fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကလေးမွေးပြီး ဘယ်လောက်အကြာမှာ အမျိုးသားနဲ့ ပြန်ချစ်လို့ရပြီလဲ

5.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/01/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

ကလေးမွေးပြီး ဘယ်လောက်အကြာမှာ အမျိုးသားနဲ့ ပြန်ချစ်လို့ရပြီလဲ

ဗိုက်ခွဲပြီးပဲမွေးမွေး၊ရိုးရိုးပဲမွေးမွေး ကလေးမွေးပြီးပါက အတူနေလိင်ဆက်ဆံခြင်းကို ၄၅ ရက် ရှောင်ရန် ဆရာဝန်တွေ၊ဆေးပညာရှင်များက အကြံပြုပြောကြားထားပါတယ်။

ဒီလိုပြောရတဲ့အကြောင်းကတော့ သားအိမ်ခေါင်း နဲ့ သားအိမ်တို့ဟာ ကလေးမွေးပြီးနောက် ၄၅ရက်လောက် ကြာတော့မှသာ အနာကောင်းကောင်းကျက်ပြီး မူလအနေအထားအခြေအနေကို ပြန်ရောက်တာကြောင့် ဖြစ်ပါတယ်။

မီးဖွားပြီးခါစမှာ သားအိမ်အတွင်းမျက်နှာပြင်ဟာရောင်ရမ်းနေပြီး ပိုးဝင်ဖို့လွယ်ကူပါတယ်။အထူးသဖြင့် အချင်းတွယ်ကပ်ခဲ့တဲ့ သားအိမ်နေရာက ပိုးဝင်နိုင်ခြေပိုများပါတယ်။

ဒါကြောင့် အဲ့လိုအချိန်မှာ လိင်ဆက်ဆံတာက သားအိမ်ကို ပိုးဝင်ရောက်ကူးစက်စေနိုင်ပါတယ်။

ကလေးမွေးပြီးနောက်မှာ မိန်းမကိုယ်ကနေ အရည်ကြည် သို့မဟုတ် ပန်းရောင်အရည် ဆင်းတာက နှစ်ပတ်ကနေ ရှစ် ပတ်အထိကြာတတ်ပါတယ်။

အဲ့လိုအရည်ကြည်ဆင်းတဲ့အခါမှာ ရာသီလာရင် အဖြူဆင်းရင် မိန်းမကိုယ်ထဲထည့်သုံးတဲ့ Tampons ထည့်တာတို့၊Menstrual cup ထည့်တာတို့ကိုလည်း ရှောင်ရပါမယ်။

မီးဖွားပြီးခါစ ၄၅ရက်အတွင်းမှာ မိန်းမကိုယ်ထဲကို Tampons တို့ Menstrual cup တို့ထည့်ခြင်းဟာလည်း လိင်ဆက်ဆံခြင်းလို သားအိမ်ထဲကို ပိုးတွေဝင်ရောက်ကူးစက်စေနိုင်လို့ပါ။

ကလေးမွေးပြီး၄၅ရက်ပြည့်ရင် အတူနေလိင်ဆက်ဆံလို့ရတယ်လို့ဆိုပေမယ့် တယောက်နဲ့တယောက် အနာကျက်နှုန်းက မတူနိုင်တာကြောင့် တချို့သူတွေမှာ ၄၅ရက်ထက်ပိုပြီးကြာမှ အနာကျက်တာမျိုးဖြစ်ပြီး အတူနေလိင်ဆက်ဆံလို့ရတာလည်းဖြစ်နိုင်ပါတယ်။

ဒီအတွက်

၄၅ရက်ပြည့်ဖို့ တပတ် သို့မဟုတ် နှစ်ပတ်အလိုလောက်မှာ အိုဂျီနဲ့ပြန်ပြရပါမယ်။

အဲ့အခါ အိုဂျီက သားအိမ်အခြေအနေ၊သားအိမ်ခေါင်းအခြေအနေ စတာတွေကိုစမ်းသပ်စစ်ဆေးပြီး ၄၅ရက်ပြည့်တဲ့အခါ အတူနေလိင်ဆက်ဆံလို့ရမရ ကို ဆုံးဖြတ်ပေးပါမယ်။

အများအားဖြင့်တော့ ၄၅ရက်ပြည့်တာနဲ့ အတူနေလိင်ဆက်ဆံလို့ရတာများပါတယ်။

အိုဂျီနဲ့ပြသစမ်းသပ်ပြီး အိုဂျီဆီက မီးဖွားပြီး၄၅ရက်ပြည့်တဲ့အခါအတူနေလိင်ဆက်ဆံလို့ရတယ်ဆိုတဲ့ ထောက်ခံချက်ရပြီးသည့်တိုင်အောင် အတူနေတဲ့အခါမှာ သတိထားလိုက်နာရမယ့်အချက်တွေရှိပါတယ်။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၄၅ရက်ပြည့်လို့စပြီးအတူနေလိင်ဆက်ဆံရာမှာ ကြမ်းတမ်းတဲ့လိင်ဆက်ဆံပုံ၊ဆက်ဆံနည်းတွေကိုရှောင်ရပါမယ်။

ဘာလို့လဲဆိုတော့ ချုပ်ကြောင်းနေရာတွေမှာ အနည်းငယ်ရောင်ရမ်းမှုတွေကျန်နေနိုင်သေးလို့ပါ။ ခုမှချုပ်ရိုးကျက်ခါစအခြေအနေမှာ ချုပ်ထားတဲ့နေရာတဝိုက်နားက အရေပြားကလည်း တင်းတင်းကြီးဖြစ်နေတတ်ပြီး အားတအားသုံးပြီးလိင်ဆက်ဆံပါက ချုပ်ထားတဲ့နေရာကပြဲတာဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကလေးမွေးဖွားပြီးနောက်မှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်တာကြောင့် အတူနေလိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်က လုံလောက်အောင်စိုစွတ်မှုမရှိဘဲ ခြောက်သွေ့နေတာမျိုးဖြစ်ကာ နာကျင်မှုကိုခံစားရနိုင်ပါတယ်။

အဲ့ဒီအတွက် မိန်းမကိုယ်မွေးလမ်းကြောင်းကိုချောမွေ့စိုစွတ်စေသော ဂျယ်လ်များ၊အဆီများကို သုံးဖို့လိုပါတယ်။

ဒီလိုမျိုးသုံးသော်လည်း အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်မှုကရှိနေပြီး အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်မသွားဘူးဆိုပါက အိုဂျီနဲ့ပြန်လည်ပြသဖို့လိုပါတယ်။

Dr 528

Previous Post

အပျိုအအို ဘယ်လိုခွဲကြမလဲ

Next Post

ဖျက်ခြင်းဆိုးကျိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖျက်ခြင်းဆိုးကျိုး

မနီလာ ကိုယ်ဝန်မရသေးတာ ဘာကြောင့်လဲ

အသက်ကြီးပေမဲ့ မပျက်စီးရတဲ့အကြောင်းအရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.