်သည်။ ကပ်ပယ်အိတ်ကြီးလာခြင်း၊ ကပ်ပယ်အိတ်အောင့်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း (သို့) ပေါင်ခြံ၌မအီမ သာခံစားရခြင်းတို့ရှိပါက ဆေးပညာရှင်ဆရာဝန်ထံ သွားရောက်ပြသသင့်ပါသည်။
ဝှေးစေ့ကင်ဆာမှာ ရောဂါဗေဒသဘောအရ Seminomas နှင့် Non-seminomas နှစ်မျိုးရှိပါသည်။ ရှားရှားပါးပါး တွေ့ရတတ်သည်မှာ ဆာကိုမား Sarcoma နှင့် လင်ဖိုးမား Lymphoma တို့ဖြစ်၏။ ဝှေးစေ့ကင်ဆာများ၏ ၄၀ ရာခိုင်နှုန်းမှာ ဆီမီနိုးမား Seminomas ဖြစ်ကြောင်းတွေ့ရသည်။
ဝှေးစေ့ကင်ဆာကိုကုသရာတွင် ကင်ဆာအမျိုးအစားနှင့် ရောဂါအဆင့်သတ်မှတ်ချက်တို့ပေါ်တွင် မူတည်ပါ သည်။ ခွဲစိပ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ကင်ဆာဆေးဝါးများနှင့် ကုသခြင်းတို့ကိုတစ်မျိုးတည်း ဖြစ်စေ၊ တွဲစပ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)